HomeEntertainmentFilmHBO Max မှာ Harry Potter ဇာတ်လမ်းတွဲ ဖန်တီးသွားမယ်လို့ သတင်းထွက်ပေါ်

HBO Max မှာ Harry Potter ဇာတ်လမ်းတွဲ ဖန်တီးသွားမယ်လို့ သတင်းထွက်ပေါ်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

HBO Max ဟာ Harry Potter ဇာတ်လမ်းတွဲတစ်ခု ဖန်တီးသွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီဇာတ်လမ်းတွဲဟာ လောလောဆယ်မှာတော့ ပြင်ဆင်နေဆဲ ဖြစ်ပြီး အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

Harry Potter ဇာတ်လမ်းတွေကတော့ စာရေးဆရာမကြီး J. K. Rowling ရေးသားခဲ့တဲ့ စာအုပ်တွေကို Live Action အဖြစ် ပြန်လည်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ Harry Potter ဇာတ်လမ်းတွေဟာ ဝတ္ထုအဖြစ်နဲ့လည်း ကမ္ဘာတစ်ဝန်းမှာ အောင်မြင်ခဲ့သလို ရုပ်ရှင်ပြန်ရိုက်တော့လည်း သောက်သောက်လဲ အောင်မြင်ခဲ့ပါတယ်။ ထွက်ရှိပြီးဖြစ်တဲ့ Harry Potter ရုပ်ရှင်(၈)ကားရဲ့ ဝင်ငွေအားလုံး ပေါင်းလိုက်ရင် box-office ဒေါ်လာ (၇.၇)ဘီလျံတောင် ရရှိခဲ့ပါတယ်။

photo via screenrant

Harry Potter ရုပ်ရှင်တွေ ပြီးသွားတဲ့အခါမှာတော့ ဒီရုပ်ရှင်တွေရဲ့ prequel အနေနဲ့ Fantastic Beasts ရုပ်ရှင်တွေ ဆက်လက် ထွက်ရှိခဲ့ပါတယ်။ လောလောဆယ်မှာတော့ Fantastic Beasts ရုပ်ရှင်ဟာ နှစ်ကားထွက်ရှိထားပြီး သုံးကားမြောက်ကိုတော့ ရိုက်ကူးနေဆဲ ဖြစ်ပါတယ်။ Fantastic Beasts 3 ကတော့ ကိုဗစ်အပါအဝင် တစ်ခြားအကြောင်းကိစ္စ မျိုးစုံကြောင့် ရိုက်ကူးရေးမှာ ကြန့်ကြာနေရပါတယ်။

photo via screenrant

THR သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီဇာတ်လမ်းတွဲကို ဖန်တီးဖို့အတွက် HBO Max နဲ့ Warner Bros တို့ အခုမှ ဆွေးနွေးနေကြတုန်းပဲလို့ သိရပါတယ်။ တကယ်လို့ စီးရီးရိုက်ဖြစ်မယ် ဆိုရင်တော့ HBO Max တစ်ခုတည်းမှာပဲ ပြသသွားမှာဖြစ်ပြီး ဒီဇာတ်လမ်းတွဲကို ဘယ်လို ဖန်တီးသွားမယ် ဆိုတာတွေကိုတော့ အခုမှ အစည်းအဝေး လုပ်နေကြတုန်းပဲ ဖြစ်ပါတယ်။

သို့ပေမယ့်လည်း ဒါဟာ သတင်းထွက်ရုံ အဆင့်ပဲ ရှိသေးတာ ဖြစ်ပြီး Warner Bros. ဘက်ကလည်း အတည်ပြုထားခြင်း မရှိသေးတဲ့အတွက် တကယ်ဖြစ်လာမှာလားဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

HBO Max ဟာ Harry Potter ဇာတ္လမ္းတြဲတစ္ခု ဖန္တီးသြားမယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။ ဒီဇာတ္လမ္းတြဲဟာ ေလာေလာဆယ္မွာေတာ့ ျပင္ဆင္ေနဆဲ ျဖစ္ၿပီး အေသးစိတ္ အခ်က္အလက္ေတြကိုေတာ့ မသိရေသးပါဘူး။

Harry Potter ဇာတ္လမ္းေတြကေတာ့ စာေရးဆရာမႀကီး J. K. Rowling ေရးသားခဲ့တဲ့ စာအုပ္ေတြကို Live Action အျဖစ္ ျပန္လည္႐ိုက္ကူးခဲ့တာ ျဖစ္ပါတယ္။ Harry Potter ဇာတ္လမ္းေတြဟာ ဝတၳဳအျဖစ္နဲ႔လည္း ကမာၻတစ္ဝန္းမွာ ေအာင္ျမင္ခဲ့သလို ႐ုပ္ရွင္ျပန္႐ိုက္ေတာ့လည္း ေသာက္ေသာက္လဲ ေအာင္ျမင္ခဲ့ပါတယ္။ ထြက္ရွိၿပီးျဖစ္တဲ့ Harry Potter ႐ုပ္ရွင္(၈)ကားရဲ႕ ဝင္ေငြအားလုံး ေပါင္းလိုက္ရင္ box-office ေဒၚလာ (၇.၇)ဘီလ်ံေတာင္ ရရွိခဲ့ပါတယ္။

photo via screenrant

Harry Potter ႐ုပ္ရွင္ေတြ ၿပီးသြားတဲ့အခါမွာေတာ့ ဒီ႐ုပ္ရွင္ေတြရဲ႕ prequel အေနနဲ႔ Fantastic Beasts ႐ုပ္ရွင္ေတြ ဆက္လက္ ထြက္ရွိခဲ့ပါတယ္။ ေလာေလာဆယ္မွာေတာ့ Fantastic Beasts ႐ုပ္ရွင္ဟာ ႏွစ္ကားထြက္ရွိထားၿပီး သုံးကားေျမာက္ကိုေတာ့ ႐ိုက္ကူးေနဆဲ ျဖစ္ပါတယ္။ Fantastic Beasts 3 ကေတာ့ ကိုဗစ္အပါအဝင္ တစ္ျခားအေၾကာင္းကိစၥ မ်ိဳးစုံေၾကာင့္ ႐ိုက္ကူးေရးမွာ ၾကန႔္ၾကာေနရပါတယ္။

photo via screenrant

THR သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ဒီဇာတ္လမ္းတြဲကို ဖန္တီးဖို႔အတြက္ HBO Max နဲ႔ Warner Bros တို႔ အခုမွ ေဆြးေႏြးေနၾကတုန္းပဲလို႔ သိရပါတယ္။ တကယ္လို႔ စီးရီး႐ိုက္ျဖစ္မယ္ ဆိုရင္ေတာ့ HBO Max တစ္ခုတည္းမွာပဲ ျပသသြားမွာျဖစ္ၿပီး ဒီဇာတ္လမ္းတြဲကို ဘယ္လို ဖန္တီးသြားမယ္ ဆိုတာေတြကိုေတာ့ အခုမွ အစည္းအေဝး လုပ္ေနၾကတုန္းပဲ ျဖစ္ပါတယ္။

သို႔ေပမယ့္လည္း ဒါဟာ သတင္းထြက္႐ုံ အဆင့္ပဲ ရွိေသးတာ ျဖစ္ၿပီး Warner Bros. ဘက္ကလည္း အတည္ျပဳထားျခင္း မရွိေသးတဲ့အတြက္ တကယ္ျဖစ္လာမွာလားဆိုတာကိုေတာ့ ဆက္လက္ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular