HomeCelebs Update NewsKoreafan တွေလိုဂရုစိုက်တတ်တဲ့ ချစ်သူမျိုးလိုချင်တယ်ဆိုတဲ့ Apink အဖွဲ့က Eunji
fan တွေလိုဂရုစိုက်တတ်တဲ့ ချစ်သူမျိုးလိုချင်တယ်ဆိုတဲ့ Apink အဖွဲ့က Eunji
အောက်တွင် ဇော်ဂျီဖြင့် ဖတ်ပါ။
မိန်းကလေးတိုင်းမှာ ကိုယ့်စိတ်ကူးထဲက ပုံဖော်ထားတဲ့ စိတ်ကြိုက်ချစ်သူကောင်လေးတစ်ယောက်စီ ရှိနေတတ်ကြပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းတွေ မတူညီကြသလိုဘဲ Apink အဖွဲ့က Eunji လိုချင်တဲ့ ချစ်သူကောင်လေးပုံစံကတော့ သူမရဲ့ fan တွေလို ကြင်နာဂရုစိုက်တတ်သူ ဖြစ်ရမယ်လို့ ဆိုပါတယ်။
ဒီအကြောင်းကိုတော့ KBS Cool FM က ထုတ်လွှင့်တဲ့ Jung Eunji’s Gayo Plaza ဆိုတဲ့ အစီအစဉ်မှာ host ဖြစ်သူ Eunji နဲ့ ဧည့်သည် စိတ်ရောဂါအထူးကု Yang Jae-eun တို့ရဲ့ စကားဝိုင်းကတစ်ဆင့် သိလိုက်ရတာပါ။ ကောင်မလေးတိုင်း လိုချင်တဲ့ ကြင်နာတတ်တဲ့ ချစ်သူကောင်လေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြရာမှာ Eunji က အခုလို ပြောပြခဲ့တာ ဖြစ်ပါတယ်။
Photo: artist_eunji/ Instagram
Eunji ဟာ လက်ရှိမှာ ချစ်သူမရှိပေမယ့် ဒီလိုအသေးစိတ်ကအစ ကြင်နာဂရုစိုက်တတ်တဲ့ ခံစားမှုကို fan တွေဆီကနေ အမြဲတမ်း ရရှိလေ့ရှိတယ်လို့ ပြောပြပါတယ်။ သူမရဲ့ fan တွေဟာ သူမရဲ့အရိပ်အကဲကို အမြဲစစ်ဆေးကြည့်ရှုနေတတ်ပြီး အသေးစိတ်လေးတွေကအစ စိတ်ပူပြီး ကြင်နာပေးကြတယ်လို့ ဆိုပါတယ်။
Photo: artist_eunji/ Instagram
တကယ်လို့ အနာဂတ်မှာ ရလာမယ့် ချစ်သူကောင်လေးတွေဟာ fan တွေလောက် လာဘ်မမြင်တတ်ဘူးဆိုရင် ဘယ်လိုလုပ်မှာလည်းဆိုတဲ့ မေးခွန်းကိုတော့ “အဲ့ဒါဆိုရင်တော့ တစ်ယောက်တည်း အရိုးထုတ်ရတော့မှာပဲ။ ကျွန်မရဲ့ချစ်သူဖြစ်လာမယ့် ကောင်လေးကို ဒီအစီအစဉ်ကို သေသေချာချာ နားထောင်စေချင်ပါတယ်” လို့ Eunji က ပြန်ဖြေထားပါတယ်။
ချစ်သူထားဖို့ စံချိန်စံနှုန်းကို fan တွေနဲ့ တစ်တန်းတည်း သတ်မှတ်ထားတဲ့အတွက် Eunji ရဲ့ ပရိသတ်တွေကတော့ သိပ်ကိုပျော်နေကြမှာပါ။
LaNina
Ref: koreaboo
(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)
(Zawgyi Version)
LaNina
Ref: koreaboo
RELATED ARTICLES
Most Popular