HomeBiographyရိုမန့်စ်ဟာသဘုရင်မ Gong Hyo Jin အကြောင်း စိတ်ဝင်စားစရာအချက်(၅)ချက်

ရိုမန့်စ်ဟာသဘုရင်မ Gong Hyo Jin အကြောင်း စိတ်ဝင်စားစရာအချက်(၅)ချက်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ကိုရီးယားရဲ့ ရိုမန့်ဟာသဒရာမာလောကမှာ လူကြိုက်များ ကျော်ကြားလွန်းတဲ့ မင်းသမီး Gong Hyo Jin ဟာ ပြီးခဲ့တဲ့ ဧပြီလ(၄)ရက်နေ့ကပဲ အသက်(၄၀)ပြည့်သွားပါပြီ။ ကိုရီးယားအသက်နဲ့တွက်ရင်တော့ မွေးလာတည်းက (၁)နှစ်လို့ ယူဆတာကြောင့် (၄၁)နှစ်ရှိပြီလို့ ပြောရမှာပါ။ ဘယ်လိုပဲတွက်တွက် ဒီအသက်အရွယ်နဲ့ တင်းရင်းလှပ ဝင်းမွတ်နေတဲ့ အသားအရေနဲ့ နုပျိုနေဆဲ သူမရဲ့အလှဟာ သူမရဲ့အောင်မြင်မှုလမ်းကြောင်းလိုပဲ အထင်အရှား ရှိနေဆဲပါ။

ကိုရီးယားရဲ့ ရိုမန့်ဟာသဘုရင်မလို့ လူသိများတဲ့ Gong Hyo Jin ဟာ romcom ၊ black comedies ၊ mystery နဲ့ အင်ဒီးရုပ်ရှင် အမျိုးအစား အစုံအလင်ကို ရိုက်ကူးထားပြီး စွယ်စုံရတဲ့ မင်းသမီးတစ်လက်အဖြစ် သက်သေပြထားပြီးသား ဖြစ်ပါတယ်။ သို့ပေမယ့် သူမရဲ့မူလအစ ရည်ရွယ်ချက်ဟာ သရုပ်ဆောင်မင်းသမီးလုပ်ဖို့ မဟုတ်ဘူးဆိုတာရော သင်သိပါသလား။ ရုပ်ရှင်ထူးချွန်ဆုတွေ ရရှိထားတဲ့ မင်းသမီးချော Gong Hyo Jin အကြောင်း စိတ်ဝင်စားစရာ အချက်ငါးချက်ကတော့ အောက်ပါအတိုင်းပါပဲ။

(၁) သူမဟာ သရုပ်ဆောင်မဖြစ်ခင်က မော်ဒယ်လ်တစ်ယောက်ပါ။
Photo: rovvxhyo/ Instagram

Gong Hyo Jin ဟာ သရုပ်ဆောင်လောကထဲကို ခြေမချရသေးခင်တုန်းက သရုပ်ဆောင်လုပ်ဖို့ကို လုံးဝစိတ်မဝင်စားခဲ့သူ ဖြစ်ပါတယ်။ မော်ဒယ်လ်တစ်ယောက်ဖြစ်ဖို့ကိုသာ အားသာခဲ့သူမို့ အကောင်းဆုံးမော်ဒယ်လ်ဖြစ်ဖို့ကိုလည်း အားသွန်ခွန်စိုက် ကြိုးစားနေခဲ့တာပါ။ အဲ့ဒီ့အချိန်မှာပဲ ၁၉၉၉ခုနှစ်က ရုံတင်ပြသခဲ့တဲ့ horror ရုပ်ရှင်ကား Memento Mori မှာ ဇာတ်ပို့နေရာက ပါဝင်ဖို့ ဖြစ်လာခဲ့ပါတယ်။ သရုပ်ဆောင်အလုပ်ကို ခရီးသွားဟန်လွှဲ လုပ်တာဖြစ်လို့ ရိုက်ကူးရေးပြီးမယ့်နေ့ကိုသာ လက်ချိုးရေပြီး စောင့်နေခဲ့သူလည်း ဖြစ်ပါတယ်။

အဆိုပါရုပ်ရှင်ကား ရုံတင်ပြသတဲ့အခါ Gong Hyo Jin ဟာ သူမရဲ့ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားကို အားမရခဲ့ပါဘူး။ အကြောင်းကတော့ အဲ့ဒီ့ထဲမှာ သူမကိုယ်သူမ ရုပ်ဆိုးတယ်လို့ ခံစားရလို့ပါ။ ရုပ်ရှင်ကားက မပေါက်ခဲ့ပေမယ့် သရုပ်ဆောင်အေဂျင်စီတွေဘက်က ဆက်သွယ်လာပြီး ကမ်းလှမ်းမှုတွေကို ရရှိခဲ့ပါတယ်။ အဲ့ဒီ့မှာတင်ပဲ သရုပ်ဆောင်အလုပ်ကို လုပ်ဖို့အတွက် ခွန်အားတွေ ရရှိခဲ့လို့ ဒီလမ်းကြောင်းပေါ်ကို လျှောက်ဖြစ်ခဲ့တော့ပါတယ်။

(၂) Crush and Blush ရုပ်ရှင်ကြောင့် ကိုယ်ပိုင်ပုံစံနဲ့ ဖောက်ထွက်ပြီး အောင်မြင်ခဲ့ပါတယ်။
Photo via asian wiki

Gong Hyo Jin ဟာ Crush and Blush လို့ အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးပြီးတဲ့ ၂၀၀၈ခုနှစ်မှာတော့ သူမကိုယ်သူမ လှပအောင် ကြိုးစားနေရတာကို ရပ်တန့်ပစ်လိုက်ပြီလို့ ပြောခဲ့ပါတယ်။ သူမဟာ အဆိုပါရုပ်ရှင်ထဲမှာ စိတ်လှုပ်ရှားလိုက်ရင် မျက်နှာကြီးတစ်ခုလုံး နီရဲလာတတ်တဲ့ ကျောင်းဆရာမအဖြစ် သရုပ်ဆောင်ခဲ့ရတာပါ။ အဲ့ဒီ့ရုပ်ရှင် ရုံတင်ပြီးနောက်မှာတော့ စိတ်လက်ပေါ့ပါးမှုကို ရရှိသွားတယ်လို့လည်း ဆိုခဲ့ပါတယ်။ အကြောင်းကတော့ သူမရဲ့နီရဲပြီး ကြည့်ရဆိုးနေတဲ့ မျက်နှာကြီးကို ပိတ်ကားကြီးပေါ်မှာ လူတွေအများကြီးကို ပြသပြီးတဲ့နောက် သူမရဲ့ရုပ်ရည်နဲ့ ပတ်သက်လို့ ဘာကိုမှ စိုးရိမ်ပူပန်နေစရာ မလိုတော့လို့ ဖြစ်ပါတယ်။

ထူးထူးဆန်းဆန်းပဲ Gong Hyo Jin ဟာ သူမ သရုပ်ဆောင်ခဲ့ရတဲ့ ကာရိုက်တာလိုပဲ လက်တွေ့ဘဝမှာလည်း စိတ်လှုပ်ရှားလာတိုင်း မျက်နှာက နီရဲလာတတ်တယ်လို့ သူမကိုယ်သူမ ယုံကြည်ထားပါတယ်။ သို့ပေမယ့် ကြိုးစားရကျိုးနပ်တယ်လို့ ပြောရလောက်အောင်ပဲ အဲ့ဒီ့ကာရိုက်တာနဲ့ အကောင်းဆုံးသရုပ်ဆောင်ဆု(၃)ခုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

Photo: rovvxhyo/ Instagram
(၃) သူမဟာ သမားရိုးကျဇာတ်ကောင်တွေကို သရုပ်ဆောင်လေ့ မရှိပါဘူး။

Gong Hyo Jin ဟာ သူမရဲ့ သရုပ်ဆောင်သက်တမ်းတစ်လျှောက်မှာ သမားရိုးကျဇာတ်ကောင်တွေကို မရွေးချယ်ခဲ့ပါဘူး။ ကိုရီးယားဒရာမာအများစုမှာ တွေ့နေကျ ဇာတ်ကောင်မျိုးတွေဖြစ်တဲ့ သနားစရာအကြည့်လေးနဲ့ အပြစ်ကင်းစင်တဲ့ မိန်းကလေး၊ ဒါမှမဟုတ် စီအီးအိုရဲ့သမီးလို နေရာမျိုးတွေဟာ သူမရဲ့အကြိုက် မဟုတ်ခဲ့ပါဘူး။ ဇာတ်လမ်းကောင်းသလို ကာရိုက်တာကလည်း ရှုထောင့်အမျိုးမျိုးက သဘာဝကျတာမျိုးကိုမှ နှစ်သက်သူဖြစ်ပါတယ်။

(၄) သူမဟာ ဩစတျေးလျနိုင်ငံရဲ့ ကိုရီးယားနိုင်ငံဆိုင်ရာ ချစ်ကြည်ရေးသံအမတ်ပါ။

Gong Hyo Jin မှာ ဩစတျေးလျနိုင်ငံနဲ့ ပတ်သက်လို့ အမှတ်တရကောင်းတွေ များစွာရှိပါတယ်။ သူမဟာ အမေနဲ့အစ်ကိုတို့နဲ့အတူ ၁၉၉၄ခုနှစ်မှာ ဩစတျေးလျနိုင်ငံကို ပြောင်းရွှေ့ခဲ့ပြီး ဘရစ်ဇ်ဘိန်းမြို့မှာ နေထိုင်ကာ အထက်တန်း တက်ရောက်ခဲ့ရတာပါ။ အဲ့ဒီ့နောက် သုံးနှစ်အကြာမှာတော့ အာရှစီးပွားရေး အကျပ်အတည်းနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် မိသားစုနဲ့အတူ ကိုရီးယားကို ပြန်လာခဲ့ရပါတယ်။ တောင်ကိုရီးယားနဲ့ ဩစတျေးလျရဲ့ နှစ်နိုင်ငံခင်မင်ရင်းနှီးမှု အထိမ်းအမှတ်နှစ်ဖြစ်တဲ့ ၂၀၁၁ခုနှစ်မှာတော့ သူမဟာ ချစ်ကြည်ရေးသံအမတ်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

(၅) သူမဟာ သဘာဝပတ်ဝန်းကျင်အကြောင်း စိတ်ဝင်စားသူပါ။
Photo: rovvxhyo/ Instagram

၂၀၁၉ခုနှစ်က ဆိုးလ်မြို့မှာ ပြုလုပ်ခဲ့တဲ့ Herald ဒီဇိုင်းဖိုရမ်မှာတော့ သူမရဲ့အတွင်းစိတ်မှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေအကြောင်းကို ဖက်ရှင်ပြယုဂ်တစ်ခုအဖြစ်နဲ့ ပြောဆိုခဲ့ပါတယ်။ သူမဟာ ရုပ်ရှင်သရုပ်ဆောင် မင်းသမီးတစ်ယောက်ဖြစ်လို့ အဝတ်အစားတွေကို ကြော်ငြာပေးရတာဟာလည်း သူမရဲ့အလုပ် တစ်စိတ်တစ်ပိုင်းဖြစ်ပေမယ့် ပြောင်းလဲမှုမြန်ဆန်လွန်းတဲ့ ဖက်ရှင်တွေကြောင့်လည်း သဘာဝပတ်ဝန်းကျင် ညစ်ညမ်းရတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါကြောင့်လည်း သူမရဲ့အတွင်းစိတ်ထဲက မကျေနပ်ချက်အပေါ် အခြေခံပြီး ကမ္ဘာမြေကြီးကိုလည်း ကူညီရာရောက်မယ့် ပရော့ဂျက်တစ်ခုကို စတင်ခဲ့ပါတယ်။ Gong Hyo Jin ဟာ Super Magic Factory လို့ အမည်ရတဲ့ ကုမ္ပဏီကို တွဲဖက်တည်ထောင်ခဲ့ပါတယ်။ ဒီကုမ္ပဏီဟာ စွန့်ပစ်ပစ္စည်းတွေကနေ အဝတ်အထည်၊ accessories နဲ့ အနုပညာလက်ရာတွေကို ထုတ်လုပ်ပေးတာ ဖြစ်ပါတယ်။ တကယ်ကို ရည်ရွယ်ချက်ကောင်းပြီး စိတ်ကူးကောင်းတယ်လို့ ပြောရမှာပါ။

ဒါကတော့ မင်းသမီး Gong Hyo Jin နဲ့ ပတ်သက်တဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်ငါးချက် ဖြစ်ပါတယ်။ စာဖတ်သူတို့လည်း သူမနဲ့ ပတ်သက်တဲ့အမြင်တွေကို ပြန်လည်ဝေမျှပေးသွားကြပါဦး။

LaNina
(Zawgyi Version)

ကိုရီးယားရဲ႕ ႐ိုမန႔္ဟာသဒရာမာေလာကမွာ လူႀကိဳက္မ်ား ေက်ာ္ၾကားလြန္းတဲ့ မင္းသမီး Gong Hyo Jin ဟာ ၿပီးခဲ့တဲ့ ဧၿပီလ(၄)ရက္ေန႔ကပဲ အသက္(၄၀)ျပည့္သြားပါၿပီ။ ကိုရီးယားအသက္နဲ႔တြက္ရင္ေတာ့ ေမြးလာတည္းက (၁)ႏွစ္လို႔ ယူဆတာေၾကာင့္ (၄၁)ႏွစ္ရွိၿပီလို႔ ေျပာရမွာပါ။ ဘယ္လိုပဲတြက္တြက္ ဒီအသက္အ႐ြယ္နဲ႔ တင္းရင္းလွပ ဝင္းမြတ္ေနတဲ့ အသားအေရနဲ႔ ႏုပ်ိဳေနဆဲ သူမရဲ႕အလွဟာ သူမရဲ႕ေအာင္ျမင္မႈလမ္းေၾကာင္းလိုပဲ အထင္အရွား ရွိေနဆဲပါ။

ကိုရီးယားရဲ႕ ႐ိုမန႔္ဟာသဘုရင္မလို႔ လူသိမ်ားတဲ့ Gong Hyo Jin ဟာ romcom ၊ black comedies ၊ mystery နဲ႔ အင္ဒီး႐ုပ္ရွင္ အမ်ိဳးအစား အစုံအလင္ကို ႐ိုက္ကူးထားၿပီး စြယ္စုံရတဲ့ မင္းသမီးတစ္လက္အျဖစ္ သက္ေသျပထားၿပီးသား ျဖစ္ပါတယ္။ သို႔ေပမယ့္ သူမရဲ႕မူလအစ ရည္႐ြယ္ခ်က္ဟာ သ႐ုပ္ေဆာင္မင္းသမီးလုပ္ဖို႔ မဟုတ္ဘူးဆိုတာေရာ သင္သိပါသလား။ ႐ုပ္ရွင္ထူးခြၽန္ဆုေတြ ရရွိထားတဲ့ မင္းသမီးေခ်ာ Gong Hyo Jin အေၾကာင္း စိတ္ဝင္စားစရာ အခ်က္ငါးခ်က္ကေတာ့ ေအာက္ပါအတိုင္းပါပဲ။

(၁) သူမဟာ သ႐ုပ္ေဆာင္မျဖစ္ခင္က ေမာ္ဒယ္လ္တစ္ေယာက္ပါ။
Photo: rovvxhyo/ Instagram

Gong Hyo Jin ဟာ သ႐ုပ္ေဆာင္ေလာကထဲကို ေျခမခ်ရေသးခင္တုန္းက သ႐ုပ္ေဆာင္လုပ္ဖို႔ကို လုံးဝစိတ္မဝင္စားခဲ့သူ ျဖစ္ပါတယ္။ ေမာ္ဒယ္လ္တစ္ေယာက္ျဖစ္ဖို႔ကိုသာ အားသာခဲ့သူမို႔ အေကာင္းဆုံးေမာ္ဒယ္လ္ျဖစ္ဖို႔ကိုလည္း အားသြန္ခြန္စိုက္ ႀကိဳးစားေနခဲ့တာပါ။ အဲ့ဒီ့အခ်ိန္မွာပဲ ၁၉၉၉ခုႏွစ္က ႐ုံတင္ျပသခဲ့တဲ့ horror ႐ုပ္ရွင္ကား Memento Mori မွာ ဇာတ္ပို႔ေနရာက ပါဝင္ဖို႔ ျဖစ္လာခဲ့ပါတယ္။ သ႐ုပ္ေဆာင္အလုပ္ကို ခရီးသြားဟန္လႊဲ လုပ္တာျဖစ္လို႔ ႐ိုက္ကူးေရးၿပီးမယ့္ေန႔ကိုသာ လက္ခ်ိဳးေရၿပီး ေစာင့္ေနခဲ့သူလည္း ျဖစ္ပါတယ္။

အဆိုပါ႐ုပ္ရွင္ကား ႐ုံတင္ျပသတဲ့အခါ Gong Hyo Jin ဟာ သူမရဲ႕ပြဲဦးထြက္ ႐ုပ္ရွင္ဇာတ္ကားကို အားမရခဲ့ပါဘူး။ အေၾကာင္းကေတာ့ အဲ့ဒီ့ထဲမွာ သူမကိုယ္သူမ ႐ုပ္ဆိုးတယ္လို႔ ခံစားရလို႔ပါ။ ႐ုပ္ရွင္ကားက မေပါက္ခဲ့ေပမယ့္ သ႐ုပ္ေဆာင္ေအဂ်င္စီေတြဘက္က ဆက္သြယ္လာၿပီး ကမ္းလွမ္းမႈေတြကို ရရွိခဲ့ပါတယ္။ အဲ့ဒီ့မွာတင္ပဲ သ႐ုပ္ေဆာင္အလုပ္ကို လုပ္ဖို႔အတြက္ ခြန္အားေတြ ရရွိခဲ့လို႔ ဒီလမ္းေၾကာင္းေပၚကို ေလွ်ာက္ျဖစ္ခဲ့ေတာ့ပါတယ္။

(၂) Crush and Blush ႐ုပ္ရွင္ေၾကာင့္ ကိုယ္ပိုင္ပုံစံနဲ႔ ေဖာက္ထြက္ၿပီး ေအာင္ျမင္ခဲ့ပါတယ္။
Photo via asian wiki

Gong Hyo Jin ဟာ Crush and Blush လို႔ အမည္ရတဲ့ ႐ုပ္ရွင္ဇာတ္ကားကို ႐ိုက္ကူးၿပီးတဲ့ ၂၀၀၈ခုႏွစ္မွာေတာ့ သူမကိုယ္သူမ လွပေအာင္ ႀကိဳးစားေနရတာကို ရပ္တန႔္ပစ္လိုက္ၿပီလို႔ ေျပာခဲ့ပါတယ္။ သူမဟာ အဆိုပါ႐ုပ္ရွင္ထဲမွာ စိတ္လႈပ္ရွားလိုက္ရင္ မ်က္ႏွာႀကီးတစ္ခုလုံး နီရဲလာတတ္တဲ့ ေက်ာင္းဆရာမအျဖစ္ သ႐ုပ္ေဆာင္ခဲ့ရတာပါ။ အဲ့ဒီ့႐ုပ္ရွင္ ႐ုံတင္ၿပီးေနာက္မွာေတာ့ စိတ္လက္ေပါ့ပါးမႈကို ရရွိသြားတယ္လို႔လည္း ဆိုခဲ့ပါတယ္။ အေၾကာင္းကေတာ့ သူမရဲ႕နီရဲၿပီး ၾကည့္ရဆိုးေနတဲ့ မ်က္ႏွာႀကီးကို ပိတ္ကားႀကီးေပၚမွာ လူေတြအမ်ားႀကီးကို ျပသၿပီးတဲ့ေနာက္ သူမရဲ႕႐ုပ္ရည္နဲ႔ ပတ္သက္လို႔ ဘာကိုမွ စိုးရိမ္ပူပန္ေနစရာ မလိုေတာ့လို႔ ျဖစ္ပါတယ္။

ထူးထူးဆန္းဆန္းပဲ Gong Hyo Jin ဟာ သူမ သ႐ုပ္ေဆာင္ခဲ့ရတဲ့ ကာ႐ိုက္တာလိုပဲ လက္ေတြ႕ဘဝမွာလည္း စိတ္လႈပ္ရွားလာတိုင္း မ်က္ႏွာက နီရဲလာတတ္တယ္လို႔ သူမကိုယ္သူမ ယုံၾကည္ထားပါတယ္။ သို႔ေပမယ့္ ႀကိဳးစားရက်ိဳးနပ္တယ္လို႔ ေျပာရေလာက္ေအာင္ပဲ အဲ့ဒီ့ကာ႐ိုက္တာနဲ႔ အေကာင္းဆုံးသ႐ုပ္ေဆာင္ဆု(၃)ခုကို ဆြတ္ခူးရရွိခဲ့ပါတယ္။

Photo: rovvxhyo/ Instagram
(၃) သူမဟာ သမား႐ိုးက်ဇာတ္ေကာင္ေတြကို သ႐ုပ္ေဆာင္ေလ့ မရွိပါဘူး။

Gong Hyo Jin ဟာ သူမရဲ႕ သ႐ုပ္ေဆာင္သက္တမ္းတစ္ေလွ်ာက္မွာ သမား႐ိုးက်ဇာတ္ေကာင္ေတြကို မေ႐ြးခ်ယ္ခဲ့ပါဘူး။ ကိုရီးယားဒရာမာအမ်ားစုမွာ ေတြ႕ေနက် ဇာတ္ေကာင္မ်ိဳးေတြျဖစ္တဲ့ သနားစရာအၾကည့္ေလးနဲ႔ အျပစ္ကင္းစင္တဲ့ မိန္းကေလး၊ ဒါမွမဟုတ္ စီအီးအိုရဲ႕သမီးလို ေနရာမ်ိဳးေတြဟာ သူမရဲ႕အႀကိဳက္ မဟုတ္ခဲ့ပါဘူး။ ဇာတ္လမ္းေကာင္းသလို ကာ႐ိုက္တာကလည္း ရႈေထာင့္အမ်ိဳးမ်ိဳးက သဘာဝက်တာမ်ိဳးကိုမွ ႏွစ္သက္သူျဖစ္ပါတယ္။

