HomeAnimeစတူဒီယို Ghibli ရဲ့ လူသိပ်မသိကြတဲ့ Anime ကားကောင်းများ

စတူဒီယို Ghibli ရဲ့ လူသိပ်မသိကြတဲ့ Anime ကားကောင်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Anime ပရိသတ်တွေကြားမှာဆိုရင် စတူဒီယို Ghibli ကို မသိသူ ခပ်ရှားရှားပဲ ဖြစ်ပါတယ်။ စတူဒီယို Ghibli ဟာ Spirited Away နဲ့ My Neighbor Totoro တို့လို နိုင်ငံတကာကို ထိုးဖောက်နိုင်ခဲ့တဲ့ နာမည်ကြီး Anime တွေကို ထုတ်လုပ်ခဲ့တဲ့ စတူဒီယိုတစ်ခု ဖြစ်ပါတယ်။ ဒီလိုမျိူး လူတိုင်းသိကြတဲ့ နာမည်ကြီး Anime တွေရဲ့ အရှိန်အဝါကြောင့် စတူဒီယို Ghibli ရဲ့ တချို့ Anime ကားကောင်းတွေဟာ လူသိပ်မသိကြဘူး ဖြစ်နေပါတယ်။ ဒါကြောင့် စတူဒီယို Ghibli ရဲ့ လူသိပ်မသိကြတဲ့ Anime ကားကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

(7) Pom Poko
photo via screenrant

ဒီ Anime လေးကတော့ ၁၉၉၄ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.3) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ လူအဖြစ် ပုံစံပြောင်းလဲနိုင်တဲ့ Raccoon လေးတွေအကြောင်း ဖန်တီးထားတာ ဖြစ်ပါတယ်။ တစ်ရက်မှာတော့ အကြောင်းတစ်ခုကြောင့် သူတို့နေထိုင်နေတဲ့ တောအုပ်လေးဟာ ဖျက်ဆီးခံရတော့မလို ဖြစ်နေတာကြောင့် သူတို့လေးတွေက သူတို့ရဲ့ အိမ်ကို ဘယ်လိုမျိူး ကာကွယ်ဖို့ ကြိုးစားကြမလည်းဆိုတာ မြင်တွေ့ရမှာပါ။

(6) Only Yesterday
photo via screenrant

ဒီ Anime လေးကတော့ ၁၉၉၁ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.6) ရရှိထားပါတယ်။ ဇာတ်လမ်းအစမှာတော့ အသက် (၂၇)နှစ်အရွယ် ကောင်မလေးတစ်ယောက်ဟာ သူမရဲ့ မွေးရပ်မြေ နယ်မြို့လေးတစ်ခုဆီ ခရီးထွက်လာပါတယ်။ အဓိကဇာတ်လမ်းကတော့ သူမ ရထားစီးပြီး ခရီးသွားနေတဲ့အချိန်မှာ သူမရဲ့ ငယ်ဘဝကို ပြန်စဉ်းစားတဲ့အကြောင်း မြင်တွေ့ရမှာပါ။ စတူဒီယို Ghibli ရဲ့ ထုံးစံအတိုင်း ဒီကားကလည်း ကြည့်ရှုနေသူအတွက် ကြည်နူးစရာ ခံစားမှုလေးကို ရရှိစေမှာပါ။

(5) Porco Rosso
photo via screenrant

ဒီ Anime လေးကတော့ ၁၉၉၂ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.7) ရရှိထားပါတယ်။ ဇာတ်လမ်းကိုတော့ ၁၉၃၀ ခုနှစ်ကျော် အီတလီနိုင်ငံမှာ ဇာတ်အိမ်တည်ထားပါတယ်။ ပထမကမ္ဘာစစ်မှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ လေယာဉ်မောင်းတစ်ယောက်ဟာ အကြောင်းတစ်ခုကြောင့် လူအဖြစ်ကနေ ဝက်ပုံစံဖြစ်သွားအောင် ကျိန်စာတိုက်ခံခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ ဘာတွေဆက်ဖြစ်မလည်းဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။

(4) The Wind Rises
photo via screenrant

ဒီ Anime လေးကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.8) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ လေယာဉ်ကပ္ပတိန် ဖြစ်ချင်ပြီး လေယာဉ်တွေကို ရူးသွပ်တဲ့ ကောင်လေးတစ်ယောက်ရဲ့ ဘဝအကြောင်း ပုံဖော်ထားတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သူဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျပန်တွေ အသုံးပြုခဲ့တဲ့ A6M Zero တိုက်လေယာဉ်ကို တီထွင်နိုင်သွားပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ သူ့ရဲ့ ငယ်ဘဝကနေ စတင်ပြီး အရွယ်ရောက်လာတဲ့အထိ မြင်တွေ့ရမှာပါ။ ဒါ့အပြင် ဒီ Anime ဟာ အော်စကာတစ်ဆုအတွက်တောင် စံကာတင်စာရင်း ဝင်ထားပါတယ်။

