HomeCelebs Update NewsKoreaGoo Hara ရေးသားခဲ့တယ်လို့ ယူဆရတဲ့ မှတ်စုတစ်ခု ရဲတပ်ဖွဲ့က ရှာတွေ့ထား

Goo Hara ရေးသားခဲ့တယ်လို့ ယူဆရတဲ့ မှတ်စုတစ်ခု ရဲတပ်ဖွဲ့က ရှာတွေ့ထား

Goo Hara ကိုယ်တိုင် ရေးထားတယ်လို့ ယူဆဖွယ်ရာရှိတဲ့ မှတ်စုတစ်ခုကို ရှာဖွေတွေ့ရှိထားတယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ လက်ရှိမှာတော့ အဆိုပါ မှတ်စုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။

Goo Hara ဟာ နိုဝင်ဘာလ(၂၄)ရက်နေ့ ကိုရီးယားစံတော်ချိန် ညနေ(၆:၃၀)နာရီ အချိန်မှာ သူမရဲ့နေအိမ်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး လက်ရှိမှာ သူမရဲ့သေဆုံးမှုအကြောင်းရင်း အသေးစိတ်ကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။ ယနေ့ နိုဝင်ဘာလ(၂၅)ရက်နေ့မှာတော့ သူမ ကွယ်လွန်သွားတဲ့ နေအိမ်မှာပဲ သူမကိုယ်တိုင် ရေးသားထားခဲ့တယ်လို့ ယူဆစရာရှိတဲ့ မှတ်စုတစ်ခုကို ရှာဖွေတွေ့ရှိထားတယ်လို့ သိရပါတယ်။

Photo: koohara_ / Instagram

ရဲတပ်ဖွဲ့အနေနဲ့ အဆိုပါ မှတ်စုကို Goo Hara ကိုယ်တိုင် တကယ်ရေးသားထားတာ ဟုတ်မဟုတ်ဆိုတာနဲ့၊ သေတမ်းစာ ဟုတ်မဟုတ်ဆိုတာကို အတည်ပြုနိုင်ဖို့ အသေးစိတ် စစ်ဆေးရဦးမှာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ မှတ်စုရဲ့ အချို့သောနေရာတွေဟာ သို့လော သို့လော ဒွိဟဖြစ်စရာတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ Goo Hara ရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး အကြောင်းရင်းကို ရှာဖွေစစ်ဆေးနေဆဲဖြစ်လို့ တစ်စုံတစ်ရာ ထုတ်ပြန်ကြေငြာခြင်း မရှိသေးပါဘူး။

Goo Hara ဟာ စိတ်ကျရောဂါကို ခံစားနေရတယ်လို့ ယူဆဖွယ်ရာရှိပြီး အသက်(၂၈)နှစ်ပြည့်ဖို့ လအနည်းငယ်အလိုမှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

LaNina

Ref: koreaboo

(ဆံရစ်ဝိုင်းမီဒီယာမှ တင်ဆက်သော ကိုယ်တိုင်ရေး (သို့မဟုတ်) ဘာသာပြန်သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက်တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့၏အကျိုးစီးပွားအတွက် အခြားသော မီဒီယာစာမျက်နှာများပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းများ မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular