HomeCelebs Update NewsKoreaမိခင္အေပၚ ရိုင္းပ်လို႔ ခင္ပြန္းသည္ရဲ႕ Chat History ေတြကို SS ရိုက္တင္လိုက္တဲ့ Goo Hye Sun

မိခင္အေပၚ ရိုင္းပ်လို႔ ခင္ပြန္းသည္ရဲ႕ Chat History ေတြကို SS ရိုက္တင္လိုက္တဲ့ Goo Hye Sun

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

မင္းသမီးေခ်ာ Goo Hye Sun နဲ႔ Ahn Jae Hyun တို႔ရဲ႕ အိမ္ေထာင္ေရးကေတာ့ အမ်ားအျမင္မွာ ထင္မွတ္ထားသလိုမ်ိဳး မဟုတ္ခဲ့ပါဘူး။ စိတ္ေျပာင္းသြားတဲ့ ခင္ပြန္းသည္က ပ်င္းရိၿငီးေငြ႕လာတာေၾကာင့္ ကြာရွင္းခြင့္ေတာင္းေနတဲ့အေၾကာင္းကို Goo Hye Sun က သူမရဲ႕ Instagram အေကာင့္မွာ ပို႔စ္တင္ၿပီး ေျပာျပခဲ့ပါတယ္။ ဒါ့အျပင္ ကတိမတည္တဲ့ ခင္ပြန္းသည္ေၾကာင့္ Goo Hye Sun ရဲ႕ မိခင္ျဖစ္သူက ရုတ္တရက္ က်န္းမာေရး ခ်ိဳ႕ယြင္းေဖာက္ျပန္လာတဲ့အတြက္ လင္မယားႏွစ္ေယာက္ၾကားမွာ ေျပာထားတဲ့ Chat History ေတြကို ss ရိုက္ၿပီး တင္လိုက္တာ ျဖစ္ပါတယ္။ SS အရ ေရးထားတဲ့ ကိုရီးယားစာေတြရဲ႕ ဘာသာျပန္ကေတာ့ ေအာက္ပါအတိုင္းပဲ ျဖစ္ပါတယ္။

Photo: @kookoo900 Instagram

Ahn Jae Hyun : ငါ့ဘက္က ရွင္းလင္းခ်က္ ထုတ္ျပန္ဖို႔ ေရွ႕အပတ္မွာ သတင္းစာရွင္းလင္းပြဲလုပ္မယ့္အေၾကာင္း New Journey to the West အဖြဲ႕သားေတြကို တစ္ေန႔က ေျပာလိုက္တယ္။ လြန္ခဲ့တဲ့ သုံးရက္က မင္း ငါ့ကို ေပးထားတဲ့ ကြာရွင္းမယ့္ စာရြက္စာတမ္းေတြေရာပဲ။

Goo Hye Sun : ေရွ႕တစ္ပတ္မွာ မလုပ္ပါနဲ႔ဦး။ အေမ စိတ္အဆင္သင့္ျဖစ္မွ လုပ္ပါ။

Goo Hye Sun : ငါ့အတြက္ေတာ့ ငါ့အေမက အဲ့ဒီ့ဇာတ္လမ္းတြဲထက္ ပိုအေရးႀကီးတယ္။

Ahn Jae Hyun : ဒါက သေဘာတူထားၿပီးသားေလ။ စာရြက္စာတမ္းကိစၥေတြပဲ က်န္ေတာ့တဲ့ဟာကို။ အခု မင္းအေမနဲ႔ ေတြ႕စရာမလိုေတာ့ဘူးလို႔ ငါေတာ့ ထင္တာပဲ။ ငါကေတာ့ လုပ္စရာရိွတာကို ေရွ႕ဆက္လုပ္ျဖစ္လိမ့္မယ္ ထင္တယ္။

Photo: @kookoo900 Instagram

Ahn Jae Hyun : မင္းအေမကို ငါ ဖုန္းမဆက္ခဲ့တာလည္း မဟုတ္ဘူးေလ။

Goo Hye Sun : အေမနဲ႔ေတြ႕မယ္လို႔ နင္ပဲေျပာတာေလ။ နင္ေတြ႕မယ္ဆို ငါ့ကိုေျပာ။

Goo Hye Sun : နင္ ငါနဲ႔ လက္ထပ္ခ်င္တုန္းက အေမ့ဆီက ခြင့္ေတာင္းခဲ့တယ္ေလ။ အခု ကြာရွင္းခ်င္ရင္လည္း သူ႔ဆီက ခြင့္ျပဳခ်က္ကို အရင္ေတာင္းေပါ့။ ေက်းဇူးျပဳၿပီး ဒီတာ၀န္ေလးေတာ့ ယူေပးပါ။ စာရြက္စာတမ္းေတြက ေနာက္မွ လုပ္လို႔ရတယ္။ ဘာမွခက္ခဲတာ မရိွဘူး။

Ahn Jae Hyun : အဲ့လိုနဲ႔ ၿပီးမွာမဟုတ္ေတာ့ဘူး။ မင္းအေမက အလုပ္မ်ားေနမွာပဲ။ ငါလည္း အလုပ္မ်ားတယ္။ ငါ့အစီအစဥ္အတိုင္းပဲ အရင္သြားမယ္။ ၿပီးမွ မင္းအေမဆီ လာခဲ့မယ္။

Goo Hye Sun : အဲ့ေတာ့ နင့္အလုပ္က ငါ့အေမထက္ အေရးႀကီးေနတာလား?

Goo Hye Sun : ေျပာရဲတယ္ေနာ္။ ရွက္စရာေကာင္းလိုက္တာ။

Ahn Jae Hyun : မင္းအေမဆီ ဖုန္းဆက္လိုက္မယ္။

Ahn Jae Hyun : မင္းအေမနဲ႔ လူခ်င္းေတြ႕ရင္ေတာင္ ေျပာစရာစကား ရိွပါ့မလား မသိဘူး။

Photo: @kookoo900 Instagram

Goo Hye Sun : နင့္အေနနဲ႔ တာ၀န္ေလးေတာ့ ယူသင့္တယ္။ ဒါေလာက္ေလးနဲ႔ တစ္ကိုယ္ေကာင္းဆန္ျပေနရင္ ငါကလည္း သည္းခံေနမွာ မဟုတ္ေတာ့ဘူး။

Goo Hye Sun : ငါ့အေမနဲ႔ လူကိုယ္တိုင္ေတြ႕ၿပီး ေတာင္းပန္ဖို႔ လိုအပ္တယ္။

Goo Hye Sun : လက္ထပ္တုန္းက နင္ေပးခဲ့တဲ့ကတိကို မထိန္းသိမ္းႏိုင္တဲ့အေၾကာင္း ေျပာျပၿပီးေတာင္းပန္။

Goo Hye Sun : အခုက ဘာအေရးႀကီးတဲ့ အလုပ္ေတြ ရိွေနလို႔လဲ? နင့္အလုပ္ေတြက ငါ့အေမနဲ႔ ေတြ႕ၿပီး ေတာင္းပန္ဖို႔ထက္ အေရးႀကီးတယ္လို႔ နင့္ပါးစပ္က ေျပာထြက္ရဲရင္ ငါကလည္း နင့္ကို လြယ္လြယ္နဲ႔ ေလွ်ာ႔ေပးလိုက္မယ္ မထင္နဲ႔။

https://www.instagram.com/p/B1QLEgDBwRz/

ဒါကေတာ့ Goo Hye Sun နဲ႔ Ahn Jae Hyun တို႔ၾကားမွာ အျပန္အလွန္ ေျပာထားတဲ့ စကားေတြပဲ ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ ၂၀၁၅ခုႏွစ္က ထြက္ရိွခဲ့တဲ့ Blood ဇာတ္လမ္းတြဲ ရိုက္ကြင္းမွာ ဆုံေတြ႕ခဲ့ၾကတာျဖစ္ၿပီး ႏွစ္ေယာက္သား တြဲေနတဲ့အေၾကာင္းကို ၂၀၁၆ခုႏွစ္ ဧၿပီလမွာ တရား၀င္ အသိေပးခဲ့ပါတယ္။ ဒီလုိနဲ႔ တစ္လအၾကာ ေမလမွာေတာ့ တရား၀င္ လက္ထပ္မွတ္ပုံတင္ စာရင္းသြင္းခဲ့ၾကပါတယ္။ သူတို႔ေမာင္ႏွံမွာ သားသမီးေတာ့ ထြန္းကားျခင္း မရိွခဲ့ပါဘူး။

Xei

Ref: koreaboo

(Unicode Version)

မင်းသမီးချော Goo Hye Sun နဲ့ Ahn Jae Hyun တို့ရဲ့ အိမ်ထောင်ရေးကတော့ အများအမြင်မှာ ထင်မှတ်ထားသလိုမျိုး မဟုတ်ခဲ့ပါဘူး။ စိတ်ပြောင်းသွားတဲ့ ခင်ပွန်းသည်က ပျင်းရိငြီးငွေ့လာတာကြောင့် ကွာရှင်းခွင့်တောင်းနေတဲ့အကြောင်းကို Goo Hye Sun က သူမရဲ့ Instagram အကောင့်မှာ ပို့စ်တင်ပြီး ပြောပြခဲ့ပါတယ်။ ဒါ့အပြင် ကတိမတည်တဲ့ ခင်ပွန်းသည်ကြောင့် Goo Hye Sun ရဲ့ မိခင်ဖြစ်သူက ရုတ်တရက် ကျန်းမာရေး ချို့ယွင်းဖောက်ပြန်လာတဲ့အတွက် လင်မယားနှစ်ယောက်ကြားမှာ ပြောထားတဲ့ Chat History တွေကို ss ရိုက်ပြီး တင်လိုက်တာ ဖြစ်ပါတယ်။ SS အရ ရေးထားတဲ့ ကိုရီးယားစာတွေရဲ့ ဘာသာပြန်ကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

Photo: @kookoo900 Instagram

Ahn Jae Hyun : ငါ့ဘက်က ရှင်းလင်းချက် ထုတ်ပြန်ဖို့ ရှေ့အပတ်မှာ သတင်းစာရှင်းလင်းပွဲလုပ်မယ့်အကြောင်း New Journey to the West အဖွဲ့သားတွေကို တစ်နေ့က ပြောလိုက်တယ်။ လွန်ခဲ့တဲ့ သုံးရက်က မင်း ငါ့ကို ပေးထားတဲ့ ကွာရှင်းမယ့် စာရွက်စာတမ်းတွေရောပဲ။

Goo Hye Sun : ရှေ့တစ်ပတ်မှာ မလုပ်ပါနဲ့ဦး။ အမေ စိတ်အဆင်သင့်ဖြစ်မှ လုပ်ပါ။

Goo Hye Sun : ငါ့အတွက်တော့ ငါ့အမေက အဲ့ဒီ့ဇာတ်လမ်းတွဲထက် ပိုအရေးကြီးတယ်။

Ahn Jae Hyun : ဒါက သဘောတူထားပြီးသားလေ။ စာရွက်စာတမ်းကိစ္စတွေပဲ ကျန်တော့တဲ့ဟာကို။ အခု မင်းအမေနဲ့ တွေ့စရာမလိုတော့ဘူးလို့ ငါတော့ ထင်တာပဲ။ ငါကတော့ လုပ်စရာရှိတာကို ရှေ့ဆက်လုပ်ဖြစ်လိမ့်မယ် ထင်တယ်။

Photo: @kookoo900 Instagram

Ahn Jae Hyun : မင်းအမေကို ငါ ဖုန်းမဆက်ခဲ့တာလည်း မဟုတ်ဘူးလေ။

Goo Hye Sun : အမေနဲ့တွေ့မယ်လို့ နင်ပဲပြောတာလေ။ နင်တွေ့မယ်ဆို ငါ့ကိုပြော။

Goo Hye Sun : နင် ငါနဲ့ လက်ထပ်ချင်တုန်းက အမေ့ဆီက ခွင့်တောင်းခဲ့တယ်လေ။ အခု ကွာရှင်းချင်ရင်လည်း သူ့ဆီက ခွင့်ပြုချက်ကို အရင်တောင်းပေါ့။ ကျေးဇူးပြုပြီး ဒီတာဝန်လေးတော့ ယူပေးပါ။ စာရွက်စာတမ်းတွေက နောက်မှ လုပ်လို့ရတယ်။ ဘာမှခက်ခဲတာ မရှိဘူး။

Ahn Jae Hyun : အဲ့လိုနဲ့ ပြီးမှာမဟုတ်တော့ဘူး။ မင်းအမေက အလုပ်များနေမှာပဲ။ ငါလည်း အလုပ်များတယ်။ ငါ့အစီအစဉ်အတိုင်းပဲ အရင်သွားမယ်။ ပြီးမှ မင်းအမေဆီ လာခဲ့မယ်။

Goo Hye Sun : အဲ့တော့ နင့်အလုပ်က ငါ့အမေထက် အရေးကြီးနေတာလား?

Goo Hye Sun : ပြောရဲတယ်နော်။ ရှက်စရာကောင်းလိုက်တာ။

Ahn Jae Hyun : မင်းအမေဆီ ဖုန်းဆက်လိုက်မယ်။

Ahn Jae Hyun : မင်းအမေနဲ့ လူချင်းတွေ့ရင်တောင် ပြောစရာစကား ရှိပါ့မလား မသိဘူး။

Photo: @kookoo900 Instagram

Goo Hye Sun : နင့်အနေနဲ့ တာဝန်လေးတော့ ယူသင့်တယ်။ ဒါလောက်လေးနဲ့ တစ်ကိုယ်ကောင်းဆန်ပြနေရင် ငါကလည်း သည်းခံနေမှာ မဟုတ်တော့ဘူး။

Goo Hye Sun : ငါ့အမေနဲ့ လူကိုယ်တိုင်တွေ့ပြီး တောင်းပန်ဖို့ လိုအပ်တယ်။

Goo Hye Sun : လက်ထပ်တုန်းက နင်ပေးခဲ့တဲ့ကတိကို မထိန်းသိမ်းနိုင်တဲ့အကြောင်း ပြောပြပြီးတောင်းပန်။

Goo Hye Sun : အခုက ဘာအရေးကြီးတဲ့ အလုပ်တွေ ရှိနေလို့လဲ? နင့်အလုပ်တွေက ငါ့အမေနဲ့ တွေ့ပြီး တောင်းပန်ဖို့ထက် အရေးကြီးတယ်လို့ နင့်ပါးစပ်က ပြောထွက်ရဲရင် ငါကလည်း နင့်ကို လွယ်လွယ်နဲ့ လျှော့ပေးလိုက်မယ် မထင်နဲ့။

https://www.instagram.com/p/B1QLEgDBwRz/

ဒါကတော့ Goo Hye Sun နဲ့ Ahn Jae Hyun တို့ကြားမှာ အပြန်အလှန် ပြောထားတဲ့ စကားတွေပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ ၂၀၁၅ခုနှစ်က ထွက်ရှိခဲ့တဲ့ Blood ဇာတ်လမ်းတွဲ ရိုက်ကွင်းမှာ ဆုံတွေ့ခဲ့ကြတာဖြစ်ပြီး နှစ်ယောက်သား တွဲနေတဲ့အကြောင်းကို ၂၀၁၆ခုနှစ် ဧပြီလမှာ တရားဝင် အသိပေးခဲ့ပါတယ်။ ဒီလိုနဲ့ တစ်လအကြာ မေလမှာတော့ တရားဝင် လက်ထပ်မှတ်ပုံတင် စာရင်းသွင်းခဲ့ကြပါတယ်။ သူတို့မောင်နှံမှာ သားသမီးတော့ ထွန်းကားခြင်း မရှိခဲ့ပါဘူး။

Xei

Ref: koreaboo

 

RELATED ARTICLES

Most Popular