(3) Whisper of the Heart
photo via screenrant

ဒီ Anime ကတော့ ၁၉၉၅ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး IMDb (7.9) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ စာဂျပိုးလေး Shizuku နဲ့ တယောပြုလုပ်သူ Seiji တို့ နှစ်ယောက်ကြားက အချစ်ဇာတ်လမ်းလေး ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ ကြည်နူးစရာလေးတွေနဲ့ ရယ်စရာလေးတွေကိုပါ ခံစားရမှာပါ။ ဒီဇာတ်လမ်းထဲမှာပါတဲ့ ကြောင်ရုပ်လေးအကြောင်းကို ၂၀၀၂ခုနှစ်မှာ The Cat Returns ဆိုပြီး spin-off အနေနဲ့လည်း ထပ်ထွက်ထားပါသေးတယ်။

(2) The Tales of Princess Kaguya
photo via screenrant

ဒီ Anime လေးကလည်း ၂၀၁၃ ခုနှစ်မှာပဲ ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (8.0) ရရှိထားပါတယ်။ တစ်ရက်မှာတော့ ဝါးခုတ်တဲ့ အဘိုးကြီးတစ်ယောက်နဲ့ သူ့ရဲ့အမျိူးသမီးဟာ ဝါးကျည်တောက်တစ်ခုထဲမှာ ချောမောလှပတဲ့ ကောင်မလေး သေးသေးလေး တစ်ယောက်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူမကို ကြိုက်နှစ်သက်သူ မှန်သမျှကို သူတို့ရဲ့ အချစ်ကို သက်သေပြဖို့အတွက် မဖြစ်နိုင်လုနီးပါး အရာတွေကို ပြုလုပ်ခိုင်းပါတော့တယ်။ ဒီ Anime ဟာလည်း အော်စကာဆုတစ်ဆုအတွက် စံကာတင်စာရင်း ဝင်ထားပါတယ်။

(1) Nausicaa of the Valley of the Wind
photo via screenrant

ဒီ Anime လေးကတော့ ၁၉၈၄ ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (8.1) ရရှိထားပါတယ်။ ဒီဇာတ်လမ်းကတော့ အနာဂတ်ကာလတစ်ခုမှာ ဇာတ်အိမ်တည်ထားပြီး Nausicaa လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက် အကြောင်းကို မြင်တွေ့ရမှာပါ။ ဒီအနာဂတ်ကာလမှာတော့ ကမ္ဘာကြီးဟာ ပျက်စီးလုနီးနီး ဖြစ်နေပြီး နိုင်ငံနှစ်ခုကလည်း စစ်ဖြစ်နေကြပါတယ်။ အဲ့ဒီနိုင်ငံနှစ်ခုရဲ့ စစ်မီးကြောင့် လူတွေလည်း ထပ်မံ မသေရအောင်နဲ့ ကမ္ဘာကြီးလည်း မပျက်စီးသွားဖို့အတွက် သူမဟာ အဲ့ဒီစစ်ပွဲကို တားဆီးရပါတော့တယ်။

ဒါကတော့ Studio Ghibli ရဲ့ နာမည်ကြီးဇာတ်ကားတွေလောက် ပေါ်ပြူလာမဖြစ်တဲ့ anime ဇာတ်ကားကောင်းတွေ ဖြစ်ပါတယ်။ အခုလို ရုပ်ရှင်ဆိုင်ရာ ဆောင်းပါးတွေနဲ့ အခြားသော စိတ်ဝင်စားစရာ ဖျော်ဖြေရေးသတင်းများကို အမြဲဖတ်ရှုလိုတယ်ဆိုရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Anime ပရိသတ္ေတြၾကားမွာဆိုရင္ စတူဒီယို Ghibli ကို မသိသူ ခပ္ရွားရွားပဲ ျဖစ္ပါတယ္။ စတူဒီယို Ghibli ဟာ Spirited Away နဲ႔ My Neighbor Totoro တို႔လို ႏိုင္ငံတကာကို ထိုးေဖာက္ႏိုင္ခဲ့တဲ့ နာမည္ႀကီး Anime ေတြကို ထုတ္လုပ္ခဲ့တဲ့ စတူဒီယိုတစ္ခု ျဖစ္ပါတယ္။ ဒီလိုမ်ိဴး လူတိုင္းသိၾကတဲ့ နာမည္ႀကီး Anime ေတြရဲ႕ အရွိန္အဝါေၾကာင့္ စတူဒီယို Ghibli ရဲ႕ တခ်ိဳ႕ Anime ကားေကာင္းေတြဟာ လူသိပ္မသိၾကဘူး ျဖစ္ေနပါတယ္။ ဒါေၾကာင့္ စတူဒီယို Ghibli ရဲ႕ လူသိပ္မသိၾကတဲ့ Anime ကားေကာင္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(7) Pom Poko
photo via screenrant

ဒီ Anime ေလးကေတာ့ ၁၉၉၄ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.3) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ လူအျဖစ္ ပုံစံေျပာင္းလဲႏိုင္တဲ့ Raccoon ေလးေတြအေၾကာင္း ဖန္တီးထားတာ ျဖစ္ပါတယ္။ တစ္ရက္မွာေတာ့ အေၾကာင္းတစ္ခုေၾကာင့္ သူတို႔ေနထိုင္ေနတဲ့ ေတာအုပ္ေလးဟာ ဖ်က္ဆီးခံရေတာ့မလို ျဖစ္ေနတာေၾကာင့္ သူတို႔ေလးေတြက သူတို႔ရဲ႕ အိမ္ကို ဘယ္လိုမ်ိဴး ကာကြယ္ဖို႔ ႀကိဳးစားၾကမလည္းဆိုတာ ျမင္ေတြ႕ရမွာပါ။

(6) Only Yesterday
photo via screenrant

ဒီ Anime ေလးကေတာ့ ၁၉၉၁ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.6) ရရွိထားပါတယ္။ ဇာတ္လမ္းအစမွာေတာ့ အသက္ (၂၇)ႏွစ္အ႐ြယ္ ေကာင္မေလးတစ္ေယာက္ဟာ သူမရဲ႕ ေမြးရပ္ေျမ နယ္ၿမိဳ႕ေလးတစ္ခုဆီ ခရီးထြက္လာပါတယ္။ အဓိကဇာတ္လမ္းကေတာ့ သူမ ရထားစီးၿပီး ခရီးသြားေနတဲ့အခ်ိန္မွာ သူမရဲ႕ ငယ္ဘဝကို ျပန္စဥ္းစားတဲ့အေၾကာင္း ျမင္ေတြ႕ရမွာပါ။ စတူဒီယို Ghibli ရဲ႕ ထုံးစံအတိုင္း ဒီကားကလည္း ၾကည့္ရႈေနသူအတြက္ ၾကည္ႏူးစရာ ခံစားမႈေလးကို ရရွိေစမွာပါ။

(5) Porco Rosso
photo via screenrant

ဒီ Anime ေလးကေတာ့ ၁၉၉၂ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.7) ရရွိထားပါတယ္။ ဇာတ္လမ္းကိုေတာ့ ၁၉၃၀ ခုႏွစ္ေက်ာ္ အီတလီႏိုင္ငံမွာ ဇာတ္အိမ္တည္ထားပါတယ္။ ပထမကမာၻစစ္မွာ ပါဝင္တိုက္ခိုက္ခဲ့တဲ့ ေလယာဥ္ေမာင္းတစ္ေယာက္ဟာ အေၾကာင္းတစ္ခုေၾကာင့္ လူအျဖစ္ကေန ဝက္ပုံစံျဖစ္သြားေအာင္ က်ိန္စာတိုက္ခံခဲ့ရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ဘာေတြဆက္ျဖစ္မလည္းဆိုတာ ၾကည့္ရႈရမွာ ျဖစ္ပါတယ္။

(4) The Wind Rises
photo via screenrant

ဒီ Anime ေလးကေတာ့ ၂၀၁၃ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.8) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ ေလယာဥ္ကပၸတိန္ ျဖစ္ခ်င္ၿပီး ေလယာဥ္ေတြကို ႐ူးသြပ္တဲ့ ေကာင္ေလးတစ္ေယာက္ရဲ႕ ဘဝအေၾကာင္း ပုံေဖာ္ထားတာ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ သူဟာ ဒုတိယကမာၻစစ္အတြင္းမွာ ဂ်ပန္ေတြ အသုံးျပဳခဲ့တဲ့ A6M Zero တိုက္ေလယာဥ္ကို တီထြင္ႏိုင္သြားပါတယ္။ ဒီဇာတ္လမ္းထဲမွာေတာ့ သူ႔ရဲ႕ ငယ္ဘဝကေန စတင္ၿပီး အ႐ြယ္ေရာက္လာတဲ့အထိ ျမင္ေတြ႕ရမွာပါ။ ဒါ့အျပင္ ဒီ Anime ဟာ ေအာ္စကာတစ္ဆုအတြက္ေတာင္ စံကာတင္စာရင္း ဝင္ထားပါတယ္။

(3) Whisper of the Heart
photo via screenrant

ဒီ Anime ကေတာ့ ၁၉၉၅ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီး IMDb (7.9) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ စာဂ်ပိုးေလး Shizuku နဲ႔ တေယာျပဳလုပ္သူ Seiji တို႔ ႏွစ္ေယာက္ၾကားက အခ်စ္ဇာတ္လမ္းေလး ျဖစ္ပါတယ္။ ဒီဇာတ္လမ္းထဲမွာေတာ့ ၾကည္ႏူးစရာေလးေတြနဲ႔ ရယ္စရာေလးေတြကိုပါ ခံစားရမွာပါ။ ဒီဇာတ္လမ္းထဲမွာပါတဲ့ ေၾကာင္႐ုပ္ေလးအေၾကာင္းကို ၂၀၀၂ခုႏွစ္မွာ The Cat Returns ဆိုၿပီး spin-off အေနနဲ႔လည္း ထပ္ထြက္ထားပါေသးတယ္။

(2) The Tales of Princess Kaguya
photo via screenrant

ဒီ Anime ေလးကလည္း ၂၀၁၃ ခုႏွစ္မွာပဲ ထြက္ရွိခဲ့တာ ျဖစ္ၿပီး IMDb (8.0) ရရွိထားပါတယ္။ တစ္ရက္မွာေတာ့ ဝါးခုတ္တဲ့ အဘိုးႀကီးတစ္ေယာက္နဲ႔ သူ႔ရဲ႕အမ်ိဴးသမီးဟာ ဝါးက်ည္ေတာက္တစ္ခုထဲမွာ ေခ်ာေမာလွပတဲ့ ေကာင္မေလး ေသးေသးေလး တစ္ေယာက္ကို ရွာေဖြေတြ႕ရွိခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူမကို ႀကိဳက္ႏွစ္သက္သူ မွန္သမွ်ကို သူတို႔ရဲ႕ အခ်စ္ကို သက္ေသျပဖို႔အတြက္ မျဖစ္ႏိုင္လုနီးပါး အရာေတြကို ျပဳလုပ္ခိုင္းပါေတာ့တယ္။ ဒီ Anime ဟာလည္း ေအာ္စကာဆုတစ္ဆုအတြက္ စံကာတင္စာရင္း ဝင္ထားပါတယ္။

(1) Nausicaa of the Valley of the Wind
photo via screenrant

ဒီ Anime ေလးကေတာ့ ၁၉၈၄ ခုႏွစ္မွာ ထြက္ရွိခဲ့တာ ျဖစ္ၿပီး IMDb (8.1) ရရွိထားပါတယ္။ ဒီဇာတ္လမ္းကေတာ့ အနာဂတ္ကာလတစ္ခုမွာ ဇာတ္အိမ္တည္ထားၿပီး Nausicaa လို႔ေခၚတဲ့ ေကာင္မေလးတစ္ေယာက္ အေၾကာင္းကို ျမင္ေတြ႕ရမွာပါ။ ဒီအနာဂတ္ကာလမွာေတာ့ ကမာၻႀကီးဟာ ပ်က္စီးလုနီးနီး ျဖစ္ေနၿပီး ႏိုင္ငံႏွစ္ခုကလည္း စစ္ျဖစ္ေနၾကပါတယ္။ အဲ့ဒီႏိုင္ငံႏွစ္ခုရဲ႕ စစ္မီးေၾကာင့္ လူေတြလည္း ထပ္မံ မေသရေအာင္နဲ႔ ကမာၻႀကီးလည္း မပ်က္စီးသြားဖို႔အတြက္ သူမဟာ အဲ့ဒီစစ္ပြဲကို တားဆီးရပါေတာ့တယ္။

ဒါကေတာ့ Studio Ghibli ရဲ႕ နာမည္ႀကီးဇာတ္ကားေတြေလာက္ ေပၚျပဴလာမျဖစ္တဲ့ anime ဇာတ္ကားေကာင္းေတြ ျဖစ္ပါတယ္။ အခုလို ႐ုပ္ရွင္ဆိုင္ရာ ေဆာင္းပါးေတြနဲ႔ အျခားေသာ စိတ္ဝင္စားစရာ ေဖ်ာ္ေျဖေရးသတင္းမ်ားကို အၿမဲဖတ္ရႈလိုတယ္ဆိုရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & Follow လုပ္ေပးထားပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular