HomeCelebs Update NewsInternationalအသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ ဟောလိဝုဒ်က အန်တီလှလှ(၁၀)ယောက်

အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ ဟောလိဝုဒ်က အန်တီလှလှ(၁၀)ယောက်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဒီနေ့ အောင်မြင်၊ နောက်နေ့ကျရင် ပျက်စီးသွားကြတဲ့ လူတွေအများကြီးရှိတဲ့ ဟောလိဝုဒ်လို နေရာမျိုးမှာ ဆယ်စုနှစ်နဲ့ချီပြီး လှလှလေးနဲ့ အောင်မြင်နေဆဲဖြစ်အောင် ထိန်းသိမ်းထားနိုင်သူတွေကတော့ တကယ်အံ့ဩဖို့ ကောင်းပါတယ်။ အခုဖော်ပြပေးမယ့် အန်တီလှလှတွေကတော့ အသက်သာ ငါးဆယ်ကျော်တွေ ဖြစ်နေပေမယ့် တော်ရုံ မိန်းမပျိုလေးတွေထိုင်ငိုပြီး အရှုံးပေးသွားရမယ့် အလှတရားကို ပိုင်ဆိုင်ထားကြသူတွေ ဖြစ်ပါတယ်။ အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုမျှသာပဲဆိုတာကို သက်သေပြပေးထားတဲ့ အန်တီလှလှတွေကတော့ …

(1) Demi Moore (၅၇)နှစ်
Photo: demimoore/ Instagram

မင်းသမီးကြီး Demi Moore ကတော့ မြန်မာပရိသတ်တွေကြားမှာ Ghost ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ကျော်ကြားသူတစ်ယောက် ဖြစ်ပါတယ်။ ၁၉၆၂ခုနှစ် နိုဝင်ဘာလ(၁၁)ရက်နေ့မှာ မွေးဖွားသူဖြစ်တာကြောင့် အသက်(၅၇)နှစ် ရှိပြီဖြစ်ပေမယ့် ငယ်စဉ်တည်းက လှရက်လွန်းသူတစ်ယောက်မို့ အခုထိလည်း လှပနေဆဲပဲ ဖြစ်ပါတယ်။ သူမဟာ နာမည်ကျော်မင်းသားကြီး Bruce Willis နဲ့ အိမ်ထောင်သက်(၁၃)နှစ်ကြာ လက်ထပ်ခဲ့ဖူးပြီး ကလေးသုံးယောက် ထွန်းကားခဲ့ပါတယ်။ အဲ့ဒီ့နောက် မင်းသားချော Ashton Kutcher နဲ့လည်း ရှစ်နှစ်ကြာ လက်ထပ်ခဲ့ဖူးပြီး ကွာရှင်းထားသူ ဖြစ်ပါတယ်။

(2) Nicole Kidman (၅၂)နှစ်
Photo: nicolekidman/ Instagram

မင်းသမီးချော Nicole Kidman ကတော့ ဇာတ်ကားကောင်းများစွာကို ရိုက်ကူးထားတဲ့ ထိပ်တန်းမင်းသမီးကြီးတစ်လက် ဖြစ်ပါတယ်။ ၁၉၆၇ခုနှစ် ဇွန်လ(၂၀)ရက်နေ့မှာ မွေးဖွားသူဖြစ်လို့ အသက်(၅၂)နှစ် ရှိပြီဖြစ်ပေမယ့် အခုအချိန်အထိ ကျက်သရေရှိတဲ့အလှနဲ့ တင့်တယ်နေဆဲ ဖြစ်ပါတယ်။ Nicole ဟာ အိမ်ထောင်ရေးမှာတော့ မင်းသားချော Tom Cruise နဲ့ (၁၁)နှစ်ကြာ ပေါင်းသင်းနေထိုင်ခဲ့ပြီး ကလေးနှစ်ယောက် ထွန်းကားခဲ့ပါတယ်။ အဲ့ဒီ့နောက် ကန်းထရီးအဆိုတော် Keith Urban နဲ့ ၂၀၀၆ခုနှစ်တည်းက လက်ထပ်ထားခဲ့တာ ယနေ့အထိပါပဲ။ Keith Urban နဲ့ကတော့ ကလေးနှစ်ယောက် ထပ်ရထားပါတယ်။

