HomeCelebs Update NewsKoreaနဂိုရုပ်ခံကိုက high class သူဌေးရုပ်ထွက်နေတဲ့ အချောလေး(၅)ယောက်

နဂိုရုပ်ခံကိုက high class သူဌေးရုပ်ထွက်နေတဲ့ အချောလေး(၅)ယောက်

လူတစ်ယောက်မှာ ဥပဓိရုပ်ကလည်း သိပ်ကိုအရေးပါပါတယ်။ တစ်ချို့ဆိုရင် မွေးလာတည်းက Crazy Rich Asians ထဲကလို လူချမ်းသာတွေရဲ့ ဥပဓိရုပ်သွင် ပါလာကြသူတွေ ရှိပါတယ်။ သူတို့ကို ကြည့်လိုက်ရင် နုနုရွရွ၊ လှလှပပ၊ အထက်တန်းကျကျနဲ့ လာတဲ့လူအကုန်လုံးကို ချေလွှတ်ပစ်လိုက်လို့ရတဲ့ မျက်နှာပေးလေးတွေပါ ပိုင်ဆိုင်ထားတတ်ကြပါသေးတယ်။ အထူးအထွေ ကြိုးစားအားထုတ်စရာမလိုဘဲ အဆင့်အတန်းမြင့် သူဌေးမလေးတွေရဲ့ ဥပဓိရုပ်မျိုး ပိုင်ဆိုင်ထားကြတဲ့ Idol ငါးယောက်ကတော့ …

TWICE အဖွဲ့က Mina

TWICE အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Mina ကတော့ ကြည့်လိုက်တာနဲ့ အဆင့်အတန်းမြင့်တဲ့ အသိုင်းအဝိုင်းမှာ ကြီးပြင်းပြီး စနစ်တကျ ပြုစုပျိုးထောင်မှုနဲ့ ကြီးပြင်းလာတဲ့ သူဌေးမလေးတစ်ယောက်ရဲ့ အသွင်အပြင်ကို ပိုင်ဆိုင်ထားသူပါ။ သူမရဲ့ ပုံစံလေးက စီမံခန့်ခွဲမှုပညာရပ်တွေ လေ့လာထားပြီး တစ်ချိန်ချိန်မှာ chaebol ကုမ္ပဏီကြီးကို လက်လွှဲယူရမယ့် ကောင်မလေးတစ်ယောက်ကို ကြည့်နေရသလိုပါပဲ။

BLACKPINK အဖွဲ့က Jennie

တစ်ချို့လူတွေဆိုရင် Jennie ကို အမေရိကန်ဇာတ်လမ်းတွဲ Gossip Girls ထဲက Blair ရဲ့ ကိုရီးယားဗားရှင်းလို့တောင်မှတ်ချက်ပေးထားကြပါတယ်။ Jennie မှာ မြင်လိုက်ရတဲ့လူတိုင်းက ရုန်းမထွက်နိုင်တဲ့ ညှို့အားတစ်ခုကို ပိုင်ဆိုင်ထားပြီး ခပ်ချေချေ အလှဘုရားမလေးလို ကိုယ်ရောင်ကိုယ်ဝါကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ ဒါကြောင့်ပဲ တန်ဖိုးကြီး ဇိမ်ခံ brand တွေဖြစ်တဲ့ Gucci တို့၊ Chanel တို့က သူမ ကိုယ်ပေါ်မှာ ပိုပြီးတောက်ပထင်ရှားနေကြတာ ဖြစ်နိုင်ပါတယ်။

Girls’ Generation အဖွဲ့က Seohyun

Seohyun ကတော့ ပြောစရာမလိုအောင် အထက်တန်းလွှာတစ်ယောက်ရဲ့ ဥပဓိရုပ်နဲ့ ပြည့်စုံပြီးသား ဖြစ်ပါတယ်။ ကိုရီးယားဒရာမာတွေထဲမှာပါတဲ့ လူချမ်းသာအိမ်က ပညာတတ်၊ ရုပ်ချော၊ အဆင့်အတန်းရှိတဲ့ သမီးကြီးဇာတ်ကောင်မျိုးဟာ Seohyun နဲ့ ကွက်တိပါပဲ။

ITZY အဖွဲ့က Lia

ITZY အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Lia ကတော့ အဖိုးမဖြတ်နိုင်တဲ့ ရွှေမင်းသမီးလေးနဲ့ တူနေသူ ဖြစ်ပါတယ်။ သူမရဲ့သွင်ပြင်ဟာ “မရှိစကား” မကြားဖူးဘဲ ကြီးပြင်းလာရတဲ့ သူဌေးမလေးတစ်ယောက်လို အပူအပင်မရှိ မော်မော်ကြွားကြွား နေနိုင်သူလေးလိုပါပဲ။ သူမရဲ့ တောက်ပတဲ့ ကိုယ်ရောင်ကိုယ်ဝါနဲ့ ကိုယ်ရည်ကိုယ်သွေးတွေဟာ တကယ့် Crazy Rich Asians တစ်ယောက်ကို ကြည့်နေရသလိုပါပဲ။

f(x) အဖွဲ့က Krystal

ကေဒရာမာထဲက သူဌေးမလေး ဇာတ်ရုပ်နဲ့ အလိုက်ဖက်ဆုံးဖြစ်တဲ့ နောက်ထပ်တစ်ယောက်က Krystal ပါ။ The Heirs စီးရီးထဲက သူဌေးမလေး Lee Bo Na ဇာတ်ရုပ်နဲ့ဆို သူမနဲ့ လုံးဝကို ကွက်တိပါပဲ။

ဒါကတော့ ဥပဓိရုပ်ကိုက သူဌေးမလေးရုပ် ထွက်နေတဲ့ အလှလေးငါးယောက်ပါပဲ။ ဘယ်တစ်ယောက်ရဲ့ ခပ်ချေချေ အလှမှာ မျောပါဖူးလည်းဆိုတာ စာဖတ်သူတို့ ပြောပေးခဲ့ပါဦး။

LaNina

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular