HomeDramamusical ရိုမန့်စ်ဒရာမာအသစ်မှာ သရုပ်ဆောင်ဖို့ ဆွေးနွေးနေတဲ့ Han So Hee 

musical ရိုမန့်စ်ဒရာမာအသစ်မှာ သရုပ်ဆောင်ဖို့ ဆွေးနွေးနေတဲ့ Han So Hee 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

မင်းသမီးချောလေး Han So Hee ကိုတော့ ရိုမန့်စ် ဒရာမာအသစ်တစ်ခုမှာ မြင်ရဖို့ ရှိနေပါတယ်။

ယနေ့ အောက်တိုဘာလ(၂၉)ရက်နေ့မှာ ထွက်ပေါ်လာတဲ့ သတင်းများအရ “Why Did You Come To My House” လို့ အမည်ပေးထားတဲ့ ဒရာမာအသစ်တစ်ခုမှာ Han So Hee ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး မင်းသမီးရဲ့ အေဂျင်စီဖြစ်တဲ့ 9ato Entertainment ကတော့ အခုလို တုံ့ပြန်ထားပါတယ်။ “Han So Hee ဟာ Why Did You Come To My House ဆိုတဲ့ ဒရာမာအသစ်အတွက် ကမ်းလှမ်းခံထားရပါတယ်။ လက်ရှိမှာတော့ ဒီဇာတ်ရုပ်မှာ ပါဝင်ဖို့ သုံးသပ်လေ့လာနေဆဲ ဖြစ်ပါတယ် … ” လို့ ပြောကြားထားပါတယ်။

Photo: xeesoxee/ Instagram

ဒီဒရာမာကတော့ musical အမျိုးအစား ရိုမန့်စ် ဒရာမာဖြစ်ပြီး နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာ သူငယ်ချင်းတွေ ဖြစ်လာကြတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ကြားက ဇာတ်လမ်း ဖြစ်ပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ဦးဟာ နှစ်ပတ်ကြာ အတူနေထိုင်ဖြစ်ခဲ့ကြပြီး သူငယ်ချင်းသံယောဇဉ်နဲ့ ချစ်သူလို အချစ်ကြားက ပါးလျတဲ့ စည်းလေးပေါ်မှာ နှစ်ယောက်အတူ လျှောက်လှမ်းကြပါတော့တယ်။ ဒီဒရာမာကတော့ ဂီတအလုပ်တွေ လုပ်နေရင်းနဲ့ ဖြစ်ပေါ်လာတဲ့ အချစ်ဇာတ်လမ်းအကြောင်းကို ပြသသွားမှာပါ။

Han So Hee ကမ်းလှမ်းခံထားရတဲ့ ဇာတ်ရုပ်ကတော့ Seo Eun Soo ဆိုတဲ့ အမျိုးသမီးနေရာက ဖြစ်ပါတယ်။ Seo Eun Soo ကတော့ မမျှော်လင့်ထားတဲ့ အခွင့်အလမ်းတစ်ခုကြောင့် လွန်ခဲ့တဲ့ သုံးနှစ်က စတင်ကာ သီချင်းရေးသားသူ ဖြစ်လာခဲ့တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ပါတယ်။ သူမဟာ တက်ကြွရွှင်လန်းစွာ နေထိုင်တတ်သူ ဖြစ်ပြီး သူမရဲ့ ခံစားချက်တွေနဲ့ ပတ်သက်ရင် ရိုးသားစွာနဲ့ ပွင့်ပွင့်လင်းလင်း ဖွင့်ထုတ် ပြောပြတတ်သူ ဖြစ်ပါတယ်။

Photo: xeesoxee/ Instagram

ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကိုတော့ She Would Never Know ဒရာမာကို ရေးသားပေးခဲ့တဲ့ Chae Yoon က တာဝန်ယူပေးထားပြီး ဒါရိုက်တာကတော့ The Crowned Clown နဲ့ Vincenzo တို့ကို ရိုက်ကူးပေးခဲ့တဲ့ Kim Hee Won ဖြစ်ပါတယ်။

ဒီဒရာမာကတော့ အပိုင်း လေးပိုင်းသာ ပါဝင်မယ့် musical drama ဖြစ်ပြီး ရှေ့နှစ် ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်အတွင်းမှာ ထုတ်လွှင့်ပြသသွားဖို့ လျာထားတယ်လို့ သိရပါတယ်။

Glasgow

Source: soompi

(Zawgyi Version)

မင္းသမီးေခ်ာေလး Han So Hee ကိုေတာ့ ရိုမန႔္စ္ ဒရာမာအသစ္တစ္ခုမွာ ျမင္ရဖို႔ ရွိေနပါတယ္။

ယေန႔ ေအာက္တိုဘာလ(၂၉)ရက္ေန႔မွာ ထြက္ေပၚလာတဲ့ သတင္းမ်ားအရ “Why Did You Come To My House” လို႔ အမည္ေပးထားတဲ့ ဒရာမာအသစ္တစ္ခုမွာ Han So Hee ပါဝင္သ႐ုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။

ဒီသတင္းနဲ႔ ပတ္သက္ၿပီး မင္းသမီးရဲ့ ေအဂ်င္စီျဖစ္တဲ့ 9ato Entertainment ကေတာ့ အခုလို တုံ႔ျပန္ထားပါတယ္။ “Han So Hee ဟာ Why Did You Come To My House ဆိုတဲ့ ဒရာမာအသစ္အတြက္ ကမ္းလွမ္းခံထားရပါတယ္။ လက္ရွိမွာေတာ့ ဒီဇာတ္႐ုပ္မွာ ပါဝင္ဖို႔ သုံးသပ္ေလ့လာေနဆဲ ျဖစ္ပါတယ္ … ” လို႔ ေျပာၾကားထားပါတယ္။

Photo: xeesoxee/ Instagram

ဒီဒရာမာကေတာ့ musical အမ်ိဳးအစား ရိုမန႔္စ္ ဒရာမာျဖစ္ၿပီး ႏွစ္ေပါင္း ႏွစ္ဆယ္ေက်ာ္ၾကာ သူငယ္ခ်င္းေတြ ျဖစ္လာၾကတဲ့ အမ်ိဳးသားတစ္ဦးနဲ႔ အမ်ိဳးသမီးတစ္ဦးတို႔ၾကားက ဇာတ္လမ္း ျဖစ္ပါတယ္။ ဒီလိုနဲ႔ သူတို႔ႏွစ္ဦးဟာ ႏွစ္ပတ္ၾကာ အတူေနထိုင္ျဖစ္ခဲ့ၾကၿပီး သူငယ္ခ်င္းသံေယာဇဥ္နဲ႔ ခ်စ္သူလို အခ်စ္ၾကားက ပါးလ်တဲ့ စည္းေလးေပၚမွာ ႏွစ္ေယာက္အတူ ေလၽွာက္လွမ္းၾကပါေတာ့တယ္။ ဒီဒရာမာကေတာ့ ဂီတအလုပ္ေတြ လုပ္ေနရင္းနဲ႔ ျဖစ္ေပၚလာတဲ့ အခ်စ္ဇာတ္လမ္းအေၾကာင္းကို ျပသသြားမွာပါ။

Han So Hee ကမ္းလွမ္းခံထားရတဲ့ ဇာတ္႐ုပ္ကေတာ့ Seo Eun Soo ဆိုတဲ့ အမ်ိဳးသမီးေနရာက ျဖစ္ပါတယ္။ Seo Eun Soo ကေတာ့ မေမၽွာ္လင့္ထားတဲ့ အခြင့္အလမ္းတစ္ခုေၾကာင့္ လြန္ခဲ့တဲ့ သုံးႏွစ္က စတင္ကာ သီခ်င္းေရးသားသူ ျဖစ္လာခဲ့တဲ့ အမ်ိဳးသမီးတစ္ေယာက္ ျဖစ္ပါတယ္။ သူမဟာ တက္ႂကြရႊင္လန္းစြာ ေနထိုင္တတ္သူ ျဖစ္ၿပီး သူမရဲ့ ခံစားခ်က္ေတြနဲ႔ ပတ္သက္ရင္ ရိုးသားစြာနဲ႔ ပြင့္ပြင့္လင္းလင္း ဖြင့္ထုတ္ ေျပာျပတတ္သူ ျဖစ္ပါတယ္။

Photo: xeesoxee/ Instagram

ဇာတ္လမ္းနဲ႔ ဇာတ္ညႊန္းကိုေတာ့ She Would Never Know ဒရာမာကို ေရးသားေပးခဲ့တဲ့ Chae Yoon က တာဝန္ယူေပးထားၿပီး ဒါရိုက္တာကေတာ့ The Crowned Clown နဲ႔ Vincenzo တို႔ကို ရိုက္ကူးေပးခဲ့တဲ့ Kim Hee Won ျဖစ္ပါတယ္။

ဒီဒရာမာကေတာ့ အပိုင္း ေလးပိုင္းသာ ပါဝင္မယ့္ musical drama ျဖစ္ၿပီး ေရွ႕ႏွစ္ ၂၀၂၂ ခုႏွစ္ ပထမႏွစ္ဝက္အတြင္းမွာ ထုတ္လႊင့္ျပသသြားဖို႔ လ်ာထားတယ္လို႔ သိရပါတယ္။

Glasgow

Source: soompi

RELATED ARTICLES

Most Popular