HomeCelebs Update NewsKoreaပရိသတ်တွေ ခန့်မှန်းထားတဲ့အတိုင်း ချစ်သူတွေဖြစ်သွားကြတဲ့ စုံတွဲများ 

ပရိသတ်တွေ ခန့်မှန်းထားတဲ့အတိုင်း ချစ်သူတွေဖြစ်သွားကြတဲ့ စုံတွဲများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ကိုရီးယားဖျော်ဖြေရေးလောကရဲ့ ဆယ်လီအများစုဟာ အမြဲလိုလိုပဲ ဘယ်သူနဲ့တော့ ဒိတ်လုပ်နေတယ်ဆိုတဲ့ ကောလာဟလတွေနဲ့ ကြုံရလေ့ ရှိပါတယ်။ ကောလာဟလအများစုကတော့ လွဲချော်ပြီး အချိန်တစ်ခုကြာတာနဲ့ မေ့လျော့သွားတတ်ကြပေမယ့် ပရိသတ်တွေရဲ့ ချစ်စနိုးနဲ့ လိုက်ကြည့်တဲ့ စုံထောက်မျက်လုံးတွေရဲ့အောက်မှာ မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့တဲ့ ဆယ်လီစုံတွဲတွေလည်း ရှိပါတယ်။ ပရိသတ်တွေ ခန့်မှန်းထားတဲ့အတိုင်း ချစ်သူတွေဖြစ်နေကြတဲ့ အချို့သော ဆယ်လီစုံတွဲတွေကတော့ …

Girl’s Day အဖွဲ့က Hyeri နဲ့ Ryu Jun Yeol
Photo via koreaboo

Hyeri နဲ့ Ryu Jun Yeol တို့ဟာ Reply 1988 မှာ အတူတွဲသရုပ်ဆောင်ပြီးတည်းက ဇာတ်လမ်းထဲက သူတို့နှစ်ယောက်ရဲ့ chemistry ကို သဘောကျပြီး ပရိသတ်တွေက တွဲနေပြီလားလို့ စတင်ခန့်မှန်းခဲ့ကြတာ ဖြစ်ပါတယ်။ တကယ်တမ်း နှစ်ယောက်စလုံးက တွဲနေပါပြီဆိုတဲ့ သတင်းကို အတည်ပြုပေးခဲ့တဲ့အခါမှာတော့ တစ်ချို့ပရိသတ်တွေအနေနဲ့ အံ့ဩခဲ့ကြပေမယ့် ပရိသတ်အများစုကတော့ စကတည်းက ခန့်မှန်းထားပြီးသားဖြစ်လို့ မအံ့ဩကြတော့ပါဘူး။

Super Junior အဖွဲ့က Heechul နဲ့ TWICE အဖွဲ့က Momo
Photo: kimheenim/ Instagram

ပရိသတ်များစွာဟာ Heechul နဲ့ Momo တို့ကြားက ချစ်စရာကောင်းတဲ့ chemistry ကို တွေ့ပြီးသွားတည်းက တွဲနေကြပြီလို့ ခန့်မှန်းထားကြတာ ဖြစ်ပါတယ်။ ဒီခန့်မှန်းမှုဟာ ၂၀၁၉ခုနှစ်အတွင်းမှာ သူတို့တွဲနေပြီဆိုတဲ့ သတင်းတွေ တက်လာတဲ့အချိန်မှာ ပရိသတ်တွေအတွက် ပျော်စရာဖြစ်ခဲ့ပေမယ့် နှစ်ဘက်စလုံးရဲ့ အေဂျင်စီတွေကတော့ ငြင်းဆိုခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၂၀ခုနှစ်မှာလည်း နောက်ထပ် တွဲနေပြီဆိုတဲ့ ကောလာဟလတွေ ထပ်မံထွက်ပေါ်လာခဲ့ပြန်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ နှစ်ဘက်စလုံးရဲ့ အေဂျင်စီတွေက တွဲနေပြီဖြစ်ကြောင်း အတည်ပြုပေးခဲ့ကြပါတယ်။

BIGBANG ရဲ့ Taeyang နဲ့ Min Hyo Rin
Photo via koreaboo

Taeyang နဲ့ Min Hyo Rin တို့နှစ်ယောက်ကတော့ ၂၀၁၃ခုနှစ်လောက်မှာ တွဲနေပြီဆိုတဲ့သတင်း စထွက်ခဲ့တာပါ။ အဲ့ဒီ့တုန်းက သူတို့နှစ်ယောက် အားလပ်ရက်ခရီးတူတူ ထွက်လာကြတာကို မြင်တွေ့လိုက်တဲ့ လူတွေအများကြီးဆီကနေ သတင်းစထွက်ခဲ့တာ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း ဓာတ်ပုံတွေ၊ အခြားသက်သေတွေလည်း မရှိတဲ့အတွက် ကောလာဟလက ပြီးသွားခဲ့ပါတယ်။

ဒါပေမယ့် ကောလာဟလတွေ ထွက်ပြီး နောက်ထပ် နှစ်အနည်းငယ်အကြာမှာတော့ နှစ်ယောက်စလုံးက တွဲနေပြီလို့ အတည်ပြုပြောကြားခဲ့ကြပါတယ်။ အတည်ပြုပေးတဲ့ အချိန်ကျတော့မှ သူတို့နှစ်ယောက်ဟာ ၂၀၁၃ခုနှစ်တည်းက စတွဲခဲ့ကြတာပါလို့ ဖွင့်ဟခဲ့ကြပါတယ်။

Baek Jin Hee နဲ့ Yoon Hyun Min
Photo via koreaboo

သူတို့နှစ်ဦးကတော့ My Daughter Geum Sa Wol ဆိုတဲ့ ဒရာမာထဲမှာ အတူတူသရုပ်ဆောင်ရာက တွဲနေကြပြီလို့ ပရိသတ်တွေရဲ့ ခန့်မှန်းမှုကို ရရှိခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလိုနဲ့ အဲ့ဒီ့စီးရီးဇာတ်သိမ်းသွားပြီး သိပ်မကြာခင်မှာပဲ ချစ်သူတွေအဖြစ် တကယ်လက်တွဲသွားခဲ့ကြပါတော့တယ်။

Super Junior အဖွဲ့က Sungmin နဲ့ Kim Sa Eun
Photo via koreaboo

Sungmin နဲ့ Kim Sa Eun တို့ကတော့ သူတို့နှစ်ယောက်ရဲ့ ဆိုရှယ်မီဒီယာက ဓာတ်ပုံတွေမှာ တူညီမှုတွေ များနေရာကနေ ပရိသတ်တွေရဲ့ ခန့်မှန်းမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ကောလာဟလတွေ ထွက်လာပြီးနောက် သိပ်မကြာခင်မှာပဲ တွဲနေပြီဖြစ်ကြောင်း ဝန်ခံခဲ့ကြပါတယ်။

ဒါကတော့ ပရိသတ်တွေရဲ့ ခန့်မှန်းချက်တွေအတိုင်း ချစ်သူစုံတွဲတွေ ဖြစ်သွားကြတဲ့ အချို့သော ကိုရီးယားဆယ်လီစုံတွဲတွေပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ သဘောကျတဲ့ စုံတွဲလေးတွေ ရှိရင်လည်း ပြောပြခဲ့ပါဦး။

LaNina
(Zawgyi Version)

ကိုရီးယားေဖ်ာ္ေျဖေရးေလာကရဲ႕ ဆယ္လီအမ်ားစုဟာ အၿမဲလိုလိုပဲ ဘယ္သူနဲ႔ေတာ့ ဒိတ္လုပ္ေနတယ္ဆိုတဲ့ ေကာလာဟလေတြနဲ႔ ႀကဳံရေလ့ ရွိပါတယ္။ ေကာလာဟလအမ်ားစုကေတာ့ လြဲေခ်ာ္ၿပီး အခ်ိန္တစ္ခုၾကာတာနဲ႔ ေမ့ေလ်ာ့သြားတတ္ၾကေပမယ့္ ပရိသတ္ေတြရဲ႕ ခ်စ္စႏိုးနဲ႔ လိုက္ၾကည့္တဲ့ စုံေထာက္မ်က္လုံးေတြရဲ႕ေအာက္မွာ မွန္ကန္စြာ ခန႔္မွန္းႏိုင္ခဲ့တဲ့ ဆယ္လီစုံတြဲေတြလည္း ရွိပါတယ္။ ပရိသတ္ေတြ ခန႔္မွန္းထားတဲ့အတိုင္း ခ်စ္သူေတြျဖစ္ေနၾကတဲ့ အခ်ိဳ႕ေသာ ဆယ္လီစုံတြဲေတြကေတာ့ …

Girl’s Day အဖြဲ႕က Hyeri နဲ႔ Ryu Jun Yeol
Photo via koreaboo

Hyeri နဲ႔ Ryu Jun Yeol တို႔ဟာ Reply 1988 မွာ အတူတြဲသ႐ုပ္ေဆာင္ၿပီးတည္းက ဇာတ္လမ္းထဲက သူတို႔ႏွစ္ေယာက္ရဲ႕ chemistry ကို သေဘာက်ၿပီး ပရိသတ္ေတြက တြဲေနၿပီလားလို႔ စတင္ခန႔္မွန္းခဲ့ၾကတာ ျဖစ္ပါတယ္။ တကယ္တမ္း ႏွစ္ေယာက္စလုံးက တြဲေနပါၿပီဆိုတဲ့ သတင္းကို အတည္ျပဳေပးခဲ့တဲ့အခါမွာေတာ့ တစ္ခ်ိဳ႕ပရိသတ္ေတြအေနနဲ႔ အံ့ဩခဲ့ၾကေပမယ့္ ပရိသတ္အမ်ားစုကေတာ့ စကတည္းက ခန႔္မွန္းထားၿပီးသားျဖစ္လို႔ မအံ့ဩၾကေတာ့ပါဘူး။

Super Junior အဖြဲ႕က Heechul နဲ႔ TWICE အဖြဲ႕က Momo
Photo: kimheenim/ Instagram

ပရိသတ္မ်ားစြာဟာ Heechul နဲ႔ Momo တို႔ၾကားက ခ်စ္စရာေကာင္းတဲ့ chemistry ကို ေတြ႕ၿပီးသြားတည္းက တြဲေနၾကၿပီလို႔ ခန႔္မွန္းထားၾကတာ ျဖစ္ပါတယ္။ ဒီခန႔္မွန္းမႈဟာ ၂၀၁၉ခုႏွစ္အတြင္းမွာ သူတို႔တြဲေနၿပီဆိုတဲ့ သတင္းေတြ တက္လာတဲ့အခ်ိန္မွာ ပရိသတ္ေတြအတြက္ ေပ်ာ္စရာျဖစ္ခဲ့ေပမယ့္ ႏွစ္ဘက္စလုံးရဲ႕ ေအဂ်င္စီေတြကေတာ့ ျငင္းဆိုခဲ့ပါတယ္။ ဒီလိုနဲ႔ ၂၀၂၀ခုႏွစ္မွာလည္း ေနာက္ထပ္ တြဲေနၿပီဆိုတဲ့ ေကာလာဟလေတြ ထပ္မံထြက္ေပၚလာခဲ့ျပန္ပါတယ္။ ဒီတစ္ႀကိမ္မွာေတာ့ ႏွစ္ဘက္စလုံးရဲ႕ ေအဂ်င္စီေတြက တြဲေနၿပီျဖစ္ေၾကာင္း အတည္ျပဳေပးခဲ့ၾကပါတယ္။

BIGBANG ရဲ႕ Taeyang နဲ႔ Min Hyo Rin
Photo via koreaboo

Taeyang နဲ႔ Min Hyo Rin တို႔ႏွစ္ေယာက္ကေတာ့ ၂၀၁၃ခုႏွစ္ေလာက္မွာ တြဲေနၿပီဆိုတဲ့သတင္း စထြက္ခဲ့တာပါ။ အဲ့ဒီ့တုန္းက သူတို႔ႏွစ္ေယာက္ အားလပ္ရက္ခရီးတူတူ ထြက္လာၾကတာကို ျမင္ေတြ႕လိုက္တဲ့ လူေတြအမ်ားႀကီးဆီကေန သတင္းစထြက္ခဲ့တာ ျဖစ္ပါတယ္။ သို႔ေပမယ့္လည္း ဓာတ္ပုံေတြ၊ အျခားသက္ေသေတြလည္း မရွိတဲ့အတြက္ ေကာလာဟလက ၿပီးသြားခဲ့ပါတယ္။

ဒါေပမယ့္ ေကာလာဟလေတြ ထြက္ၿပီး ေနာက္ထပ္ ႏွစ္အနည္းငယ္အၾကာမွာေတာ့ ႏွစ္ေယာက္စလုံးက တြဲေနၿပီလို႔ အတည္ျပဳေျပာၾကားခဲ့ၾကပါတယ္။ အတည္ျပဳေပးတဲ့ အခ်ိန္က်ေတာ့မွ သူတို႔ႏွစ္ေယာက္ဟာ ၂၀၁၃ခုႏွစ္တည္းက စတြဲခဲ့ၾကတာပါလို႔ ဖြင့္ဟခဲ့ၾကပါတယ္။

Baek Jin Hee နဲ႔ Yoon Hyun Min
Photo via koreaboo

သူတို႔ႏွစ္ဦးကေတာ့ My Daughter Geum Sa Wol ဆိုတဲ့ ဒရာမာထဲမွာ အတူတူသ႐ုပ္ေဆာင္ရာက တြဲေနၾကၿပီလို႔ ပရိသတ္ေတြရဲ႕ ခန႔္မွန္းမႈကို ရရွိခဲ့ၾကတာ ျဖစ္ပါတယ္။ ဒီလိုနဲ႔ အဲ့ဒီ့စီးရီးဇာတ္သိမ္းသြားၿပီး သိပ္မၾကာခင္မွာပဲ ခ်စ္သူေတြအျဖစ္ တကယ္လက္တြဲသြားခဲ့ၾကပါေတာ့တယ္။

Super Junior အဖြဲ႕က Sungmin နဲ႔ Kim Sa Eun
Photo via koreaboo

Sungmin နဲ႔ Kim Sa Eun တို႔ကေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕ ဆိုရွယ္မီဒီယာက ဓာတ္ပုံေတြမွာ တူညီမႈေတြ မ်ားေနရာကေန ပရိသတ္ေတြရဲ႕ ခန႔္မွန္းမႈကို ရရွိခဲ့တာ ျဖစ္ပါတယ္။ ဒီလိုနဲ႔ ေကာလာဟလေတြ ထြက္လာၿပီးေနာက္ သိပ္မၾကာခင္မွာပဲ တြဲေနၿပီျဖစ္ေၾကာင္း ဝန္ခံခဲ့ၾကပါတယ္။

ဒါကေတာ့ ပရိသတ္ေတြရဲ႕ ခန႔္မွန္းခ်က္ေတြအတိုင္း ခ်စ္သူစုံတြဲေတြ ျဖစ္သြားၾကတဲ့ အခ်ိဳ႕ေသာ ကိုရီးယားဆယ္လီစုံတြဲေတြပဲ ျဖစ္ပါတယ္။ စာဖတ္သူတို႔ သေဘာက်တဲ့ စုံတြဲေလးေတြ ရွိရင္လည္း ေျပာျပခဲ့ပါဦး။

LaNina

 

RELATED ARTICLES

Most Popular