HomeCelebs Update NewsKoreaေမြးရပ္ေျမ ဒယ္ဂူၿမိဳ႕မွာ V-theme နဲ႔ လမ္းတစ္ခုပိုင္ဆိုင္ရေတာ့မယ့္ V

ေမြးရပ္ေျမ ဒယ္ဂူၿမိဳ႕မွာ V-theme နဲ႔ လမ္းတစ္ခုပိုင္ဆိုင္ရေတာ့မယ့္ V

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

BTS ပရိသတ္ေတြကေတာ့ မၾကာခင္မွာပဲ စိတ္လႈပ္ရွားစရာေနရာတစ္ခုကို သြားေရာက္လည္ပတ္ႏိုင္ၾကေတာ့မွာ ျဖစ္ပါတယ္။ ဒယ္ဂူၿမိဳ႕အစိုးရဟာ လြန္ခဲ့တဲ့ ႏွစ္ပတ္ခန္႔ကပဲ V အတြက္ ရည္ညႊန္းထားတဲ့ V-theme နဲ႔ လမ္းတစ္ခု ေဖာက္လုပ္ေပးေတာ့မယ္လို႔ ေၾကျငာလိုက္ပါတယ္။

Photo: koreaboo

ဒယ္ဂူၿမိဳ႕အစိုးရရဲ႕ ဒီလမ္းေဖာက္ဖို႔ အစီအစဥ္ဟာ V ငယ္စဥ္က တက္ခဲ့တဲ့ေက်ာင္းကို ျပန္လည္ျပဳျပင္တည္ေဆာက္မယ့္ အစီအစဥ္ကေန ျမစ္ဖ်ားခံလာတာ ျဖစ္ပါတယ္။ ယခုေဖာက္လုပ္မယ့္ လမ္းဟာ V တက္ခဲ့တဲ့ မူလတန္းေက်ာင္းေလးကေန အထက္တန္းေက်ာင္းအထိ ေပါက္ၿပီး စုစုေပါင္း မီတာ(၁၀၀)ခန္႔ ရွည္လ်ားမယ္လို႔ သိရပါတယ္။

Photo: koreaboo

အဆိုပါသတင္းဟာ V နဲ႔ Suga တို႔ရဲ႕ ေမြးရပ္ေျမျဖစ္တဲ့ ဒယ္ဂူၿမဳိ႕ကို ပရိသတ္ အေျမာက္အမ်ား သြားေရာက္လည္ပတ္ခ်င္လာေအာင္ လႈံ႔ေဆာ္ေပးလ်က္ ရိွပါတယ္။ V နဲ႔ ပတ္သက္တဲ့ အမ်ားပိုင္ေနရာေတြကို အစိုးရက အကုန္အက်ခံ ျပဳလုပ္ေပးခဲ့တာဟာ ဒီတစ္ခုနဲ႔ဆိုရင္ ဒုတိယအႀကိမ္ ျဖစ္ပါတယ္။ ပထမတစ္ခုကေတာ့ ဘူဆန္ၿမိဳ႕ရဲ႕ ၿမိဳ႕ေတာ္ပန္းၿခံက V လမ္းေလွ်ာက္ထြက္ခဲ့တဲ့ ေနရာေလးကို ဓာတ္ပုံရိုက္ဖို႔ photo zone အျဖစ္ ျပဳလုပ္ေပးခဲ့တာပါ။

ဒယ္ဂူၿမိဳ႕ဟာ အရင္ကထက္ပိုၿပီး ခရီးသြားေတြအတြက္ ဆြဲေဆာင္မႈတစ္ခု ျဖစ္လာေတာ့မယ္ဆိုတာ တင္ျပရင္း …။

Xei

Ref: koreaboo

(Unicode Version)

BTS ပရိသတ်တွေကတော့ မကြာခင်မှာပဲ စိတ်လှုပ်ရှားစရာနေရာတစ်ခုကို သွားရောက်လည်ပတ်နိုင်ကြတော့မှာ ဖြစ်ပါတယ်။ ဒယ်ဂူမြို့အစိုးရဟာ လွန်ခဲ့တဲ့ နှစ်ပတ်ခန့်ကပဲ V အတွက် ရည်ညွှန်းထားတဲ့ V-theme နဲ့ လမ်းတစ်ခု ဖောက်လုပ်ပေးတော့မယ်လို့ ကြေငြာလိုက်ပါတယ်။

Photo: koreaboo

ဒယ်ဂူမြို့အစိုးရရဲ့ ဒီလမ်းဖောက်ဖို့ အစီအစဉ်ဟာ V ငယ်စဉ်က တက်ခဲ့တဲ့ကျောင်းကို ပြန်လည်ပြုပြင်တည်ဆောက်မယ့် အစီအစဉ်ကနေ မြစ်ဖျားခံလာတာ ဖြစ်ပါတယ်။ ယခုဖောက်လုပ်မယ့် လမ်းဟာ V တက်ခဲ့တဲ့ မူလတန်းကျောင်းလေးကနေ အထက်တန်းကျောင်းအထိ ပေါက်ပြီး စုစုပေါင်း မီတာ(၁၀၀)ခန့် ရှည်လျားမယ်လို့ သိရပါတယ်။

Photo: koreaboo

အဆိုပါသတင်းဟာ V နဲ့ Suga တို့ရဲ့ မွေးရပ်မြေဖြစ်တဲ့ ဒယ်ဂူမြို့ကို ပရိသတ် အမြောက်အများ သွားရောက်လည်ပတ်ချင်လာအောင် လှုံ့ဆော်ပေးလျက် ရှိပါတယ်။ V နဲ့ ပတ်သက်တဲ့ အများပိုင်နေရာတွေကို အစိုးရက အကုန်အကျခံ ပြုလုပ်ပေးခဲ့တာဟာ ဒီတစ်ခုနဲ့ဆိုရင် ဒုတိယအကြိမ် ဖြစ်ပါတယ်။ ပထမတစ်ခုကတော့ ဘူဆန်မြို့ရဲ့ မြို့တော်ပန်းခြံက V လမ်းလျှောက်ထွက်ခဲ့တဲ့ နေရာလေးကို ဓာတ်ပုံရိုက်ဖို့ photo zone အဖြစ် ပြုလုပ်ပေးခဲ့တာပါ။

ဒယ်ဂူမြို့ဟာ အရင်ကထက်ပိုပြီး ခရီးသွားတွေအတွက် ဆွဲဆောင်မှုတစ်ခု ဖြစ်လာတော့မယ်ဆိုတာ တင်ပြရင်း …။

Xei

Ref: koreaboo

 

RELATED ARTICLES

Most Popular