(3) Julia Roberts (၅၂)နှစ်
Photo: juliaroberts/ Instagram

Pretty Woman ဆိုတဲ့ ဇာတ်ကားနဲ့ ပရိသတ်ရင်ထဲကို စတင်ဝင်ရောက်လာခဲ့တဲ့ မင်းသမီး Julia Roberts ကတော့ ပွင့်လင်းပြီး ဟန်ဆောင်မှုကင်းမဲ့လွန်းတဲ့ အပြုံးပိုင်ရှင်တစ်ယောက်လို့ ကျော်ကြားသူ ဖြစ်ပါတယ်။ ၁၉၆၇ခုနှစ် အောက်တိုဘာလ(၂၈)ရက်နေ့မှာ မွေးဖွားသူဖြစ်တာကြောင့် အသက်ကတော့ (၅၂)နှစ် ရှိပါပြီ။ သို့ပေမယ့် ငယ်ငယ်ကလိုပဲ နုပျိုလန်းဆန်းနေဆဲ ဖြစ်ပါတယ်။ အိမ်ထောင်ရေးကို ကြည့်ရင်တော့ အမေရိကန်အဆိုတော် Lyle Lovett နဲ့ နှစ်နှစ်ကြာ လက်ထပ်အပြီးမှာ ကွာရှင်းပြတ်စဲခဲ့ပါတယ်။ အဲ့ဒီ့နောက် အမေရိကန် ဒါရိုက်တာ Daniel Moder နဲ့ ၂၀၀၂ခုနှစ်တည်းက လက်ထပ်ထားခဲ့တာ ယနေ့အထိပါပဲ။ ခင်ပွန်းသည် Daniel Moder နဲ့ရတဲ့ ကလေးသုံးယောက် ရှိပါတယ်။

(4) Cindy Crawford (၅၄)နှစ်
Photo: cindycrawford/ Instagram

Cindy Crawford ကတော့ နာမည်ကြီး အမေရိကန်မော်ဒယ်လ်တစ်ယောက်ပါ။ မော်ဒယ်လ်ဘဝကနေ နာမည်ကြီးလွန်းလို့ ရုပ်ရှင်နယ်ပယ်ဘက်ကို ကမ်းလှမ်းခံခဲ့ရတဲ့အထိ အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။ တစ်ချိန်က ညှို့ယူနိုင်စွမ်းအပြည့်နဲ့ အလှတရားတွေဟာ ယနေ့အသက်(၅၄)နှစ်အရွယ်အထိလည်း ကျန်ရှိနေဆဲပဲလို့ ဆိုရမှာပါ။ Cindy Crawford ဟာ ၁၉၆၆ခုနှစ် ဖေဖော်ဝါရီလ(၂၀)ရက်နေ့မှာ မွေးဖွားခဲ့ပြီး အိမ်ထောင်ရေးမှာတော့ မင်းသားကြီး Richard Gere နဲ့ လေးနှစ်ကြာ လက်ထပ်ခဲ့ဖူးပါတယ်။ အဲ့ဒီ့နောက် ၁၉၉၈ခုနှစ်ကစလို့ စီးပွားရေးလုပ်ငန်းရှင် Rande Gerber နဲ့ လက်ထပ်ထားခဲ့တာ ယနေ့အထိပါပဲ။ သူမမှာ Rande Gerber နဲ့ရတဲ့ သားတစ်ယောက်၊ သမီးတစ်ယောက် ရှိပါတယ်။

(5) Madonna (၆၁)နှစ်
Photo: madonna/ Instagram

အဆိုတော်လည်းဖြစ်၊ မင်းသမီးလည်းဖြစ်တဲ့ Madonna ကတော့ ပေါ့ပ်ဘုရင်မအဖြစ် တင်စားခံရသူဖြစ်ပြီး ယနေ့အချိန်အထိ အောင်မြင်နေဆဲ ဖြစ်ပါတယ်။ ၁၉၅၈ခုနှစ် ဩဂုတ်လ(၁၆)ရက်နေ့မှာ မွေးဖွားသူဖြစ်လို့ အသက်(၆၁)နှစ် ရှိပြီဖြစ်ပေမယ့် တေးအယ်လ်ဘမ်အသစ်တွေလည်း ထွက်ရှိနေဆဲ ဖြစ်သလို နယ်လှည့်ဖျော်ဖြေရေးတွေလည်း သွားနေရဆဲပါ။ မြီးကောင်ပေါက်မလေးတွေတောင် သူမလိုမျိုး ဂေါ်နိုင်ပါ့မလားလို့ တွေးရလောက်အောင် ဂေါ်နေဆဲ ဖြစ်ပါတယ်။

Madonna မှာ တရားဝင် လက်ထပ်ထားတဲ့ အိမ်ထောင်နှစ်ဆက် ရှိခဲ့ပါတယ်။ မင်းသားကြီး Sean Penn နဲ့ လေးနှစ်ကြာ လက်ထပ်ခဲ့ဖူးသလို ဒါရိုက်တာ Guy Ritchie နဲ့ ရှစ်နှစ်ကြာ လက်ထပ်ပေါင်းသင်းပြီးနောက်မှာ ကွာရှင်းခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါအပြင် တရားဝင် လက်ထပ်မထားဘဲ တွဲရုံသာ တွဲခဲ့တဲ့ ချစ်သူရည်းစားတွေကတော့ များစွာပဲ ရှိခဲ့ပါတယ်။ သူမမှာ သားသမီးအရင်း နှစ်ယောက်ရှိပြီး မွေးစားထားတဲ့ ကလေးကတော့ လေးယောက် ရှိပါတယ်။

