HomeEntertainmentFilmပထမဆုံးထွေလာ ထွက်ရှိလာတဲ့ Guardians of the Galaxy Vol.3

ပထမဆုံးထွေလာ ထွက်ရှိလာတဲ့ Guardians of the Galaxy Vol.3

Guardians of the Galaxy Vol.3 ရဲ့ ပထမဆုံးထွေလာကတော့ မကြာခင်ကပဲ ထွက်ရှိလာပြီ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ဒီရုပ်ရှင်ဟာ GOTG အဖွဲ့သားရဲ့ နောက်ဆုံးရုပ်ရှင်အဖြစ်လည်း သတ်မှတ်ထားပါတယ်။ ဒါကြောင့်လည်း ဒီရုပ်ရှင်ထဲမှာတော့ GOTG အဖွဲ့သားတွေထဲက တစ်ယောက်ယောက်ကိုတော့ ဆုံးရှုံးသွားရဖို့ သေချာသလောက် ဖြစ်နေပါတယ်။

photo via screenrant

ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ James Gunn ကပဲ ရိုက်ကူးထားတာ ဖြစ်ပြီး ယခုအချိန်မှာတော့ သူဟာ DC စတူဒီယိုရဲ့ Co-CEO ဖြစ်သွားတာကြောင့် ဒီရုပ်ရှင်ဟာ Marvel အတွက် သူ့ရဲ့ နောက်ဆုံးရုပ်ရှင်လည်း ဖြစ်သွားနိုင်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ မူလသရုပ်ဆောင်တွေ ပြန်လည်ပါဝင်ထားပြီး Will Poulter နဲ့ Chukwudi Iwuji တို့ကလည်း ဇာတ်ကောင်အသစ်တွေ ဖြစ်တဲ့ Adam Warlock နဲ့ High Evolutionary အနေနဲ့ ပါဝင်ထားကြပါတယ်။

ယခုအချိန်မှာတော့ Marvel စတူဒီယိုဟာ GOTG Vol.3 ရဲ့ ပထမဆုံးထွေလာကို ထုတ်ပေးခဲ့ပြီ ဖြစ်ပါတယ်။ ဒီထွေလာထဲမှာတော့ Will Poulter ရဲ့ Adam Warlock ကိုလည်း ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရပါတယ်။ ဒီထွေလာကိုတော့ 2022 Comic-Con နဲ့ 2022 CCXP တို့မှာ ပြသခဲ့ပါသေးတယ်။ ဒီထွေလာကိုတော့ အောက်မှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။

ဒီထွေလာထဲမှာတော့ Rocket ရဲ့ ငယ်ဘဝကို ခဏတာ ပြသသွားခဲ့တာကြောင့် ဒီရုပ်ရှင်ထဲမှာတော့ သူဟာ ဘယ်လိုတွေ အစမ်းသပ်ခံထားရတယ် ဆိုတာကို မြင်တွေ့ရမှာပါ။ ဒါ့အပြင် Rocket ဟာ Lyla the Otter နဲ့ ပွေ့ဖက်နေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ Lyla the Otter ကတော့ ကောမစ်ထဲက Rocket ရဲ့ Love Interest လည်း ဖြစ်ပါတယ်။ ဒါ့အပြင် GOTG အဖွဲ့သားတွေဟာ သူတို့အတွက် နောက်ဆုံးမစ်ရှင်ကို အတူတကွ ပျံသန်းကြမယ်လို့လည်း ပြောသွားပါတယ်။ GOTG Vol.3 ကိုတော့ ၂၀၂၃ ခုနှစ် မေလ (၅)ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular