HomeEntertainmentFilmThe Hunger Games ရုပ်ရှင်တွေထဲက လက်သုံးချောင်းထောင်တဲ့ အဓိပ္ပာယ်က ဘာလဲ?

The Hunger Games ရုပ်ရှင်တွေထဲက လက်သုံးချောင်းထောင်တဲ့ အဓိပ္ပာယ်က ဘာလဲ?

ယခုအချိန်မှာတော့ လက်သုံးချောင်းထောင်တဲ့ အမူအရာဟာ ကျွန်တော်တို့နဲ့ မစိမ်းတဲ့ အပြုအမူတစ်ခု ဖြစ်နေပါပြီ။ ရုပ်ရှင်ချစ်ပရိသတ်အများစုကတော့ လက်သုံးချောင်းထောင်တဲ့ အမူအရာဟာ The Hunger Games ရုပ်ရှင်တွေထဲက မှီငြမ်းထားတာကို သိကြမှာပါ။ ဒါပေမယ့်လည်း ယခုအချိန်အထိ ဒီလက်သုံးချောင်းထောင်တဲ့ အမူအရာဟာ ဘာကိုဆိုလိုတယ် ဆိုတာကို သေချာမသိကြသေးသူတွေများစွာ ရှိနေကြပါသေးတယ်။ ဒါကြောင့်ပဲ ယခုတစ်ခါမှာတော့ လက်သုံးချောင်းထောင်ရခြင်းရဲ့ အဓိပ္ပာယ်ကို ဖော်ပြပေးချင်ပါတယ်။

photo credit Lionsgate Film

ဒီအမူအရာကိုတော့ The Hunger Games ရုပ်ရှင်ထဲမှာ စတင်မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ Katniss ဟာ ညီမဖြစ်သူအစား ကစားပွဲကို ဝင်သွားတဲ့ အချိန်မှာတော့ District 12 ကလူတွေဟာ သူတို့ရဲ့ဘယ်လက်က လက်သုံးချောင်းကို နှုတ်ခမ်းမှာ ကပ်ပြီးမှ ထောင်ပြခဲ့ပါတယ်။ ဒီအပြုအမူကတော့ District 12 ရဲ့ ရှေးကျတဲ့ အပြုအမူတစ်ခုဖြစ်ပြီး အသုဘတွေမှာသာ အသုံးပြုလေ့ရှိတဲ့ အပြုအမူတစ်ခု ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ ကျေးဇူးတင်ခြင်း၊ လေးစားခြင်းနဲ့ ကိုယ်ချစ်ရတဲ့ တစ်ယောက်ယောက်ကို နှုတ်ဆက်တဲ့သဘော ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ လက်သုံးချောင်းထောင်ခြင်းရဲ့ အဓိပ္ပာယ်ဟာ ဆင့်ကဲပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။ The Hunger Games: Catching Fire ရုပ်ရှင်ထဲမှာတော့ လက်သုံးချောင်းထောင်ခြင်းဟာ နှုတ်ဆက်ခြင်းအဖြစ် အသုံးပြုနေသေးပေမယ့်လည်း Capitol က ရေပေါ်ဆီလူတန်းစားတွေဟာ ပြည်သူတွေရဲ့ ကလေးတွေကို ခေါ်သွားပြီး သတ်ပစ်နေတာကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ ပြည်သူတွေရဲ့ ဒေါသနဲ့ ဝမ်းနည်းပူဆွေးမှုကိုလည်း ကိုယ်စားပြုပါတယ်။

photo credit Lionsgate Film

Katniss ဟာ Rue ကို အမှတ်ရစေတဲ့ မိန့်ခွန်းကို ပြောခဲ့တဲ့ အချိန်မှာတော့ District 11 မှာ ရှိနေတဲ့လူတွေဟာ လက်သုံးချောင်းထောင်ပြီး ပြန်လည်တုံ့ပြန်ခဲ့ကြပါတယ်။ သို့သော်လည်း Katniss ကို ပထမဆုံး လက်သုံးချောင်းထောင်ပြခဲ့တဲ့ အဘိုးကြီးဟာ လူလယ်ခေါင်မှာပဲ ကွပ်မျက်ခံခဲ့ရပါတယ်။ အဲဒီအချိန်ကနေ စတင်ပြီး လက်သုံးချောင်းထောင်ခြင်းဟာ ပုန်ကန်တော်လှန်ခြင်းရဲ့ သင်္ကေတတစ်ခု ဖြစ်လာပြီး “ငါလည်း မင်းတို့နဲ့အတူ ရှိနေတယ်။ ငါလည်း Capitol ကို ဆန့်ကျင်တယ်” လို့ ဆိုလိုချင်တာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ယခုအချိန်မှာတော့ လက်သုံးထောင်ခြင်းဟာ ကိုယ်ရေးကိုယ်တာ ခံစားချက်တွေကို ဖော်ပြချင်တာထက် ပိုမိုလေးနက်လာပြီး တော်လှန်ရေးတစ်ခုလုံးကို ကိုယ်စားပြုတဲ့ သင်္ကေတတစ်ခု ဖြစ်နေပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular