HomeEntertainmentMusicHip Hop လောကရဲ့ ထိပ်တန်း Rapper တွေ ဖျော်ဖြေသွားမယ့် Super Bowl Halftime Show 

Hip Hop လောကရဲ့ ထိပ်တန်း Rapper တွေ ဖျော်ဖြေသွားမယ့် Super Bowl Halftime Show 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

လာမယ့် ၂၀၂၂ ခုနှစ်ရဲ့ Super Bowl Halftime Show မှာတော့ Hip-Hop လောကရဲ့ ထိတ်ထိတ်ကြဲ rapper တွေ ဖြစ်ကြတဲ့ Eminem ၊ Dr. Dre ၊ Snoop Dogg ၊ Kendrick Lamar နဲ့ နာမည်ကျော် R&B အဆိုတော် Mary J. Blige တို့အတူ တွဲဖက်ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။

ဒီသတင်းကိုတော့ Pepsi ကနေ အတည်ပြု ထုတ်ပြန်လိုက်တာ ဖြစ်ပြီး လာမယ့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ(၁၃)ရက် တနင်္ဂနွေနေ့မှာ ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ ပွဲကျင်းပမယ့် နေရာကတော့ လော့စ်အိန်ဂျလိစ်မြို့ Inglewood မှာရှိတဲ့ SoFi အားကစားကွင်းကြီးမှာပဲ ဖြစ်ပါတယ်။

Photo: pepsi/ Instagram

အဆိုပါနေ့ရဲ့ ကစားပွဲနဲ့ halftime show ဖျော်ဖြေမှုကိုတော့ NBC ၊ Telemundo နဲ့ Peacock ရုပ်သံလိုင်းတွေကနေ တိုက်ရိုက် ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

ဒီသတင်းကိုတော့ Pepsi က စက်တင်ဘာလ(၃၀)ရက်နေ့ ညပိုင်းမှာပဲ ဆိုရှယ်မီဒီယာကတဆင့် ကြေညာခဲ့တာ ဖြစ်ပါတယ်။ ဒီဖျော်ဖြေမှုဟာ အထက်ပါ artist ငါးယောက်ရဲ့ ပထမဆုံး စုပေါင်းဖျော်ဖြေမှုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ယခုလို ကြီးကျယ်တဲ့ အားကစားပွဲကြီးနဲ့ ဖျော်ဖြေပွဲကြီးကို နှစ်ပေါင်းသုံးဆယ်အတွင်း လော့စ်အိန်ဂျလိစ်မြို့အနေနဲ့ ပထမဆုံး အိမ်ရှင်မြို့အဖြစ် လက်ခံကျင်းပသွားမှာလည်း ဖြစ်ပါတယ်။

Photo: eminem/ Instagram

“Dr. Dre နဲ့ Snoop Dogg တို့လို artist တွေဟာ West Coast hip hop တော်လှန်ရေးမှာ ရှေ့တန်းက ပါဝင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဒီတော့ သူတို့ကို ဒီအရာတွေအားလုံး စတင်ခဲ့တဲ့ အယ်လ်အေကို ဖိတ်ခေါ်ပြီး Eminem ၊ Mary J. Blige ၊ Kendrick Lamar တို့နဲ့ ပူးပေါင်း ဖျော်ဖြေစေမယ်ဆိုရင်တော့ တကယ့် epic ဖြစ်လာမှာပါ။ ဒီကနေ့ အချိန်အခါမှာ hip hop ရဲ့ အကျိုးသက်ရောက်မှုကို အောင်ပွဲကျင်းပနိုင်မယ့်၊ လူတိုင်း မမေ့နိုင် ဖြစ်စေမယ့် ဖျော်ဖြေမှုတစ်ခုလည်း ဖြစ်လာမှာပါ … ” လို့ Pepsi ရဲ့ မားကတ်တင်းဌာန ဒုဥက္ကဌ Todd Kaplan က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

Super Bowl Halftime Show ကတော့ ယူအက်စ်ရဲ့ အထင်ကရအဖြစ်ဆုံး နှစ်စဉ် ပြုလုပ်ကျင်းပနေကျ ဖျော်ဖြေပွဲတစ်ခုလည်း ဖြစ်ပါတယ်။ ယူအက်စ်ရဲ့ နှစ်စဉ်ကျင်းပနေကျ အမေရိကန်ဘောလုံးပြိုင်ပွဲ National Football League (NFL) ချန်ပီယံလုပွဲအတွင်း halftime နားချိန်မှာ အခုလို အကြီးကျယ်ဆုံး ဖျော်ဖြေမှုတွေကို နာမည်ကြီး artist တွေနဲ့ ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။

Photo: drdre/ Instagram

ဒါ့အပြင် ဒီဖျော်ဖြေပွဲဟာ သာမန်ဖျော်ဖြေပွဲမျိုး မဟုတ်ဘဲ ပေါ့ပ်ယဉ်ကျေးမှု ရေစီးကြောင်းနဲ့ အဓိက ဆက်နွယ်နေပြီး ယူအက်စ် တစ်နိုင်ငံလုံးသာမက အင်တာနေရှင်နယ်ကပါ အာရုံစိုက်ရတဲ့ ပွဲတစ်ခုလည်း ဖြစ်ပါတယ်။ လာမယ့် ၂၀၂၂ ခုနှစ်ရဲ့ ဖျော်ဖြေမှုမှာလည်း legendary artist တွေနဲ့ ကျင်းပသွားမှာ ဖြစ်တာကြောင့် hip hop ပရိသတ်တွေအတွက်ကတော့ ပိုပြီးရင်ခုန်စရာ ဖြစ်နေမှာ အမှန်ပါပဲ။

Linda December

Source: hollywoodlife

(Zawgyi Version)

လာမယ့္ ၂၀၂၂ ခုႏွစ္ရဲ့ Super Bowl Halftime Show မွာေတာ့ Hip-Hop ေလာကရဲ့ ထိတ္ထိတ္ၾကဲ rapper ေတြ ျဖစ္ၾကတဲ့ Eminem ၊ Dr. Dre ၊ Snoop Dogg ၊ Kendrick Lamar နဲ႔ နာမည္ေက်ာ္ R&B အဆိုေတာ္ Mary J. Blige တို႔အတူ တြဲဖက္ေဖ်ာ္ေျဖသြားမယ္လို႔ သိရပါတယ္။

ဒီသတင္းကိုေတာ့ Pepsi ကေန အတည္ျပဳ ထုတ္ျပန္လိုက္တာ ျဖစ္ၿပီး လာမယ့္ ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလ(၁၃)ရက္ တနဂၤေႏြေန႔မွာ ႀကီးက်ယ္ခမ္းနားစြာ က်င္းပျပဳလုပ္သြားမယ္လို႔ သိရပါတယ္။ ပြဲက်င္းပမယ့္ ေနရာကေတာ့ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕ Inglewood မွာရွိတဲ့ SoFi အားကစားကြင္းႀကီးမွာပဲ ျဖစ္ပါတယ္။

Photo: pepsi/ Instagram

အဆိုပါေန႔ရဲ့ ကစားပြဲနဲ႔ halftime show ေဖ်ာ္ေျဖမွုကိုေတာ့ NBC ၊ Telemundo နဲ႔ Peacock ႐ုပ္သံလိုင္းေတြကေန တိုက္ရိုက္ ထုတ္လႊင့္ျပသသြားမွာ ျဖစ္ပါတယ္။

ဒီသတင္းကိုေတာ့ Pepsi က စက္တင္ဘာလ(၃၀)ရက္ေန႔ ညပိုင္းမွာပဲ ဆိုရွယ္မီဒီယာကတဆင့္ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ ဒီေဖ်ာ္ေျဖမွုဟာ အထက္ပါ artist ငါးေယာက္ရဲ့ ပထမဆုံး စုေပါင္းေဖ်ာ္ေျဖမွုလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ ယခုလို ႀကီးက်ယ္တဲ့ အားကစားပြဲႀကီးနဲ႔ ေဖ်ာ္ေျဖပြဲႀကီးကို ႏွစ္ေပါင္းသုံးဆယ္အတြင္း ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕အေနနဲ႔ ပထမဆုံး အိမ္ရွင္ၿမိဳ႕အျဖစ္ လက္ခံက်င္းပသြားမွာလည္း ျဖစ္ပါတယ္။

Photo: eminem/ Instagram

“Dr. Dre နဲ႔ Snoop Dogg တို႔လို artist ေတြဟာ West Coast hip hop ေတာ္လွန္ေရးမွာ ေရွ႕တန္းက ပါဝင္ခဲ့ၾကသူေတြ ျဖစ္ပါတယ္။ ဒီေတာ့ သူတို႔ကို ဒီအရာေတြအားလုံး စတင္ခဲ့တဲ့ အယ္လ္ေအကို ဖိတ္ေခၚၿပီး Eminem ၊ Mary J. Blige ၊ Kendrick Lamar တို႔နဲ႔ ပူးေပါင္း ေဖ်ာ္ေျဖေစမယ္ဆိုရင္ေတာ့ တကယ့္ epic ျဖစ္လာမွာပါ။ ဒီကေန႔ အခ်ိန္အခါမွာ hip hop ရဲ့ အက်ိဳးသက္ေရာက္မွုကို ေအာင္ပြဲက်င္းပနိုင္မယ့္၊ လူတိုင္း မေမ့နိုင္ ျဖစ္ေစမယ့္ ေဖ်ာ္ေျဖမွုတစ္ခုလည္း ျဖစ္လာမွာပါ … ” လို႔ Pepsi ရဲ့ မားကတ္တင္းဌာန ဒုဥကၠဌ Todd Kaplan က သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားထားပါတယ္။

Super Bowl Halftime Show ကေတာ့ ယူအက္စ္ရဲ့ အထင္ကရအျဖစ္ဆုံး ႏွစ္စဥ္ ျပဳလုပ္က်င္းပေနက် ေဖ်ာ္ေျဖပြဲတစ္ခုလည္း ျဖစ္ပါတယ္။ ယူအက္စ္ရဲ့ ႏွစ္စဥ္က်င္းပေနက် အေမရိကန္ေဘာလုံးၿပိဳင္ပြဲ National Football League (NFL) ခ်န္ပီယံလုပြဲအတြင္း halftime နားခ်ိန္မွာ အခုလို အႀကီးက်ယ္ဆုံး ေဖ်ာ္ေျဖမွုေတြကို နာမည္ႀကီး artist ေတြနဲ႔ ျပဳလုပ္လာခဲ့တာ ျဖစ္ပါတယ္။

Photo: drdre/ Instagram

ဒါ့အျပင္ ဒီေဖ်ာ္ေျဖပြဲဟာ သာမန္ေဖ်ာ္ေျဖပြဲမ်ိဳး မဟုတ္ဘဲ ေပါ့ပ္ယဥ္ေက်းမွု ေရစီးေၾကာင္းနဲ႔ အဓိက ဆက္ႏြယ္ေနၿပီး ယူအက္စ္ တစ္နိုင္ငံလုံးသာမက အင္တာေနရွင္နယ္ကပါ အာ႐ုံစိုက္ရတဲ့ ပြဲတစ္ခုလည္း ျဖစ္ပါတယ္။ လာမယ့္ ၂၀၂၂ ခုႏွစ္ရဲ့ ေဖ်ာ္ေျဖမွုမွာလည္း legendary artist ေတြနဲ႔ က်င္းပသြားမွာ ျဖစ္တာေၾကာင့္ hip hop ပရိသတ္ေတြအတြက္ကေတာ့ ပိုၿပီးရင္ခုန္စရာ ျဖစ္ေနမွာ အမွန္ပါပဲ။

Linda December

Source: hollywoodlife

RELATED ARTICLES

Most Popular