HomeEntertainmentFilmဘယ်အချိန်ပြန်ကြည့်ကြည့် ရိုးသွားမှာမဟုတ်တဲ့ ခေတ်ဟောင်း Horror ရုပ်ရှင်ကားများ

ဘယ်အချိန်ပြန်ကြည့်ကြည့် ရိုးသွားမှာမဟုတ်တဲ့ ခေတ်ဟောင်း Horror ရုပ်ရှင်ကားများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ရုပ်ရှင်သမိုင်းတလျှောက်မှာ Horror ရုပ်ရှင်တွေများစွာ ထွက်ရှိခဲ့ကြပေမယ့်လည်း ကြည့်ဖူးပြီးသား Horror ရုပ်ရှင်တစ်ကားကို နောက်တစ်ခေါက် ပြန်ကြည့်မယ်ဆိုရင် သိပ်ပြီးကြောက်ဖို့ မကောင်းတော့ပါဘူး။ အထူးသဖြင့် အခုခေတ်ထွက်တဲ့ Horror အများစုဟာ Jump Scare တွေကို အဓိကအသုံးပြုတာကြောင့် နောက်တစ်ခေါက် ပြန်ကြည့်ရင် ကြောက်စရာသိပ်မကောင်းတော့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အရင်ခေတ်တုန်းက ထွက်ရှိခဲ့တဲ့ Horror ရုပ်ရှင်တချို့ကတော့ ဘယ်အချိန်ပဲ ပြန်ကြည့်ကြည့် ပထမဆုံး ကြည့်ရှုရသလိုပဲ ခံစားရမယ့် ရုပ်ရှင်တွေလည်း ရှိပါတယ်။ အဲ့ဒီခေတ်ဟောင်း Horror ကားတွေကိုတော့ အောက်မှာ ဆက်လက်ကြည့်ရှုနိုင်ပြီး တစ်ခါမှမကြည့်ဖူးသေးရင်လည်း ကြည့်ကြည့်ဖို့ အကြံပေးချင်ပါတယ်။

(7) Scream
photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၉၆ ခုနှစ်တုန်းက ထွက်ရှိထားပြီးတော့ IMDb (7.3) ရရှိထားပါတယ်။ တစ်ရက်မှာတော့ Sidney ရဲ့ မိခင်ဖြစ်သူဟာ အသတ်ခံလိုက်ရပြီး တစ်နှစ်ကြာသွားတဲ့အချိန်မှာတော့ နောက်ထပ်လူသတ်မှုတွေ ထပ်မံဖြစ်ပေါ်လာပါတယ်။ ဒါကြောင့်ပဲ သူမဟာ ဒီလူသတ်မှုတွေက ဆက်စပ်နေမလားဆိုပြီး လိုက်လံစုံစမ်းတဲ့အချိန်မှာတော့….။ သရုပ်ဆောင်တွေကတော့ Courteney Cox ၊ Neve Campbell နဲ့ Drew Barrymore တို့က အဓိက ပါဝင်ထားပါတယ်။

(6) The Texas Chain Saw Massacre
photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၇၄ ခုနှစ်တုန်းက ထွက်ရှိခဲ့ပြီးတော့ IMDb (7.5) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Sally ၊ Franklin နဲ့ သူငယ်ချင်း သုံးယောက်ဟာ သူတို့ရဲ့အဘိုးအိမ်ကို အလည်အပတ်သွားကြပါတယ်။ ဒါပေမယ့်လည်း လူသူဝေးလံတဲ့ တစ်နေရာအရောက်မှာတော့ သူတို့ရဲ့ကားဟာ ဆီကုန်သွားပါတယ်။ ဒါကြောင့်ပဲ သူတို့ဟာ အကူအညီ ရှာဖွေဖို့ ကြိုးစားရင်း ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Marilyn Burns ၊ Gunnar Hansen နဲ့ Jim Siedow တို့ ပါဝင်ထားပါတယ်။

(5) Halloween
photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၇၈ ခုနှစ်မှာ ထွက်ရှိထားပြီး IMDb (7.7) ရရှိထားပါတယ်။ ၁၉၆၃ ခုနှစ် ဟောလိုးဝင်းညမှာတော့ အသက်(၆)နှစ်ပဲ ရှိသေးတဲ့ Michael Myers ဟာ သူ့ရဲ့အစ်မဖြစ်သူ (၁၇)နှစ်အရွယ်ကို ရက်ရက်စက်စက် သတ်ပစ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ သူဟာ အဖမ်းခံခဲ့ရပြီး (၁၅)နှစ်ကြာတဲ့အချိန်မှာ ထွက်ပြေးလွတ်မြောက်လာကာ နောက်ထပ်ပစ်မှတ်ကို ရှာဖွေပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Jamie Lee Curtis ၊ John Carpenter နဲ့ Kyle Richards တို့ ပါဝင်ထားပါတယ်။

(4) Rosemary’s Baby
photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၆၈ ခုနှစ်တုန်းက ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (8.0) ရရှိထားပါတယ်။ ဇာတ်လမ်းအစမှာတော့ Rosemary ဟာ သူမရဲ့ ခင်ပွန်းနဲ့အတူ အိမ်အသစ်ကို ပြောင်းရွှေ့လာပါတယ်။ အဲ့ဒီနောက်မှာတော့ သူမဟာ ထူးဆန်းတဲ့အရာတွေကို ကြားနေရသလို အိပ်မက်တွေလည်း မက်နေပါတယ်။ ဒါတင်မကသေးဘဲ သူမဟာ ကိုယ်ဝန်ရှိလာတဲ့အချိန်မှာတော့ အိမ်နီးနားချင်းတွေဟာ သူမရဲ့ကလေးကို မကောင်းတာတစ်ခုခု လုပ်တော့မယ်လို့ ထင်လာပါတော့တယ်။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Mia Farrow ၊ Ruth Gordon နဲ့ John Cassavetes တို့ ဖြစ်ပြီး အော်စကာတစ်ဆု ရရှိထားပါတယ်။

(3) Alien
photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၇၉ ခုနှစ်တုန်းက ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (8.4) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အာကာသယာဉ်မှူးတစ်စုဟာ ဂြိုဟ်တစ်ခုကနေ အချက်ပြမှုကို ရရှိခဲ့တာကြောင့် စုံစမ်းဖို့ သွားရောက်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း သူတို့ မသိတဲ့အချက်ကတော့ အဲ့ဒီလုပ်ရပ်က သူတို့အတွက် ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်သွားတာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Sigourney Weaver ၊ John Hurt နဲ့ Ian Holm တို့ ပါဝင်ထားပြီး အော်စကာတစ်ဆု ရရှိထားပါတယ်။

(2) The Shining
photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၈၀ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ IMDb (8.4) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Jack နဲ့ သူ့ရဲ့မိသားစုဟာ လူသူမနီးတဲ့ တောင်ပေါ်မှာရှိတဲ့ ဟိုတယ်တစ်ခုမှာ သွားရောက်နေထိုင်ခဲ့ကြပါတယ်။ လူသားတွေနဲ့ အဆက်အဆံ မရှိဘဲ နေထိုင်တာ တဖြည်းဖြည်း ကြာမြင့်လာတာနဲ့အမျှ Jack ရဲ့ စိတ်ဟာလည်း တဖြည်းဖြည်း ဖောက်ပြန်လာပါတော့တယ်။ Jack Nicholson ၊ Shelley Duvall နဲ့ Danny Lloyd တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

(1) Psycho
photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၆၀ ခုနှစ်တုန်းက ထွက်ရှိခဲ့တာ ဖြစ်ပြီး IMDb (8.5) ရရှိထားပါတယ်။ ဇာတ်လမ်းရဲ့ အစမှာတော့ Marion ဆိုတဲ့ ကောင်မလေးဟာ သူ့အလုပ်ရှင်ဆီကနေ ပိုက်ဆံတွေ ခိုးလာပြီးနောက်မှာ ပျောက်ဆုံးသွားပါတယ်။ ဒါကြောင့်ပဲ သူမရဲ့ချစ်သူနဲ့ ညီမတို့ဟာ သူမကို ကြိုးစားရှာဖွေကြရင်း နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မိုတယ်တစ်ခုကို ရောက်သွားပါတော့တယ်။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Anthony Perkins ၊ Janet Leigh နဲ့ Vera Miles တို့ ဖြစ်ပြီး အော်စကာလေးဆုအတွက် စံကာတင်စာရင်းဝင်ထားပါတယ်။

ဒီဇာတ်ကားတွေကတော့ ဂန္ထဝင်စာရင်းထဲမှာ ပါဝင်တဲ့ horror ရုပ်ရှင်ကားတွေပဲ ဖြစ်ပါတယ်။ ခေတ်ဟောင်းကားတွေ ဖြစ်တာကြောင် ယနေ့ခေတ်လို နည်းပညာတွေ၊ ရိုက်ချက်တွေ မကောင်းသေးပေမယ့် ဇာတ်လမ်း၊ ဇာတ်အိမ်ဖွဲ့တည်မှုနဲ့ ပြကွက်တွေကတော့ ရုပ်ရှင်ချစ်သူတွေ အကြိုက်တွေ့စေမယ်လို့ ယုံကြည်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

႐ုပ္ရွင္သမိုင္းတေလၽွာက္မွာ Horror ႐ုပ္ရွင္ေတြမ်ားစြာ ထြက္ရွိခဲ့ၾကေပမယ့္လည္း ၾကည့္ဖူးၿပီးသား Horror ႐ုပ္ရွင္တစ္ကားကို ေနာက္တစ္ေခါက္ ျပန္ၾကည့္မယ္ဆိုရင္ သိပ္ၿပီးေၾကာက္ဖို႔ မေကာင္းေတာ့ပါဘူး။ အထူးသျဖင့္ အခုေခတ္ထြက္တဲ့ Horror အမ်ားစုဟာ Jump Scare ေတြကို အဓိကအသုံးျပဳတာေၾကာင့္ ေနာက္တစ္ေခါက္ ျပန္ၾကည့္ရင္ ေၾကာက္စရာသိပ္မေကာင္းေတာ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း အရင္ေခတ္တုန္းက ထြက္ရွိခဲ့တဲ့ Horror ႐ုပ္ရွင္တခ်ိဳ႕ကေတာ့ ဘယ္အခ်ိန္ပဲ ျပန္ၾကည့္ၾကည့္ ပထမဆုံး ၾကည့္ရွုရသလိုပဲ ခံစားရမယ့္ ႐ုပ္ရွင္ေတြလည္း ရွိပါတယ္။ အဲ့ဒီေခတ္ေဟာင္း Horror ကားေတြကိုေတာ့ ေအာက္မွာ ဆက္လက္ၾကည့္ရွုနိုင္ၿပီး တစ္ခါမွမၾကည့္ဖူးေသးရင္လည္း ၾကည့္ၾကည့္ဖို႔ အႀကံေပးခ်င္ပါတယ္။

(7) Scream
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၁၉၉၆ ခုႏွစ္တုန္းက ထြက္ရွိထားၿပီးေတာ့ IMDb (7.3) ရရွိထားပါတယ္။ တစ္ရက္မွာေတာ့ Sidney ရဲ့ မိခင္ျဖစ္သူဟာ အသတ္ခံလိုက္ရၿပီး တစ္ႏွစ္ၾကာသြားတဲ့အခ်ိန္မွာေတာ့ ေနာက္ထပ္လူသတ္မွုေတြ ထပ္မံျဖစ္ေပၚလာပါတယ္။ ဒါေၾကာင့္ပဲ သူမဟာ ဒီလူသတ္မွုေတြက ဆက္စပ္ေနမလားဆိုၿပီး လိုက္လံစုံစမ္းတဲ့အခ်ိန္မွာေတာ့….။ သ႐ုပ္ေဆာင္ေတြကေတာ့ Courteney Cox ၊ Neve Campbell နဲ႔ Drew Barrymore တို႔က အဓိက ပါဝင္ထားပါတယ္။

(6) The Texas Chain Saw Massacre
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၁၉၇၄ ခုႏွစ္တုန္းက ထြက္ရွိခဲ့ၿပီးေတာ့ IMDb (7.5) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Sally ၊ Franklin နဲ႔ သူငယ္ခ်င္း သုံးေယာက္ဟာ သူတို႔ရဲ့အဘိုးအိမ္ကို အလည္အပတ္သြားၾကပါတယ္။ ဒါေပမယ့္လည္း လူသူေဝးလံတဲ့ တစ္ေနရာအေရာက္မွာေတာ့ သူတို႔ရဲ့ကားဟာ ဆီကုန္သြားပါတယ္။ ဒါေၾကာင့္ပဲ သူတို႔ဟာ အကူအညီ ရွာေဖြဖို႔ ႀကိဳးစားရင္း ေၾကာက္စရာေကာင္းတဲ့ အျဖစ္အပ်က္ေတြနဲ႔ ၾကဳံေတြ႕ရပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Marilyn Burns ၊ Gunnar Hansen နဲ႔ Jim Siedow တို႔ ပါဝင္ထားပါတယ္။

(5) Halloween
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၁၉၇၈ ခုႏွစ္မွာ ထြက္ရွိထားၿပီး IMDb (7.7) ရရွိထားပါတယ္။ ၁၉၆၃ ခုႏွစ္ ေဟာလိုးဝင္းညမွာေတာ့ အသက္(၆)ႏွစ္ပဲ ရွိေသးတဲ့ Michael Myers ဟာ သူ႔ရဲ့အစ္မျဖစ္သူ (၁၇)ႏွစ္အရြယ္ကို ရက္ရက္စက္စက္ သတ္ပစ္ခဲ့ပါတယ္။ ဒါေၾကာင့္ပဲ သူဟာ အဖမ္းခံခဲ့ရၿပီး (၁၅)ႏွစ္ၾကာတဲ့အခ်ိန္မွာ ထြက္ေျပးလြတ္ေျမာက္လာကာ ေနာက္ထပ္ပစ္မွတ္ကို ရွာေဖြပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Jamie Lee Curtis ၊ John Carpenter နဲ႔ Kyle Richards တို႔ ပါဝင္ထားပါတယ္။

(4) Rosemary’s Baby
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၁၉၆၈ ခုႏွစ္တုန္းက ထြက္ရွိခဲ့တာ ျဖစ္ၿပီး IMDb (8.0) ရရွိထားပါတယ္။ ဇာတ္လမ္းအစမွာေတာ့ Rosemary ဟာ သူမရဲ့ ခင္ပြန္းနဲ႔အတူ အိမ္အသစ္ကို ေျပာင္းေရႊ႕လာပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူမဟာ ထူးဆန္းတဲ့အရာေတြကို ၾကားေနရသလို အိပ္မက္ေတြလည္း မက္ေနပါတယ္။ ဒါတင္မကေသးဘဲ သူမဟာ ကိုယ္ဝန္ရွိလာတဲ့အခ်ိန္မွာေတာ့ အိမ္နီးနားခ်င္းေတြဟာ သူမရဲ့ကေလးကို မေကာင္းတာတစ္ခုခု လုပ္ေတာ့မယ္လို႔ ထင္လာပါေတာ့တယ္။ ပါဝင္ထားတဲ့ သ႐ုပ္ေဆာင္ေတြကေတာ့ Mia Farrow ၊ Ruth Gordon နဲ႔ John Cassavetes တို႔ ျဖစ္ၿပီး ေအာ္စကာတစ္ဆု ရရွိထားပါတယ္။

(3) Alien
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၁၉၇၉ ခုႏွစ္တုန္းက ထြက္ရွိခဲ့တာ ျဖစ္ၿပီး IMDb (8.4) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ အာကာသယာဥ္မွူးတစ္စုဟာ ၿဂိဳဟ္တစ္ခုကေန အခ်က္ျပမွုကို ရရွိခဲ့တာေၾကာင့္ စုံစမ္းဖို႔ သြားေရာက္ခဲ့ၾကပါတယ္။ ဒါေပမယ့္လည္း သူတို႔ မသိတဲ့အခ်က္ကေတာ့ အဲ့ဒီလုပ္ရပ္က သူတို႔အတြက္ ကိုယ့္ေသတြင္း ကိုယ္တူးသလို ျဖစ္သြားတာပဲ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Sigourney Weaver ၊ John Hurt နဲ႔ Ian Holm တို႔ ပါဝင္ထားၿပီး ေအာ္စကာတစ္ဆု ရရွိထားပါတယ္။

(2) The Shining
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၁၉၈၀ ခုႏွစ္မွာ ထြက္ရွိခဲ့ၿပီးေတာ့ IMDb (8.4) ရရွိထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Jack နဲ႔ သူ႔ရဲ့မိသားစုဟာ လူသူမနီးတဲ့ ေတာင္ေပၚမွာရွိတဲ့ ဟိုတယ္တစ္ခုမွာ သြားေရာက္ေနထိုင္ခဲ့ၾကပါတယ္။ လူသားေတြနဲ႔ အဆက္အဆံ မရွိဘဲ ေနထိုင္တာ တျဖည္းျဖည္း ၾကာျမင့္လာတာနဲ႔အမၽွ Jack ရဲ့ စိတ္ဟာလည္း တျဖည္းျဖည္း ေဖာက္ျပန္လာပါေတာ့တယ္။ Jack Nicholson ၊ Shelley Duvall နဲ႔ Danny Lloyd တို႔က ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

(1) Psycho
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၁၉၆၀ ခုႏွစ္တုန္းက ထြက္ရွိခဲ့တာ ျဖစ္ၿပီး IMDb (8.5) ရရွိထားပါတယ္။ ဇာတ္လမ္းရဲ့ အစမွာေတာ့ Marion ဆိုတဲ့ ေကာင္မေလးဟာ သူ႔အလုပ္ရွင္ဆီကေန ပိုက္ဆံေတြ ခိုးလာၿပီးေနာက္မွာ ေပ်ာက္ဆုံးသြားပါတယ္။ ဒါေၾကာင့္ပဲ သူမရဲ့ခ်စ္သူနဲ႔ ညီမတို႔ဟာ သူမကို ႀကိဳးစားရွာေဖြၾကရင္း နာမည္ဆိုးနဲ႔ ေက်ာ္ၾကားတဲ့ မိုတယ္တစ္ခုကို ေရာက္သြားပါေတာ့တယ္။ ပါဝင္ထားတဲ့ သ႐ုပ္ေဆာင္ေတြကေတာ့ Anthony Perkins ၊ Janet Leigh နဲ႔ Vera Miles တို႔ ျဖစ္ၿပီး ေအာ္စကာေလးဆုအတြက္ စံကာတင္စာရင္းဝင္ထားပါတယ္။

ဒီဇာတ္ကားေတြကေတာ့ ဂႏၴဝင္စာရင္းထဲမွာ ပါဝင္တဲ့ horror ႐ုပ္ရွင္ကားေတြပဲ ျဖစ္ပါတယ္။ ေခတ္ေဟာင္းကားေတြ ျဖစ္တာေၾကာင္ ယေန႔ေခတ္လို နည္းပညာေတြ၊ ရိုက္ခ်က္ေတြ မေကာင္းေသးေပမယ့္ ဇာတ္လမ္း၊ ဇာတ္အိမ္ဖြဲ႕တည္မွုနဲ႔ ျပကြက္ေတြကေတာ့ ႐ုပ္ရွင္ခ်စ္သူေတြ အႀကိဳက္ေတြ႕ေစမယ္လို႔ ယုံၾကည္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular