HomeCelebs Update NewsKoreaလဲကျတိုင်းပြန်ထခဲ့သူ သံမဏိစိတ်ဓာတ်နဲ့ နှုတ်ခမ်းနီမလေးတွေရဲ့အချစ်တော် Jimin

လဲကျတိုင်းပြန်ထခဲ့သူ သံမဏိစိတ်ဓာတ်နဲ့ နှုတ်ခမ်းနီမလေးတွေရဲ့အချစ်တော် Jimin

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

BTS အဖွဲ့ဝင် Jimin ဟာ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ idol တစ်ယောက်ပါ။ သို့ပေမယ့် သူ့ရဲ့အောင်မြင်ကျော်ကြားမှုတွေ နောက်ကွယ်က ရင်းနှီးပေးဆပ်ခဲ့ရတဲ့ အရာတွေကိုတော့ လူတွေ သိပ်သတိမပြုမိကြသေးပါဘူး။ သူနဲ့ ပတ်သက်လို့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အချက်တွေကတော့ အောက်ပါအတိုင်းပါပဲ။

Jimin ဟာ အကနဲ့ပတ်သက်လို့ ငယ်ငယ်တည်းက ဝါသနာထုံသူပါ။ ငယ်ငယ်က အတန်းထဲက ဆရာကိုတောင် ကကွက်ထွင်ရာမှာ နားပူနားဆာလုပ်ပြီး အကူအညီ တောင်းခဲ့ဖူးပါသေးတယ်။ သို့ပေမယ့်လည်း ပွဲမထွက်ရသေးခင် Trainee ဘဝမှာတုန်းက BTS အဖွဲ့ထဲက ထုတ်ပယ်ခံရမလို အကြိမ်ကြိမ် ဖြစ်ခဲ့ဖူးလို့ စိတ်ဖိစီးမှုတွေ အကြီးအကျယ် ခံစားခဲ့ရပါတယ်။

Photo: jimin/ Instagram

အကြီးအကျယ် ရုန်းကန်ရလွန်းလို့ Trainee ဘဝကို စွန့်လွှတ်ပြီး BTS မှာ အဖွဲ့ဝင်အဖြစ် မပါဝင်ဖြစ်တော့မလိုတောင် ဖြစ်ခဲ့ပါသေးတယ်။ Trainee တစ်ယောက်အနေနဲ့ ခက်ခဲတဲ့အချိန်တွေ ကျော်ဖြတ်ခဲ့ရလို့ သူ့ခန္ဓာကိုယ်အသွင်အပြင်နဲ့ ပတ်သက်ပြီးတော့လည်း စိတ်မလုံခြုံမှုတွေ ခံစားခဲ့ရပါတယ်။ ပွဲမထွက်ခင်ဘဝမှာ ပရိသတ်တွေရှေ့မှာ ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်အချိုးအစား ဖြစ်နေဖို့အတွက် ပြင်းထန်တဲ့ diet တွေ လုပ်ခဲ့ပြီး သွေးတွေ၊ ချွေးတွေ၊ မျက်ရည်တွေများစွာ ရင်းနှီးခဲ့ရပါတယ်။

BTS အဖွဲ့ဝင်တွေနဲ့ ပရိသတ်တွေက စိုးရိမ်ကြောင်း ဝိုင်းပြောခဲ့ကြတဲ့နောက်မှာတော့ diet တွေ အပြင်းအထန် မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲ့ဒီ့နောက်မှာ နေ့တိုင်း အများကြီးစားပြီး ဝိတ်တက်လာတာကိုလည်း ပျော်တဲ့အကြောင်း ပရိသတ်တွေကို အမြဲတမ်း ပြောခဲ့ပါတယ်။

Photo: jimin/ Instagram

Jimin ဟာ သူ့ရဲ့အကောင်းဆုံးပုံစံကိုပဲ ပရိသတ်တွေကို ပြသချင်သူပါ။ မှတ်တမ်းတစ်ခုမှာတော့ ARMY တွေအတွက် သီချင်းကောင်းကောင်းတွေ လုပ်ပြချင်ပေမယ့် သူထင်ထားတဲ့အတိုင်း မဖြစ်လာဘူးလို့ပြောပြီး မျက်ရည်ကျမတတ် ဖြစ်ခဲ့ဖူးပါတယ်။

မကာအိုမှာ သွားရောက်ဖျော်ဖြေခဲ့တဲ့ ပွဲတစ်ခုမှာ Jimin တစ်ယောက် မလှုပ်ရှားနိုင်အောင်ကို ကြွက်သားတွေ နာကျင်နေခဲ့တယ်လို့ ဆိုပါတယ်။ စင်ပေါ်မှာ ကောင်းကောင်းမကနိုင်တဲ့အတွက် အဖွဲ့သားတွေနဲ့ ပရိသတ်တွေကို အားနာတဲ့စိတ်နဲ့ စင်နောက်ဘက်မှာရော စင်ပေါ်မှာပါ ငိုကြွေးခဲ့ဖူးပါတယ်။

solo သီချင်းဖြစ်တဲ့ “Lie”ဟာ သူ့အတွက် ဖိအားတွေ သိပ်များလွန်းပြီး အာရုံစိုက်ရလွန်းလို့ စင်ပေါ်မှာတောင် မပျော်နိုင်ခဲ့ဘူးလို့ Jimin က ပြောပြဖူးပါတယ်။ ဒါပေမယ့်လည်း Wings Tour အပြီးမှာတော့ သူဖျော်ဖြေနေတဲ့ အကြောင်းရင်းဟာ ဒီဂီတကို ရူးသွပ်လို့ဖြစ်ပြီး ပရိသတ်တွေနဲ့ အဖွဲ့သားတွေကို ချစ်ခင်လို့ဆိုတာကို သဘောပေါက်သွားပါပြီလို့ ဝန်ခံခဲ့ပြန်ပါတယ်။ တစ်ခါသားကတော့ အဖွဲ့ဝင်တွေကြောင့်သာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး ပျော်ရွှင်နိုင်တာပါလို့ စင်ပေါ်မှာ ငိုပြီး ပြောခဲ့ဖူးပါတယ်။

Photo: jimin/ Instagram

“Just One Day” ပရိုမိုးရှင်းပွဲမှာတော့ Jimin ဟာ သံချေးတက်ပြီး နဲ့နေတဲ့ ခုံတစ်လုံးကို တွေ့သွားပါတယ်။ ပရိသတ်တွေလာတဲ့အခါ ပြုတ်ကျပြီး ဒဏ်ရာရမှာစိုးလို့ ခုံတွေကို သေချာစစ်ဆေးပြီး ခုံအသစ်တွေနဲ့ လဲခိုင်းခဲ့တာက ARMY တွေအပေါ်ထားတဲ့ သူ့ရဲ့အချစ်လို့ ပြောရမှာပါ။

ARMY လည်ဆွဲကို အချိန်အကြာကြီး ဆွဲထားခဲ့သူဖြစ်ပေမယ့် အဲ့ဒီ့လည်ဆွဲလေး ပျောက်သွားလို့ နောက်တစ်ခုနဲ့ အစားထိုး ဆွဲရတဲ့အခါမှာတော့ စိတ်မကောင်းဖြစ်ရတဲ့အကြောင်း ပြောခဲ့ပါသေးတယ်။ Jimin ဟာ ARMY တွေက သူ့ကိုစိတ်ပူမှာကို မလိုလားဘဲ ARMY တွေအနေနဲ့ ကိုယ့်ကိုယ်ကိုသာ ကောင်းကောင်းဂရုစိုက်ဖို့ တဖွဖွ မှာကြားတတ်သူပါ။

ဒါကတော့ BTS အဖွဲ့က Jimin ရဲ့ အချို့သော အကြောင်းအရာလေးတွေပါ။ ဖတ်ပြီးတော့ ခံစားရရင်တော့ အခြား ARMY တွေ သိရဖို့ ရှဲပေးလိုက်ပါဦးနော်။

Xei

(Zawgyi Version)

BTS အဖြဲ႕၀င္ Jimin ဟာ ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းစြဲ idol တစ္ေယာက္ပါ။ သို႔ေပမယ့္ သူ႔ရဲ႕ေအာင္ျမင္ေက်ာ္ၾကားမႈေတြ ေနာက္ကြယ္က ရင္းႏွီးေပးဆပ္ခဲ့ရတဲ့ အရာေတြကိုေတာ့ လူေတြ သိပ္သတိမျပဳမိၾကေသးပါဘူး။ သူနဲ႔ ပတ္သက္လို႔ စိတ္၀င္စားဖြယ္ေကာင္းတဲ့ အခ်က္ေတြကေတာ့ ေအာက္ပါအတိုင္းပါပဲ။

Jimin ဟာ အကနဲ႔ပတ္သက္လို႔ ငယ္ငယ္တည္းက ၀ါသနာထုံသူပါ။ ငယ္ငယ္က အတန္းထဲက ဆရာကိုေတာင္ ကကြက္ထြင္ရာမွာ နားပူနားဆာလုပ္ၿပီး အကူအညီ ေတာင္းခဲ့ဖူးပါေသးတယ္။ သို႔ေပမယ့္လည္း ပြဲမထြက္ရေသးခင္ Trainee ဘ၀မွာတုန္းက BTS အဖြဲ႕ထဲက ထုတ္ပယ္ခံရမလို အႀကိမ္ႀကိမ္ ျဖစ္ခဲ့ဖူးလို႔ စိတ္ဖိစီးမႈေတြ အႀကီးအက်ယ္ ခံစားခဲ့ရပါတယ္။

Photo: jimin/ Instagram

အႀကီးအက်ယ္ ရုန္းကန္ရလြန္းလို႔ Trainee ဘ၀ကို စြန္႔လႊတ္ၿပီး BTS မွာ အဖြဲ႕၀င္အျဖစ္ မပါ၀င္ျဖစ္ေတာ့မလိုေတာင္ ျဖစ္ခဲ့ပါေသးတယ္။ Trainee တစ္ေယာက္အေနနဲ႔ ခက္ခဲတဲ့အခ်ိန္ေတြ ေက်ာ္ျဖတ္ခဲ့ရလို႔ သူ႔ခႏၶာကိုယ္အသြင္အျပင္နဲ႔ ပတ္သက္ၿပီးေတာ့လည္း စိတ္မလုံၿခံဳမႈေတြ ခံစားခဲ့ရပါတယ္။ ပြဲမထြက္ခင္ဘ၀မွာ ပရိသတ္ေတြေရွ႕မွာ ၾကည့္ေကာင္းတဲ့ ခႏၶာကိုယ္အခ်ိဳးအစား ျဖစ္ေနဖို႔အတြက္ ျပင္းထန္တဲ့ diet ေတြ လုပ္ခဲ့ၿပီး ေသြးေတြ၊ ေခၽြးေတြ၊ မ်က္ရည္ေတြမ်ားစြာ ရင္းႏွီးခဲ့ရပါတယ္။

BTS အဖြဲ႕၀င္ေတြနဲ႔ ပရိသတ္ေတြက စိုးရိမ္ေၾကာင္း ၀ိုင္းေျပာခဲ့ၾကတဲ့ေနာက္မွာေတာ့ diet ေတြ အျပင္းအထန္ မလုပ္ေတာ့ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ အဲ့ဒီ့ေနာက္မွာ ေန႔တိုင္း အမ်ားႀကီးစားၿပီး ၀ိတ္တက္လာတာကိုလည္း ေပ်ာ္တ့ဲအေၾကာင္း ပရိသတ္ေတြကို အၿမဲတမ္း ေျပာခဲ့ပါတယ္။

Photo: jimin/ Instagram

Jimin ဟာ သူ႔ရဲ႕အေကာင္းဆုံးပုံစံကိုပဲ ပရိသတ္ေတြကို ျပသခ်င္သူပါ။ မွတ္တမ္းတစ္ခုမွာေတာ့ ARMY ေတြအတြက္ သီခ်င္းေကာင္းေကာင္းေတြ လုပ္ျပခ်င္ေပမယ့္ သူထင္ထားတဲ့အတိုင္း မျဖစ္လာဘူးလို႔ေျပာၿပီး မ်က္ရည္က်မတတ္ ျဖစ္ခဲ့ဖူးပါတယ္။

