HomeCelebs Update NewsInternationalEmilia Clarke သရုပ်ဆောင်ဖို့ နီးစပ်ခဲ့တဲ့ နာမည်ကြီးဇာတ်ကောင်များ

Emilia Clarke သရုပ်ဆောင်ဖို့ နီးစပ်ခဲ့တဲ့ နာမည်ကြီးဇာတ်ကောင်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Emilia Clarke ဟာ Game of Thrones ဇာတ်လမ်းတွဲထဲမှာ Daenerys Targaryen အဖြစ်နဲ့ ပါဝင်ခဲ့ပြီး နာမည်ကြီး သရုပ်ဆောင်ဘဝကို ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ GoT က ရရှိလာတဲ့ ကျော်ကြားမှုတွေကြောင့်ပဲ သူမဟာ နာမည်ကြီးရုပ်ရှင်တွေထဲမှာလည်း ပါဝင်ခဲ့ပါသေးတယ်။ ဥပမာပြောရရင် Terminator Genisys (2015) ၊ Me Before You (2016) နဲ့ Last Christmas (2019) တို့လို ရုပ်ရှင်တွေမှာ ပါဝင်ခဲ့ပါတယ်။ အလားတူပဲ သူမ ကမ်းလှမ်းခံခဲ့ရတဲ့ အခြားနာမည်ကြီး ရုပ်ရှင်တွေလည်း ရှိခဲ့ပါသေးတယ်။ အောက်မှာ ဖော်ပြမယ့် လူသိများတဲ့ ဇာတ်ကောင်တွေကတော့ Emilia အတွက် သရုပ်ဆောင်ဖို့ နီးစပ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးနဲ့ မပါဝင်ဖြစ်ခဲ့တဲ့ ဇာတ်ကောင်တွေပါပဲ။

Anastasia Steele – Fifty Shades of Grey
photo via screenrant

နာမည်ကျော် Fifty Shades of Grey ရုပ်ရှင်ထဲမှာတော့ အဓိက အမျိူးသမီးဇာတ်ကောင်နေရာမှာ မင်းသမီး Dakota Johnson က ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီဇာတ်ကောင်ဟာ Emilia Clarke အတွက် သရုပ်ဆောင်ဖို့ အတော်လေးကို နီးစပ်ခဲ့ပါသေးတယ်။

Hollywood Reporter သတင်းဌာနရဲ့ ဖော်ပြချက်အရ ဆိုရင်တော့ ဒီဇာတ်ကောင်နေရာအတွက် Emilia ကို အရင်ဆုံး ကမ်းလှမ်းခဲ့တာလို့ သိရပါတယ်။ ဒါပေမယ့်လည်း Emilia ကတော့ အဖော်အချွတ် ဇာတ်ဝင်ခန်းတွေကြောင့် ဒီဇာတ်ကောင်နေရာမှာ ပါဝင်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ သူမဟာ Game of Thrones ဇာတ်လမ်းတွဲအတွက် အဖော်အချွတ် ဇာတ်ဝင်ခန်းတွေများစွာ ရိုက်ကူးခဲ့ရတာကြောင့် ဒီအချက်ကို စိတ်ကုန်သွားပြီလို့လည်း သိရပါတယ်။

Sharon Carter – Captain America: Winter Soldier
photo via screenrant

Sharon Carter ဟာ Captain America: Winter Soldier ထဲမှာ Steve ရဲ့  မိတ်ဆွေမကျ၊ ချစ်သူမကျ နေရာကနေ စတင်ပါဝင်ခဲ့ပါတယ်။ Emilia ကလည်း ဒီဇာတ်ကောင်အတွက် လူရွေးပွဲ ဝင်ပြိုင်ခဲ့ပြီး အတော်လေး နီးစပ်ခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ Marvel က Emily VanCamp ကို ရွေးချယ်သွားပါတယ်။ ဒါပေမယ့်လည်း Disney+ ကနေ ပြသသွားမယ့် Secret Invasion ဇာတ်လမ်းတွဲထဲမှာတော့ Emilia ပါဝင်လာမှာ ဖြစ်ပါတယ်။

The Enchantress – Suicide Squad
photo via screenrant

IMDb ရဲ့ ဖော်ပြချက်အရ ဆိုရင်တော့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Suicide Squad ထဲက The Enchantress နေရာမှာ Emilia ကို ထည့်သွင်းဖို့ စဉ်းစားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ အကြောင်းအမျိူးမျိူးကြောင့် Emilia ကို မကမ်းလှမ်းတော့ဘဲ Cara Delevingne ကပဲ သရုပ်ဆောင်ဖြစ်ခဲ့ပါတယ်။

Harper Moore – Set It Up
photo via screenrant

၂၀၁၆ ခုနှစ်တုန်းကတော့ Emilia ဟာ Set It Up ရုပ်ရှင်ထဲမှာ ပါဝင်လာမယ်လို့ ကြေညာခဲ့ပါတယ်။ Emilia ကတော့ Harper Moore ဆိုတဲ့ အလုပ်ကို အလွန်အကျွံ လုပ်တတ်တဲ့ ကောင်မလေးရဲ့ နေရာက ပါဝင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ Game of Thrones ရိုက်ကွင်းရဲ့ အချိန်ဇယားနဲ့ တိုက်သွားတာကြောင့် သူမဟာ ဒီဇာတ်ကောင်နေရာကနေ နှုတ်ထွက်လိုက်ရပါတယ်။

ဒါကတော့ မင်းသမီးချော Emilia Clarke သရုပ်ဆောင်ဖို့ နီးစပ်ခဲ့တဲ့ နာမည်ကြီးဇာတ်ကောင်တွေပဲ ဖြစ်ပါတယ်။ တကယ်လို့ အကြောင်းတိုက်ဆိုင်မှုတွေကြောင့် သူမသာ ဒီဇာတ်ကောင်တွေမှာ သရုပ်ဆောင်ဖြစ်ခဲ့မယ်ဆို ပရိသတ်တွေ ခံစားရမယ့် ဇာတ်ကောင်စရိုက်တွေဟာ တမျိုးတမည် ပြောင်းလဲသွားမလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Emilia Clarke ဟာ Game of Thrones ဇာတ္လမ္းတြဲထဲမွာ Daenerys Targaryen အျဖစ္နဲ႔ ပါဝင္ခဲ့ၿပီး နာမည္ႀကီး သ႐ုပ္ေဆာင္ဘဝကို ေရာက္ရွိလာခဲ့သူ ျဖစ္ပါတယ္။ GoT က ရရွိလာတဲ့ ေက်ာ္ၾကားမႈေတြေၾကာင့္ပဲ သူမဟာ နာမည္ႀကီး႐ုပ္ရွင္ေတြထဲမွာလည္း ပါဝင္ခဲ့ပါေသးတယ္။ ဥပမာေျပာရရင္ Terminator Genisys (2015) ၊ Me Before You (2016) နဲ႔ Last Christmas (2019) တို႔လို ႐ုပ္ရွင္ေတြမွာ ပါဝင္ခဲ့ပါတယ္။ အလားတူပဲ သူမ ကမ္းလွမ္းခံခဲ့ရတဲ့ အျခားနာမည္ႀကီး ႐ုပ္ရွင္ေတြလည္း ရွိခဲ့ပါေသးတယ္။ ေအာက္မွာ ေဖာ္ျပမယ့္ လူသိမ်ားတဲ့ ဇာတ္ေကာင္ေတြကေတာ့ Emilia အတြက္ သ႐ုပ္ေဆာင္ဖို႔ နီးစပ္ခဲ့ေပမယ့္ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ မပါဝင္ျဖစ္ခဲ့တဲ့ ဇာတ္ေကာင္ေတြပါပဲ။

Anastasia Steele – Fifty Shades of Grey
photo via screenrant

နာမည္ေက်ာ္ Fifty Shades of Grey ႐ုပ္ရွင္ထဲမွာေတာ့ အဓိက အမ်ိဴးသမီးဇာတ္ေကာင္ေနရာမွာ မင္းသမီး Dakota Johnson က ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ဒီဇာတ္ေကာင္ဟာ Emilia Clarke အတြက္ သ႐ုပ္ေဆာင္ဖို႔ အေတာ္ေလးကို နီးစပ္ခဲ့ပါေသးတယ္။

Hollywood Reporter သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ဆိုရင္ေတာ့ ဒီဇာတ္ေကာင္ေနရာအတြက္ Emilia ကို အရင္ဆုံး ကမ္းလွမ္းခဲ့တာလို႔ သိရပါတယ္။ ဒါေပမယ့္လည္း Emilia ကေတာ့ အေဖာ္အခြၽတ္ ဇာတ္ဝင္ခန္းေတြေၾကာင့္ ဒီဇာတ္ေကာင္ေနရာမွာ ပါဝင္ဖို႔ ျငင္းဆန္ခဲ့ပါတယ္။ သူမဟာ Game of Thrones ဇာတ္လမ္းတြဲအတြက္ အေဖာ္အခြၽတ္ ဇာတ္ဝင္ခန္းေတြမ်ားစြာ ႐ိုက္ကူးခဲ့ရတာေၾကာင့္ ဒီအခ်က္ကို စိတ္ကုန္သြားၿပီလို႔လည္း သိရပါတယ္။

Sharon Carter – Captain America: Winter Soldier
photo via screenrant

Sharon Carter ဟာ Captain America: Winter Soldier ထဲမွာ Steve ရဲ႕  မိတ္ေဆြမက်၊ ခ်စ္သူမက် ေနရာကေန စတင္ပါဝင္ခဲ့ပါတယ္။ Emilia ကလည္း ဒီဇာတ္ေကာင္အတြက္ လူေ႐ြးပြဲ ဝင္ၿပိဳင္ခဲ့ၿပီး အေတာ္ေလး နီးစပ္ခဲ့ေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ Marvel က Emily VanCamp ကို ေ႐ြးခ်ယ္သြားပါတယ္။ ဒါေပမယ့္လည္း Disney+ ကေန ျပသသြားမယ့္ Secret Invasion ဇာတ္လမ္းတြဲထဲမွာေတာ့ Emilia ပါဝင္လာမွာ ျဖစ္ပါတယ္။

The Enchantress – Suicide Squad
photo via screenrant

IMDb ရဲ႕ ေဖာ္ျပခ်က္အရ ဆိုရင္ေတာ့ ၂၀၁၆ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Suicide Squad ထဲက The Enchantress ေနရာမွာ Emilia ကို ထည့္သြင္းဖို႔ စဥ္းစားခဲ့တယ္လို႔ သိရပါတယ္။ ဒါေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ အေၾကာင္းအမ်ိဴးမ်ိဴးေၾကာင့္ Emilia ကို မကမ္းလွမ္းေတာ့ဘဲ Cara Delevingne ကပဲ သ႐ုပ္ေဆာင္ျဖစ္ခဲ့ပါတယ္။

Harper Moore – Set It Up
photo via screenrant

၂၀၁၆ ခုႏွစ္တုန္းကေတာ့ Emilia ဟာ Set It Up ႐ုပ္ရွင္ထဲမွာ ပါဝင္လာမယ္လို႔ ေၾကညာခဲ့ပါတယ္။ Emilia ကေတာ့ Harper Moore ဆိုတဲ့ အလုပ္ကို အလြန္အကြၽံ လုပ္တတ္တဲ့ ေကာင္မေလးရဲ႕ ေနရာက ပါဝင္ရမွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ Game of Thrones ႐ိုက္ကြင္းရဲ႕ အခ်ိန္ဇယားနဲ႔ တိုက္သြားတာေၾကာင့္ သူမဟာ ဒီဇာတ္ေကာင္ေနရာကေန ႏႈတ္ထြက္လိုက္ရပါတယ္။

ဒါကေတာ့ မင္းသမီးေခ်ာ Emilia Clarke သ႐ုပ္ေဆာင္ဖို႔ နီးစပ္ခဲ့တဲ့ နာမည္ႀကီးဇာတ္ေကာင္ေတြပဲ ျဖစ္ပါတယ္။ တကယ္လို႔ အေၾကာင္းတိုက္ဆိုင္မႈေတြေၾကာင့္ သူမသာ ဒီဇာတ္ေကာင္ေတြမွာ သ႐ုပ္ေဆာင္ျဖစ္ခဲ့မယ္ဆို ပရိသတ္ေတြ ခံစားရမယ့္ ဇာတ္ေကာင္စ႐ိုက္ေတြဟာ တမ်ိဳးတမည္ ေျပာင္းလဲသြားမလားဆိုတာ စိတ္ဝင္စားစရာပါပဲ။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular