HomeCelebs Update NewsKoreaကေလးမ်ားေန႔အတြက္ မိဘမဲ့ေဂဟာမွာ လုပ္အားေပးခဲ့တဲ့ Sehun

ကေလးမ်ားေန႔အတြက္ မိဘမဲ့ေဂဟာမွာ လုပ္အားေပးခဲ့တဲ့ Sehun

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ရှုပါ။

နာမည္ႀကီး ကိုရီးယားအဖြဲ႕တစ္ခုျဖစ္တဲ့ EXO က Sehun ဟာ ေမလ(၅)ရက္ေန႔မွာ က်ေရာက္တဲ့ ကေလးမ်ားေန႔ အထိမ္းအမွတ္အေနနဲ႔ အျခားေသာ နာမည္ေက်ာ္မ်ားနဲ႔ ပူးေပါင္းကာ မိဘမဲ့ေဂဟာက ကေလးမ်ားအတြက္ ေစတနာ႔၀န္ထမ္းအျဖစ္ ေဖ်ာ္ေျဖေပးခဲ့ပါတယ္။

Photo: koreaboo

ေမလ (၅)ရက္ေန႔မွာ က်ေရာက္တဲ့ ကိုရီးယားႏိုင္ငံရဲ႕ ကေလးမ်ားေန႔ အထိမ္းအမွတ္အေနနဲ႔ အျခားေသာ နာမည္ေက်ာ္ေတြျဖစ္တဲ့ AOA အဖြဲ႕က Chanmi ၊ Kim Ki Ri ၊ Oh Na Mi ၊ Lee Su Ji ၊ Kim Seung Hye တို႔နဲ႔ ပူးေပါင္းကာ မိဘမဲ့ေဂဟာက ကေလးေတြ ေပ်ာ္ရႊင္ေစဖို႔ အတူတူ လုပ္အားေပးခဲ့ၾကတာပါ။

ပြဲအခမ္းအနားကိုေတာ့ “Sunduk Home” လို႔ အမည္ရတဲ့ မိဘမဲ့ေဂဟာေလးမွာ က်င္းပခဲ့တာပါ။ Sehun နဲ႔ ဒီမိဘမဲ့ေဂဟာေလးဟာ နက္နဲတဲ့ ဆက္ဆံေရးနဲ႔ သံေယာဇဥ္ေတြရိွတာ ပရိသတ္အားလုံးလည္း သိၿပီးျဖစ္ၾကမွာပါ။ Sehun ဟာ သူ႔ရဲ႕အားလပ္ရက္ေလးေတြတိုင္းမွာ Sunduk Home မွာ သြားေရာက္လုပ္အားေပးေလ့ရိွခဲ့တာ (၄)ႏွစ္တိုင္တိုင္ ရိွခဲ့ၿပီ ျဖစ္ပါတယ္။


Sehun က ေစတနာထားၿပီး လုပ္အားေပးတာနဲ႔အညီ EXO-L ေတြကလည္း အဲ့ဒီ့ေဂဟာေလးအတြက္ အလွဴေငြေတြ ထည့္၀င္လွဴဒါန္းေပးခဲ့ၾကပါေသးတယ္။ ကေလးေတြနဲ႔အတူ ေပ်ာ္ရႊင္စြာ ေဆာ့ကစားေပးခဲ့ၿပီး မုန္႔ေတြအတူတူစားခဲ့ကာ “Love Shot” သီခ်င္းကိုလည္း ကေလးေတြအတြက္ ေဖ်ာ္ေျဖကျပေပးခဲ့ပါေသးတယ္။

Xei

Source: koreaboo.com

(Unicode Version)

နာမည်ကြီး ကိုရီးယားအဖွဲ့တစ်ခုဖြစ်တဲ့ EXO က Sehun ဟာ မေလ(၅)ရက်နေ့မှာ ကျရောက်တဲ့ ကလေးများနေ့ အထိမ်းအမှတ်အနေနဲ့ အခြားသော နာမည်ကျော်များနဲ့ ပူးပေါင်းကာ မိဘမဲ့ဂေဟာက ကလေးများအတွက် စေတနာ့ဝန်ထမ်းအဖြစ် ဖျော်ဖြေပေးခဲ့ပါတယ်။

Photo: koreaboo

မေလ (၅)ရက်နေ့မှာ ကျရောက်တဲ့ ကိုရီးယားနိုင်ငံရဲ့ ကလေးများနေ့ အထိမ်းအမှတ်အနေနဲ့ အခြားသော နာမည်ကျော်တွေဖြစ်တဲ့ AOA အဖွဲ့က Chanmi ၊ Kim Ki Ri ၊ Oh Na Mi ၊ Lee Su Ji ၊ Kim Seung Hye တို့နဲ့ ပူးပေါင်းကာ မိဘမဲ့ဂေဟာက ကလေးတွေ ပျော်ရွှင်စေဖို့ အတူတူ လုပ်အားပေးခဲ့ကြတာပါ။

ပွဲအခမ်းအနားကိုတော့ “Sunduk Home” လို့ အမည်ရတဲ့ မိဘမဲ့ဂေဟာလေးမှာ ကျင်းပခဲ့တာပါ။ Sehun နဲ့ ဒီမိဘမဲ့ဂေဟာလေးဟာ နက်နဲတဲ့ ဆက်ဆံရေးနဲ့ သံယောဇဉ်တွေရှိတာ ပရိသတ်အားလုံးလည်း သိပြီးဖြစ်ကြမှာပါ။ Sehun ဟာ သူ့ရဲ့အားလပ်ရက်လေးတွေတိုင်းမှာ Sunduk Home မှာ သွားရောက်လုပ်အားပေးလေ့ရှိခဲ့တာ (၄)နှစ်တိုင်တိုင် ရှိခဲ့ပြီ ဖြစ်ပါတယ်။

Sehun က စေတနာထားပြီး လုပ်အားပေးတာနဲ့အညီ EXO-L တွေကလည်း အဲ့ဒီ့ဂေဟာလေးအတွက် အလှူငွေတွေ ထည့်ဝင်လှူဒါန်းပေးခဲ့ကြပါသေးတယ်။ ကလေးတွေနဲ့အတူ ပျော်ရွှင်စွာ ဆော့ကစားပေးခဲ့ပြီး မုန့်တွေအတူတူစားခဲ့ကာ “Love Shot” သီချင်းကိုလည်း ကလေးတွေအတွက် ဖျော်ဖြေကပြပေးခဲ့ပါသေးတယ်။

Xei
Source: koreaboo.com

RELATED ARTICLES

Most Popular