HomeAnimeဝမ်းနည်းဖို့ကောင်းတဲ့ ခံစားချက်ကို ရစေမယ့် anime ဇာတ်လမ်းများ

ဝမ်းနည်းဖို့ကောင်းတဲ့ ခံစားချက်ကို ရစေမယ့် anime ဇာတ်လမ်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ဂျပန်နိုင်ငံက ဖန်တီးခဲ့တဲ့ anime တွေဟာ သူတို့ရဲ့ထူးခြားတဲ့ ကိုယ်ပိုင်စတိုင်တွေ ပရိသတ်တွေကြားထဲကို ထိုးဖောက်လာပြီး အခုချိန်မှာတော့ တစ်ကမ္ဘာလုံးအဆင့်ထိကို အောင်မြင်နေပြီ ဖြစ်ပါတယ်။ အဲ့လိုမျိူး အောင်မြင်လာတာကြောင့်လည်း အာရှမှာတင်မဟုတ်ဘဲ အနောက်ပိုင်းနိုင်ငံတွေမှာ ပရိသတ်တွေအများအပြား ရှိလာခဲ့ပါတယ်။ အဲ့လိုပရိသတ်တွေအများအပြား ရှိတဲ့အထဲမှာမှ ဒီတစ်ခါမှာတော့ ဝမ်းနည်းပြီး ခံစားရတာကို ကြိုက်တဲ့သူတွေအတွက် သင့်တော်တဲ့ ဇာတ်လမ်းကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

(7) Plastic Memories
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၅ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (7.3) ရထားပါတယ်။ ဇာတ်လမ်းကတော့ အနာဂတ်ကာလတစ်ခုမှာ ဇာတ်အိမ်တည် ထားပါတယ်။ အဲ့ဒီအနာဂတ်ကာလမှာတော့ လူတွေဟာ သူတို့ရဲ့လုပ်ငန်းတွေမှာ ကူညီဖို့အတွက် ကိုယ်ပိုင်အသိဉာဏ်ရှိတဲ့ စက်ရုပ်တွေကို တီထွင်ခဲ့ပါတယ်။ အဲ့ဒီထဲကမှ ကောင်လေးတစ်ယောက်နဲ့ စက်ရုပ်တစ်ရုပ်ဟာ အထိန်းအချုပ်လွတ်သွားတဲ့ စက်ရုပ်တွေကို လိုက်လံဖမ်းဆီးဖို့အတွက် အလုပ်အတူတူ လုပ်ရပါတော့တယ်။

(6) 5 Centimeters Per Second
photo via cbr

ဒီဇာတ်ကားကတော့ ၂၀၀၇ ခုနှစ်မှာ ထွက်ထားပြီးတော့ IMDb (7.6) ရထားပါတယ်။ ဇာတ်လမ်းကိုတော့ သုံးပိုင်းခွဲ ပြထားပြီးတော့ Takaki ဆိုတဲ့ ကောင်လေးရဲ့ ဘဝအကြောင်းကို တင်ပြထားပါတယ်။Takaki မှာ ငယ်ငယ်တည်းက တူတူဆော့နေကျ မိန်းကလေး သူငယ်ချင်းတစ်ယောက် ရှိပါတယ်။ တစ်နေ့မှာတော့ အဲ့ဒီမိန်းကလေးက အဝေးကို အိမ်ပြောင်းသွားခဲ့ပါတယ်။ ဒါပေမဲ့လည်း သူတို့ဟာ သံယောဇဉ် ရှိတာကြောင့် အမြဲစာတွေပို့ ဖြစ်ကြပါတယ်။ အဲ့ဒီ့နောက် တစစနဲ့ အရွယ်ရောက်လာတဲ့အခါ သူတို့နှစ်ယောက် ကြားက ဆက်သွယ်မှုတွေဟာ ဘာဖြစ်သွားမလည်းဆိုတာကို ကြည့်ရှုရမှာပါ။

(5) Clannad
photo via cbr

ဒီဇာတ်လမ်းတွဲဟာ ၂၀၀၇ခုနှစ်မှာ ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (7.9) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ဘဝမှာ ရည်ရွယ်ချက် အထွေအထူးမရှိဘဲ ကျောင်းတွေ ခဏခဏပျက်လေ့ရှိတဲ့ Tomoya Okazaki ဆိုတဲ့ ကောင်လေးတစ်ယောက်အကြောင်း ဖြစ်ပါတယ်။ တစ်နေ့မှာတော့ Tomoya တစ်ယောက် Nagisa ဆိုတဲ့ ကောင်မလေးကို တွေ့သွားပြီးတဲ့နောက်မှာ ရည်ရွယ်ချက်အသစ်တွေနဲ့ စိတ်သစ်လူသစ်ဖြစ်ကာ တက်တက်ကြွကြွ ဖြစ်လာပါတော့တယ်။

(4) Anohana: The Flower We Saw That Day
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၁ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.2) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ တစ်ယောက်တည်း တစ်နေကုန် ဂိမ်းပဲ ထိုင်ဆော့နေတတ်တဲ့ ကောင်လေးတစ်ယောက်က ဟိုးအရင်တုန်းက သေဆုံးသွားတာကြာပြီဖြစ်တဲ့ သူ့သူငယ်ချင်းတစ်ယောက်ရဲ့ ဝိဉာဉ်ကို မြင်လိုက်ရတာက စပါတယ်။ အဲ့ဒါကြောင့်ပဲ သူ့ရဲ့ငယ်ဘဝက သူငယ်ချင်းတွေနဲ့ ပြန်ပြီးစုဖြစ်သွားပြီး အဲ့ဒီဝိဉာဉ်လေးရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးဖို့အတွက် ကြိုးစားကြပါတော့တယ်။

(3) A Silent Voice
photo via cbr

ဒီဇာတ်လမ်းကတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ခဲ့ပြီးတော့ IMDb (8.2) ရထားပါတယ်။ ဇာတ်လမ်းကတော့ နားမကြားတဲ့ အထက်တန်း ကျောင်းသူလေး တစ်ယောက်ဟာ ကျောင်းမှာ ရက်ရက်စက်စက် အနိုင်ကျင့်ခံခဲ့ရပါတယ်။ အဲ့ဒါကြောင့်ပဲ အဲ့ဒီကောင်မလေးဟာ ကျောင်းပြောင်း သွားခဲ့ပါတယ်။ နှစ်တွေကြာသွားတဲ့အခါမှာတော့ သူမကို အရင်တုန်းက အနိုင်ကျင့်ခဲ့တဲ့သူတစ်ယောက်နဲ့ ပြန်ပြီး တွေ့ဆုံကြတဲ့အခါမှာတော့……။

(2) Violet Evergarden
photo via cbr

ဒီဇာတ်လမ်းတွဲကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ခဲ့တာဖြစ်ပြီး IMDb (8.4) ရထားပါတယ်။ စစ်ပွဲကြီးပြီးသွားတဲ့အချိန်မှာတော့ Violet Evergarden လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ဟာ တစ်ခြားသူတွေအတွက် စာရေးပေးပြီးတော့ ပို့ဆောင်ပေးရတဲ့ အေဂျင်စီတစ်ခုမှာ အလုပ်ရသွားခဲ့ပါတယ်။ သူမဟာ ငယ်ငယ်ကတည်း ပစ္စည်းတစ်ခုလို ဆက်ဆံခံခဲ့ရပြီး ခံစားချက်ဆိုတာကိုလည်း မသိဘဲ အမိန့်ကိုပဲ နာခံတတ်သူ တစ်ယောက် ဖြစ်ပါတယ်။ သူမဟာ အဲ့ဒီအလုပ်ကို လုပ်နေရင်းနဲ့ တစ်ဖြည်းဖြည်း ဘယ်လိုမျိူး ပြောင်းလဲလာမလည်းဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

(1) Your Lie in April
photo via cbr

ဒီဇာတ်လမ်းတွဲဟာ ၂၀၁၄ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (8.6) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Kousei Arima လို့ခေါ်တဲ့ စန္ဒယားပညာရှင်တစ်ယောက်ဟာ သူ့ရဲ့အမေ သေသွားပြီးနောက်မှာ စန္ဒယားတီးတာကို စွန့်လွှတ်လိုက်ပါတယ်။ ဒါပေမဲ့လည်း Kaori Miyazono လို့ခေါ်တဲ့ တယောဆရာမလေးတစ်ယောက်နဲ့ တွေ့သွားတဲ့အခါမှာတော့ သူ့ရဲ့ဘဝကို အသစ်က ပြန်စဖို့အတွက် အဲ့ဒီကောင်မလေးက ကူညီပါတော့တယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ဂ်ပန္ႏိုင္ငံက ဖန္တီးခဲ့တဲ့ anime ေတြဟာ သူတို႔ရဲ႕ထူးျခားတဲ့ ကိုယ္ပိုင္စတိုင္ေတြ ပရိသတ္ေတြၾကားထဲကို ထိုးေဖာက္လာၿပီး အခုခ်ိန္မွာေတာ့ တစ္ကမာၻလုံးအဆင့္ထိကို ေအာင္ျမင္ေနၿပီ ျဖစ္ပါတယ္။ အဲ့လိုမ်ိဴး ေအာင္ျမင္လာတာေၾကာင့္လည္း အာရွမွာတင္မဟုတ္ဘဲ အေနာက္ပိုင္းႏိုင္ငံေတြမွာ ပရိသတ္ေတြအမ်ားအျပား ရွိလာခဲ့ပါတယ္။ အဲ့လိုပရိသတ္ေတြအမ်ားအျပား ရွိတဲ့အထဲမွာမွ ဒီတစ္ခါမွာေတာ့ ဝမ္းနည္းၿပီး ခံစားရတာကို ႀကိဳက္တဲ့သူေတြအတြက္ သင့္ေတာ္တဲ့ ဇာတ္လမ္းေကာင္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(7) Plastic Memories
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၅ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (7.3) ရထားပါတယ္။ ဇာတ္လမ္းကေတာ့ အနာဂတ္ကာလတစ္ခုမွာ ဇာတ္အိမ္တည္ ထားပါတယ္။ အဲ့ဒီအနာဂတ္ကာလမွာေတာ့ လူေတြဟာ သူတို႔ရဲ႕လုပ္ငန္းေတြမွာ ကူညီဖို႔အတြက္ ကိုယ္ပိုင္အသိဉာဏ္ရွိတဲ့ စက္႐ုပ္ေတြကို တီထြင္ခဲ့ပါတယ္။ အဲ့ဒီထဲကမွ ေကာင္ေလးတစ္ေယာက္နဲ႔ စက္႐ုပ္တစ္႐ုပ္ဟာ အထိန္းအခ်ဳပ္လြတ္သြားတဲ့ စက္႐ုပ္ေတြကို လိုက္လံဖမ္းဆီးဖို႔အတြက္ အလုပ္အတူတူ လုပ္ရပါေတာ့တယ္။

(6) 5 Centimeters Per Second
photo via cbr

ဒီဇာတ္ကားကေတာ့ ၂၀၀၇ ခုႏွစ္မွာ ထြက္ထားၿပီးေတာ့ IMDb (7.6) ရထားပါတယ္။ ဇာတ္လမ္းကိုေတာ့ သုံးပိုင္းခြဲ ျပထားၿပီးေတာ့ Takaki ဆိုတဲ့ ေကာင္ေလးရဲ႕ ဘဝအေၾကာင္းကို တင္ျပထားပါတယ္။Takaki မွာ ငယ္ငယ္တည္းက တူတူေဆာ့ေနက် မိန္းကေလး သူငယ္ခ်င္းတစ္ေယာက္ ရွိပါတယ္။ တစ္ေန႔မွာေတာ့ အဲ့ဒီမိန္းကေလးက အေဝးကို အိမ္ေျပာင္းသြားခဲ့ပါတယ္။ ဒါေပမဲ့လည္း သူတို႔ဟာ သံေယာဇဥ္ ရွိတာေၾကာင့္ အၿမဲစာေတြပို႔ ျဖစ္ၾကပါတယ္။ အဲ့ဒီ့ေနာက္ တစစနဲ႔ အ႐ြယ္ေရာက္လာတဲ့အခါ သူတို႔ႏွစ္ေယာက္ ၾကားက ဆက္သြယ္မႈေတြဟာ ဘာျဖစ္သြားမလည္းဆိုတာကို ၾကည့္ရႈရမွာပါ။

(5) Clannad
photo via cbr

ဒီဇာတ္လမ္းတြဲဟာ ၂၀၀၇ခုႏွစ္မွာ ထြက္ရွိခဲ့တာ ျဖစ္ၿပီး IMDb (7.9) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ ဘဝမွာ ရည္႐ြယ္ခ်က္ အေထြအထူးမရွိဘဲ ေက်ာင္းေတြ ခဏခဏပ်က္ေလ့ရွိတဲ့ Tomoya Okazaki ဆိုတဲ့ ေကာင္ေလးတစ္ေယာက္အေၾကာင္း ျဖစ္ပါတယ္။ တစ္ေန႔မွာေတာ့ Tomoya တစ္ေယာက္ Nagisa ဆိုတဲ့ ေကာင္မေလးကို ေတြ႕သြားၿပီးတဲ့ေနာက္မွာ ရည္႐ြယ္ခ်က္အသစ္ေတြနဲ႔ စိတ္သစ္လူသစ္ျဖစ္ကာ တက္တက္ႂကြႂကြ ျဖစ္လာပါေတာ့တယ္။

(4) Anohana: The Flower We Saw That Day
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၁ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (8.2) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ တစ္ေယာက္တည္း တစ္ေနကုန္ ဂိမ္းပဲ ထိုင္ေဆာ့ေနတတ္တဲ့ ေကာင္ေလးတစ္ေယာက္က ဟိုးအရင္တုန္းက ေသဆုံးသြားတာၾကာၿပီျဖစ္တဲ့ သူ႔သူငယ္ခ်င္းတစ္ေယာက္ရဲ႕ ဝိဉာဥ္ကို ျမင္လိုက္ရတာက စပါတယ္။ အဲ့ဒါေၾကာင့္ပဲ သူ႔ရဲ႕ငယ္ဘဝက သူငယ္ခ်င္းေတြနဲ႔ ျပန္ၿပီးစုျဖစ္သြားၿပီး အဲ့ဒီဝိဉာဥ္ေလးရဲ႕ ေနာက္ဆုံးဆႏၵကို ျဖည့္ဆည္းေပးဖို႔အတြက္ ႀကိဳးစားၾကပါေတာ့တယ္။

(3) A Silent Voice
photo via cbr

ဒီဇာတ္လမ္းကေတာ့ ၂၀၁၆ ခုႏွစ္မွာ ထြက္ခဲ့ၿပီးေတာ့ IMDb (8.2) ရထားပါတယ္။ ဇာတ္လမ္းကေတာ့ နားမၾကားတဲ့ အထက္တန္း ေက်ာင္းသူေလး တစ္ေယာက္ဟာ ေက်ာင္းမွာ ရက္ရက္စက္စက္ အႏိုင္က်င့္ခံခဲ့ရပါတယ္။ အဲ့ဒါေၾကာင့္ပဲ အဲ့ဒီေကာင္မေလးဟာ ေက်ာင္းေျပာင္း သြားခဲ့ပါတယ္။ ႏွစ္ေတြၾကာသြားတဲ့အခါမွာေတာ့ သူမကို အရင္တုန္းက အႏိုင္က်င့္ခဲ့တဲ့သူတစ္ေယာက္နဲ႔ ျပန္ၿပီး ေတြ႕ဆုံၾကတဲ့အခါမွာေတာ့……။

(2) Violet Evergarden
photo via cbr

ဒီဇာတ္လမ္းတြဲကေတာ့ ၂၀၁၈ ခုႏွစ္မွာ ထြက္ခဲ့တာျဖစ္ၿပီး IMDb (8.4) ရထားပါတယ္။ စစ္ပြဲႀကီးၿပီးသြားတဲ့အခ်ိန္မွာေတာ့ Violet Evergarden လို႔ေခၚတဲ့ ေကာင္မေလးတစ္ေယာက္ဟာ တစ္ျခားသူေတြအတြက္ စာေရးေပးၿပီးေတာ့ ပို႔ေဆာင္ေပးရတဲ့ ေအဂ်င္စီတစ္ခုမွာ အလုပ္ရသြားခဲ့ပါတယ္။ သူမဟာ ငယ္ငယ္ကတည္း ပစၥည္းတစ္ခုလို ဆက္ဆံခံခဲ့ရၿပီး ခံစားခ်က္ဆိုတာကိုလည္း မသိဘဲ အမိန႔္ကိုပဲ နာခံတတ္သူ တစ္ေယာက္ ျဖစ္ပါတယ္။ သူမဟာ အဲ့ဒီအလုပ္ကို လုပ္ေနရင္းနဲ႔ တစ္ျဖည္းျဖည္း ဘယ္လိုမ်ိဴး ေျပာင္းလဲလာမလည္းဆိုတာကို ၾကည့္ရႈရမွာ ျဖစ္ပါတယ္။

(1) Your Lie in April
photo via cbr

ဒီဇာတ္လမ္းတြဲဟာ ၂၀၁၄ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (8.6) ရရွိထားပါတယ္။ ဇာတ္လမ္းကေတာ့ Kousei Arima လို႔ေခၚတဲ့ စႏၵယားပညာရွင္တစ္ေယာက္ဟာ သူ႔ရဲ႕အေမ ေသသြားၿပီးေနာက္မွာ စႏၵယားတီးတာကို စြန႔္လႊတ္လိုက္ပါတယ္။ ဒါေပမဲ့လည္း Kaori Miyazono လို႔ေခၚတဲ့ တေယာဆရာမေလးတစ္ေယာက္နဲ႔ ေတြ႕သြားတဲ့အခါမွာေတာ့ သူ႔ရဲ႕ဘဝကို အသစ္က ျပန္စဖို႔အတြက္ အဲ့ဒီေကာင္မေလးက ကူညီပါေတာ့တယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular