HomeCelebs Update NewsKoreaAhn Jae Hyun ကို လုံး၀မခ်စ္ေတာ့ဘူးဆိုၿပီး ေဒါသေတြ ေဖာက္ခြဲလိုက္တဲ့ Goo Hye Sun

Ahn Jae Hyun ကို လုံး၀မခ်စ္ေတာ့ဘူးဆိုၿပီး ေဒါသေတြ ေဖာက္ခြဲလိုက္တဲ့ Goo Hye Sun

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Goo Hye Sun ဟာ ခင်ပွန်းဟောင်း Ahn Jae Hyun နဲ့ အိမ်ထောင်ရေးဘဝအကြောင်းနဲ့ သူနဲ့ပတ်သက်ပြီး အချစ်တွေ လုံးဝမရှိတော့တဲ့အကြောင်းကို IG မှာ ပို့စ်အသစ်တင်ပြီး ရင်ဖွင့်လိုက်ပြန်ပါပြီ။

လွန်ခဲ့တဲ့ နာရီပိုင်းအတွင်းကမှ တင်ထားတဲ့ပို့စ်မှာတော့ သူမရဲ့ ခံစားချက်မဲ့နေတဲ့ မျက်နှာပိုင်းပုံနဲ့အတူ Caption အရှည်ကြီးကို ရေးထားတာ တွေ့ရပါတယ်။ အဓိပ္ပာယ်အပြည့်အစုံကတော့ အောက်ပါအတိုင်းပါပဲ။

Photo: kookoo900/ Instagram

“အရမ်းထူးဆန်းပါတယ်။ သူဟာ ဘဝမှာ နေထိုင်ပြီး အိမ်ထောင်ရေးမှာလည်း သစ္စာမရှိခဲ့ပါဘူး။ သူဖောက်ပြန်တာကိုလည်း သံသယရှိပါတယ်။ လူတွေက သူ့ကိုအခုလိုဖြစ်အောင် ကျွန်မက လုပ်တာလို့ ထင်နေကြတယ်။ တကယ်တမ်းကလေ သူကမှ မူးလာရင် ကြမ်းတမ်းပြီး သောင်းကျန်းတာပါ။

အရိုးသားဆုံးပြောရရင် အိမ်အလုပ်တွေကြောင့် ကျွန်မ အရမ်းပင်ပန်းရပါတယ်။ အဲ့ဒါကြောင့်လည်း သူ့ကို သိပ်ပြီးဂရုမစိုက်နိုင် ဖြစ်ခဲ့တာတွေ ရှိပါတယ်။ သူ့ဘက်က သည်းခံစိတ်ရှည်ပေးလို့ ရရဲ့သားနဲ့ ကွာရှင်းမယ့်အကြောင်း နို့တစ်စာ ပို့တာကတော့ အရမ်းလွန်လွန်းတယ်လို့ ထင်ပါတယ်။ ကျွန်မ သူ့ကို သည်းညည်းခံခဲ့ပါတယ်။

ကွာရှင်းဖို့ကို ကုမ္ပဏီဘက်ကပါ အချိန်တွေအကြာကြီး ယူပြီး ကူညီပြင်ဆင်ပေးခဲ့တာတွေကို သိလာရတော့ သစ္စာဖောက်ခံရတဲ့ ဇနီးမယားတစ်ယောက်က ဘယ်လိုခံစားရမယ်ဆိုတာကို SNS ကနေတစ်ဆင့် မပြတ်တမ်း ပြသပေးချင်ပါတယ်။

