HomeDramaNetflix ရဲ့ ဒရာမာအသစ်မှာ သွေးကြွေးအတွက် လက်စားချေမယ့် Han So Hee 

Netflix ရဲ့ ဒရာမာအသစ်မှာ သွေးကြွေးအတွက် လက်စားချေမယ့် Han So Hee 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသမီးလေး Han So Hee ကိုတော့ Netflix ရဲ့ သည်းထိတ်ရင်ဖို မှုခင်းဒရာမာအသစ်မှာ မတူညီတဲ့ ဇာတ်ရုပ်ပုံစံနဲ့ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

ဒရာမာရဲ့အမည်ကတော့ My Name ဖြစ်ပြီး Han So Hee ကို Yoon Ji Woo ဆိုတဲ့ အမျိုးသမီးအဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Yoon Ji Woo ကတော့ ဖခင်ဖြစ်သူရဲ့ သေဆုံးမှုအတွက် ရာဇဝတ်ဂိုဏ်းတစ်ခုထဲ ဝင်ရောက်ခဲ့ပြီး ရဲမေအဖြစ် အသွင်ယူ စိမ့်ဝင်ကာ အမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားမယ့်သူ ဖြစ်ပါတယ်။

Photo via mydramalist

ဒီဒရာမာကိုတော့ Netflix ရဲ့ ဒရာမာတစ်ခုဖြစ်တဲ့ Extracurricular ကို ရိုက်ကူးပေးခဲ့တဲ့ ဒါရိုက်တာ Kim Jin Min က ရိုက်ကူးပေးထားပါတယ်။ ယခုအသစ်ထွက်ရှိလာတဲ့ ဇာတ်ကားပိုစတာအရ မင်းသမီးလေး Han So Hee ကို Yoon Ji Woo ဆိုတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ လုံးဝကွဲထွက်နေတဲ့ ဇာတ်ကောင်အဖြစ် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

မှောင်မိုက်နေတဲ့ လမ်းကြားထဲမှာ အေးစက်ပြီး ခံစားချက်မဲ့နေတဲ့ အကြည့်တွေနဲ့ မတ်တပ်ရပ်နေကာ သူမရဲ့လက်ထဲမှာတော့ သွေးစွန်းနေတဲ့ ဓားတစ်ချောင်းကို ကိုင်ထားတာ တွေ့ရပါတယ်။ သူမမျက်နှာပေါ်က ပွန်းပဲ့ရာအချို့နဲ့ လက်မှာ စွန်းပေနေတဲ့ သွေးတွေအပြင် သူမရဲ့ ဘေးပတ်လည်မှာ အတုံးအရုန်း လဲကျနေကြသူတွေကို ကြည့်ခြင်းအားဖြင့် ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတစ်ခုနဲ့ ရင်ဆိုင်ထားရတယ်လို့ ခန့်မှန်းနိုင်ပါတယ်။

Photo via mydramalist

ပိုစတာပေါ်မှာ ရေးသားထားတဲ့ စာကြောင်းကတော့ “ငါကိုယ်တိုင် မကောင်းဆိုးဝါးတစ်ကောင် ဖြစ်လာလည်း ရပါတယ်။ မင်းကို သတ်ပစ်မှာပဲ … ” လို့ အဓိပ္ပာယ်ရပါတယ်။

Han So Hee ဟာ ပြီးခဲ့တဲ့ ဒရာမာနှစ်ခုဖြစ်တဲ့ “The World of the Married” နဲ့ “Nevertheless” မှာတော့ သူမရဲ့ အသေးစိတ်ကျတဲ့ သရုပ်ဆောင်မှုနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ယခုမကြာခင် ကြည့်ရှုရတော့မယ့် “My Name” ဒရာမာထဲမှာတော့ ပရိသတ်တွေ ယခင်က မမြင်ရသေးတဲ့ သူမရဲ့ တခြားပုံစံတစ်ခုကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဒီဒရာမာထဲမှာတော့ မင်းသမီးဟာ ကြမ်းတမ်းတဲ့ အက်ရှင်ခန်းတွေမှာ သရုပ်ဆောင်ထားပြီး ထူးခြားတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေက ပရိသတ်တွေကို ဆွဲဆောင်နိုင်ဦးမှာ ဖြစ်ပါတယ်။ “My Name” ကိုတော့ လာမယ့် အောက်တိုဘာလ(၁၅)ရက်နေ့မှာ စတင်ထုတ်လွှင့် ပြသမှာ ဖြစ်ပါတယ်။

Glasgow

Source: soompi

(Zawgyi Version)

မင္းသမီးေလး Han So Hee ကိုေတာ့ Netflix ရဲ့ သည္းထိတ္ရင္ဖို မႈခင္းဒရာမာအသစ္မွာ မတူညီတဲ့ ဇာတ္႐ုပ္ပုံစံနဲ႔ ျမင္ေတြ႕ရေတာ့မွာ ျဖစ္ပါတယ္။

ဒရာမာရဲ့အမည္ကေတာ့ My Name ျဖစ္ၿပီး Han So Hee ကို Yoon Ji Woo ဆိုတဲ့ အမ်ိဳးသမီးအျဖစ္ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ Yoon Ji Woo ကေတာ့ ဖခင္ျဖစ္သူရဲ့ ေသဆုံးမႈအတြက္ ရာဇဝတ္ဂိုဏ္းတစ္ခုထဲ ဝင္ေရာက္ခဲ့ၿပီး ရဲေမအျဖစ္ အသြင္ယူ စိမ့္ဝင္ကာ အမွန္တရားကို ေဖာ္ထုတ္ဖို႔ ႀကိဳးစားမယ့္သူ ျဖစ္ပါတယ္။

Photo via mydramalist

ဒီဒရာမာကိုေတာ့ Netflix ရဲ့ ဒရာမာတစ္ခုျဖစ္တဲ့ Extracurricular ကို ရိုက္ကူးေပးခဲ့တဲ့ ဒါရိုက္တာ Kim Jin Min က ရိုက္ကူးေပးထားပါတယ္။ ယခုအသစ္ထြက္ရွိလာတဲ့ ဇာတ္ကားပိုစတာအရ မင္းသမီးေလး Han So Hee ကို Yoon Ji Woo ဆိုတဲ့ အမ်ိဳးသမီးတစ္ေယာက္အေနနဲ႔ လုံးဝကြဲထြက္ေနတဲ့ ဇာတ္ေကာင္အျဖစ္ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

ေမွာင္မိုက္ေနတဲ့ လမ္းၾကားထဲမွာ ေအးစက္ၿပီး ခံစားခ်က္မဲ့ေနတဲ့ အၾကည့္ေတြနဲ႔ မတ္တပ္ရပ္ေနကာ သူမရဲ့လက္ထဲမွာေတာ့ ေသြးစြန္းေနတဲ့ ဓားတစ္ေခ်ာင္းကို ကိုင္ထားတာ ေတြ႕ရပါတယ္။ သူမမ်က္ႏွာေပၚက ပြန္းပဲ့ရာအခ်ိဳ႕နဲ႔ လက္မွာ စြန္းေပေနတဲ့ ေသြးေတြအျပင္ သူမရဲ့ ေဘးပတ္လည္မွာ အတုံးအ႐ုန္း လဲက်ေနၾကသူေတြကို ၾကည့္ျခင္းအားျဖင့္ ၾကမ္းတမ္းတဲ့ တိုက္ခိုက္မႈတစ္ခုနဲ႔ ရင္ဆိုင္ထားရတယ္လို႔ ခန႔္မွန္းနိုင္ပါတယ္။

Photo via mydramalist

ပိုစတာေပၚမွာ ေရးသားထားတဲ့ စာေၾကာင္းကေတာ့ “ငါကိုယ္တိုင္ မေကာင္းဆိုးဝါးတစ္ေကာင္ ျဖစ္လာလည္း ရပါတယ္။ မင္းကို သတ္ပစ္မွာပဲ … ” လို႔ အဓိပၸာယ္ရပါတယ္။

Han So Hee ဟာ ၿပီးခဲ့တဲ့ ဒရာမာႏွစ္ခုျဖစ္တဲ့ “The World of the Married” နဲ႔ “Nevertheless” မွာေတာ့ သူမရဲ့ အေသးစိတ္က်တဲ့ သ႐ုပ္ေဆာင္မႈနဲ႔ ပရိသတ္ေတြကို ဖမ္းစားနိုင္ခဲ့ပါတယ္။ ယခုမၾကာခင္ ၾကည့္ရႈရေတာ့မယ့္ “My Name” ဒရာမာထဲမွာေတာ့ ပရိသတ္ေတြ ယခင္က မျမင္ရေသးတဲ့ သူမရဲ့ တျခားပုံစံတစ္ခုကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

ဒီဒရာမာထဲမွာေတာ့ မင္းသမီးဟာ ၾကမ္းတမ္းတဲ့ အက္ရွင္ခန္းေတြမွာ သ႐ုပ္ေဆာင္ထားၿပီး ထူးျခားတဲ့ ဇာတ္လမ္းဇာတ္ကြက္ေတြက ပရိသတ္ေတြကို ဆြဲေဆာင္နိုင္ဦးမွာ ျဖစ္ပါတယ္။ “My Name” ကိုေတာ့ လာမယ့္ ေအာက္တိုဘာလ(၁၅)ရက္ေန႔မွာ စတင္ထုတ္လႊင့္ ျပသမွာ ျဖစ္ပါတယ္။

Glasgow

Source: soompi

 

RELATED ARTICLES

Most Popular