HomeEntertainmentFilmHouse of the Dragon အပိုင်း(၁)ထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ

House of the Dragon အပိုင်း(၁)ထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာအချက်များ

*** Spoiler Alert ***

ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ House of the Dragon ဇာတ်လမ်းတွဲကတော့ မကြာခင်ကပဲ ထွက်ရှိလာပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ Game of Thrones ဇာတ်လမ်းတွဲရဲ့ Prequel ပဲ ဖြစ်ပြီး GoT မတိုင်ခင် နှစ်ပေါင်း (၂၀၀)ခန့်မှာ ဇာတ်အိမ်တည်ထားပါတယ်။ သို့ပေမယ့်လည်း GoT နဲ့ ပတ်သက်တဲ့ Easter Egg တွေကတော့ ဒီဇာတ်လမ်းတွဲထဲမှာ ပါဝင်ထားပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ House of the Dragon ဇာတ်လမ်းတွဲ အပိုင်း(၁)ထဲက စိတ်ဝင်စားစရာ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) Great Council

photo via screenrant

Game of Thrones ဇာတ်လမ်းတွဲရဲ့ အဆုံးသတ်မှာတော့ Great Council နဲ့ အဆုံးသတ်ခဲ့သလို House of the Dragon ကို အစပြုတဲ့ အချိန်မှာလည်း Great Council နဲ့ပဲ အစပြုထားပါတယ်။ GoT ရဲ့ အဆုံးသတ်မှာတော့ Great Council ဟာ Bran Stark ကို King of Westeros အဖြစ် ရွေးချယ်ခဲ့ပြီး ဒီအပိုင်းထဲမှာတော့ King Jaehaerys I Targaryen ဟာ Great Council နဲ့ပဲ ထီးနန်းဆက်ခံသူကို ရွေးချယ်ခဲ့ပါတယ်။

(2) Mad King မသေဆုံးခင် (၁၇၂)နှစ်မှာ ဇာတ်အိမ်တည်ထားပါတယ်။

photo via screenrant

Great Council မှာ King Viserys ကို ရွေးချယ်အပြီးမှာတော့ King Viserys ရဲ့ နန်းသက်(၉)နှစ်ခန့် ရှိနေတဲ့အချိန်ကို ကျော်သွားပါတယ်။ အဲဒီနောက် ဒီဇာတ်လမ်းတွဲထဲက အဖြစ်အပျက်တွေဟာ Mad King မသေဆုံးခင် (၁၇၂)နှစ်မှာ ဇာတ်အိမ်တည်ထားတယ်လို့ စာတန်းထိုးသွားပါတယ်။

စာအုပ်ထဲမှာတော့ King Viserys ဟာ (၁၀၃)AC မှာ ဘုရင်ဖြစ်ခဲ့တာကြောင့် နန်းသက် (၉)နှစ်လောက် ကြာတဲ့အချိန် ဆိုရင်တော့ (၁၁၁)AC ဒါမှမဟုတ် (၁၁၂)AC လောက် ရှိနေမှာ ဖြစ်ပါတယ်။ Mad King ကတော့ စာအုပ်ထဲမှာ  (၂၈၃)AC မှာ သေဆုံးသွားခဲ့ပြီး GoT ထဲမှာတော့ (၂၈၀)AC မှာ သေဆုံးသွားတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဒီအကြောင်းကို စာတန်းထိုးတဲ့ အချိန်မှာတော့ Mad King တစ်ယောက်တည်းတင် မဟုတ်ဘဲ Daenerys Targaryen မမွေးဖွားခင် နှစ်ပေါင်း (၁၇၂)နှစ်လို့လည်း တွေ့ခဲ့ရပါသေးတယ်။

(3) Blackfyre နဲ့ Dark Sister

photo via screenrant

အပိုင်း(၁)ထဲမှာတော့ Valyrian Steel ကို Mention ပြုလုပ်ခဲ့ကြပြီး Daemon က Rhaenyra ကို ပေးခဲ့တဲ့ လည်ဆွဲဟာလည်း Valyrian Steel နဲ့ပဲ ပြုလုပ်ထားတယ်လို့ ပြောသွားပါတယ်။ ဒါ့အပြင် King Viserys နဲ့ Daemon တို့ရဲ့ ဓားတွေဟာလည်း Valyrian Steel နဲ့ပဲ ပြုလုပ်ထားတာ ဖြစ်ပြီး Blackfyre နဲ့ Dark Sister လို့ ခေါ်ပါတယ်။ Blackfyre ကတော့ Aegon the Conqueror ကိုယ်တိုင်က ကိုင်ဆောင်ခဲ့တာ ဖြစ်ပြီး Dark Sister ကိုတော့ Aegon ရဲ့ ဇနီးလည်းဖြစ်၊ အစ်မလည်းဖြစ်တဲ့ Visenya က ကိုင်ဆောင်ခဲ့ပါတယ်။ ဒီဓားတွေကိုတော့ GoT ထဲမှာ မမြင်တွေ့ခဲ့ရပါဘူး။

(4) စစ်သည်တော် Nymeria

photo via screenrant

ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Rhaenyra နဲ့ Alicent တို့ဟာ စစ်သည်တော် Nymeria အကြောင်းကို ပြောနေကြပါတယ်။ Nymeria ဟာ Rhoynar လူမျိူးစုတွေကို Dorne ဆီရောက်အောင် ဦးဆောင်ခဲ့ပြီး House Martell ရဲ့ ထီးနန်းကိုလည်း တည်ထောင်ပေးခဲ့ပါတယ်။ GoT ထဲမှာတောင် House Martell ဟာ Dorne ရဲ့ အုပ်ချုပ်သူတွေ ဖြစ်နေသေးတာကို မြင်တွေ့ခဲ့ရပါတယ်။

ဒါ့အပြင် GoT ထဲမှာ Arya Stark ရဲ့ ဝံပုလွေကိုလည်း စစ်သည်တော် Nymeria ကို အစွဲပြုပြီး ပေးထားတာ ဖြစ်ပါတယ်။ ဒီအချက်ကတော့ Easter Egg ဆိုတာထက် အသစ်ထွက်ရှိလာမယ့် GoT Spin-Off ကို Tease လုပ်သွားတာ ဖြစ်နိုင်ပါတယ်။ 10000 Ships ဆိုတဲ့ ဇာတ်လမ်းတွဲကတော့ Nymeria ရဲ့ ဇာတ်လမ်း ဖြစ်မယ်လို့လည်း သိရပါတယ်။

(5) Daenerys Reference

photo via screenrant

ဇာတ်ဝင်ခန်းတစ်ခုမှာတော့ ဘုရင်မ Aemma ဟာ ရေချိုးနေတာကို မြင်တွေ့ခဲ့ရပါတယ်။ ကိုယ်ဝန်ဆောင်နေတဲ့ ကာလအတွင်းမှာ ဒီအရာတစ်ခုကပဲ သက်သက်သာသာ ရှိစေတယ်လို့ သူမက ပြောပါတယ်။ ဒါ့အပြင် သူမဟာ အနည်းငယ်နွေးတဲ့ အပူချိန်ကိုသာ ခံနိုင်ရည်ရှိတာကြောင့် King Viserys ကတော့ နဂါးတွေဟာ အပူချိန်ကို လိုတယ်လို့ ပြောလိုက်ပါတယ်။

GoT ရဲ့ အစောပိုင်း Season တွေထဲမှာတော့ Daenerys ဟာ မကြာခဏ ရေချိူးနေတာကို တွေ့ခဲ့ရပါတယ်။ အဲဒီဇာတ်ဝင်ခန်းတွေထဲမှာတော့ ရေတွေဟာ အငွေ့တွေ ထွက်လောက်အောင် ပူနေပေမယ့်လည်း Daenerys ကတော့ Targaryen ဖြစ်တာကြောင့် အပူချိန်ဟာ သူမအတွက် ဘာမှမဖြစ်စေပါဘူး။ ဒါတင်မကဘဲ Daenerys ဟာ မီးပုံထဲအထိ ဆင်းသွားတောင် ဘာမှမဖြစ်တာကိုလည်း တွေ့ခဲ့ရပါသေးတယ်။

(6) အပိုင်း(၁)ထဲမှာ ပါဝင်ခဲ့ကြတဲ့ အိမ်တော်များ

photo via screenrant

အပိုင်း(၁)ထဲမှာတော့ အိမ်တော်တွေ အများစုလည်း ပါဝင်ခဲ့ကြပါတယ်။ ဒီအိမ်တော်တွေရဲ့ တံဆိပ်ကိုတော့ King Viserys ကျင်းပတဲ့ ထီးနန်းဆက်ခံပွဲအတွက် တိုက်ခိုက်ခဲ့ကြတဲ့ နေရာမှာ မြင်တွေ့ခဲ့ရပါတယ်။ House Targaryen တံဆိပ်ကတော့ အမည်းရောင် နောက်ခံပေါ်မှာ အနီရောင်နဂါးပုံ ပါဝင်ပြီး စာအုပ်ထဲကလို ခြေထောက်နှစ်ချောင်း မဟုတ်ဘဲ လေးချောင်း ပါဝင်နေပါတယ်။ House Stark ရဲ့ ဝံပုလွေတံဆိပ်ကိုတော့ Lord Rickon Stark က Rhaenyra ဆီမှာ သစ္စာခံတဲ့အချိန်မှာ ခဏတာ မြင်တွေ့ခဲ့ရပါတယ်။

House Lannister ရဲ့ ရွှေရောင်ခြင်္သေ့တံဆိပ်၊ House Baratheon ရဲ့ သမင်တံဆိပ်၊ House Cole ရဲ့ အနီရောင်နောက်ခံပေါ်က အမဲရောင်အစက်တွေ ပါဝင်နေတဲ့တံဆိပ်၊ House Tarly ရဲ့ အနီရောင်မြားသမားတံဆိပ်၊ House Hightower ရဲ့ မီးလောင်နေတဲ့ တာဝါတံဆိပ်၊ House Velaryon ရဲ့ ငွေရောင် ရေနဂါးတံဆိပ်၊ House Tully ရဲ့ ရေပေါ်ခုန်တက်နေတဲ့ ငါးတံဆိပ်၊ House Mallister ရဲ့ သိမ်းငှက်တံဆိပ်၊ House Lefford ရဲ့ အဝါရောင် နေလုံးတံဆိပ်နဲ့ House Corbray ရဲ့ နှလုံးတွေကို ချီထားတဲ့ ကျီးကန်းသုံးကောင်တံဆိပ်တို့ကို မြင်တွေ့ခဲ့ရပါတယ်။

(7) Dracarys

photo via screenrant

ဒီစကားလုံးကတော့ GoT ထဲက အထင်ကရ စကားလုံးတစ်ခုဖြစ်ပြီး Daenerys ဟာ များသောအားဖြင့် ဒီစကားလုံးကို တိုက်ခိုက်ဖို့အတွက်ပဲ အသုံးပြုလေ့ ရှိပါတယ်။ ဒါပေမယ့်လည်း Rhaenyra ကတော့ သေဆုံးသွားတဲ့ သူ့အမေကို သဂြိုလ်ပေးဖို့အတွက် ဒီစကားလုံးကို အသုံးပြုခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဇာတ်လမ်းတွဲထဲမှာတော့ နဂါးတွေနဲ့ လူတွေကြားက Bond ကိုလည်း ပိုမိုမြင်တွေ့ရမယ်လို့ ယူဆရပါတယ်။

(8) Balerion The Black Dread

photo via screenrant

ဒီဇာတ်လမ်းတွဲထဲမှာ‌တော့ နဂါးပေါင်း (၁၇)ကောင်တောင် ပါဝင်လာမယ်လို့ သိရပြီး ဒီ (၁၇)ကောင်လုံးကတော့ Balerion The Black Dread ရဲ့အရွယ်အစားနဲ့ ကြမ်းတမ်းမှုကို မမီကြပါဘူး။ Balerion ကိုတော့ Aegon the Conqueror က စီးနင်းခဲ့တာ ဖြစ်ပါတယ်။ ဒီနဂါးကြီးကတော့ နှစ်ပေါင်း (၂၀၀)ခန့် ရှင်သန်ခဲ့ပြီး မသေဆုံးခင် တစ်နှစ်လောက်အလိုမှာတော့ King Viserys က စီးနင်းခဲ့ပါသေးတယ်။

(9) The Weirwood Tree

photo via screenrant

GoT ထဲမှာတော့ Weirwood Tree ကို Stark အိမ်တော်မှာ မြင်တွေ့ခဲ့ရပြီး Night King ဟာလည်း အဲဒီသစ်ပင်နားမှာပဲ သေဆုံးသွားခဲ့ပါတယ်။ GoT ထဲမှာတော့ King’s Landing မှာ Weirwood Tree ကို မတွေ့ခဲ့ရပေမယ့် ဒီအပိုင်းထဲမှာတော့ Rhaenyra နဲ့ Alicent တို့ဟာ King’s Landing ထဲက Weirwood Tree အောက်မှာ ထိုင်နေကြတာကို တွေ့ရပါတယ်။ အကြောင်းကတော့ GoT အဖြစ်အပျက်တွေ မတိုင်ခင်မှာ တောင်ပိုင်းမှာရှိတဲ့ Weirwood Tree တွေကို Andal တွေက ခုတ်ပစ်ခဲ့လို့ပဲ ဖြစ်ပါတယ်။

(10) Valyria ရဲ့ ပျက်စီးမှု

photo via screenrant

ဒီအပိုင်းထဲမှာတော့ Valyria ရဲ့ ပျက်စီးမှုအကြောင်းကို ပြောသွားပါတယ်။ ဒီမြို့ကြီးကတော့ Aegon မတိုင်ခင် နှစ်ပေါင်း(၁၀၀)လောက်မှာ ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။ အကြောင်းရင်းကတော့ မီးတောင်တွေ ပေါက်ကွဲမှုကြောင့် လူတွေ၊ အဆောက်အဦးတွေနဲ့ နဂါးတွေပါ သေဆုံးပျက်စီးသွားခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း Targaryen တွေကတော့ Dragonstone ဆီကို ထွက်ခွာလာခဲ့တာကြောင့် ဒီအဖြစ်အပျက်ဆိုးကြီးကနေ လွတ်မြောက်သွားကြတာ ဖြစ်ပါတယ်။ ဒီလိုထွက်ခွာလာကြတာကလည်း Aegon ရဲ့ ဘိုးဘေးဖြစ်တဲ့ Daenys ရဲ့ ရှေ့ဖြစ်ဟောကြောင့်ပဲ ဖြစ်ပါတယ်။

(11) A Song of Ice and Fire

photo via screenrant

Aegon ဟာ အိပ်မက်ဆိုးတစ်ခု မြင်မက်ခဲ့ပြီး အဲဒီအိပ်မက်ကတော့ လူသားတွေကို အဆုံးသတ်သွားစေမယ့် ဆောင်းရာသီ ရောက်လာတယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဒါကတော့ Night King နဲ့ White Walker တွေကို ဆိုလိုတာပဲ ဖြစ်ပြီး ဒီအိပ်မက်ဟာ GoT ထဲမှာတော့ တကယ်ဖြစ်လာခဲ့ပါတယ်။ Aegon ကတော့ သူ့ရဲ့အိပ်မက်ကို A Song of Ice and Fire လို့ ခေါ်ဆိုခဲ့ပါတယ်။ အကြောင်းကတော့ Iron Throne ပေါ်က Targaryen (Fire) ကသာ White Walker (Ice) တွေကို နှိမ်နှင်းနိုင်မယ်လို့ ယုံကြည်ခဲ့တာကြောင့် ဖြစ်ပါတယ်။

(12) Catspaw Dagger

photo via screenrant

King Viserys ဟာ Blackfyre ဓားရှည်ကြီးအပြင် ဓားတိုတစ်ချောင်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။ အဲဒီဓားတိုကိုလည်း Valyrian Steel နဲ့ပဲ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ နောက်ထပ် နှစ်ပေါင်း(၂၀၀)နီးပါးခန့် ကြာမြင့်တဲ့အချိန်မှာတော့ အဲဒီဓားတိုလေးကပဲ Bran Stark ကို လုပ်ကြံဖို့ ကြိုးစားတဲ့အချိန်မှာ အသုံးပြုခံခဲ့ရပြီး နောက်ထပ် နှစ်အနည်းငယ် ကြာတဲ့အချိန်မှာတော့ Arya Stark ဟာ အဲဒီဓားတိုကို အသုံးပြုပြီး Night King ကို သတ်ပစ်ခဲ့ပါတယ်။

(13) ဝမ်းနည်းဖို့ကောင်းတဲ့ Ned Stark Reference

photo via screenrant

ဒီအပိုင်းထဲမှာတော့ King Viserys ဟာ မျိူးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းလာတဲ့ စကားတွေကို Rhaenyra ကို ပြောပြပြီးနောက်မှာတော့ “ကတိပေးပါ… Rhaenyra ငါ့ကို ကတိပေးပါ…” လို့ ပြောခဲ့ပါတယ်။ ဒီအချက်ကတော့ Ned Stark ရဲ့ ဝမ်းနည်းဖို့ကောင်းတဲ့ Moment တစ်ခုကို Reference ပြုလုပ်ထားတာပဲ ဖြစ်ပါတယ်။

Tower of Joy မှာတော့ Lyanna ဟာ ကလေးမီးဖွားနေရင်း သူမရဲ့ နောက်ဆုံးအချိန်မှာ Jon Snow အဖြစ် ကြီးပြင်းလာမယ့် ကလေးကို လုံခြုံစေဖို့အတွက် Jon ဟာ Targaryen မှန်း ဘယ်သူ့ကိုမှ မပြောပြဖို့ ကတိတောင်းခဲ့တဲ့ ဇာတ်ဝင်ခန်းနဲ့ အတော်လေး ဆင်တူနေပါတယ်။ အဲဒီဇာတ်ဝင်ခန်းမှာလည်း Lyanna ဟာ “ကတိပေးပါ… Ned ငါ့ကို ကတိပေးပါ…”လို့ ပြောခဲ့ပါတယ်။

(14) GoT ရဲ့ Theme Song ကို အသုံးပြုသွားတဲ့ House of the Dragon

photo via screenrant

Game of Thrones ထဲမှာတော့ Theme Song နဲ့ နောက်ခံတေးဂီတအားလုံးအတွက် နာမည်ကျော် Composer Ramin Djawadi က ပါဝင်ထားပြီး House of the Dragon ထဲမှာလည်း Ramin Djawadi ကပဲ ပြန်လည် ပါဝင်ထားပါတယ်။ ဒီအပိုင်းရဲ့ အဆုံးသတ်မှာတော့ GoT ပရိသတ်တွေကို ပြန်လည်အမှတ်ရသွားစေမယ့် အချက်တစ်ခု ပါဝင်နေပါတယ်။ အဲဒါကတော့ ဒီအပိုင်းရဲ့ အဆုံးသတ်မှာ GoT ရဲ့ Theme Song ကို ပြန်လည်ကြားခဲ့ရပြီး တဖြည်းဖြည်းနဲ့ Theme Song အသစ်အဖြစ် ကူးပြောင်းသွားတာကို တွေ့ရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

 

RELATED ARTICLES

Most Popular