HomeCelebs Update NewsKoreaလာႀကိဳတဲ့ ပရိသတ္သုံးေထာင္ေက်ာ္ေၾကာင့္ ပီတိမ်က္ရည္၀ဲခဲ့ရတဲ့ G-Dragon

လာႀကိဳတဲ့ ပရိသတ္သုံးေထာင္ေက်ာ္ေၾကာင့္ ပီတိမ်က္ရည္၀ဲခဲ့ရတဲ့ G-Dragon

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

BIGBANG အဖွဲ့က G-Dragon ဟာ စစ်မှုထမ်းကာလကို အောင်မြင်စွာ ထမ်းဆောင်ပြီးပြီဖြစ်တဲ့အတွက် ယနေ့ အောက်တိုဘာလ(၂၆)ရက်၊ စနေနေ့မှာ တရားဝင် စစ်ထဲကနေ ပြန်ရောက်လာခဲ့ပါပြီ။

ကမ္ဘာ့နေရာအနှံ့က ပရိသတ်ပေါင်း သုံးထောင်ကျော်လောက်ဟာ တပ်ထဲက ထွက်လာတဲ့ GD ကို ကြိုဆိုနှုတ်ဆက်ဖို့ အဆင်သင့် စောင့်ဆိုင်းနေခဲ့ကြပါတယ်။ သူ့ရဲ့နာမည်ကို အော်ခေါ်နေကြတဲ့ လူပင်လယ်ကြီးကို မြင်လိုက်ရတဲ့ GD တစ်ယောက် အဖွင့်အင်တာဗျူး ခဏလုပ်နေတဲ့အချိန်မှာတောင် ပရိသတ်တွေဆီကိုပဲ အကြည့်က ရောက်နေတာ တွေ့ရပါတယ်။

Photo: koreaboo

ဒီလို အားပေးကြမ်းတဲ့ပရိသတ်တွေကြောင့် GD လည်း စိတ်မထိန်းနိုင်ဘဲ မျက်လုံးတွေ နီရဲလာပြီး ပျော်ရွှင်ပီတိဖြစ်နေခဲ့ပါတယ်။ မီဒီယာတွေနဲ့ နှုတ်ဆက်တာကို ခဏပြုလုပ်အပြီးမှာတော့ ခပ်ဝေးဝေးက ကွင်းပြင်နေရာတစ်ခုမှာ ပရိသတ်တွေနဲ့ သီးသန့်တွေ့ဆုံပွဲတစ်ခု ထပ်မံပြုလုပ်ခဲ့ပါသေးတယ်။

Photo: koreaboo

တပ်ကထွက်လာပြီးတည်းက ယူနီဖောင်းတောင် မလဲနိုင်ဘဲ ပရိသတ်တွေနဲ့ တန်းတွေ့တဲ့ GD ဟာ fan တွေဆီက စိတ်လှုပ်ရှားစရာအချစ်တွေကို ရရှိလိုက်တာကြောင့် စိတ်မထိန်းနိုင်ဘဲ ငိုခဲ့ပါသေးတယ်။ ဒါ့အပြင် Artist တစ်ယောက်အနေနဲ့ တက်ကြွစွာ ပြန်လည်လှုပ်ရှားမယ့်အကြောင်းကိုလည်း fan တွေကို ကတိပေးခဲ့ပါသေးတယ်။

Photo: koreaboo
Photo: koreaboo

ပရိသတ်တွေကတော့ GD ကို ဘယ်လိုဆန်းသစ်တဲ့ ပုံစံတွေနဲ့ ပြန်လည်တွေ့ရမလည်းဆိုတာ သိပ်ကိုစိတ်လှုပ်ရှားနေကြပါတယ်။

LaNina

Ref: koreaboo

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

BIGBANG အဖြဲ႕က G-Dragon ဟာ စစ္မႈထမ္းကာလကို ေအာင္ျမင္စြာ ထမ္းေဆာင္ၿပီးၿပီျဖစ္တဲ့အတြက္ ယေန႔ ေအာက္တိုဘာလ(၂၆)ရက္၊ စေနေန႔မွာ တရား၀င္ စစ္ထဲကေန ျပန္ေရာက္လာခဲ့ပါၿပီ။

ကမာၻ႕ေနရာအႏွံ႔က ပရိသတ္ေပါင္း သုံးေထာင္ေက်ာ္ေလာက္ဟာ တပ္ထဲက ထြက္လာတဲ့ GD ကို ႀကိဳဆိုႏႈတ္ဆက္ဖို႔ အဆင္သင့္ ေစာင့္ဆိုင္းေနခဲ့ၾကပါတယ္။ သူ႔ရဲ႕နာမည္ကို ေအာ္ေခၚေနၾကတဲ့ လူပင္လယ္ႀကီးကို ျမင္လိုက္ရတဲ့ GD တစ္ေယာက္ အဖြင့္အင္တာဗ်ဴး ခဏလုပ္ေနတဲ့အခ်ိန္မွာေတာင္ ပရိသတ္ေတြဆီကိုပဲ အၾကည့္က ေရာက္ေနတာ ေတြ႕ရပါတယ္။

Photo: koreaboo

ဒီလို အားေပးၾကမ္းတဲ့ပရိသတ္ေတြေၾကာင့္ GD လည္း စိတ္မထိန္းႏိုင္ဘဲ မ်က္လုံးေတြ နီရဲလာၿပီး ေပ်ာ္ရႊင္ပီတိျဖစ္ေနခဲ့ပါတယ္။ မီဒီယာေတြနဲ႔ ႏႈတ္ဆက္တာကို ခဏျပဳလုပ္အၿပီးမွာေတာ့ ခပ္ေ၀းေ၀းက ကြင္းျပင္ေနရာတစ္ခုမွာ ပရိသတ္ေတြနဲ႔ သီးသန္႔ေတြ႕ဆုံပြဲတစ္ခု ထပ္မံျပဳလုပ္ခဲ့ပါေသးတယ္။

Photo: koreaboo

တပ္ကထြက္လာၿပီးတည္းက ယူနီေဖာင္းေတာင္ မလဲႏိုင္ဘဲ ပရိသတ္ေတြနဲ႔ တန္းေတြ႕တဲ့ GD ဟာ fan ေတြဆီက စိတ္လႈပ္ရွားစရာအခ်စ္ေတြကို ရရိွလိုက္တာေၾကာင့္ စိတ္မထိန္းႏိုင္ဘဲ ငိုခဲ့ပါေသးတယ္။ ဒါ့အျပင္ Artist တစ္ေယာက္အေနနဲ႔ တက္ၾကြစြာ ျပန္လည္လႈပ္ရွားမယ့္အေၾကာင္းကိုလည္း fan ေတြကို ကတိေပးခဲ့ပါေသးတယ္။

Photo: koreaboo
Photo: koreaboo

ပရိသတ္ေတြကေတာ့ GD ကို ဘယ္လိုဆန္းသစ္တဲ့ ပုံစံေတြနဲ႔ ျပန္လည္ေတြ႕ရမလည္းဆိုတာ သိပ္ကိုစိတ္လႈပ္ရွားေနၾကပါတယ္။

LaNina

Ref: koreaboo

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular