HomeBiographyTWICE အဖွဲ့ဝင် အလှပဂေးလေး Tzuyu ရဲ့ စိတ်ဝင်စားစရာ ဘဝပုံရိပ်လွှာ

TWICE အဖွဲ့ဝင် အလှပဂေးလေး Tzuyu ရဲ့ စိတ်ဝင်စားစရာ ဘဝပုံရိပ်လွှာ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ကေပေါ့ပ်လောကရဲ့ ထိပ်တန်း မိန်းကလေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ TWICE အဖွဲ့ထဲက အဖွဲ့ဝင် Tzuyu အကြောင်း စိတ်ဝင်စားသူများအတွက် သူမ ဘဝရဲ့အစိတ်အပိုင်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

သူမဟာ အဖွဲ့ထဲမှာ အငယ်ဆုံးပါ။

Tzuyu ဟာ ၁၉၉၉ခုနှစ် ဇွန်လ(၁၄)ရက်နေ့မှာ မွေးဖွားပြီး TWICE အဖွဲ့ထဲမှာတော့ အငယ်ဆုံးအဖွဲ့ဝင် ဖြစ်ပါတယ်။ အငယ်ဆုံးလေးဆိုပေမယ့် သူမရဲ့ကိုယ်ပိုင်ဟန်နဲ့ အလှတွေကို ပိုင်ဆိုင်ထားလို့ စတိတ်ပေါ်မှာ ပရိသတ်ကို ရင်သပ်ရှုမောဖြစ်အောင် ဖမ်းစားနိုင်သူလေး ဖြစ်ပါတယ်။

Photo: tzuyued/ Instagram
ထိုင်ဝမ်နိုင်ငံသူလေးပါ။

ကိုရီးယားရဲ့ နာမည်ကြီး Idol အဖွဲ့ဝင်တစ်ယောက် ဖြစ်ပေမယ့် Tzuyu ဟာ ကိုရီးယားနိုင်ငံသား မဟုတ်ဘဲ ထိုင်ဝမ်နိုင်ငံသား တရုတ်လူမျိုး ဖြစ်ပါတယ်။ အခြားအဖွဲ့ဝင်တွေနဲ့ လူမျိုးကွဲပြားပေမယ့် ဒီအချက်ကပဲ သူမကို အားလုံးက ဝိုင်းဝန်းစောင့်ရှောက်၊ ဂရုစိုက်စေတဲ့အချက် ဖြစ်နေပြန်ပါတယ်။ “ကိုရီးယားစကားက ကျွန်မအတွက် ခက်ခဲနေတုန်းပါပဲ။ ရုပ်သံလွှင့်နေတဲ့အချိန် စီနီယာအစ်မတွေ ပြောသွားတဲ့ စကားတွေဆိုရင် အမှီလိုက်နေရတုန်းပဲ။ ဒါပေမယ့် စီနီယာအစ်မတွေက နိုင်ငံခြားက လာရတဲ့ ကျွန်မကို ဂရုစိုက်ကြပါတယ်။ ကိုရီးယားစကားလည်း ဝိုင်းသင်ပေးကြတယ်…” လို့ အင်တာဗျူးတစ်ခုမှာ ပြောဖူးပါတယ်။

သူမရဲ့အောင်မြင်မှုဟာ သူမရဲ့ချောမောလှပမှုကြောင့်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်။

Tzuyu ဟာ The Story Begins ဆိုတဲ့ မီနီအယ်လ်ဘမ်ထဲက သူမရဲ့ပုံရိပ်လေးတွေကြောင့် အမာခံပရိသတ်တွေ စတင်ရရှိခဲ့သူ ဖြစ်ပါတယ်။ ငါးပေခုနှစ်လက်မဆိုတဲ့ သူမရဲ့အရပ်နဲ့ ချစ်စရာ မျက်နှာသေးသေးလေးကြောင့် အဖွဲ့ထဲမှာလည်း ထင်းခနဲဖြစ်နေသူတစ်ယောက်ပါ။ ဒါကြောင့်လည်း ရုပ်ရည်အချောမောဆုံး အမျိုးသမီးကေပေါ့ပ် ဆယ်လီတစ်ယောက်အဖြစ် ၂၀၁၉ခုနှစ်မှာ အရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

Photo: tzuyued/ Instagram
အောင်မြင်နေတဲ့အချိန်မှာမှ အထက်တန်းကျောင်းပြီးခဲ့ပါတယ်။

အဖွဲ့ဝင်တွေ ဖြစ်တဲ့ Tzuyu နဲ့ Chaeyoung တို့ဟာ TWICE အဖွဲ့မှာ စတင်ပါဝင်ခဲ့တုန်းက အသက်(၁၇)နှစ်သာ ရှိပါသေးတယ်။ Tzuyu ဟာ ကျောင်းတစ်ဘက်နဲ့ အဆိုလေ့ကျင့်ခန်းတွေကို အချိန်ပိုင်း တွဲဖက်လေ့ကျင့်ခဲ့သူပါ။ အလယ်တန်းကျောင်းကိုတော့ ၂၀၁၆ခုနှစ်မှာ အောင်မြင်ခဲ့ပြီး အထက်တန်းကျောင်းကိုတော့ TWICE အဖွဲ့ဝင်အဖြစ် ပွဲထွက်ပြီး ၂၀၁၉ခုနှစ်မှာ အောင်မြင်ခဲ့ပါတယ်။

သူမရဲ့ နာမည်ပြောင်က Yoda ပါ။

သူမရဲ့ ချွန်နေတဲ့ နားရွက်နဲ့ လှပတဲ့ မျက်လုံးတွေကြောင့် Star Wars ရုပ်ရှင်ထဲက ဇာတ်ကောင်ဖြစ်တဲ့ Yoda ဆိုတဲ့ နာမည်ပြောင်ကို ချစ်စနိုးနဲ့ ခေါ်လေ့ရှိပါတယ်။ TWICE အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ Jihyo က သူမကို အဲ့ဒီနာမည်ပြောင် စပေးခဲ့တာ ဖြစ်ပါတယ်။ တစစနဲ့ TWICE ပရိသတ်တွေဖြစ်တဲ့ ONCE တွေကပါ သူမကို Yoda လို့ လိုက်ခေါ်ရင်း ဒီနာမည်လေးက တွင်သွားခဲ့တာ ဖြစ်ပါတယ်။ Tzuyu ဟာ ပရိသတ်တွေနဲ့ တွေ့ဆုံပွဲတွေဆိုရင် Yoda ရဲ့ လည်ဆွဲ၊ ဦးထုပ်စတာလေးတွေကို ယူလာတတ်ပါတယ်။

Photo: tzuyued/ Instagram
ခွေးချစ်တတ်သူတစ်ယောက်ပါ။

သူမဟာ ရုပ်ကလေးက နူးညံ့သိမ်မွေ့ပြီး ချစ်ဖို့ကောင်းသလို တိရစ္ဆာန်လေးတွေကိုလည်း ချစ်ခင်တတ်သူ ဖြစ်ပါတယ်။ အထူးသဖြင့် သူမဟာ ခွေးလေးတွေကို ချစ်တတ်သူ ဖြစ်ပါတယ်။ သူမရဲ့ ခွေးလေးနာမည်ကိုတော့ နာမည်ကြီး ဖက်ရှင်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Gucci ကို အစွဲပြုပြီး မှည့်ထားပါတယ်။ Tzuyu နဲ့ ခွေးလေး Gucci တို့ဟာ ပွဲမထွက်ရခင် အချိန်ကတည်းက မခွဲအတူ ရှိနေခဲ့ကြတဲ့ သူငယ်ချင်းတွေလည်း ဖြစ်ပါတယ်။

ဒါကတော့ TWICE အဖွဲ့ထဲက အဖွဲ့ဝင် Tzuyu နဲ့ ပတ်သက်ပြီး ပရိသတ်တွေ သိချင်ကြမယ့် တစ်ချို့သော အကြောင်းအရာလေးတွေ ဖြစ်ပါတယ်။ စာဖတ်သူရော Tzuyu ရဲ့ ဘယ်အချက်လေးကြောင့် သဘောကျ၊ နှစ်ခြိုက်သွားရလည်းဆိုတာ မျှဝေပေးခဲ့ပါဦးနော်။

LaNina

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ေကေပါ့ပ္ေလာကရဲ႕ ထိပ္တန္း မိန္းကေလးအဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ TWICE အဖြဲ႕ထဲက အဖြဲ႕ဝင္ Tzuyu အေၾကာင္း စိတ္ဝင္စားသူမ်ားအတြက္ သူမ ဘဝရဲ႕အစိတ္အပိုင္းအခ်ိဳ႕ကို ေဖာ္ျပေပးလိုက္ပါတယ္။

သူမဟာ အဖြဲ႕ထဲမွာ အငယ္ဆုံးပါ။

Tzuyu ဟာ ၁၉၉၉ခုႏွစ္ ဇြန္လ(၁၄)ရက္ေန႔မွာ ေမြးဖြားၿပီး TWICE အဖြဲ႕ထဲမွာေတာ့ အငယ္ဆုံးအဖြဲ႕ဝင္ ျဖစ္ပါတယ္။ အငယ္ဆုံးေလးဆိုေပမယ့္ သူမရဲ႕ကိုယ္ပိုင္ဟန္နဲ႔ အလွေတြကို ပိုင္ဆိုင္ထားလို႔ စတိတ္ေပၚမွာ ပရိသတ္ကို ရင္သပ္ရႈေမာျဖစ္ေအာင္ ဖမ္းစားႏိုင္သူေလး ျဖစ္ပါတယ္။

Photo: tzuyued/ Instagram
ထိုင္ဝမ္ႏိုင္ငံသူေလးပါ။

ကိုရီးယားရဲ႕ နာမည္ႀကီး Idol အဖြဲ႕ဝင္တစ္ေယာက္ ျဖစ္ေပမယ့္ Tzuyu ဟာ ကိုရီးယားႏိုင္ငံသား မဟုတ္ဘဲ ထိုင္ဝမ္ႏိုင္ငံသား တ႐ုတ္လူမ်ိဳး ျဖစ္ပါတယ္။ အျခားအဖြဲ႕ဝင္ေတြနဲ႔ လူမ်ိဳးကြဲျပားေပမယ့္ ဒီအခ်က္ကပဲ သူမကို အားလုံးက ဝိုင္းဝန္းေစာင့္ေရွာက္၊ ဂ႐ုစိုက္ေစတဲ့အခ်က္ ျဖစ္ေနျပန္ပါတယ္။ “ကိုရီးယားစကားက ကြၽန္မအတြက္ ခက္ခဲေနတုန္းပါပဲ။ ႐ုပ္သံလႊင့္ေနတဲ့အခ်ိန္ စီနီယာအစ္မေတြ ေျပာသြားတဲ့ စကားေတြဆိုရင္ အမွီလိုက္ေနရတုန္းပဲ။ ဒါေပမယ့္ စီနီယာအစ္မေတြက ႏိုင္ငံျခားက လာရတဲ့ ကြၽန္မကို ဂ႐ုစိုက္ၾကပါတယ္။ ကိုရီးယားစကားလည္း ဝိုင္းသင္ေပးၾကတယ္…” လို႔ အင္တာဗ်ဴးတစ္ခုမွာ ေျပာဖူးပါတယ္။

သူမရဲ႕ေအာင္ျမင္မႈဟာ သူမရဲ႕ေခ်ာေမာလွပမႈေၾကာင့္လည္း တစ္စိတ္တစ္ပိုင္း ပါဝင္ပါတယ္။

Tzuyu ဟာ The Story Begins ဆိုတဲ့ မီနီအယ္လ္ဘမ္ထဲက သူမရဲ႕ပုံရိပ္ေလးေတြေၾကာင့္ အမာခံပရိသတ္ေတြ စတင္ရရွိခဲ့သူ ျဖစ္ပါတယ္။ ငါးေပခုႏွစ္လက္မဆိုတဲ့ သူမရဲ႕အရပ္နဲ႔ ခ်စ္စရာ မ်က္ႏွာေသးေသးေလးေၾကာင့္ အဖြဲ႕ထဲမွာလည္း ထင္းခနဲျဖစ္ေနသူတစ္ေယာက္ပါ။ ဒါေၾကာင့္လည္း ႐ုပ္ရည္အေခ်ာေမာဆုံး အမ်ိဳးသမီးေကေပါ့ပ္ ဆယ္လီတစ္ေယာက္အျဖစ္ ၂၀၁၉ခုႏွစ္မွာ အေ႐ြးခ်ယ္ခံခဲ့ရတာ ျဖစ္ပါတယ္။

Photo: tzuyued/ Instagram
ေအာင္ျမင္ေနတဲ့အခ်ိန္မွာမွ အထက္တန္းေက်ာင္းၿပီးခဲ့ပါတယ္။

အဖြဲ႕ဝင္ေတြ ျဖစ္တဲ့ Tzuyu နဲ႔ Chaeyoung တို႔ဟာ TWICE အဖြဲ႕မွာ စတင္ပါဝင္ခဲ့တုန္းက အသက္(၁၇)ႏွစ္သာ ရွိပါေသးတယ္။ Tzuyu ဟာ ေက်ာင္းတစ္ဘက္နဲ႔ အဆိုေလ့က်င့္ခန္းေတြကို အခ်ိန္ပိုင္း တြဲဖက္ေလ့က်င့္ခဲ့သူပါ။ အလယ္တန္းေက်ာင္းကိုေတာ့ ၂၀၁၆ခုႏွစ္မွာ ေအာင္ျမင္ခဲ့ၿပီး အထက္တန္းေက်ာင္းကိုေတာ့ TWICE အဖြဲ႕ဝင္အျဖစ္ ပြဲထြက္ၿပီး ၂၀၁၉ခုႏွစ္မွာ ေအာင္ျမင္ခဲ့ပါတယ္။

သူမရဲ႕ နာမည္ေျပာင္က Yoda ပါ။

သူမရဲ႕ ခြၽန္ေနတဲ့ နား႐ြက္နဲ႔ လွပတဲ့ မ်က္လုံးေတြေၾကာင့္ Star Wars ႐ုပ္ရွင္ထဲက ဇာတ္ေကာင္ျဖစ္တဲ့ Yoda ဆိုတဲ့ နာမည္ေျပာင္ကို ခ်စ္စႏိုးနဲ႔ ေခၚေလ့ရွိပါတယ္။ TWICE အဖြဲ႕ရဲ႕ ေခါင္းေဆာင္ျဖစ္တဲ့ Jihyo က သူမကို အဲ့ဒီနာမည္ေျပာင္ စေပးခဲ့တာ ျဖစ္ပါတယ္။ တစစနဲ႔ TWICE ပရိသတ္ေတြျဖစ္တဲ့ ONCE ေတြကပါ သူမကို Yoda လို႔ လိုက္ေခၚရင္း ဒီနာမည္ေလးက တြင္သြားခဲ့တာ ျဖစ္ပါတယ္။ Tzuyu ဟာ ပရိသတ္ေတြနဲ႔ ေတြ႕ဆုံပြဲေတြဆိုရင္ Yoda ရဲ႕ လည္ဆြဲ၊ ဦးထုပ္စတာေလးေတြကို ယူလာတတ္ပါတယ္။

Photo: tzuyued/ Instagram
ေခြးခ်စ္တတ္သူတစ္ေယာက္ပါ။

သူမဟာ ႐ုပ္ကေလးက ႏူးညံ့သိမ္ေမြ႕ၿပီး ခ်စ္ဖို႔ေကာင္းသလို တိရစာၦန္ေလးေတြကိုလည္း ခ်စ္ခင္တတ္သူ ျဖစ္ပါတယ္။ အထူးသျဖင့္ သူမဟာ ေခြးေလးေတြကို ခ်စ္တတ္သူ ျဖစ္ပါတယ္။ သူမရဲ႕ ေခြးေလးနာမည္ကိုေတာ့ နာမည္ႀကီး ဖက္ရွင္အမွတ္တံဆိပ္တစ္ခုျဖစ္တဲ့ Gucci ကို အစြဲျပဳၿပီး မွည့္ထားပါတယ္။ Tzuyu နဲ႔ ေခြးေလး Gucci တို႔ဟာ ပြဲမထြက္ရခင္ အခ်ိန္ကတည္းက မခြဲအတူ ရွိေနခဲ့ၾကတဲ့ သူငယ္ခ်င္းေတြလည္း ျဖစ္ပါတယ္။

ဒါကေတာ့ TWICE အဖြဲ႕ထဲက အဖြဲ႕ဝင္ Tzuyu နဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြ သိခ်င္ၾကမယ့္ တစ္ခ်ိဳ႕ေသာ အေၾကာင္းအရာေလးေတြ ျဖစ္ပါတယ္။ စာဖတ္သူေရာ Tzuyu ရဲ႕ ဘယ္အခ်က္ေလးေၾကာင့္ သေဘာက်၊ ႏွစ္ၿခိဳက္သြားရလည္းဆိုတာ မွ်ေဝေပးခဲ့ပါဦးေနာ္။

LaNina

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular