HomeCelebs Update NewsKoreaPark Bom ကို ဆက္စ္အရုပ္မနဲ႔ ႏိႈင္းယွဥ္ခဲ့လို႔ fan မ်ား ေဒါသထြက္ေနၾက

Park Bom ကို ဆက္စ္အရုပ္မနဲ႔ ႏိႈင္းယွဥ္ခဲ့လို႔ fan မ်ား ေဒါသထြက္ေနၾက

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

သတင္းေထာက္တစ္ေယာက္က Park Bom ကို ဆက္စ္အရုပ္မနဲ႔ တူတယ္ဆိုၿပီး ႏိႈင္းယွဥ္ကာ ေဆာင္းပါးတစ္ပုဒ္ ေရးသားခဲ့တဲ့အေပၚ ပရိသတ္မ်ားစြာဟာ စိတ္ဆိုးေဒါသထြက္ေနၾကပါတယ္။

Kim Sung Jin လို႔ေခၚတဲ့ သတင္းေထာက္တစ္ေယာက္ဟာ “Park Bom ဟာ တကယ့္အရုပ္မတစ္ေယာက္နဲ႔ တူတဲ့ ခံစားခ်က္ကို ရေစပါတယ္” ဆိုၿပီး ေဆာင္းပါးတစ္ပုဒ္ထဲမွာ ထည့္သြင္းေရးသားခဲ့တာ ျဖစ္ပါတယ္။ ကိုရီးယားမွာေတာ့ ဒီလိုအသုံးအႏႈန္းဟာ ဆက္စ္အရုပ္မေတြကို သုံးတဲ့ အသုံးအႏႈန္းနဲ႔ အတူတူပဲျဖစ္လို႔ ပရိသတ္ေတြက အခုလို ေဒါသထြက္လာၾကတာ ျဖစ္ပါတယ္။ အဆိုပါ ေဆာင္းပါးကေန အစျပဳခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ ေဆာငး္ပါးကို ျပန္ဖ်က္သြားခဲ့တယ္လို႔ သိရပါတယ္။

Photo: newharoobompark/ Instagram

သို႔ေပမယ့္ Park Bom ကို အခုလို ေစာ္ကားၿပီး သုံးႏႈန္းေရးသားလိုက္တဲ့အေပၚ ပရိသတ္ေတြရဲ႕ အျမတ္ေဒါသကေတာ့ ၿပီးဆုံးမသြားခဲ့ပါဘူး။ ဒါေၾကာင့္ပဲ Park Bom ဘက္က ရပ္တည္ေပးၿပီး အားေပးေနတဲ့ hashtag ႏွစ္မ်ိဳးဟာ Twitter ေပၚမွာ trend ျဖစ္ေနတာ ျဖစ္ပါတယ္။

ပရိသတ္မ်ားစြာဟာလည္း Park Bom ဘက္ကေန ရပ္တည္အားေပးေနၿပီး စာနယ္ဇင္းသမားေတြအေနနဲ႔ အခုလို ႏိႈင္းယွဥ္ေရးသားတာမ်ိဳးေတြကိုလည္း ရႈံ႕ခ်ေၾကာင္း က်ယ္က်ယ္ေလာင္ေလာင္ ေ၀ဖန္ေနၾကပါတယ္။

LaNina

Ref: koreaboo

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

(Unicode Version)

သတင်းထောက်တစ်ယောက်က Park Bom ကို ဆက်စ်အရုပ်မနဲ့ တူတယ်ဆိုပြီး နှိုင်းယှဉ်ကာ ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့တဲ့အပေါ် ပရိသတ်များစွာဟာ စိတ်ဆိုးဒေါသထွက်နေကြပါတယ်။

Kim Sung Jin လို့ခေါ်တဲ့ သတင်းထောက်တစ်ယောက်ဟာ “Park Bom ဟာ တကယ့်အရုပ်မတစ်ယောက်နဲ့ တူတဲ့ ခံစားချက်ကို ရစေပါတယ်” ဆိုပြီး ဆောင်းပါးတစ်ပုဒ်ထဲမှာ ထည့်သွင်းရေးသားခဲ့တာ ဖြစ်ပါတယ်။ ကိုရီးယားမှာတော့ ဒီလိုအသုံးအနှုန်းဟာ ဆက်စ်အရုပ်မတွေကို သုံးတဲ့ အသုံးအနှုန်းနဲ့ အတူတူပဲဖြစ်လို့ ပရိသတ်တွေက အခုလို ဒေါသထွက်လာကြတာ ဖြစ်ပါတယ်။ အဆိုပါ ဆောင်းပါးကနေ အစပြုခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဆောင်းပါးကို ပြန်ဖျက်သွားခဲ့တယ်လို့ သိရပါတယ်။

Photo: newharoobompark/ Instagram

သို့ပေမယ့် Park Bom ကို အခုလို စော်ကားပြီး သုံးနှုန်းရေးသားလိုက်တဲ့အပေါ် ပရိသတ်တွေရဲ့ အမြတ်ဒေါသကတော့ ပြီးဆုံးမသွားခဲ့ပါဘူး။ ဒါကြောင့်ပဲ Park Bom ဘက်က ရပ်တည်ပေးပြီး အားပေးနေတဲ့ hashtag နှစ်မျိုးဟာ Twitter ပေါ်မှာ trend ဖြစ်နေတာ ဖြစ်ပါတယ်။

ပရိသတ်များစွာဟာလည်း Park Bom ဘက်ကနေ ရပ်တည်အားပေးနေပြီး စာနယ်ဇင်းသမားတွေအနေနဲ့ အခုလို နှိုင်းယှဉ်ရေးသားတာမျိုးတွေကိုလည်း ရှုံ့ချကြောင်း ကျယ်ကျယ်လောင်လောင် ဝေဖန်နေကြပါတယ်။

LaNina

Ref: koreaboo

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular