HomeCelebs Update NewsKoreaေအဂ်င္စီအသစ္နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုလိုက္တဲ့ EXID အဖြဲ႔က Hani

ေအဂ်င္စီအသစ္နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုလိုက္တဲ့ EXID အဖြဲ႔က Hani

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

EXID အဖွဲ့က Hani ဟာ အေဂျင်စီအသစ်နဲ့ တရားဝင် စာချုပ်ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။ Hani ရဲ့ အေဂျင်စီအသစ်ဖြစ်တဲ့ Sublime Artist Agency ဟာ အောက်တိုဘာလ(၁၁)ရက်နေ့မှာ ဒီသတင်းကို ကြေငြာလိုက်တာ ဖြစ်ပါတယ်။

Hani ဟာ EXID အဖွဲ့နဲ့ ၂၀၁၂ခုနှစ်က စတင်ပွဲထွက်ခဲ့ပြီး ယခင် အေဂျင်စီအဟောင်း Banana Culture နဲ့ စာချုပ်သက်တမ်းပြည့်သွားတဲ့နောက်မှာတော့ အခုလို ကျောခိုင်းထွက်ခွာပြီး အေဂျင်စီအသစ်နဲ့ စာချုပ်ချုပ်ဆိုလိုက်တာ ဖြစ်ပါတယ်။

Photo: ahnhani_92/ Instagram

အေဂျင်စီအသစ်ရဲ့ ကြေငြာချက်အရ Hani ဟာ သရုပ်ဆောင်အနေနဲ့လည်း ပွဲထွက်သွားမှာဖြစ်ပြီး Ahn Heeyeon ဆိုတဲ့ နာမည်ကို အသုံးပြုသွားမယ်လို့ သိရပါတယ်။ “Adults Don’t Know” ဆိုတဲ့ ရုပ်ရှင်အသစ်မှာလည်း ပါဝင်သရုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

နောက်ထပ်အခွင့်အလမ်းအသစ်တွေ အများကြီးကလည်း Hani အတွက် စောင့်ကြိုနေပါသေးတယ်။ Hani ဟာ သူမကိုယ်တိုင်အတွက်ထက် ပရိသတ်တွေအတွက် ပိုပြီးအလေးပေးသူဖြစ်တာကြောင့် သူမကို အကောင်းဆုံး ပံ့ပိုးပေးသွားမယ့်အကြောင်းကိုလည်း Sublime Artist Agency က ကြေငြာထားပါသေးတယ်။

Photo: ahnhani_92/ Instagram

Hani အပြင် T-ara က Hyomin နဲ့ PRISTIN က Nayoung တို့ဟာလည်း Sublime Artist Agency နဲ့ လက်တွဲ စာချုပ်ချုပ်ဆိုထားသူတွေ ဖြစ်ပါတယ်။

LaNina

Ref: koreaboo

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

EXID အဖြဲ႕က Hani ဟာ ေအဂ်င္စီအသစ္နဲ႔ တရား၀င္ စာခ်ဳပ္ခ်ဳပ္ဆိုလိုက္ၿပီ ျဖစ္ပါတယ္။ Hani ရဲ႕ ေအဂ်င္စီအသစ္ျဖစ္တဲ့ Sublime Artist Agency ဟာ ေအာက္တိုဘာလ(၁၁)ရက္ေန႔မွာ ဒီသတင္းကို ေၾကျငာလိုက္တာ ျဖစ္ပါတယ္။

Hani ဟာ EXID အဖြဲ႔နဲ႔ ၂၀၁၂ခုႏွစ္က စတင္ပြဲထြက္ခဲ့ၿပီး ယခင္ ေအဂ်င္စီအေဟာင္း Banana Culture နဲ႔ စာခ်ဳပ္သက္တမ္းျပည့္သြားတဲ့ေနာက္မွာေတာ့ အခုလို ေက်ာခိုင္းထြက္ခြာၿပီး ေအဂ်င္စီအသစ္နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုလိုက္တာ ျဖစ္ပါတယ္။

Photo: ahnhani_92/ Instagram

ေအဂ်င္စီအသစ္ရဲ႕ ေၾကျငာခ်က္အရ Hani ဟာ သရုပ္ေဆာင္အေနနဲ႔လည္း ပြဲထြက္သြားမွာျဖစ္ၿပီး Ahn Heeyeon ဆိုတဲ့ နာမည္ကို အသုံးျပဳသြားမယ္လို႔ သိရပါတယ္။ “Adults Don’t Know” ဆိုတဲ့ ရုပ္ရွင္အသစ္မွာလည္း ပါ၀င္သရုပ္ေဆာင္သြားမယ္လို႔ ဆိုပါတယ္။

ေနာက္ထပ္အခြင့္အလမ္းအသစ္ေတြ အမ်ားႀကီးကလည္း Hani အတြက္ ေစာင့္ႀကိဳေနပါေသးတယ္။ Hani ဟာ သူမကိုယ္တိုင္အတြက္ထက္ ပရိသတ္ေတြအတြက္ ပိုၿပီးအေလးေပးသူျဖစ္တာေၾကာင့္ သူမကို အေကာင္းဆုံး ပ့ံပိုးေပးသြားမယ့္အေၾကာင္းကိုလည္း Sublime Artist Agency က ေၾကျငာထားပါေသးတယ္။

Photo: ahnhani_92/ Instagram

Hani အျပင္ T-ara က Hyomin နဲ႔ PRISTIN က Nayoung တို႔ဟာလည္း Sublime Artist Agency နဲ႔ လက္တြဲ စာခ်ဳပ္ခ်ဳပ္ဆိုထားသူေတြ ျဖစ္ပါတယ္။

LaNina

Ref: koreaboo

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular