HomeCelebs Update NewsKoreaGirls' Generation (၁၃)နှစ်ပြည့်မှာ ပြန်ဆုံဖြစ်ခဲ့ကြတဲ့ အဖွဲ့ဝင်များ

Girls’ Generation (၁၃)နှစ်ပြည့်မှာ ပြန်ဆုံဖြစ်ခဲ့ကြတဲ့ အဖွဲ့ဝင်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

နာမည်ကျော် အမျိုးသမီးကေပေါ့ပ်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Girls’ Generation ဟာ ပွဲထွက်ပြီး(၁၃)နှစ်မြောက် အထိမ်းအမှတ်နဲ့ အဖွဲ့ဝင် Tiffany ရဲ့မွေးနေ့ကို ကျင်းပဖို့အတွက် အဖွဲ့ဝင်ရှစ်ယောက်လုံး စုံစုံညီညီ ပြန်လည်ဆုံတွေ့ခဲ့ကြပါတယ်။

အဖွဲ့ဝင် အလှပဂေးတွေအားလုံးဟာ အနက်ရောင်ဆင်တူ ဝတ်ဆင်ထားကြပြီး နှုတ်ခမ်းနီ အရောင်တောက်တောက်ကို ခြယ်သကာ Tiffany ရဲ့ (၃၁)နှစ်မြောက်မွေးနေ့နဲ့အတူ အဖွဲ့ရဲ့ အထိမ်းအမှတ်နေ့ကိုပါ ပူးတွဲကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။ အဖွဲ့ဝင်တစ်ယောက်ချင်းစီဟာ Girls’ Generation ကို တခဲနက်အားပေးလာခဲ့ကြတဲ့ SONE တွေကို နှုတ်ဆက်၊ ကျေးဇူးတင်စကားတွေ ပြောကြားထားပြီး အဖွဲ့ရဲ့အထိမ်းအမှတ်အဖြစ် နှစ်စဉ် ဆုံတွေ့ပြီး ကျင်းပရတာကိုလည်း ပျော်ရွှင်ဝမ်းမြောက်ကြောင်း ဆိုထားကြပါတယ်။

Photo: yoona__lim/ Instagram

“မင်္ဂလာပါ။ Girl’s Generation အဖွဲ့ကပါ။ ကျွန်မတို့အဖွဲ့ရဲ့ (၁၃)နှစ်ပြည့် အထိမ်းအမှတ်နေ့မှာ ဂုဏ်ယူမိပါတယ်။ ဩဂုတ်လတိုင်းမှာ အားလုံးပြန်ဆုံကြရလို့ သိပ်ကိုဝမ်းသာမိပါတယ်။ ရင်ထဲမှာလည်း အရမ်းခံစားရပါတယ်။ အားလုံးပြန်ဆုံကြရတာ သိပ်ကိုကောင်းပါတယ်။ ပျော်ရွှင်စရာ (၁၃)နှစ်ပြည့် နေ့ရက်လေး ဖြစ်ပါစေလို့ ဆုတောင်းချင်ပါတယ်။ ပရိသတ်တွေအားလုံးကို ချစ်ပါတယ်။ လွမ်းလည်း လွမ်းပါတယ်… ” လို့ အဖွဲ့ရဲ့ နှုတ်ဆက်ဗွီဒီယိုမှာ ဆိုထားကြပါတယ်။

ဒါ့အပြင် အဖွဲ့ဝင်တစ်ယောက်ချင်းစီကလည်း စောင့်မျှော်နေကြတဲ့ ပရိသတ်တွေဆီကို သူတို့ရဲ့ အင်စတာဂရမ်အကောင့်တွေကနေတစ်ဆင့် ချစ်ခြင်းနဲ့ ပျော်ရွှင်မှုတွေ မျှဝေထားကြပါသေးတယ်။

Photo: snsd_smentown/ Instagram

Tiffany ကတော့ “ပြီးခဲ့တဲ့ (၁၃)ခုမြောက် နွေရာသီမှာ ဖယောင်းတိုင်မီးလေးတွေ မှုတ်ရင်း ကျွန်မဘဝထဲကို သူတို့တစ်ယောက်ချင်းစီကို ပို့ဆောင်ပေးခဲ့တဲ့ ဘုရားသခင်ကို ကျေးဇူးတင်ခဲ့ရပါတယ်။ ဘယ်လိုတွေ ဝေးနေကြပါစေ၊ ဘယ်လောက်ပဲ အချိန်တွေ ကြာလာပါစေ၊ တွေ့ပြီဆိုတာနဲ့ ချက်ချင်းပဲ နွေးထွေးချစ်ခင်သွားကြတဲ့ ခံစားမှုကို အမြဲခံစားရတယ်။ ကျွန်မတို့အတူ လျှောက်လှမ်းခဲ့ကြတဲ့ ခရီးရှည်ကြီးနဲ့အတူ အထူးသဖြင့် ညီအစ်မတွေလို ဘဝမျိုးကို ရရှိထားလို့ သိပ်ဝမ်းသာပျော်ရွှင်တယ်။ ဒီလို အံ့ဩစရာအမျိုးသမီးတွေကို ရရှိထားပြီး နှစ်တိုင်း အတူတူ သန်မာလာကြတာ၊ ပိုရင့်ကျက်လာကြတာမို့ ဘုရားသခင် စောင့်ရှောက်မှုကို အမြဲခံစားရပါတယ်။ ခြွင်းချက်မရှိ ချစ်ပေးကြပြီး ယုံကြည်ပေးကြတဲ့အတွက် ရင်ထဲ၊အသည်းထဲကနေ ကျေးဇူးတင်ပါတယ်… ” လို့ ဆိုထားပါတယ်။

Photo: snsd_smentown/ Instagram

Taeyeon ကလည်း “Girls’ Generation ရဲ့ (၁၃)နှစ်မြောက် အထိမ်းအမှတ်လေးပါ။ ကျွန်မတို့နဲ့အတူ အချိန်အကြာကြီး အတူတူ လိုက်လာပေးတဲ့ SONE တွေနဲ့ ချစ်ရတဲ့ အဖွဲ့ဝင်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မ ပြန်ဆင်ခြင်သုံးသပ်မိတော့ ကျွန်မဘေးနားမှာ ဒီလိုလူတွေ အများကြီးဝန်းရံပေးနေကြပြီး ခံစားရသမျှအားလုံးကို တစ်ယောက်စီတိုင်းနဲ့ မျှဝေခွင့်ရနေတာကို သတိထားမိတယ်။ တကယ်ကို သူတို့အားလုံးဟာ အဖိုးမဖြတ်နိုင်ပါဘူး။ အဲ့ဒီ့အတွက် ကျေးဇူးလည်း တင်ရပါတယ်။ Girls’ Generation ဟာ ဘယ်တော့မှ ပြီးဆုံးသွားမှာ မဟုတ်ပါဘူး။ ဒါကြောင့် တူတူဆက်ရှိကြမယ့် လာမယ့်နေ့ရက်တွေကိုလည်း ပျော်ရွှင်စွာ စောင့်ကြိုလိုက်ကြရအောင်။ ပျော်ပျော်နေလိုက်ကြရအောင် SONE တို့ရေ …” လို့ သူမရဲ့ IG မှာ ရေးထားပါတယ်။

Hyoyeon ကတော့ “ကျွန်မတို့ဟာ တစ်ယောက်ချင်းစီရဲ့ နှလုံးသားတွေနဲ့ ဆန္ဒပြင်းပြမှုတွေကို ရရှိထားလို့ အဖွဲ့အပေါ်ထားတဲ့ မျှော်မှန်းချက်တွေထက် ပိုပြီးရရှိနိုင်ခဲ့တာလို့ ယုံကြည်ပါတယ်။ ပြီးတော့ ကျွန်မတို့ SONE တွေရဲ့ ယုံကြည်မှုနဲ့ အချစ်တွေကြောင့်လည်း ပါပါတယ်။ (၁၃)နှစ်ပြည့်နေ့လေးကို ဂုဏ်ယူပါတယ်… ” လို့ ဆိုထားပါတယ်။

Photo: snsd_smentown/ Instagram

Seohyun ကလည်း “ကျွန်မတို့အတူတူ လက်တွဲလာကြတာ ဒီနေ့က (၁၃)နှစ်ပြည့်သွားပြီတဲ့။ ကျွန်မဘဝရဲ့ အတောက်ပဆုံးအချိန်တွေဟာ unnie တွေနဲ့ အတူရှိချိန်ရယ်၊ SONE တွေနဲ့ အတူရှိရချိန်တွေပါပဲ။ ကျေးဇူးတင်ပါတယ်။ အရမ်းလည်းချစ်ပါတယ်။ ထာဝရအထိ အတူတူ ဆက်ရှိနေကြရအောင်… ” လို့ ဖွင့်ဟထားပါတယ်။

Sooyoung ကလည်း သူမရဲ့ခံစားချက်ကို အခုလို ပြောပြထားပါသေးတယ်။ “နွေရာသီ(၁၃)ခုကို အတူတူ ဖြတ်ကျော်ပြီးကြပါပြီ။ ကျွန်မဘေးမှာ ရပ်တည်ပေးမယ့်သူတွေ အခုထိရှိနေသေးလို့ ကျေးဇူးတင်မိပါတယ်။ အချိန်အကြာကြီးနေမှ နှုတ်ဆက်လိုက်တဲ့ ကျွန်မတို့ရဲ့နှုတ်ဆက်စကားတွေကြောင့် လွမ်းနေရတဲ့ ပရိသတ်တွေ အလွမ်းပြေမယ်လို့ ထင်ပါတယ်။ Girl’s Generation ကို ရှေ့လာမယ့်နှစ်တွေအထိ ချစ်သွားပေးကြပါ… ” လို့ ဆိုထားတာပါ။

Photo: snsd_smentown/ Instagram

Sunny ကလည်း “ကျွန်မတို့ရဲ့ (၁၃)နှစ်ပြည့်နေ့လေးအတွက် ဂုဏ်ယူမိပါတယ်။ အားပေးကြတဲ့ SONE တွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေရဲ့ကျေးဇူးနဲ့ အကြမ်းတမ်းဆုံးလမ်းတွေကိုတောင် ပျော်ရွှင်ကျေနပ်စွာနဲ့ လျှောက်လှမ်းနိုင်ခဲ့ပါတယ်။ ကျွန်မတို့နဲ့အတူတူ ရှိနေပေးကြပါဦး။ Girls’ Generation အဖွဲ့ နောက်ထပ်နှစ်တွေအများကြီး ဆက်လက်လျှောက်လှမ်းနိုင်ပါစေ… ” လို့ ဆိုထားပါတယ်။

Yuri ကတော့ “Girls’ Generation ဆိုတဲ့နာမည်နဲ့ SONE လေးတွေရဲ့ မေတ္တာရိပ်အောက်မှာ ကျွန်မဘဝရဲ့ ငယ်ရွယ်မှုတွေကို အတောက်ပဆုံး ဖြစ်ခွင့်ရခဲ့လို့ အဖွဲ့ဝင်တွေအားလုံးကိုရော၊ ပရိသတ်တွေကိုရော ကျေးဇူးတင်ပါတယ်။ အခုမှ (၁၃)နှစ်ပဲ ရှိပါသေးတယ်။ နောက်ထပ် နှစ်(၂၀)၊ နှစ်(၃၀)တွေအထိလည်း အတူတူဆက်သွားနိုင်ကြဖို့ ကျွန်မတို့ရဲ့လက်ကို ဘယ်တော့မှ မလွှတ်လိုက်ပါနဲ့လို့ ပြောလိုက်ပါရစေ… ” လို့ ဖွင့်ဟထားပါတယ်။

Photo: snsd_smentown/ Instagram

Yoona ကလည်း “(၁၃)နှစ်ပြည့်နေ့လေးကို အတူတူဆုံပြီး ချိုမြိန်တဲ့ အမှတ်တရလေးတွေ ဖန်တီးနိုင်ခဲ့လို့ ကျေးဇူးတင်ပါတယ်။ Girls’ Generation နဲ့ SONE ဆိုတာ အမြဲတမ်း တစ်ခုတည်း အတူတူပါပဲ… ” လို့ ဆိုထားပါတယ်။

ပရိသတ်တွေ ချစ်ကြတဲ့ Girls’ Generation အဖွဲ့လည်း နောက်ထပ်နှစ်များစွာတိုင် အောင်မြင်မှုတွေနဲ့ ရပ်တည်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

LaNina
(Zawgyi Version)

နာမည္ေက်ာ္ အမ်ိဳးသမီးေကေပါ့ပ္အဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ Girls’ Generation ဟာ ပြဲထြက္ၿပီး(၁၃)ႏွစ္ေျမာက္ အထိမ္းအမွတ္နဲ႔ အဖြဲ႕ဝင္ Tiffany ရဲ႕ေမြးေန႔ကို က်င္းပဖို႔အတြက္ အဖြဲ႕ဝင္ရွစ္ေယာက္လုံး စုံစုံညီညီ ျပန္လည္ဆုံေတြ႕ခဲ့ၾကပါတယ္။

အဖြဲ႕ဝင္ အလွပေဂးေတြအားလုံးဟာ အနက္ေရာင္ဆင္တူ ဝတ္ဆင္ထားၾကၿပီး ႏႈတ္ခမ္းနီ အေရာင္ေတာက္ေတာက္ကို ျခယ္သကာ Tiffany ရဲ႕ (၃၁)ႏွစ္ေျမာက္ေမြးေန႔နဲ႔အတူ အဖြဲ႕ရဲ႕ အထိမ္းအမွတ္ေန႔ကိုပါ ပူးတြဲက်င္းပခဲ့ၾကတာ ျဖစ္ပါတယ္။ အဖြဲ႕ဝင္တစ္ေယာက္ခ်င္းစီဟာ Girls’ Generation ကို တခဲနက္အားေပးလာခဲ့ၾကတဲ့ SONE ေတြကို ႏႈတ္ဆက္၊ ေက်းဇူးတင္စကားေတြ ေျပာၾကားထားၿပီး အဖြဲ႕ရဲ႕အထိမ္းအမွတ္အျဖစ္ ႏွစ္စဥ္ ဆုံေတြ႕ၿပီး က်င္းပရတာကိုလည္း ေပ်ာ္႐ႊင္ဝမ္းေျမာက္ေၾကာင္း ဆိုထားၾကပါတယ္။

Photo: yoona__lim/ Instagram

“မဂၤလာပါ။ Girl’s Generation အဖြဲ႕ကပါ။ ကြၽန္မတို႔အဖြဲ႕ရဲ႕ (၁၃)ႏွစ္ျပည့္ အထိမ္းအမွတ္ေန႔မွာ ဂုဏ္ယူမိပါတယ္။ ဩဂုတ္လတိုင္းမွာ အားလုံးျပန္ဆုံၾကရလို႔ သိပ္ကိုဝမ္းသာမိပါတယ္။ ရင္ထဲမွာလည္း အရမ္းခံစားရပါတယ္။ အားလုံးျပန္ဆုံၾကရတာ သိပ္ကိုေကာင္းပါတယ္။ ေပ်ာ္႐ႊင္စရာ (၁၃)ႏွစ္ျပည့္ ေန႔ရက္ေလး ျဖစ္ပါေစလို႔ ဆုေတာင္းခ်င္ပါတယ္။ ပရိသတ္ေတြအားလုံးကို ခ်စ္ပါတယ္။ လြမ္းလည္း လြမ္းပါတယ္… ” လို႔ အဖြဲ႕ရဲ႕ ႏႈတ္ဆက္ဗြီဒီယိုမွာ ဆိုထားၾကပါတယ္။

ဒါ့အျပင္ အဖြဲ႕ဝင္တစ္ေယာက္ခ်င္းစီကလည္း ေစာင့္ေမွ်ာ္ေနၾကတဲ့ ပရိသတ္ေတြဆီကို သူတို႔ရဲ႕ အင္စတာဂရမ္အေကာင့္ေတြကေနတစ္ဆင့္ ခ်စ္ျခင္းနဲ႔ ေပ်ာ္႐ႊင္မႈေတြ မွ်ေဝထားၾကပါေသးတယ္။

Photo: snsd_smentown/ Instagram

Tiffany ကေတာ့ “ၿပီးခဲ့တဲ့ (၁၃)ခုေျမာက္ ေႏြရာသီမွာ ဖေယာင္းတိုင္မီးေလးေတြ မႈတ္ရင္း ကြၽန္မဘဝထဲကို သူတို႔တစ္ေယာက္ခ်င္းစီကို ပို႔ေဆာင္ေပးခဲ့တဲ့ ဘုရားသခင္ကို ေက်းဇူးတင္ခဲ့ရပါတယ္။ ဘယ္လိုေတြ ေဝးေနၾကပါေစ၊ ဘယ္ေလာက္ပဲ အခ်ိန္ေတြ ၾကာလာပါေစ၊ ေတြ႕ၿပီဆိုတာနဲ႔ ခ်က္ခ်င္းပဲ ေႏြးေထြးခ်စ္ခင္သြားၾကတဲ့ ခံစားမႈကို အၿမဲခံစားရတယ္။ ကြၽန္မတို႔အတူ ေလွ်ာက္လွမ္းခဲ့ၾကတဲ့ ခရီးရွည္ႀကီးနဲ႔အတူ အထူးသျဖင့္ ညီအစ္မေတြလို ဘဝမ်ိဳးကို ရရွိထားလို႔ သိပ္ဝမ္းသာေပ်ာ္႐ႊင္တယ္။ ဒီလို အံ့ဩစရာအမ်ိဳးသမီးေတြကို ရရွိထားၿပီး ႏွစ္တိုင္း အတူတူ သန္မာလာၾကတာ၊ ပိုရင့္က်က္လာၾကတာမို႔ ဘုရားသခင္ ေစာင့္ေရွာက္မႈကို အၿမဲခံစားရပါတယ္။ ႁခြင္းခ်က္မရွိ ခ်စ္ေပးၾကၿပီး ယုံၾကည္ေပးၾကတဲ့အတြက္ ရင္ထဲ၊အသည္းထဲကေန ေက်းဇူးတင္ပါတယ္… ” လို႔ ဆိုထားပါတယ္။