မကာအိုမွာ သြားေရာက္ေဖ်ာ္ေျဖခဲ့တဲ့ ပြဲတစ္ခုမွာ Jimin တစ္ေယာက္ မလႈပ္ရွားႏိုင္ေအာင္ကို ၾကြက္သားေတြ နာက်င္ေနခဲ့တယ္လို႔ ဆုိပါတယ္။ စင္ေပၚမွာ ေကာင္းေကာင္းမကႏိုင္တဲ့အတြက္ အဖြဲ႕သားေတြနဲ႔ ပရိသတ္ေတြကို အားနာတဲ့စိတ္နဲ႔ စင္ေနာက္ဘက္မွာေရာ စင္ေပၚမွာပါ ငိုေၾကြးခဲ့ဖူးပါတယ္။

solo သီခ်င္းျဖစ္တဲ့ “Lie”ဟာ သူ႔အတြက္ ဖိအားေတြ သိပ္မ်ားလြန္းၿပီး အာရုံစိုက္ရလြန္းလို႔ စင္ေပၚမွာေတာင္ မေပ်ာ္ႏိုင္ခဲ့ဘူးလို႔ Jimin က ေျပာျပဖူးပါတယ္။ ဒါေပမယ့္လည္း Wings Tour အၿပီးမွာေတာ့ သူေဖ်ာ္ေျဖေနတဲ့ အေၾကာင္းရင္းဟာ ဒီဂီတကို ရူးသြပ္လို႔ျဖစ္ၿပီး ပရိသတ္ေတြနဲ႔ အဖြဲ႕သားေတြကို ခ်စ္ခင္လို႔ဆိုတာကို သေဘာေပါက္သြားပါၿပီလို႔ ၀န္ခံခဲ့ျပန္ပါတယ္။ တစ္ခါသားကေတာ့ အဖြဲ႕၀င္ေတြေၾကာင့္သာ ကိုယ့္ကိုယ္ကို ယုံၾကည္မႈရိွၿပီး ေပ်ာ္ရႊင္ႏိုင္တာပါလို႔ စင္ေပၚမွာ ငိုၿပီး ေျပာခဲ့ဖူးပါတယ္။

Photo: jimin/ Instagram

“Just One Day” ပရိုမိုးရွင္းပြဲမွာေတာ့ Jimin ဟာ သံေခ်းတက္ၿပီး နဲ့ေနတဲ့ ခုံတစ္လုံးကို ေတြ႕သြားပါတယ္။ ပရိသတ္ေတြလာတဲ့အခါ ျပဳတ္က်ၿပီး ဒဏ္ရာရမွာစိုးလို႔ ခုံေတြကို ေသခ်ာစစ္ေဆးၿပီး ခုံအသစ္ေတြနဲ႔ လဲခိုင္းခဲ့တာက ARMY ေတြအေပၚထားတဲ့ သူ႔ရဲ႕အခ်စ္လို႔ ေျပာရမွာပါ။

ARMY လည္ဆြဲကို အခ်ိန္အၾကာႀကီး ဆြဲထားခဲ့သူျဖစ္ေပမယ့္ အဲ့ဒီ့လည္ဆြဲေလး ေပ်ာက္သြားလို႔ ေနာက္တစ္ခုနဲ႔ အစားထိုး ဆြဲရတဲ့အခါမွာေတာ့ စိတ္မေကာင္းျဖစ္ရတဲ့အေၾကာင္း ေျပာခဲ့ပါေသးတယ္။ Jimin ဟာ ARMY ေတြက သူ႔ကိုစိတ္ပူမွာကို မလိုလားဘဲ ARMY ေတြအေနနဲ႔ ကိုယ့္ကိုယ္ကိုသာ ေကာင္းေကာင္းဂရုစိုက္ဖို႔ တဖြဖြ မွာၾကားတတ္သူပါ။

ဒါကေတာ့ BTS အဖြဲ႕က Jimin ရဲ႕ အခ်ိဳ႕ေသာ အေၾကာင္းအရာေလးေတြပါ။ ဖတ္ၿပီးေတာ့ ခံစားရရင္ေတာ့ အျခား ARMY ေတြ သိရဖို႔ ရွဲေပးလိုက္ပါဦးေနာ္။

Xei

RELATED ARTICLES

Most Popular