(၄) သူမဟာ ဩစေတ်းလ်ႏိုင္ငံရဲ႕ ကိုရီးယားႏိုင္ငံဆိုင္ရာ ခ်စ္ၾကည္ေရးသံအမတ္ပါ။

Gong Hyo Jin မွာ ဩစေတ်းလ်ႏိုင္ငံနဲ႔ ပတ္သက္လို႔ အမွတ္တရေကာင္းေတြ မ်ားစြာရွိပါတယ္။ သူမဟာ အေမနဲ႔အစ္ကိုတို႔နဲ႔အတူ ၁၉၉၄ခုႏွစ္မွာ ဩစေတ်းလ်ႏိုင္ငံကို ေျပာင္းေ႐ႊ႕ခဲ့ၿပီး ဘရစ္ဇ္ဘိန္းၿမိဳ႕မွာ ေနထိုင္ကာ အထက္တန္း တက္ေရာက္ခဲ့ရတာပါ။ အဲ့ဒီ့ေနာက္ သုံးႏွစ္အၾကာမွာေတာ့ အာရွစီးပြားေရး အက်ပ္အတည္းနဲ႔ ရင္ဆိုင္ခဲ့ရတာေၾကာင့္ မိသားစုနဲ႔အတူ ကိုရီးယားကို ျပန္လာခဲ့ရပါတယ္။ ေတာင္ကိုရီးယားနဲ႔ ဩစေတ်းလ်ရဲ႕ ႏွစ္ႏိုင္ငံခင္မင္ရင္းႏွီးမႈ အထိမ္းအမွတ္ႏွစ္ျဖစ္တဲ့ ၂၀၁၁ခုႏွစ္မွာေတာ့ သူမဟာ ခ်စ္ၾကည္ေရးသံအမတ္အျဖစ္ ခန႔္အပ္ခံခဲ့ရပါတယ္။

(၅) သူမဟာ သဘာဝပတ္ဝန္းက်င္အေၾကာင္း စိတ္ဝင္စားသူပါ။
Photo: rovvxhyo/ Instagram

၂၀၁၉ခုႏွစ္က ဆိုးလ္ၿမိဳ႕မွာ ျပဳလုပ္ခဲ့တဲ့ Herald ဒီဇိုင္းဖိုရမ္မွာေတာ့ သူမရဲ႕အတြင္းစိတ္မွာ ျဖစ္ေပၚေနတဲ့ ပဋိပကၡေတြအေၾကာင္းကို ဖက္ရွင္ျပယုဂ္တစ္ခုအျဖစ္နဲ႔ ေျပာဆိုခဲ့ပါတယ္။ သူမဟာ ႐ုပ္ရွင္သ႐ုပ္ေဆာင္ မင္းသမီးတစ္ေယာက္ျဖစ္လို႔ အဝတ္အစားေတြကို ေၾကာ္ျငာေပးရတာဟာလည္း သူမရဲ႕အလုပ္ တစ္စိတ္တစ္ပိုင္းျဖစ္ေပမယ့္ ေျပာင္းလဲမႈျမန္ဆန္လြန္းတဲ့ ဖက္ရွင္ေတြေၾကာင့္လည္း သဘာဝပတ္ဝန္းက်င္ ညစ္ညမ္းရတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ဒါေၾကာင့္လည္း သူမရဲ႕အတြင္းစိတ္ထဲက မေက်နပ္ခ်က္အေပၚ အေျခခံၿပီး ကမာၻေျမႀကီးကိုလည္း ကူညီရာေရာက္မယ့္ ပေရာ့ဂ်က္တစ္ခုကို စတင္ခဲ့ပါတယ္။ Gong Hyo Jin ဟာ Super Magic Factory လို႔ အမည္ရတဲ့ ကုမၸဏီကို တြဲဖက္တည္ေထာင္ခဲ့ပါတယ္။ ဒီကုမၸဏီဟာ စြန႔္ပစ္ပစၥည္းေတြကေန အဝတ္အထည္၊ accessories နဲ႔ အႏုပညာလက္ရာေတြကို ထုတ္လုပ္ေပးတာ ျဖစ္ပါတယ္။ တကယ္ကို ရည္႐ြယ္ခ်က္ေကာင္းၿပီး စိတ္ကူးေကာင္းတယ္လို႔ ေျပာရမွာပါ။

ဒါကေတာ့ မင္းသမီး Gong Hyo Jin နဲ႔ ပတ္သက္တဲ့ စိတ္ဝင္စားစရာေကာင္းတဲ့ အခ်က္ငါးခ်က္ ျဖစ္ပါတယ္။ စာဖတ္သူတို႔လည္း သူမနဲ႔ ပတ္သက္တဲ့အျမင္ေတြကို ျပန္လည္ေဝမွ်ေပးသြားၾကပါဦး။

LaNina
RELATED ARTICLES

Most Popular