Photo: snsd_smentown/ Instagram

Taeyeon ကလည္း “Girls’ Generation ရဲ႕ (၁၃)ႏွစ္ေျမာက္ အထိမ္းအမွတ္ေလးပါ။ ကြၽန္မတို႔နဲ႔အတူ အခ်ိန္အၾကာႀကီး အတူတူ လိုက္လာေပးတဲ့ SONE ေတြနဲ႔ ခ်စ္ရတဲ့ အဖြဲ႕ဝင္ေတြအားလုံးကို ေက်းဇူးတင္ပါတယ္။ ကြၽန္မ ျပန္ဆင္ျခင္သုံးသပ္မိေတာ့ ကြၽန္မေဘးနားမွာ ဒီလိုလူေတြ အမ်ားႀကီးဝန္းရံေပးေနၾကၿပီး ခံစားရသမွ်အားလုံးကို တစ္ေယာက္စီတိုင္းနဲ႔ မွ်ေဝခြင့္ရေနတာကို သတိထားမိတယ္။ တကယ္ကို သူတို႔အားလုံးဟာ အဖိုးမျဖတ္ႏိုင္ပါဘူး။ အဲ့ဒီ့အတြက္ ေက်းဇူးလည္း တင္ရပါတယ္။ Girls’ Generation ဟာ ဘယ္ေတာ့မွ ၿပီးဆုံးသြားမွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ တူတူဆက္ရွိၾကမယ့္ လာမယ့္ေန႔ရက္ေတြကိုလည္း ေပ်ာ္႐ႊင္စြာ ေစာင့္ႀကိဳလိုက္ၾကရေအာင္။ ေပ်ာ္ေပ်ာ္ေနလိုက္ၾကရေအာင္ SONE တို႔ေရ …” လို႔ သူမရဲ႕ IG မွာ ေရးထားပါတယ္။

Hyoyeon ကေတာ့ “ကြၽန္မတို႔ဟာ တစ္ေယာက္ခ်င္းစီရဲ႕ ႏွလုံးသားေတြနဲ႔ ဆႏၵျပင္းျပမႈေတြကို ရရွိထားလို႔ အဖြဲ႕အေပၚထားတဲ့ ေမွ်ာ္မွန္းခ်က္ေတြထက္ ပိုၿပီးရရွိႏိုင္ခဲ့တာလို႔ ယုံၾကည္ပါတယ္။ ၿပီးေတာ့ ကြၽန္မတို႔ SONE ေတြရဲ႕ ယုံၾကည္မႈနဲ႔ အခ်စ္ေတြေၾကာင့္လည္း ပါပါတယ္။ (၁၃)ႏွစ္ျပည့္ေန႔ေလးကို ဂုဏ္ယူပါတယ္… ” လို႔ ဆိုထားပါတယ္။

Photo: snsd_smentown/ Instagram

Seohyun ကလည္း “ကြၽန္မတို႔အတူတူ လက္တြဲလာၾကတာ ဒီေန႔က (၁၃)ႏွစ္ျပည့္သြားၿပီတဲ့။ ကြၽန္မဘဝရဲ႕ အေတာက္ပဆုံးအခ်ိန္ေတြဟာ unnie ေတြနဲ႔ အတူရွိခ်ိန္ရယ္၊ SONE ေတြနဲ႔ အတူရွိရခ်ိန္ေတြပါပဲ။ ေက်းဇူးတင္ပါတယ္။ အရမ္းလည္းခ်စ္ပါတယ္။ ထာဝရအထိ အတူတူ ဆက္ရွိေနၾကရေအာင္… ” လို႔ ဖြင့္ဟထားပါတယ္။

Sooyoung ကလည္း သူမရဲ႕ခံစားခ်က္ကို အခုလို ေျပာျပထားပါေသးတယ္။ “ေႏြရာသီ(၁၃)ခုကို အတူတူ ျဖတ္ေက်ာ္ၿပီးၾကပါၿပီ။ ကြၽန္မေဘးမွာ ရပ္တည္ေပးမယ့္သူေတြ အခုထိရွိေနေသးလို႔ ေက်းဇူးတင္မိပါတယ္။ အခ်ိန္အၾကာႀကီးေနမွ ႏႈတ္ဆက္လိုက္တဲ့ ကြၽန္မတို႔ရဲ႕ႏႈတ္ဆက္စကားေတြေၾကာင့္ လြမ္းေနရတဲ့ ပရိသတ္ေတြ အလြမ္းေျပမယ္လို႔ ထင္ပါတယ္။ Girl’s Generation ကို ေရွ႕လာမယ့္ႏွစ္ေတြအထိ ခ်စ္သြားေပးၾကပါ… ” လို႔ ဆိုထားတာပါ။

Photo: snsd_smentown/ Instagram

Sunny ကလည္း “ကြၽန္မတို႔ရဲ႕ (၁၃)ႏွစ္ျပည့္ေန႔ေလးအတြက္ ဂုဏ္ယူမိပါတယ္။ အားေပးၾကတဲ့ SONE ေတြအားလုံးကိုလည္း ေက်းဇူးတင္ပါတယ္။ ပရိသတ္ေတြရဲ႕ေက်းဇူးနဲ႔ အၾကမ္းတမ္းဆုံးလမ္းေတြကိုေတာင္ ေပ်ာ္႐ႊင္ေက်နပ္စြာနဲ႔ ေလွ်ာက္လွမ္းႏိုင္ခဲ့ပါတယ္။ ကြၽန္မတို႔နဲ႔အတူတူ ရွိေနေပးၾကပါဦး။ Girls’ Generation အဖြဲ႕ ေနာက္ထပ္ႏွစ္ေတြအမ်ားႀကီး ဆက္လက္ေလွ်ာက္လွမ္းႏိုင္ပါေစ… ” လို႔ ဆိုထားပါတယ္။

Yuri ကေတာ့ “Girls’ Generation ဆိုတဲ့နာမည္နဲ႔ SONE ေလးေတြရဲ႕ ေမတၱာရိပ္ေအာက္မွာ ကြၽန္မဘဝရဲ႕ ငယ္႐ြယ္မႈေတြကို အေတာက္ပဆုံး ျဖစ္ခြင့္ရခဲ့လို႔ အဖြဲ႕ဝင္ေတြအားလုံးကိုေရာ၊ ပရိသတ္ေတြကိုေရာ ေက်းဇူးတင္ပါတယ္။ အခုမွ (၁၃)ႏွစ္ပဲ ရွိပါေသးတယ္။ ေနာက္ထပ္ ႏွစ္(၂၀)၊ ႏွစ္(၃၀)ေတြအထိလည္း အတူတူဆက္သြားႏိုင္ၾကဖို႔ ကြၽန္မတို႔ရဲ႕လက္ကို ဘယ္ေတာ့မွ မလႊတ္လိုက္ပါနဲ႔လို႔ ေျပာလိုက္ပါရေစ… ” လို႔ ဖြင့္ဟထားပါတယ္။

Photo: snsd_smentown/ Instagram

Yoona ကလည္း “(၁၃)ႏွစ္ျပည့္ေန႔ေလးကို အတူတူဆုံၿပီး ခ်ိဳၿမိန္တဲ့ အမွတ္တရေလးေတြ ဖန္တီးႏိုင္ခဲ့လို႔ ေက်းဇူးတင္ပါတယ္။ Girls’ Generation နဲ႔ SONE ဆိုတာ အၿမဲတမ္း တစ္ခုတည္း အတူတူပါပဲ… ” လို႔ ဆိုထားပါတယ္။

ပရိသတ္ေတြ ခ်စ္ၾကတဲ့ Girls’ Generation အဖြဲ႕လည္း ေနာက္ထပ္ႏွစ္မ်ားစြာတိုင္ ေအာင္ျမင္မႈေတြနဲ႔ ရပ္တည္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

LaNina

 

 

RELATED ARTICLES

Most Popular