(6) Salma Hayek (၅၃)နှစ်
Photo: salmahayek/ Instagram

မင်းသမီးချော Salma Hayek ကတော့ Desperado ရုပ်ရှင်နဲ့ မြန်မာပရိသတ်တွေကြားမှာ ကျော်ကြားခဲ့သူ ဖြစ်ပါတယ်။ ၁၉၆၆ခုနှစ် စက်တင်ဘာလ(၂)ရက်နေ့မှာ မွေးဖွားခဲ့လို့ အသက်(၅၃)နှစ် ရှိပြီဖြစ်ပေမယ့် အလှတွေကတော့ ငယ်ငယ်ကအတိုင်း ဆွဲဆောင်မှုရှိနေဆဲ ဖြစ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ ပြင်သစ်စီးပွားရေး လုပ်ငန်းရှင် ဘီလျံနာတစ်ယောက်နဲ့ ၂၀၀၉ခုနှစ်တည်းက လက်ထပ်ထားပြီး ကလေးတစ်ယောက် ထွန်းကားထားပါတယ်။

(7) Monica Bellucci (၅၅)နှစ်
Photo: monicabellucciofficiel/ Instagram

Monica Bellucci ဟာ သူမ ငယ်ရွယ်စဉ်အခါတုန်းက ပုရိသတိုင်း စွဲလမ်းမက်မောခဲ့ရတဲ့ အလှဘုရင်မတစ်ပါး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီ့အလှတွေဟာ ယနေ့အချိန်အထိလည်း ကျန်ရှိနေဆဲဖြစ်ပြီး တင့်တယ်စွာ လှပနေဆဲဆိုတာ မြင်တွေ့ရပါတယ်။ သူမဟာ ၁၉၆၄ခုနှစ် စက်တင်ဘာလ(၃၀)ရက်နေ့မှာ မွေးဖွားခဲ့လို့ အခုအချိန်မှာ အသက်(၅၅)နှစ် ရှိနေပါပြီ။ အိမ်ထောင်ရေးမှာတော့ ပြင်သစ် ဖက်ရှင်ဓာတ်ပုံဆရာတစ်ယောက်နဲ့ လေးနှစ်ကြာ လက်ထပ်ခဲ့ပြီး သူမနဲ့ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ ပြင်သစ်မင်းသား Vincent Cassel နဲ့ ထပ်မံလက်ထပ်ခဲ့ပါတယ်။ သို့ပေမယ့် အိမ်ထောင်သက် လေးနှစ်အကြာမှာပဲ ကွာရှင်းခဲ့ကြပါတယ်။ သူမမှာ Vincent Cassel နဲ့ရတဲ့ ကလေးနှစ်ယောက် ရှိပါတယ်။

(8) Jennifer Lopez (၅၀)နှစ်
Photo: jlo/ Instagram

နာမည်ကျော် အဆိုတော်၊ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ Jennifer Lopez ကတော့ အသက်တွေသာ တဖြည်းဖြည်း ကြီးလာပေမယ့် ငယ်မူငယ်သွေး မပျောက်ဘဲ နုပျိုလှပနေဆဲ စတားတစ်ယောက် ဖြစ်ပါတယ်။ ၁၉၆၉နှစ် ဇူလိုင်လ(၂၄)ရက်နေ့မှာ မွေးဖွားခဲ့လို့ အသက်(၅၀)ရှိပြီ ဖြစ်ပေမယ့် အဲ့လောက်အသက်ရှိမယ်လို့ မထင်ရအောင် ကြံ့ခိုင်သန်စွမ်းတဲ့ ခန္ဓာကိုယ်အလှကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။

အိမ်ထောင်ရေးမှာတော့ J. Lo ဟာ နာမည်ကျော် လက်တင်အဆိုတော် Marc Anthony နဲ့ ဆယ်နှစ်ကြာ လက်ထပ်ခဲ့တဲ့အပြင် နောက်ထပ်သရုပ်ဆောင် မင်းသားနှစ်ယောက်နဲ့လည်း လက်ထပ်ခဲ့ဖူးပါသေးတယ်။ အခုလက်ရှိမှာတော့ Alex Rodriguez နဲ့ စေ့စပ်ထားတာကို တွေ့ရပါတယ်။ သူမမှာ Marc Anthony နဲ့ ရထားတဲ့ ကလေးနှစ်ယောက် ရှိပါတယ်။

(9) Jennifer Aniston (၅၁)နှစ်
Photo: jenniferaniston/ Instagram

မင်းသမီး Jennifer Aniston ကိုတော့ အများစုက Friends ရုပ်သံဇာတ်လမ်းတွဲကနေ သိကြပါလိမ့်မယ်။ သူမဟာ ၁၉၆၉ခုနှစ် ဖေဖော်ဝါရီလ(၁၁)ရက်နေ့မှာ မွေးဖွားခဲ့လို့ အသက်ကတော့ (၅၁)နှစ် ရှိနေပါပြီ။ သို့ပေမယ့် အခုအချိန်အထိ ငယ်ငယ်က ပုံစံလေးအတိုင်း အပြောင်းအလဲ ကြီးကြီးမားမား မတွေ့ရဘဲ နုပျိုလှပနေဆဲပါပဲ။ အိမ်ထောင်ရေးမှာတော့ မင်းသားချော Brad Pitt နဲ့ ငါးနှစ်ကြာ လက်ထပ်ခဲ့ဖူးပြီး နောက်အိမ်ထောင်အဖြစ် အမေရိကန် သရုပ်ဆောင် Justin Theroux နဲ့လည်း နှစ်နှစ်ကြာ လက်ထပ်ပေါင်းသင်းပြီးနောက်မှာ ကွာရှင်းခဲ့ပါတယ်။ သူမမှာတော့ ကလေးမရှိပါဘူး။

(10) Ming Na Wen (၅၆)နှစ်
Photo: mingna_wen/ Instagram

Ming Na Wen ဟာ တရုတ် အမေရိကန်ကပြား မင်းသမီးတစ်ယောက်ဖြစ်ပြီး အသံသရုပ်ဆောင်တဲ့ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။ Mulan ရုပ်ရှင်နှစ်ကားလုံးမှာ Mulan နေရာက အသံသရုပ်ဆောင်ထားပြီး Marvel ရဲ့ Agents of S.H.I.E.L.D စီးရီးထဲက Melinda May ဆိုတဲ့ဇာတ်ကောင်နဲ့ ပရိသတ်တွေ သိကြပါတယ်။ အက်ရှင်ခန်းတွေမှာလည်း ပေါ့ပေါ့ပါးပါးနဲ့ ကြမ်းကြမ်းရမ်းရမ်း သရုပ်ဆောင်နိုင်တဲ့ Ming Na Wen ဟာ ၁၉၆၃ခုနှစ် နိုဝင်ဘာလ(၂၀)ရက်နေ့မှာ မွေးဖွားသူဖြစ်လို့ အသက်(၅၆)နှစ်ရှိပြီဆိုတာ မယုံနိုင်စရာပါ။

အိမ်ထောင်ရေးမှာတော့ သူမဟာ ဇာတ်ညွှန်းရေးဆရာတစ်ယောက်နဲ့ သုံးနှစ်ကြာ လက်ထပ်ခဲ့ပြီး ၁၉၉၅ခုနှစ်ကစလို့ သရုပ်ဆောင် Eric Michael Zee နဲ့ လက်ထပ်ထားခဲ့တာ ဖြစ်ပါတယ်။ Ming Na Wen မှာတော့ Eric နဲ့ရတဲ့ ကလေးနှစ်ယောက် ရှိပါတယ်။

ဒါကတော့ အသက်ငါးဆယ်ကျော်အရွယ်မှာ လှပမြဲ လှပနေဆဲဖြစ်တဲ့ အန်တီလှလှများ ဖြစ်ပါတယ်။ ဘယ်တစ်ယောက်က စာဖတ်သူတို့ရဲ့ အသည်းစွဲလည်းဆိုတာ ပြောပြခဲ့ပါဦး။

LaNina

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ဒီေန႔ ေအာင္ျမင္၊ ေနာက္ေန႔က်ရင္ ပ်က္စီးသြားၾကတဲ့ လူေတြအမ်ားႀကီးရွိတဲ့ ေဟာလိဝုဒ္လို ေနရာမ်ိဳးမွာ ဆယ္စုႏွစ္နဲ႔ခ်ီၿပီး လွလွေလးနဲ႔ ေအာင္ျမင္ေနဆဲျဖစ္ေအာင္ ထိန္းသိမ္းထားႏိုင္သူေတြကေတာ့ တကယ္အံ့ဩဖို႔ ေကာင္းပါတယ္။ အခုေဖာ္ျပေပးမယ့္ အန္တီလွလွေတြကေတာ့ အသက္သာ ငါးဆယ္ေက်ာ္ေတြ ျဖစ္ေနေပမယ့္ ေတာ္႐ုံ မိန္းမပ်ိဳေလးေတြထိုင္ငိုၿပီး အရႈံးေပးသြားရမယ့္ အလွတရားကို ပိုင္ဆိုင္ထားၾကသူေတြ ျဖစ္ပါတယ္။ အသက္အ႐ြယ္ဆိုတာ ကိန္းဂဏန္းတစ္ခုမွ်သာပဲဆိုတာကို သက္ေသျပေပးထားတဲ့ အန္တီလွလွေတြကေတာ့ …

(1) Demi Moore (၅၇)ႏွစ္
Photo: demimoore/ Instagram

မင္းသမီးႀကီး Demi Moore ကေတာ့ ျမန္မာပရိသတ္ေတြၾကားမွာ Ghost ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားနဲ႔ ေက်ာ္ၾကားသူတစ္ေယာက္ ျဖစ္ပါတယ္။ ၁၉၆၂ခုႏွစ္ ႏိုဝင္ဘာလ(၁၁)ရက္ေန႔မွာ ေမြးဖြားသူျဖစ္တာေၾကာင့္ အသက္(၅၇)ႏွစ္ ရွိၿပီျဖစ္ေပမယ့္ ငယ္စဥ္တည္းက လွရက္လြန္းသူတစ္ေယာက္မို႔ အခုထိလည္း လွပေနဆဲပဲ ျဖစ္ပါတယ္။ သူမဟာ နာမည္ေက်ာ္မင္းသားႀကီး Bruce Willis နဲ႔ အိမ္ေထာင္သက္(၁၃)ႏွစ္ၾကာ လက္ထပ္ခဲ့ဖူးၿပီး ကေလးသုံးေယာက္ ထြန္းကားခဲ့ပါတယ္။ အဲ့ဒီ့ေနာက္ မင္းသားေခ်ာ Ashton Kutcher နဲ႔လည္း ရွစ္ႏွစ္ၾကာ လက္ထပ္ခဲ့ဖူးၿပီး ကြာရွင္းထားသူ ျဖစ္ပါတယ္။

(2) Nicole Kidman (၅၂)ႏွစ္
Photo: nicolekidman/ Instagram

မင္းသမီးေခ်ာ Nicole Kidman ကေတာ့ ဇာတ္ကားေကာင္းမ်ားစြာကို ႐ိုက္ကူးထားတဲ့ ထိပ္တန္းမင္းသမီးႀကီးတစ္လက္ ျဖစ္ပါတယ္။ ၁၉၆၇ခုႏွစ္ ဇြန္လ(၂၀)ရက္ေန႔မွာ ေမြးဖြားသူျဖစ္လို႔ အသက္(၅၂)ႏွစ္ ရွိၿပီျဖစ္ေပမယ့္ အခုအခ်ိန္အထိ က်က္သေရရွိတဲ့အလွနဲ႔ တင့္တယ္ေနဆဲ ျဖစ္ပါတယ္။ Nicole ဟာ အိမ္ေထာင္ေရးမွာေတာ့ မင္းသားေခ်ာ Tom Cruise နဲ႔ (၁၁)ႏွစ္ၾကာ ေပါင္းသင္းေနထိုင္ခဲ့ၿပီး ကေလးႏွစ္ေယာက္ ထြန္းကားခဲ့ပါတယ္။ အဲ့ဒီ့ေနာက္ ကန္းထရီးအဆိုေတာ္ Keith Urban နဲ႔ ၂၀၀၆ခုႏွစ္တည္းက လက္ထပ္ထားခဲ့တာ ယေန႔အထိပါပဲ။ Keith Urban နဲ႔ကေတာ့ ကေလးႏွစ္ေယာက္ ထပ္ရထားပါတယ္။

(3) Julia Roberts (၅၂)ႏွစ္
Photo: juliaroberts/ Instagram

Pretty Woman ဆိုတဲ့ ဇာတ္ကားနဲ႔ ပရိသတ္ရင္ထဲကို စတင္ဝင္ေရာက္လာခဲ့တဲ့ မင္းသမီး Julia Roberts ကေတာ့ ပြင့္လင္းၿပီး ဟန္ေဆာင္မႈကင္းမဲ့လြန္းတဲ့ အၿပဳံးပိုင္ရွင္တစ္ေယာက္လို႔ ေက်ာ္ၾကားသူ ျဖစ္ပါတယ္။ ၁၉၆၇ခုႏွစ္ ေအာက္တိုဘာလ(၂၈)ရက္ေန႔မွာ ေမြးဖြားသူျဖစ္တာေၾကာင့္ အသက္ကေတာ့ (၅၂)ႏွစ္ ရွိပါၿပီ။ သို႔ေပမယ့္ ငယ္ငယ္ကလိုပဲ ႏုပ်ိဳလန္းဆန္းေနဆဲ ျဖစ္ပါတယ္။ အိမ္ေထာင္ေရးကို ၾကည့္ရင္ေတာ့ အေမရိကန္အဆိုေတာ္ Lyle Lovett နဲ႔ ႏွစ္ႏွစ္ၾကာ လက္ထပ္အၿပီးမွာ ကြာရွင္းျပတ္စဲခဲ့ပါတယ္။ အဲ့ဒီ့ေနာက္ အေမရိကန္ ဒါ႐ိုက္တာ Daniel Moder နဲ႔ ၂၀၀၂ခုႏွစ္တည္းက လက္ထပ္ထားခဲ့တာ ယေန႔အထိပါပဲ။ ခင္ပြန္းသည္ Daniel Moder နဲ႔ရတဲ့ ကေလးသုံးေယာက္ ရွိပါတယ္။

(4) Cindy Crawford (၅၄)ႏွစ္
Photo: cindycrawford/ Instagram

Cindy Crawford ကေတာ့ နာမည္ႀကီး အေမရိကန္ေမာ္ဒယ္လ္တစ္ေယာက္ပါ။ ေမာ္ဒယ္လ္ဘဝကေန နာမည္ႀကီးလြန္းလို႔ ႐ုပ္ရွင္နယ္ပယ္ဘက္ကို ကမ္းလွမ္းခံခဲ့ရတဲ့အထိ ေအာင္ျမင္ခဲ့သူ ျဖစ္ပါတယ္။ တစ္ခ်ိန္က ညႇိဳ႕ယူႏိုင္စြမ္းအျပည့္နဲ႔ အလွတရားေတြဟာ ယေန႔အသက္(၅၄)ႏွစ္အ႐ြယ္အထိလည္း က်န္ရွိေနဆဲပဲလို႔ ဆိုရမွာပါ။ Cindy Crawford ဟာ ၁၉၆၆ခုႏွစ္ ေဖေဖာ္ဝါရီလ(၂၀)ရက္ေန႔မွာ ေမြးဖြားခဲ့ၿပီး အိမ္ေထာင္ေရးမွာေတာ့ မင္းသားႀကီး Richard Gere နဲ႔ ေလးႏွစ္ၾကာ လက္ထပ္ခဲ့ဖူးပါတယ္။ အဲ့ဒီ့ေနာက္ ၁၉၉၈ခုႏွစ္ကစလို႔ စီးပြားေရးလုပ္ငန္းရွင္ Rande Gerber နဲ႔ လက္ထပ္ထားခဲ့တာ ယေန႔အထိပါပဲ။ သူမမွာ Rande Gerber နဲ႔ရတဲ့ သားတစ္ေယာက္၊ သမီးတစ္ေယာက္ ရွိပါတယ္။

(5) Madonna (၆၁)ႏွစ္
Photo: madonna/ Instagram

အဆိုေတာ္လည္းျဖစ္၊ မင္းသမီးလည္းျဖစ္တဲ့ Madonna ကေတာ့ ေပါ့ပ္ဘုရင္မအျဖစ္ တင္စားခံရသူျဖစ္ၿပီး ယေန႔အခ်ိန္အထိ ေအာင္ျမင္ေနဆဲ ျဖစ္ပါတယ္။ ၁၉၅၈ခုႏွစ္ ဩဂုတ္လ(၁၆)ရက္ေန႔မွာ ေမြးဖြားသူျဖစ္လို႔ အသက္(၆၁)ႏွစ္ ရွိၿပီျဖစ္ေပမယ့္ ေတးအယ္လ္ဘမ္အသစ္ေတြလည္း ထြက္ရွိေနဆဲ ျဖစ္သလို နယ္လွည့္ေဖ်ာ္ေျဖေရးေတြလည္း သြားေနရဆဲပါ။ ၿမီးေကာင္ေပါက္မေလးေတြေတာင္ သူမလိုမ်ိဳး ေဂၚႏိုင္ပါ့မလားလို႔ ေတြးရေလာက္ေအာင္ ေဂၚေနဆဲ ျဖစ္ပါတယ္။

Madonna မွာ တရားဝင္ လက္ထပ္ထားတဲ့ အိမ္ေထာင္ႏွစ္ဆက္ ရွိခဲ့ပါတယ္။ မင္းသားႀကီး Sean Penn နဲ႔ ေလးႏွစ္ၾကာ လက္ထပ္ခဲ့ဖူးသလို ဒါ႐ိုက္တာ Guy Ritchie နဲ႔ ရွစ္ႏွစ္ၾကာ လက္ထပ္ေပါင္းသင္းၿပီးေနာက္မွာ ကြာရွင္းခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒါအျပင္ တရားဝင္ လက္ထပ္မထားဘဲ တြဲ႐ုံသာ တြဲခဲ့တဲ့ ခ်စ္သူရည္းစားေတြကေတာ့ မ်ားစြာပဲ ရွိခဲ့ပါတယ္။ သူမမွာ သားသမီးအရင္း ႏွစ္ေယာက္ရွိၿပီး ေမြးစားထားတဲ့ ကေလးကေတာ့ ေလးေယာက္ ရွိပါတယ္။

(6) Salma Hayek (၅၃)ႏွစ္
Photo: salmahayek/ Instagram

မင္းသမီးေခ်ာ Salma Hayek ကေတာ့ Desperado ႐ုပ္ရွင္နဲ႔ ျမန္မာပရိသတ္ေတြၾကားမွာ ေက်ာ္ၾကားခဲ့သူ ျဖစ္ပါတယ္။ ၁၉၆၆ခုႏွစ္ စက္တင္ဘာလ(၂)ရက္ေန႔မွာ ေမြးဖြားခဲ့လို႔ အသက္(၅၃)ႏွစ္ ရွိၿပီျဖစ္ေပမယ့္ အလွေတြကေတာ့ ငယ္ငယ္ကအတိုင္း ဆြဲေဆာင္မႈရွိေနဆဲ ျဖစ္ပါတယ္။ အိမ္ေထာင္ေရးမွာေတာ့ ျပင္သစ္စီးပြားေရး လုပ္ငန္းရွင္ ဘီလ်ံနာတစ္ေယာက္နဲ႔ ၂၀၀၉ခုႏွစ္တည္းက လက္ထပ္ထားၿပီး ကေလးတစ္ေယာက္ ထြန္းကားထားပါတယ္။

(7) Monica Bellucci (၅၅)ႏွစ္
Photo: monicabellucciofficiel/ Instagram

Monica Bellucci ဟာ သူမ ငယ္႐ြယ္စဥ္အခါတုန္းက ပုရိသတိုင္း စြဲလမ္းမက္ေမာခဲ့ရတဲ့ အလွဘုရင္မတစ္ပါး ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ အဲ့ဒီ့အလွေတြဟာ ယေန႔အခ်ိန္အထိလည္း က်န္ရွိေနဆဲျဖစ္ၿပီး တင့္တယ္စြာ လွပေနဆဲဆိုတာ ျမင္ေတြ႕ရပါတယ္။ သူမဟာ ၁၉၆၄ခုႏွစ္ စက္တင္ဘာလ(၃၀)ရက္ေန႔မွာ ေမြးဖြားခဲ့လို႔ အခုအခ်ိန္မွာ အသက္(၅၅)ႏွစ္ ရွိေနပါၿပီ။ အိမ္ေထာင္ေရးမွာေတာ့ ျပင္သစ္ ဖက္ရွင္ဓာတ္ပုံဆရာတစ္ေယာက္နဲ႔ ေလးႏွစ္ၾကာ လက္ထပ္ခဲ့ၿပီး သူမနဲ႔ တြဲဖက္သ႐ုပ္ေဆာင္ခဲ့တဲ့ ျပင္သစ္မင္းသား Vincent Cassel နဲ႔ ထပ္မံလက္ထပ္ခဲ့ပါတယ္။ သို႔ေပမယ့္ အိမ္ေထာင္သက္ ေလးႏွစ္အၾကာမွာပဲ ကြာရွင္းခဲ့ၾကပါတယ္။ သူမမွာ Vincent Cassel နဲ႔ရတဲ့ ကေလးႏွစ္ေယာက္ ရွိပါတယ္။

(8) Jennifer Lopez (၅၀)ႏွစ္
Photo: jlo/ Instagram

နာမည္ေက်ာ္ အဆိုေတာ္၊ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ Jennifer Lopez ကေတာ့ အသက္ေတြသာ တျဖည္းျဖည္း ႀကီးလာေပမယ့္ ငယ္မူငယ္ေသြး မေပ်ာက္ဘဲ ႏုပ်ိဳလွပေနဆဲ စတားတစ္ေယာက္ ျဖစ္ပါတယ္။ ၁၉၆၉ႏွစ္ ဇူလိုင္လ(၂၄)ရက္ေန႔မွာ ေမြးဖြားခဲ့လို႔ အသက္(၅၀)ရွိၿပီ ျဖစ္ေပမယ့္ အဲ့ေလာက္အသက္ရွိမယ္လို႔ မထင္ရေအာင္ ႀကံ့ခိုင္သန္စြမ္းတဲ့ ခႏၶာကိုယ္အလွကိုလည္း ပိုင္ဆိုင္ထားသူ ျဖစ္ပါတယ္။

အိမ္ေထာင္ေရးမွာေတာ့ J. Lo ဟာ နာမည္ေက်ာ္ လက္တင္အဆိုေတာ္ Marc Anthony နဲ႔ ဆယ္ႏွစ္ၾကာ လက္ထပ္ခဲ့တဲ့အျပင္ ေနာက္ထပ္သ႐ုပ္ေဆာင္ မင္းသားႏွစ္ေယာက္နဲ႔လည္း လက္ထပ္ခဲ့ဖူးပါေသးတယ္။ အခုလက္ရွိမွာေတာ့ Alex Rodriguez နဲ႔ ေစ့စပ္ထားတာကို ေတြ႕ရပါတယ္။ သူမမွာ Marc Anthony နဲ႔ ရထားတဲ့ ကေလးႏွစ္ေယာက္ ရွိပါတယ္။

(9) Jennifer Aniston (၅၁)ႏွစ္
Photo: jenniferaniston/ Instagram

မင္းသမီး Jennifer Aniston ကိုေတာ့ အမ်ားစုက Friends ႐ုပ္သံဇာတ္လမ္းတြဲကေန သိၾကပါလိမ့္မယ္။ သူမဟာ ၁၉၆၉ခုႏွစ္ ေဖေဖာ္ဝါရီလ(၁၁)ရက္ေန႔မွာ ေမြးဖြားခဲ့လို႔ အသက္ကေတာ့ (၅၁)ႏွစ္ ရွိေနပါၿပီ။ သို႔ေပမယ့္ အခုအခ်ိန္အထိ ငယ္ငယ္က ပုံစံေလးအတိုင္း အေျပာင္းအလဲ ႀကီးႀကီးမားမား မေတြ႕ရဘဲ ႏုပ်ိဳလွပေနဆဲပါပဲ။ အိမ္ေထာင္ေရးမွာေတာ့ မင္းသားေခ်ာ Brad Pitt နဲ႔ ငါးႏွစ္ၾကာ လက္ထပ္ခဲ့ဖူးၿပီး ေနာက္အိမ္ေထာင္အျဖစ္ အေမရိကန္ သ႐ုပ္ေဆာင္ Justin Theroux နဲ႔လည္း ႏွစ္ႏွစ္ၾကာ လက္ထပ္ေပါင္းသင္းၿပီးေနာက္မွာ ကြာရွင္းခဲ့ပါတယ္။ သူမမွာေတာ့ ကေလးမရွိပါဘူး။

(10) Ming Na Wen (၅၆)ႏွစ္
Photo: mingna_wen/ Instagram

Ming Na Wen ဟာ တ႐ုတ္ အေမရိကန္ကျပား မင္းသမီးတစ္ေယာက္ျဖစ္ၿပီး အသံသ႐ုပ္ေဆာင္တဲ့ မင္းသမီးတစ္လက္လည္း ျဖစ္ပါတယ္။ Mulan ႐ုပ္ရွင္ႏွစ္ကားလုံးမွာ Mulan ေနရာက အသံသ႐ုပ္ေဆာင္ထားၿပီး Marvel ရဲ႕ Agents of S.H.I.E.L.D စီးရီးထဲက Melinda May ဆိုတဲ့ဇာတ္ေကာင္နဲ႔ ပရိသတ္ေတြ သိၾကပါတယ္။ အက္ရွင္ခန္းေတြမွာလည္း ေပါ့ေပါ့ပါးပါးနဲ႔ ၾကမ္းၾကမ္းရမ္းရမ္း သ႐ုပ္ေဆာင္ႏိုင္တဲ့ Ming Na Wen ဟာ ၁၉၆၃ခုႏွစ္ ႏိုဝင္ဘာလ(၂၀)ရက္ေန႔မွာ ေမြးဖြားသူျဖစ္လို႔ အသက္(၅၆)ႏွစ္ရွိၿပီဆိုတာ မယုံႏိုင္စရာပါ။

အိမ္ေထာင္ေရးမွာေတာ့ သူမဟာ ဇာတ္ၫႊန္းေရးဆရာတစ္ေယာက္နဲ႔ သုံးႏွစ္ၾကာ လက္ထပ္ခဲ့ၿပီး ၁၉၉၅ခုႏွစ္ကစလို႔ သ႐ုပ္ေဆာင္ Eric Michael Zee နဲ႔ လက္ထပ္ထားခဲ့တာ ျဖစ္ပါတယ္။ Ming Na Wen မွာေတာ့ Eric နဲ႔ရတဲ့ ကေလးႏွစ္ေယာက္ ရွိပါတယ္။

ဒါကေတာ့ အသက္ငါးဆယ္ေက်ာ္အ႐ြယ္မွာ လွပၿမဲ လွပေနဆဲျဖစ္တဲ့ အန္တီလွလွမ်ား ျဖစ္ပါတယ္။ ဘယ္တစ္ေယာက္က စာဖတ္သူတို႔ရဲ႕ အသည္းစြဲလည္းဆိုတာ ေျပာျပခဲ့ပါဦး။

LaNina

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular