HomeCelebs Update NewsKoreaSign Language ကိုပါသုံးၿပီး ပရိသတ္ေတြရဲ႕ အသည္းကိုေျခြလိုက္တဲ့ Rosé

Sign Language ကိုပါသုံးၿပီး ပရိသတ္ေတြရဲ႕ အသည္းကိုေျခြလိုက္တဲ့ Rosé

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

BLACKPINK အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Rosé ဟာ သူမရဲ့ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကြောင့်တင် မဟုတ်ဘဲ ကြင်နာတတ်တဲ့ နှလုံးသားလေးတစ်စုံကြောင့်လည်း ပရိသတ်တွေရဲ့ ချစ်ခင်မှုကို ရရှိထားသူ ဖြစ်ပါတယ်။ အခုလည်း မကြာသေးခင်က ပြုလုပ်သွားတဲ့ Event တစ်ခုမှာ Sign Language နဲ့ပါ ပြောသွားပြီး ပရိသတ်တွေ အချစ်ပိုအောင် လုပ်လိုက်ပြန်ပါပြီ။

မကြာသေးခင်က ပြုလုပ်သွားတဲ့ OLENS အထူး fan meeting ပွဲမှာ Rosé လေးဟာ လူတိုင်းရဲ့ အံ့အားတကြီးနဲ့ အာရုံစိုက်မှုကို ရရှိသွားတာပါ။ Rosé ဟာ fan လက်မှတ်ရေးထိုးပွဲမှာ သူမရဲ့ ကိုရီးယား sign language စကေးတွေကို ထုတ်ပြသွားတာလည်း ဖြစ်ပါတယ်။

Photo: koreaboo

Rosé ဟာ အယုတ်အလတ် အမြတ်မရွေး ပရိသတ်တွေအားလုံးနဲ့ ထိတွေ့ဆက်ဆံလိုတဲ့အတွက် အခုလို Sign Language ကို သင်ယူနေတာဖြစ်တယ်လို့လည်း သိရပါတယ်။ “တွေ့ရတာ ဝမ်းသာပါတယ်” ဆိုတဲ့ စကားကို sign language နဲ့ပါ ပြောသွားတာ ဖြစ်ပါတယ်။ ကျန်တဲ့စကားစုတွေကိုတော့ သင်ယူနေဆဲဖြစ်တဲ့အတွက် မေ့နေတယ်ဆိုပြီး ချစ်စရာအမူအရာလေးနဲ့ ပြောသွားတာက ပရိသတ်တွေရဲ့ အသည်းကို ကြွေကျမြေခသွားစေပါတယ်။

Photo: koreaboo

အခုလို ပရိသတ်တွေအားလုံးနဲ့ ထိတွေ့ချင်တဲ့ ဆန္ဒနဲ့ sign language အထိ သင်ထားတဲ့ Rosé လေးကို BLINK တွေကတော့ အသည်းတယားယားနဲ့ အချစ်တွေပိုနေကြပါတယ်။

LaNina

Ref: koreaboo

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

BLACKPINK အဖြဲ႕၀င္တစ္ေယာက္ျဖစ္တဲ့ Rosé ဟာ သူမရဲ႕ခ်စ္စရာေကာင္းတဲ့ ပုံရိပ္ေလးေတြေၾကာင့္တင္ မဟုတ္ဘဲ ၾကင္နာတတ္တဲ့ ႏွလုံးသားေလးတစ္စုံေၾကာင့္လည္း ပရိသတ္ေတြရဲ႕ ခ်စ္ခင္မႈကို ရရိွထားသူ ျဖစ္ပါတယ္။ အခုလည္း မၾကာေသးခင္က ျပဳလုပ္သြားတဲ့ Event တစ္ခုမွာ Sign Language နဲ႔ပါ ေျပာသြားၿပီး ပရိသတ္ေတြ အခ်စ္ပိုေအာင္ လုပ္လိုက္ျပန္ပါၿပီ။

မၾကာေသးခင္က ျပဳလုပ္သြားတဲ့ OLENS အထူး fan meeting ပြဲမွာ Rosé ေလးဟာ လူတိုင္းရဲ႕ အ့ံအားတႀကီးနဲ႔ အာရုံစိုက္မႈကို ရရိွသြားတာပါ။ Rosé ဟာ fan လက္မွတ္ေရးထိုးပြဲမွာ သူမရဲ႕ ကိုရီးယား sign language စေကးေတြကို ထုတ္ျပသြားတာလည္း ျဖစ္ပါတယ္။

Photo: koreaboo

Rosé ဟာ အယုတ္အလတ္ အျမတ္မေရြး ပရိသတ္ေတြအားလုံးနဲ႔ ထိေတြ႕ဆက္ဆံလိုတဲ့အတြက္ အခုလို Sign Language ကို သင္ယူေနတာျဖစ္တယ္လို႔လည္း သိရပါတယ္။ “ေတြ႕ရတာ ၀မ္းသာပါတယ္” ဆိုတဲ့ စကားကို sign language နဲ႔ပါ ေျပာသြားတာ ျဖစ္ပါတယ္။ က်န္တဲ့စကားစုေတြကိုေတာ့ သင္ယူေနဆဲျဖစ္တဲ့အတြက္ ေမ့ေနတယ္ဆိုၿပီး ခ်စ္စရာအမူအရာေလးနဲ႔ ေျပာသြားတာက ပရိသတ္ေတြရဲ႕ အသည္းကို ေၾကြက်ေျမခသြားေစပါတယ္။

Photo: koreaboo

အခုလို ပရိသတ္ေတြအားလုံးနဲ႔ ထိေတြ႕ခ်င္တဲ့ ဆႏၵနဲ႔ sign language အထိ သင္ထားတဲ့ Rosé ေလးကို BLINK ေတြကေတာ့ အသည္းတယားယားနဲ႔ အခ်စ္ေတြပိုေနၾကပါတယ္။

LaNina

Ref: koreaboo

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular