HomeDramaအချိန်ဇယားမကိုက်တဲ့အတွက် Taxi Driver Season 2 မှာ မပါနိုင်တော့တဲ့ Esom

အချိန်ဇယားမကိုက်တဲ့အတွက် Taxi Driver Season 2 မှာ မပါနိုင်တော့တဲ့ Esom

မင်းသမီး Esom ကတော့ SBS ရုပ်သံလိုင်းက ထုတ်လွှင့်ပြသမယ့် Taxi Driver Season 2 မှာ မပါဝင်နိုင်တော့ဘူးလို့ သိရပါတယ်။

ယနေ့ မတ်လ(၈)ရက်နေ့မှာတော့ JoyNews24 သတင်းဌာနဟာ Esom အနေနဲ့ Taxi Driver Season 2 မှာ ပါဝင်သရုပ်ဆောင်နိုင်ခြင်း မရှိတော့ဘူးလို့ ဖော်ပြလာတာ ဖြစ်ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး Esom ရဲ့ အေဂျင်စီဘက်က အတွင်းလူတစ်ယောက်ကတော့ အကြောင်းရင်းကို ရှင်းပြလာပါတယ်။

Photo: esom_/ Instagram (Credit: marie claire)

“အဲဒါကတော့ Esom အနေနဲ့ အဆုံးသတ်မှာ Taxi Driver season 2 မှာ သရုပ်မဆောင်တော့ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ တကယ်တော့ သူမ ပါဝင်ဖို့ ဆွေးနွေးပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ သူမရဲ့ အချိန်ဇယားတွေအရ အချိန်ညှိလို့ မရတော့တဲ့အတွက် ဒီ season အသစ်မှာ မပါတော့ဖို့ ဆုံးဖြတ်လိုက်ရတာပါ … ” လို့ အေဂျင်စီရဲ့ လူတစ်ယောက်က ပြောထားပါတယ်။

Esom ဟာ လက်ရှိမှာတော့ ပရောဂျက်အသစ်တွေ ဖြစ်တဲ့ Black Knight ၊ Starlight Falls နဲ့ Gil Bok Soon ဆိုတဲ့ ဒရာမာတွေထဲမှာ သရုပ်ဆောင်ဖို့ ပြင်ဆင်နေပါတယ်။

Photo via mydramalist

Taxi Driver ကတော့ ဥပဒေရဲ့ အကူအညီ မရရှိဘဲ မတရားခံလိုက်ရတဲ့ လူတွေအတွက် တရားမျှတမှု ယူဆောင်လာပေးတဲ့ ပဟေဠိဆန်ဆန် တက်ဆီကားသမားတစ်ယောက်အကြောင်း ဖြစ်ပါတယ်။ ဒီဒရာမာရဲ့ season 1 ထဲမှာတော့ Lee Je Hoon ၊ Esom ၊ Kim Eui Sung နဲ့ Pyo Ye Jin တို့ အဓိက ပါဝင်ထားပါတယ်။ Lee Je Hoon ကတော့ လက်ရှိမှာ တက်ဆီမောင်းတဲ့ အလုပ်ကို လုပ်ကိုင်နေတဲ့ ရဲအရာရှိဟောင်း Kim Do Gi နေရာက သရုပ်ဆောင်ထားပါတယ်။ Esom ကတော့ ထူးဆန်းတဲ့ တက်ဆီဆားဗစ်အကြောင်းနဲ့ Kim Do Gi ကို သံသယဝင်နေတဲ့ အမှုစစ်ရှေ့နေ Kang Ha Na အဖြစ် သရုပ်ဆောင်ထားပါတယ်။

သို့သော်လည်း လာမယ့် season 2 မှာ Esom မပါနိုင်တော့တဲ့အတွက် သူမရဲ့ ဇာတ်ရုပ်နေရာမှာ ဘယ်သူက ဝင်ရောက်လာမလည်းဆိုတာ စိတ်ဝင်စားစရာပါပဲ။ လက်ရှိမှာတော့ Taxi Driver season 2 ဟာ ထုတ်လုပ်ရေးအတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

Glasgow

Source: soompi

RELATED ARTICLES

Most Popular