HomeCelebs Update NewsKoreaဂ်ပန္ဗားရွင္းနဲ႔ ဆင္ဂယ္လ္အသစ္တစ္ပုဒ္ ထြက္လာေတာ့မယ့္ EXO

ဂ်ပန္ဗားရွင္းနဲ႔ ဆင္ဂယ္လ္အသစ္တစ္ပုဒ္ ထြက္လာေတာ့မယ့္ EXO

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

EXO အဖြဲ႕ဟာ သူတို႔ရဲ႕ တတိယေျမာက္ ဂ်ပန္ဗားရွင္းနဲ႔ ဆင္ဂယ္လ္အသစ္တစ္ပုဒ္ကို ႏို၀င္ဘာလ(၄)ရက္ေန႔မွာ ထြက္ရိွသြားမယ္လို႔ တရား၀င္ေၾကျငာလိုက္ပါတယ္။ သီခ်င္းရဲ႕အမည္ကေတာ့ “Bird” လို႔ သိရၿပီး Baekhyun ၊ Chanyeol ၊ Chen ၊ Kai ၊ Sehun ၊ Suho တို႔ ေျခာက္ေယာက္နဲ႔ ဖန္တီးထားတယ္လို႔ သိရပါတယ္။

Photo: koreaboo

ႏို၀င္ဘာလ(၄)ရက္ေန႔ဟာ EXO အဖြဲ႔အတြက္ ထူးျခားတဲ့ ေန႔တစ္ေန႔ ျဖစ္ပါတယ္။ အဲ့ဒါကေတာ့ ဂ်ပန္ႏိုင္ငံမွာ စတင္ၿပီး ပြဲထြက္ခဲ့တာ ေလးႏွစ္ျပည့္တဲ့ေန႔ ျဖစ္ေနလို႔ပါ။ ယခုအသစ္ထြက္ရိွမယ့္ ဆင္ဂယ္လ္သီခ်င္းဟာ medium tempo သီခ်င္းမ်ိဳးျဖစ္လို႔ နားထဲမွာ ၿငိမ္႔ေညာင္းေနမယ့္ သီခ်င္းမ်ိဳး ျဖစ္ပါတယ္။ သီခ်င္းရဲ႕အေၾကာင္းအရာကေတာ့ အဖြဲ႔ရဲ႕ ပရိသတ္ေတြအေပၚ ထားတဲ့ ခံစားခ်က္ေတြအေၾကာင္း ေရးဖြဲ႕သီဆိုထားတာလို႔ သိရပါတယ္။

Photo: koreaboo

ဆင္ဂယ္လ္အသစ္ရဲ႕ ပိုစတာကိုလည္း EXO ရဲ႕ official ဂ်ပန္၀က္ဘ္ဆိုဒ္မွာ တင္ထားပါေသးတယ္။ ဒီဆင္ဂယ္လ္မွာ CD နဲ႔ DVD/ Blu-Ray edition ဆိုၿပီး ေရာင္းခ်ေပးသြားမွာပါ။ DVD/ Blu-Ray edition မွာေတာ့ A-Nation 2018 ေဖ်ာ္ေျဖပြဲပါ ပါ၀င္မွာျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္က ဂ်ပန္ႏိုင္ငံမွာ က်င္းပခဲ့တဲ့ fan club event ရဲ႕ ပုံရိပ္ေတြလည္း ပါ၀င္သြားမယ္လို႔ သိရပါတယ္။

LaNina

Ref: koreaboo

(Unicode Version)

EXO အဖွဲ့ဟာ သူတို့ရဲ့ တတိယမြောက် ဂျပန်ဗားရှင်းနဲ့ ဆင်ဂယ်လ်အသစ်တစ်ပုဒ်ကို နိုဝင်ဘာလ(၄)ရက်နေ့မှာ ထွက်ရှိသွားမယ်လို့ တရားဝင်ကြေငြာလိုက်ပါတယ်။ သီချင်းရဲ့အမည်ကတော့ “Bird” လို့ သိရပြီး Baekhyun ၊ Chanyeol ၊ Chen ၊ Kai ၊ Sehun ၊ Suho တို့ ခြောက်ယောက်နဲ့ ဖန်တီးထားတယ်လို့ သိရပါတယ်။

Photo: koreaboo

နိုဝင်ဘာလ(၄)ရက်နေ့ဟာ EXO အဖွဲ့အတွက် ထူးခြားတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။ အဲ့ဒါကတော့ ဂျပန်နိုင်ငံမှာ စတင်ပြီး ပွဲထွက်ခဲ့တာ လေးနှစ်ပြည့်တဲ့နေ့ ဖြစ်နေလို့ပါ။ ယခုအသစ်ထွက်ရှိမယ့် ဆင်ဂယ်လ်သီချင်းဟာ medium tempo သီချင်းမျိုးဖြစ်လို့ နားထဲမှာ ငြိမ့်ညောင်းနေမယ့် သီချင်းမျိုး ဖြစ်ပါတယ်။ သီချင်းရဲ့အကြောင်းအရာကတော့ အဖွဲ့ရဲ့ ပရိသတ်တွေအပေါ် ထားတဲ့ ခံစားချက်တွေအကြောင်း ရေးဖွဲ့သီဆိုထားတာလို့ သိရပါတယ်။

Photo: koreaboo

ဆင်ဂယ်လ်အသစ်ရဲ့ ပိုစတာကိုလည်း EXO ရဲ့ official ဂျပန်ဝက်ဘ်ဆိုဒ်မှာ တင်ထားပါသေးတယ်။ ဒီဆင်ဂယ်လ်မှာ CD နဲ့ DVD/ Blu-Ray edition ဆိုပြီး ရောင်းချပေးသွားမှာပါ။ DVD/ Blu-Ray edition မှာတော့ A-Nation 2018 ဖျော်ဖြေပွဲပါ ပါဝင်မှာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ fan club event ရဲ့ ပုံရိပ်တွေလည်း ပါဝင်သွားမယ်လို့ သိရပါတယ်။

LaNina

Ref: koreaboo

RELATED ARTICLES

Most Popular