Photo: kookoo900/ Instagram

သုံးနှစ်တာ အတူနေခဲ့တဲ့ ကာလအတွင်းမှာ ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်း မုန်းတီးနေခဲ့ကြတာ မဟုတ်ပါဘူး။ အချိန်တွေအကြာကြီး တစ်ယောက်နဲ့တစ်ယောက် ချစ်တဲ့စိတ်နဲ့ပဲ မြင်ပေးခဲ့ကြပြီး ပျော်ရွှင်ခဲ့ကြဖူးပါတယ်။ အဲ့ဒါကြောင့် အခုလိုကိစ္စဖြစ်လာတဲ့အခါ နားလည်ဖို့လည်း ခက်ခဲခဲ့ပါတယ်။ ကွာရှင်းခွင့်အတွက် တရားရေးရင်ဆိုင်မှုကတော့ ဆောင်ရွက်နေဆဲပါ။ ဒီ့အတွက် အချိန်တွေလည်း အကြာကြီး ကုန်ရဦးမှာပါ။

ကွာရှင်းဖို့ လုပ်နေတဲ့ကာလတစ်ခုလုံး ကျွန်မ သူ့ကို မုန်းနေခဲ့ပါတယ်။ ပြီးတော့ သူ့ကို ပျက်စီးစေချင်ပါတယ်။ အခုတော့ ကျွန်မရဲ့ဒေါသတွေကို ဖွင့်ထုတ်လိုက်ပါပြီ။ သူ့ကိုလည်း ဒီ IG မှာ လုံးဝမြင်ကြရတော့မှာ မဟုတ်ပါဘူး။

အကြောင်းကတော့ ကျွန်မ သူ့ကို လုံးဝမချစ်တော့လို့ပါပဲ။”

ဒါကတော့ Goo Hye Sun ရဲ့ IG ပို့စ်အသစ်က ဒေါသတွေ ဖွင့်ထုတ်ထားတဲ့အကြောင်းပဲ ဖြစ်ပါတယ်။ နှစ်ဘက်ဟာ အငြင်းပွားမှုများစွာနဲ့ ကွာရှင်းဖို့ကို ပြင်ဆင်နေကြပြီး လက်ရှိမှာလည်း အမုန်းမီးတွေ မငြိမ်းသေးဘဲ ဆက်လက်တောက်လောင်နေဆဲဆိုတာ တင်ပြရင်း …။

LaNina

Ref: koreaboo

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

Goo Hye Sun ဟာ ခင္ပြန္းေဟာင္း Ahn Jae Hyun နဲ႔ အိမ္ေထာင္ေရးဘ၀အေၾကာင္းနဲ႔ သူနဲ႔ပတ္သက္ၿပီး အခ်စ္ေတြ လုံး၀မရိွေတာ့တဲ့အေၾကာင္းကို IG မွာ ပုိ႔စ္အသစ္တင္ၿပီး ရင္ဖြင့္လိုက္ျပန္ပါၿပီ။

လြန္ခဲ့တဲ့ နာရီပိုင္းအတြင္းကမွ တင္ထားတဲ့ပုိ႔စ္မွာေတာ့ သူမရဲ႕ ခံစားခ်က္မဲ့ေနတဲ့ မ်က္ႏွာပိုင္းပုံနဲ႔အတူ Caption အရွည္ႀကီးကို ေရးထားတာ ေတြ႕ရပါတယ္။ အဓိပၸာယ္အျပည့္အစုံကေတာ့ ေအာက္ပါအတိုင္းပါပဲ။

Photo: kookoo900/ Instagram

“အရမ္းထူးဆန္းပါတယ္။ သူဟာ ဘ၀မွာ ေနထိုင္ၿပီး အိမ္ေထာင္ေရးမွာလည္း သစၥာမရိွခဲ့ပါဘူး။ သူေဖာက္ျပန္တာကိုလည္း သံသယရိွပါတယ္။ လူေတြက သူ႔ကိုအခုလိုျဖစ္ေအာင္ ကၽြန္မက လုပ္တာလို႔ ထင္ေနၾကတယ္။ တကယ္တမ္းကေလ သူကမွ မူးလာရင္ ၾကမ္းတမ္းၿပီး ေသာင္းက်န္းတာပါ။

အရိုးသားဆုံးေျပာရရင္ အိမ္အလုပ္ေတြေၾကာင့္ ကၽြန္မ အရမ္းပင္ပန္းရပါတယ္။ အဲ့ဒါေၾကာင့္လည္း သူ႔ကို သိပ္ၿပီးဂရုမစိုက္ႏိုင္ ျဖစ္ခဲ့တာေတြ ရိွပါတယ္။ သူ႔ဘက္က သည္းခံစိတ္ရွည္ေပးလို႔ ရရဲ႕သားနဲ႔ ကြာရွင္းမယ့္အေၾကာင္း ႏို႔တစ္စာ ပို႔တာကေတာ့ အရမ္းလြန္လြန္းတယ္လို႔ ထင္ပါတယ္။ ကၽြန္မ သူ႔ကို သည္းညည္းခံခဲ့ပါတယ္။

ကြာရွင္းဖို႔ကို ကုမၸဏီဘက္ကပါ အခ်ိန္ေတြအၾကာႀကီး ယူၿပီး ကူညီျပင္ဆင္ေပးခဲ့တာေတြကို သိလာရေတာ့ သစၥာေဖာက္ခံရတဲ့ ဇနီးမယားတစ္ေယာက္က ဘယ္လိုခံစားရမယ္ဆိုတာကို SNS ကေနတစ္ဆင့္ မျပတ္တမ္း ျပသေပးခ်င္ပါတယ္။

Photo: kookoo900/ Instagram

သုံးႏွစ္တာ အတူေနခဲ့တဲ့ ကာလအတြင္းမွာ ကၽြန္မတို႔ တစ္ေယာက္နဲ႔တစ္ေယာက္ အၿမဲတမ္း မုန္းတီးေနခဲ့ၾကတာ မဟုတ္ပါဘူး။ အခ်ိန္ေတြအၾကာႀကီး တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္တဲ့စိတ္နဲ႔ပဲ ျမင္ေပးခဲ့ၾကၿပီး ေပ်ာ္ရႊင္ခဲ့ၾကဖူးပါတယ္။ အဲ့ဒါေၾကာင့္ အခုလိုကိစၥျဖစ္လာတဲ့အခါ နားလည္ဖို႔လည္း ခက္ခဲခဲ့ပါတယ္။ ကြာရွင္းခြင့္အတြက္ တရားေရးရင္ဆိုင္မႈကေတာ့ ေဆာင္ရြက္ေနဆဲပါ။ ဒီ့အတြက္ အခ်ိန္ေတြလည္း အၾကာႀကီး ကုန္ရဦးမွာပါ။

ကြာရွင္းဖို႔ လုပ္ေနတဲ့ကာလတစ္ခုလုံး ကၽြန္မ သူ႔ကို မုန္းေနခဲ့ပါတယ္။ ၿပီးေတာ့ သူ႔ကို ပ်က္စီးေစခ်င္ပါတယ္။ အခုေတာ့ ကၽြန္မရဲ႕ေဒါသေတြကို ဖြင့္ထုတ္လိုက္ပါၿပီ။ သူ႔ကိုလည္း ဒီ IG မွာ လုံး၀ျမင္ၾကရေတာ့မွာ မဟုတ္ပါဘူး။

အေၾကာင္းကေတာ့ ကၽြန္မ သူ႔ကို လုံး၀မခ်စ္္ေတာ့လို႔ပါပဲ။”

ဒါကေတာ့ Goo Hye Sun ရဲ႕ IG ပို႔စ္အသစ္က ေဒါသေတြ ဖြင့္ထုတ္ထားတဲ့အေၾကာင္းပဲ ျဖစ္ပါတယ္။ ႏွစ္ဘက္ဟာ အျငင္းပြားမႈမ်ားစြာနဲ႔ ကြာရွင္းဖို႔ကို ျပင္ဆင္ေနၾကၿပီး လက္ရိွမွာလည္း အမုန္းမီးေတြ မၿငိမ္းေသးဘဲ ဆက္လက္ေတာက္ေလာင္ေနဆဲဆိုတာ တင္ျပရင္း …။

LaNina

Ref: koreaboo

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular