HomeCelebs Update NewsKoreaသမီးလေးကို အောင်မြင်စွာ မွေးဖွားလိုက်ကြတဲ့ Gummy နဲ့ Jo Jung Suk တို့မောင်နှံ

သမီးလေးကို အောင်မြင်စွာ မွေးဖွားလိုက်ကြတဲ့ Gummy နဲ့ Jo Jung Suk တို့မောင်နှံ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသား Jo Jung Suk နဲ့ အဆိုတော် Gummy တို့ရဲ့ သားဦးကလေးကို ယနေ့ ဩဂုတ်လ(၆)ရက်နေ့မှာ အောင်မြင်စွာ မွေးဖွားလိုက်ပြီလို့ သိရပါတယ်။

သမီးလေးကို မွေးဖွားလိုက်တာဖြစ်ပြီး မိခင်ရော ကလေးပါ နေကောင်း၊ ကျန်းမာတယ်လို့လည်း သိရပါတယ်။ ဒီသတင်းကိုတော့ Jo Jung Suk ရဲ့ အေဂျင်စီကနေ ဒီကနေ့မနက်ပိုင်းမှာ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ထုတ်ပြန်ချက်အရ Gummy ဟာ ယနေ့မနက်အစောပိုင်းအချိန်မှာ ဆိုးလ်မြို့က ဆေးရုံတစ်ရုံမှာ မီးဖွားခဲ့တယ်လို့ သိရပါတယ်။ ချစ်စရာကောင်းတဲ့ ဇနီးမောင်နှံတို့မှာ အခုလို သမီးကလေး အောင်မြင်စွာ မီးဖွားပြီးတာကြောင့် နှစ်ဘက်မိသားစုတွေနဲ့အတူ အသစ်စက်စက် မိဘနှစ်ဦးတို့မှာ ဝမ်းသာပီတိ ဂွမ်းဆီထိနေကြတယ်လို့ ဆိုပါတယ်။

Photo: gummy.gallery/ Instagram

Gummy မှာ သားဦးကလေး ကိုယ်ဝန်ဆောင်ထားရတဲ့အကြောင်းကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက သိခဲ့ကြရတာဖြစ်ပါတယ်။ မင်းသား Jo Jung Suk ကတော့ Hospital Playlist ဒရာမာကို အောင်မြင်စွာ ရိုက်ကူးနိုင်ခဲ့ပြီး ကောင်းမွန်တဲ့ ရလဒ်တွေနဲ့ ပရိသတ်ရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။ Gummy ကတော့ အဆိုတော်တစ်ဦးဖြစ်တာနဲ့အညီ နာမည်ကြီးဒရာမာတွေရဲ့ ဇာတ်ဝင်သီချင်းတွေကို သီဆိုပေးထားပြီး ပရိသတ်ရဲ့ အားပေးမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။

Jo Jung Suk ရဲ့ အေဂျင်စီက ထုတ်ပြန်လိုက်တဲ့ ကြေညာချက်အပြည့်အစုံကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

Photo: jojungsuk_fan/ Instagram

“ကျွန်တော်တို့က JAM Entertainment က ဖြစ်ပါတယ်။ မင်းသား Jo Jung Suk နဲ့ အဆိုတော် Gummy တို့ဇနီးမောင်နှံဟာ သူတို့ရဲ့အသစ်စက်စက် မိသားစုဘဝလေးကို ရရှိလိုက်ကြပါပြီ။ သားဦးကလေးကို အောင်မြင်စွာ မွေးဖွားပြီးပြီဖြစ်ပြီး မိခင်ရော ကလေးပါ ကျန်းမာကြပါတယ်။ Gummy ဟာ သူမရဲ့သမီးလေးကို ယနေ့ဩဂုတ်လ(၆)ရက်နေ့ နံနက်ခင်းမှာ ဆိုးလ်မြို့က ဆေးရုံတစ်ရုံမှာ မွေးဖွားပေးလိုက်တာ ဖြစ်ပါတယ်။ သားဦးလေးဖြစ်တာကြောင့် မိဘနှစ်ပါးရော၊ နှစ်ဘက်မိသားစုတွေကပါ ပျော်ရွှင်ဝမ်းမြောက်နေကြပါတယ်။ ဂုဏ်ယူဝမ်းမြောက်ကြောင်းနဲ့ အားပေးကြောင်း သတင်းစကားတွေ ပေးပို့ကြသူများအားလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ်။ သူတို့ရဲ့ မိသားစုလေးကိုလည်း ဘုရားသခင် ကောင်းချီးပေးပါစေ … ” လို့ JAM Entertainment က ထုတ်ပြန်ထားပါတယ်။

LaNina

Source: koreaboo

(Zawgyi Versioin)

မင္းသား Jo Jung Suk နဲ႔ အဆိုေတာ္ Gummy တို႔ရဲ႕ သားဦးကေလးကို ယေန႔ ဩဂုတ္လ(၆)ရက္ေန႔မွာ ေအာင္ျမင္စြာ ေမြးဖြားလိုက္ၿပီလို႔ သိရပါတယ္။

သမီးေလးကို ေမြးဖြားလိုက္တာျဖစ္ၿပီး မိခင္ေရာ ကေလးပါ ေနေကာင္း၊ က်န္းမာတယ္လို႔လည္း သိရပါတယ္။ ဒီသတင္းကိုေတာ့ Jo Jung Suk ရဲ႕ ေအဂ်င္စီကေန ဒီကေန႔မနက္ပိုင္းမွာ ထုတ္ျပန္လိုက္တာ ျဖစ္ပါတယ္။ ထုတ္ျပန္ခ်က္အရ Gummy ဟာ ယေန႔မနက္အေစာပိုင္းအခ်ိန္မွာ ဆိုးလ္ၿမိဳ႕က ေဆး႐ုံတစ္႐ုံမွာ မီးဖြားခဲ့တယ္လို႔ သိရပါတယ္။ ခ်စ္စရာေကာင္းတဲ့ ဇနီးေမာင္ႏွံတို႔မွာ အခုလို သမီးကေလး ေအာင္ျမင္စြာ မီးဖြားၿပီးတာေၾကာင့္ ႏွစ္ဘက္မိသားစုေတြနဲ႔အတူ အသစ္စက္စက္ မိဘႏွစ္ဦးတို႔မွာ ဝမ္းသာပီတိ ဂြမ္းဆီထိေနၾကတယ္လို႔ ဆိုပါတယ္။

Photo: gummy.gallery/ Instagram

Gummy မွာ သားဦးကေလး ကိုယ္ဝန္ေဆာင္ထားရတဲ့အေၾကာင္းကိုေတာ့ ၿပီးခဲ့တဲ့ ဇန္နဝါရီလတုန္းက သိခဲ့ၾကရတာျဖစ္ပါတယ္။ မင္းသား Jo Jung Suk ကေတာ့ Hospital Playlist ဒရာမာကို ေအာင္ျမင္စြာ ႐ိုက္ကူးႏိုင္ခဲ့ၿပီး ေကာင္းမြန္တဲ့ ရလဒ္ေတြနဲ႔ ပရိသတ္ရဲ႕ အားေပးမႈကို ရရွိခဲ့ပါတယ္။ Gummy ကေတာ့ အဆိုေတာ္တစ္ဦးျဖစ္တာနဲ႔အညီ နာမည္ႀကီးဒရာမာေတြရဲ႕ ဇာတ္ဝင္သီခ်င္းေတြကို သီဆိုေပးထားၿပီး ပရိသတ္ရဲ႕ အားေပးမႈကို ရရွိထားသူလည္း ျဖစ္ပါတယ္။

Jo Jung Suk ရဲ႕ ေအဂ်င္စီက ထုတ္ျပန္လိုက္တဲ့ ေၾကညာခ်က္အျပည့္အစုံကေတာ့ ေအာက္ပါအတိုင္းပဲ ျဖစ္ပါတယ္။

Photo: jojungsuk_fan/ Instagram

“ကြၽန္ေတာ္တို႔က JAM Entertainment က ျဖစ္ပါတယ္။ မင္းသား Jo Jung Suk နဲ႔ အဆိုေတာ္ Gummy တို႔ဇနီးေမာင္ႏွံဟာ သူတို႔ရဲ႕အသစ္စက္စက္ မိသားစုဘဝေလးကို ရရွိလိုက္ၾကပါၿပီ။ သားဦးကေလးကို ေအာင္ျမင္စြာ ေမြးဖြားၿပီးၿပီျဖစ္ၿပီး မိခင္ေရာ ကေလးပါ က်န္းမာၾကပါတယ္။ Gummy ဟာ သူမရဲ႕သမီးေလးကို ယေန႔ဩဂုတ္လ(၆)ရက္ေန႔ နံနက္ခင္းမွာ ဆိုးလ္ၿမိဳ႕က ေဆး႐ုံတစ္႐ုံမွာ ေမြးဖြားေပးလိုက္တာ ျဖစ္ပါတယ္။ သားဦးေလးျဖစ္တာေၾကာင့္ မိဘႏွစ္ပါးေရာ၊ ႏွစ္ဘက္မိသားစုေတြကပါ ေပ်ာ္႐ႊင္ဝမ္းေျမာက္ေနၾကပါတယ္။ ဂုဏ္ယူဝမ္းေျမာက္ေၾကာင္းနဲ႔ အားေပးေၾကာင္း သတင္းစကားေတြ ေပးပို႔ၾကသူမ်ားအားလုံးကိုလည္း ေက်းဇူးတင္ရွိပါတယ္။ သူတို႔ရဲ႕ မိသားစုေလးကိုလည္း ဘုရားသခင္ ေကာင္းခ်ီးေပးပါေစ … ” လို႔ JAM Entertainment က ထုတ္ျပန္ထားပါတယ္။

LaNina

Source: koreaboo

 

 

RELATED ARTICLES

Most Popular