HomeUncategorizedနှစ်နှစ်ကျော်တွဲလာတဲ့ချစ်သူနဲ့ စေ့စပ်သွားပြီဖြစ်တဲ့ မင်းသမီးချော Emma Stone

နှစ်နှစ်ကျော်တွဲလာတဲ့ချစ်သူနဲ့ စေ့စပ်သွားပြီဖြစ်တဲ့ မင်းသမီးချော Emma Stone

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဟောလိဝုဒ်ရဲ့ နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ Emma Stone ဟာ နှစ်နှစ်ကျော် တွဲလာတဲ့ချစ်သူ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာ Dave McCary နဲ့ စေ့စပ်သွားပြီ ဖြစ်ပါတယ်။

ပြာလဲ့တဲ့ အကြည့်လေးတွေနဲ့ ပုရိသတို့အသည်းစွဲ မင်းသမီးချောလေး Emma ဟာ နောက်ဆုံးမှာတော့ စေ့စပ်သွားပါပြီ။ သူ စေ့စပ်သွားတဲ့သူကတော့ ယခုလက်ရှိမှာ ကမ္ဘာကျော် ရှိုးတစ်ခုဖြစ်တဲ့ Saturday Night Live ကို ရိုက်ကူးပေးနေတဲ့ ဒါရိုက်တာ Dave McCary ဖြစ်ပါတယ်။ နှစ်ယောက်သား စေ့စပ်လိုက်တဲ့အကြောင်းကိုတော့ Dave က သူ့ရဲ့ Instagram မှာ စေ့စပ်လက်စွပ်နဲ့ စုံတွဲပုံလေးကို တင်ပြီး အတည်ပြုပေးထားပါတယ်။

Photo: davemccary/ Instagram

မင်းသမီးနဲ့ ဒါရိုက်တာတို့ဟာ ချစ်သူသက်တမ်း နှစ်နှစ်ကျော်ခဲ့ပြီဖြစ်ပြီး ၂၀၁၆ခုနှစ် Emma တစ်ယောက် Saturday Night Live ကို လာရောက် host လုပ်ခဲ့စဉ်က စတင်တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ Emma ဟာ Dave နဲ့မတွဲခင်တုန်းကတော့ Andrew Garfield နဲ့ တွဲခဲ့တာပါ။ နှစ်ယောက်သား Spider-Man ရုပ်ရှင်မှာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး လေးနှစ်လောက် တွဲခဲ့ရာက ၂၀၁၅ခုနှစ်မှာ လမ်းခွဲခဲ့ကြတာ ဖြစ်ပါတယ်။

Photo: emmastone/ Instagram

ယခုလက်ရှိ Emma ရဲ့အချစ်ရေးအနေအထားကတော့ အေးအေးဆေးဆေးပဲ ရှိတာကြောင့် Emma တစ်ယောက် Dave နဲ့ပဲ ပျော်ပျော်ရွှင်ရွှင် ရွှေလက်တွဲသွားနိုင်ဖို့လည်း အလားအလာတော့ ရှိနေပါတယ်လို့ တင်ပြရင်း …။

LaNina

Ref: indianexpress

(ဆံရစ်ဝိုင်းမီဒီယာမှ တင်ဆက်သော ကိုယ်တိုင်ရေး (သို့မဟုတ်) ဘာသာပြန်သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက်တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့၏အကျိုးစီးပွားအတွက် အခြားသော မီဒီယာစာမျက်နှာများပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းများ မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

ေဟာလိဝုဒ္ရဲ႕ နာမည္ေက်ာ္မင္းသမီးတစ္လက္ျဖစ္တဲ့ Emma Stone ဟာ ႏွစ္ႏွစ္ေက်ာ္ တြဲလာတဲ့ခ်စ္သူ ဒါ႐ိုက္တာ၊ ဇာတ္ၫႊန္းေရးဆရာ Dave McCary နဲ႔ ေစ့စပ္သြားၿပီ ျဖစ္ပါတယ္။

ျပာလဲ့တဲ့ အၾကည့္ေလးေတြနဲ႔ ပုရိသတို႔အသည္းစြဲ မင္းသမီးေခ်ာေလး Emma ဟာ ေနာက္ဆုံးမွာေတာ့ ေစ့စပ္သြားပါၿပီ။ သူ ေစ့စပ္သြားတဲ့သူကေတာ့ ယခုလက္ရွိမွာ ကမာၻေက်ာ္ ရႈိးတစ္ခုျဖစ္တဲ့ Saturday Night Live ကို ႐ိုက္ကူးေပးေနတဲ့ ဒါ႐ိုက္တာ Dave McCary ျဖစ္ပါတယ္။ ႏွစ္ေယာက္သား ေစ့စပ္လိုက္တဲ့အေၾကာင္းကိုေတာ့ Dave က သူ႔ရဲ႕ Instagram မွာ ေစ့စပ္လက္စြပ္နဲ႔ စုံတြဲပုံေလးကို တင္ၿပီး အတည္ျပဳေပးထားပါတယ္။

Photo: davemccary/ Instagram

မင္းသမီးနဲ႔ ဒါ႐ိုက္တာတို႔ဟာ ခ်စ္သူသက္တမ္း ႏွစ္ႏွစ္ေက်ာ္ခဲ့ၿပီျဖစ္ၿပီး ၂၀၁၆ခုႏွစ္ Emma တစ္ေယာက္ Saturday Night Live ကို လာေရာက္ host လုပ္ခဲ့စဥ္က စတင္ေတြ႕ဆုံခဲ့ၾကတာ ျဖစ္ပါတယ္။ Emma ဟာ Dave နဲ႔မတြဲခင္တုန္းကေတာ့ Andrew Garfield နဲ႔ တြဲခဲ့တာပါ။ ႏွစ္ေယာက္သား Spider-Man ႐ုပ္ရွင္မွာ ေတြ႕ဆုံခဲ့ၾကတာျဖစ္ၿပီး ေလးႏွစ္ေလာက္ တြဲခဲ့ရာက ၂၀၁၅ခုႏွစ္မွာ လမ္းခြဲခဲ့ၾကတာ ျဖစ္ပါတယ္။

Photo: emmastone/ Instagram

ယခုလက္ရွိ Emma ရဲ႕အခ်စ္ေရးအေနအထားကေတာ့ ေအးေအးေဆးေဆးပဲ ရွိတာေၾကာင့္ Emma တစ္ေယာက္ Dave နဲ႔ပဲ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေ႐ႊလက္တြဲသြားႏိုင္ဖို႔လည္း အလားအလာေတာ့ ရွိေနပါတယ္လို႔ တင္ျပရင္း …။

LaNina

Ref: indianexpress

(ဆံရစ္ဝိုင္းမီဒီယာမွ တင္ဆက္ေသာ ကိုယ္တိုင္ေရး (သို႔မဟုတ္) ဘာသာျပန္သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔၏အက်ိဳးစီးပြားအတြက္ အျခားေသာ မီဒီယာစာမ်က္ႏွာမ်ားေပၚတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းမ်ား မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular