HomeCelebs Update NewsInternationalနာမည်ကျော်အမျိုးသမီးတွေ ပိုင်ဆိုင်ထားတဲ့ အံ့မခန်းတန်ဖိုးနဲ့ စေ့စပ်လက်စွပ်များ

နာမည်ကျော်အမျိုးသမီးတွေ ပိုင်ဆိုင်ထားတဲ့ အံ့မခန်းတန်ဖိုးနဲ့ စေ့စပ်လက်စွပ်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

လက်ဝတ်ရတနာဆိုတာ အမျိုးသမီးအများစုရဲ့ သည်းခြေကြိုက်ပါ။ လက်ဝတ်ရတနာထဲမှာမှ ဘဝအတွက် အမှတ်တရလည်းဖြစ်၊ အချစ်ရဲ့သင်္ကေတတစ်ခုလည်းဖြစ်တဲ့ လက်ထပ်ခွင့်တောင်းခံရတဲ့ စေ့စပ်လက်စွပ်လေးတွေကတော့ အမျိုးသမီးတွေအတွက် ပိုပြီးတန်ဖိုးထားရတဲ့ အရာတစ်ခုပါ။ အခုဖော်ပြပေးချင်တာကတော့ နာမည်ကျော် အမျိုးသမီးတွေ ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ တန်ဖိုးကြီး စေ့စပ်လက်စွပ်တွေအကြောင်းပဲ ဖြစ်ပါတယ်။

Kim Kardashian
Photo: kimkardashiansjewlery/ Instagram

နာမည်ကြီး Hip Hop အဆိုတော် Kanye West ကKim ကို လက်ထပ်ခွင့်တောင်းတုန်းက ပေးခဲ့တဲ့ စေ့စပ်လက်စွပ်ဟာ (၁၅)ကာရတ်ရှိပြီး ပျမ်းမျှတန်ဖိုး အမေရိကန်ဒေါ်လာ(၄)သန်း ရှိပါတယ်။ သို့ပေမယ့် စိတ်မကောင်းစရာကောင်းစွာပဲ ၂၀၁၆ခုနှစ်တုန်းက Kim တို့ ပါရီမြို့ကို သွားရောက်လည်ပတ်တုန်း ဟိုတယ်ခန်း အဖောက်ခံလိုက်ရပြီး အခိုးခံလိုက်ရတဲ့ ရတနာတွေထဲမှာ အဲ့ဒီ့လက်စွပ်ပါ ပါသွားခဲ့ပါတယ်။

Melania Trump
Photo: flotus/ Instagram

အရင်က မော်ဒယ်လ်ဟောင်းတစ်ယောက်ဖြစ်ပြီး အမေရိကန် သမ္မတကတော်ဖြစ်လာတဲ့ Melania Trump ရဲ့ စေ့စပ်လက်စွပ်ကတော့ လန်ဒန်မြို့က နာမည်ကြီး လက်ဝတ်ရတနာ ဒီဇိုင်နာဆီက ဖြစ်ပါတယ်။ သမ္မတကြီး Trump ကတော့ အဆိုပါလက်စွပ်ကို ငါးဆယ်ရာခိုင်နှုန်း လျှော့စျေးနဲ့ ဝယ်လာခဲ့တာပါဆိုပြီး ပြောခဲ့ပေမယ့် ဒီဇိုင်နာကြီး Laurence Graff ကတော့ ဘာလျှော့စျေးမှ မပေးခဲ့ပါဘူးလို့ နောက်ပိုင်းမှာ ပြောထားပြန်ပါတယ်။ အဆိုပါလက်စွပ်ရဲ့ တန်ဖိုးဟာ Trump ရဲ့ စကားအတိုင်း ငါးဆယ်ရာခိုင်နှုန်း လျှော့စျေးနဲ့ဆို ဒေါ်လာ တစ်သန်းခွဲတန်ဖိုးရှိပြီး အရှိအတိုင်း လျှော့စျေးမဟုတ်ဘူးဆိုရင်တော့ ဒေါ်လာသုံးသန်းဝန်းကျင် တန်တယ်လို့ ဆိုကြပါတယ်။

Meghan Markle
Photo: diamondhousejewellery/ Instagram

Meghan ရရှိခဲ့တဲ့ စေ့စပ်လက်စွပ်ကတော့ စိန်သုံးတုံးပါဝင်ပြီး မင်းသား Harry အတွက်လည်း တကယ်အဓိပ္ပာယ်ရှိတဲ့ လက်စွပ်တစ်ကွင်း ဖြစ်ပါတယ်။ Harry ဟာ လက်စွပ်ရဲ့ အလယ်က အကြီးဆုံးစိန်တုံးကြီးကို ဘော့စ်ဝါးနားကနေ တကူးတက ဝယ်လာခဲ့တာဖြစ်ပြီး ဘေးက စိန်ပွင့်အသေး နှစ်ပွင့်ကတော့ မိခင်ဖြစ်သူ မင်းသမီး Diana ရဲ့ ရတနာတွေထဲက ယူထားတာ ဖြစ်ပါတယ်။

တော်ဝင်မိသားစု စောင့်ကြည့်လေ့လာသူတွေရဲ့ အဆိုအရ Meghan ဟာ သူမရဲ့ စေ့စပ်လက်စွပ်ကို ရွှေနဲ့ လုပ်ထားရာကနေ စိန်စီထားတဲ့ပုံစံကို ပြုပြင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ၂၀၁၈ခုနှစ်တုန်းက CNBC သတင်းဌာနရဲ့ ဖော်ပြချက်အရ အဆိုပါလက်စွပ်ဟာ ခန့်မှန်းချေ ဒေါ်လာသုံးသိန်းခွဲ တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။

Kate Middleton
Photo: katemiddletonphotos/ Instagram

မင်းသား William ကတော့ မိခင်ဖြစ်သူ Diana ရဲ့ စေ့စပ်လက်စွပ်ကို (၁၂)ကာရတ်ရှိတဲ့ နီလာကျောက်နဲ့ ပြန်လည်အလှဆင်၊ မွမ်းမံပြီး Kate ကို လက်ထပ်ခွင့် တောင်းခဲ့ပါတယ်။ William ဟာ Harry ကြောင့်သာ မဟုတ်ရင် ဒီလက်စွပ်နဲ့ Kate ကို လက်ထပ်ခွင့် တောင်းနိုင်မှာ မဟုတ်ပါဘူး။ အကြောင်းကတော့ မိခင်ကွယ်လွန်ပြီးနောက်ပိုင်း ညီအစ်ကိုနှစ်ယောက်ဟာ မိခင်ရဲ့ လက်ဝတ်ရတနာ collection တွေကို ခွဲဝေယူခဲ့ကြပြီး William က မိခင် Diana ရဲ့ ကာတီယားစိန်နဲ့ အလှဆင်ထားတဲ့ လက်ပတ်နာရီကို ယူခဲ့ပြီး Harry ကတော့ စေ့စပ်လက်စွပ်ကို ယူခဲ့တာပါ။ နောက်ပိုင်းမှာမှ ညီအစ်ကိုနှစ်ယောက် နာရီနဲ့ လက်စွပ်နဲ့ ပြန်လဲလိုက်ကြတာ ဖြစ်ပါတယ်။

Charles မင်းသားကြီးဟာ အဆိုပါစေ့စပ်လက်စွပ်ကို မင်းသမီး Diana အတွက် ၁၉၈၁ခုနှစ်မှာ ဝယ်ယူပေးခဲ့တာပါ။ လန်ဒန်မြို့ရဲ့ နာမည်ကျော် Garrad ရတနာဆိုင်ကနေ ဝယ်ယူပေးခဲ့တာဖြစ်ပြီး အဲ့ဒီ့အချိန်တုန်းက ပေါင်စတာလင် (၂၈၅၀၀) ကျသင့်ခဲ့တယ်လို့ ဆိုပါတယ်။

Beyonce
Photo: thewedlist/ Instagram

နာမည်ကျော် R&B အဆိုတော် Beyonce ကိုတော့ ခင်ပွန်းဖြစ်သူ Jay Z က (၂၄)ကာရတ်ရှိတဲ့ စိန်တုံးကြီးတစ်တုံးနဲ့ အလှဆင်ထားတဲ့ စေ့စပ်လက်စွပ်နဲ့ လက်ထပ်ခွင့်တောင်းခံခဲ့ပါတယ်။ ဒီလက်စွပ်ကို နှစ်ယောက်သား တရားဝင်စေ့စပ်မယ့်အချိန် ၂၀၀၈ခုနှစ်တုန်းက အမေရိကန် ကျောက်မျက်ရတနာပညာရှင် Lorraine Schwartz ဆီက ဝယ်ယူခဲ့တာဖြစ်ပြီး တန်ဖိုးကတော့ ပျမ်းမျှ ဒေါ်လာငါးသန်း တန်တယ်လို့ ဆိုပါတယ်။

LaNina

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

လက္ဝတ္ရတနာဆိုတာ အမ်ိဳးသမီးအမ်ားစုရဲ႕ သည္းေျခႀကိဳက္ပါ။ လက္ဝတ္ရတနာထဲမွာမွ ဘဝအတြက္ အမွတ္တရလည္းျဖစ္၊ အခ်စ္ရဲ႕သေကၤတတစ္ခုလည္းျဖစ္တဲ့ လက္ထပ္ခြင့္ေတာင္းခံရတဲ့ ေစ့စပ္လက္စြပ္ေလးေတြကေတာ့ အမ်ိဳးသမီးေတြအတြက္ ပိုၿပီးတန္ဖိုးထားရတဲ့ အရာတစ္ခုပါ။ အခုေဖာ္ျပေပးခ်င္တာကေတာ့ နာမည္ေက်ာ္ အမ်ိဳးသမီးေတြ ပိုင္ဆိုင္ခြင့္ရခဲ့တဲ့ တန္ဖိုးႀကီး ေစ့စပ္လက္စြပ္ေတြအေၾကာင္းပဲ ျဖစ္ပါတယ္။

Kim Kardashian
Photo: kimkardashiansjewlery/ Instagram

နာမည္ႀကီး Hip Hop အဆိုေတာ္ Kanye West ကKim ကို လက္ထပ္ခြင့္ေတာင္းတုန္းက ေပးခဲ့တဲ့ ေစ့စပ္လက္စြပ္ဟာ (၁၅)ကာရတ္ရွိၿပီး ပ်မ္းမွ်တန္ဖိုး အေမရိကန္ေဒၚလာ(၄)သန္း ရွိပါတယ္။ သို႔ေပမယ့္ စိတ္မေကာင္းစရာေကာင္းစြာပဲ ၂၀၁၆ခုႏွစ္တုန္းက Kim တို႔ ပါရီၿမိဳ႕ကို သြားေရာက္လည္ပတ္တုန္း ဟိုတယ္ခန္း အေဖာက္ခံလိုက္ရၿပီး အခိုးခံလိုက္ရတဲ့ ရတနာေတြထဲမွာ အဲ့ဒီ့လက္စြပ္ပါ ပါသြားခဲ့ပါတယ္။

Melania Trump
Photo: flotus/ Instagram

အရင္က ေမာ္ဒယ္လ္ေဟာင္းတစ္ေယာက္ျဖစ္ၿပီး အေမရိကန္ သမၼတကေတာ္ျဖစ္လာတဲ့ Melania Trump ရဲ႕ ေစ့စပ္လက္စြပ္ကေတာ့ လန္ဒန္ၿမိဳ႕က နာမည္ႀကီး လက္ဝတ္ရတနာ ဒီဇိုင္နာဆီက ျဖစ္ပါတယ္။ သမၼတႀကီး Trump ကေတာ့ အဆိုပါလက္စြပ္ကို ငါးဆယ္ရာခိုင္ႏႈန္း ေလွ်ာ့ေစ်းနဲ႔ ဝယ္လာခဲ့တာပါဆိုၿပီး ေျပာခဲ့ေပမယ့္ ဒီဇိုင္နာႀကီး Laurence Graff ကေတာ့ ဘာေလွ်ာ့ေစ်းမွ မေပးခဲ့ပါဘူးလို႔ ေနာက္ပိုင္းမွာ ေျပာထားျပန္ပါတယ္။ အဆိုပါလက္စြပ္ရဲ႕ တန္ဖိုးဟာ Trump ရဲ႕ စကားအတိုင္း ငါးဆယ္ရာခိုင္ႏႈန္း ေလွ်ာ့ေစ်းနဲ႔ဆို ေဒၚလာ တစ္သန္းခြဲတန္ဖိုးရွိၿပီး အရွိအတိုင္း ေလွ်ာ့ေစ်းမဟုတ္ဘူးဆိုရင္ေတာ့ ေဒၚလာသုံးသန္းဝန္းက်င္ တန္တယ္လို႔ ဆိုၾကပါတယ္။

Meghan Markle
Photo: diamondhousejewellery/ Instagram

Meghan ရရွိခဲ့တဲ့ ေစ့စပ္လက္စြပ္ကေတာ့ စိန္သုံးတုံးပါဝင္ၿပီး မင္းသား Harry အတြက္လည္း တကယ္အဓိပၸာယ္ရွိတဲ့ လက္စြပ္တစ္ကြင္း ျဖစ္ပါတယ္။ Harry ဟာ လက္စြပ္ရဲ႕ အလယ္က အႀကီးဆုံးစိန္တုံးႀကီးကို ေဘာ့စ္ဝါးနားကေန တကူးတက ဝယ္လာခဲ့တာျဖစ္ၿပီး ေဘးက စိန္ပြင့္အေသး ႏွစ္ပြင့္ကေတာ့ မိခင္ျဖစ္သူ မင္းသမီး Diana ရဲ႕ ရတနာေတြထဲက ယူထားတာ ျဖစ္ပါတယ္။

ေတာ္ဝင္မိသားစု ေစာင့္ၾကည့္ေလ့လာသူေတြရဲ႕ အဆိုအရ Meghan ဟာ သူမရဲ႕ ေစ့စပ္လက္စြပ္ကို ေ႐ႊနဲ႔ လုပ္ထားရာကေန စိန္စီထားတဲ့ပုံစံကို ျပဳျပင္ခဲ့တယ္လို႔ ေဖာ္ျပထားပါတယ္။ ၂၀၁၈ခုႏွစ္တုန္းက CNBC သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ အဆိုပါလက္စြပ္ဟာ ခန႔္မွန္းေခ် ေဒၚလာသုံးသိန္းခြဲ တန္ဖိုးရွိတယ္လို႔ ဆိုပါတယ္။

Kate Middleton
Photo: katemiddletonphotos/ Instagram

မင္းသား William ကေတာ့ မိခင္ျဖစ္သူ Diana ရဲ႕ ေစ့စပ္လက္စြပ္ကို (၁၂)ကာရတ္ရွိတဲ့ နီလာေက်ာက္နဲ႔ ျပန္လည္အလွဆင္၊ မြမ္းမံၿပီး Kate ကို လက္ထပ္ခြင့္ ေတာင္းခဲ့ပါတယ္။ William ဟာ Harry ေၾကာင့္သာ မဟုတ္ရင္ ဒီလက္စြပ္နဲ႔ Kate ကို လက္ထပ္ခြင့္ ေတာင္းႏိုင္မွာ မဟုတ္ပါဘူး။ အေၾကာင္းကေတာ့ မိခင္ကြယ္လြန္ၿပီးေနာက္ပိုင္း ညီအစ္ကိုႏွစ္ေယာက္ဟာ မိခင္ရဲ႕ လက္ဝတ္ရတနာ collection ေတြကို ခြဲေဝယူခဲ့ၾကၿပီး William က မိခင္ Diana ရဲ႕ ကာတီယားစိန္နဲ႔ အလွဆင္ထားတဲ့ လက္ပတ္နာရီကို ယူခဲ့ၿပီး Harry ကေတာ့ ေစ့စပ္လက္စြပ္ကို ယူခဲ့တာပါ။ ေနာက္ပိုင္းမွာမွ ညီအစ္ကိုႏွစ္ေယာက္ နာရီနဲ႔ လက္စြပ္နဲ႔ ျပန္လဲလိုက္ၾကတာ ျဖစ္ပါတယ္။

Charles မင္းသားႀကီးဟာ အဆိုပါေစ့စပ္လက္စြပ္ကို မင္းသမီး Diana အတြက္ ၁၉၈၁ခုႏွစ္မွာ ဝယ္ယူေပးခဲ့တာပါ။ လန္ဒန္ၿမိဳ႕ရဲ႕ နာမည္ေက်ာ္ Garrad ရတနာဆိုင္ကေန ဝယ္ယူေပးခဲ့တာျဖစ္ၿပီး အဲ့ဒီ့အခ်ိန္တုန္းက ေပါင္စတာလင္ (၂၈၅၀၀) က်သင့္ခဲ့တယ္လို႔ ဆိုပါတယ္။

Beyonce
Photo: thewedlist/ Instagram

နာမည္ေက်ာ္ R&B အဆိုေတာ္ Beyonce ကိုေတာ့ ခင္ပြန္းျဖစ္သူ Jay Z က (၂၄)ကာရတ္ရွိတဲ့ စိန္တုံးႀကီးတစ္တုံးနဲ႔ အလွဆင္ထားတဲ့ ေစ့စပ္လက္စြပ္နဲ႔ လက္ထပ္ခြင့္ေတာင္းခံခဲ့ပါတယ္။ ဒီလက္စြပ္ကို ႏွစ္ေယာက္သား တရားဝင္ေစ့စပ္မယ့္အခ်ိန္ ၂၀၀၈ခုႏွစ္တုန္းက အေမရိကန္ ေက်ာက္မ်က္ရတနာပညာရွင္ Lorraine Schwartz ဆီက ဝယ္ယူခဲ့တာျဖစ္ၿပီး တန္ဖိုးကေတာ့ ပ်မ္းမွ် ေဒၚလာငါးသန္း တန္တယ္လို႔ ဆိုပါတယ္။

LaNina

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular