HomeCelebs Update NewsKoreaတားမြစ်မှုတွေမရှိဘဲ လွတ်လွတ်လပ်လပ် ဒိတ်လုပ်ခွင့်ရရှိထားကြတဲ့ Idol များ 

တားမြစ်မှုတွေမရှိဘဲ လွတ်လွတ်လပ်လပ် ဒိတ်လုပ်ခွင့်ရရှိထားကြတဲ့ Idol များ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ကေပေါ့ပ် Idol တွေရဲ့ အချစ်ရေးနဲ့ ပတ်သက်ရင် ပရိသတ်တွေကြားထဲမှာ အယူအဆအမျိုးမျိုး ကွဲလွဲနေတတ်ပါတယ်။ အများစုကတော့ Idol တွေဟာ ပရိသတ်တွေကို ငဲ့တွက်သင့်တာကြောင့် ဒိတ်မလုပ်သင့်ဘူးလို့ ယူဆထားကြပါတယ်။ ဒါကြောင့်ပဲ အေဂျင်စီအများစုဟာ အချိန်အတိုင်းအတာတစ်ခုအထိ Idol တွေကို ဒိတ်လုပ်ခွင့် ပိတ်ပင်ထားတတ်ကြတာလည်း ဖြစ်ပါတယ်။ သို့ပေမယ့်လည်း အချို့သော Idol တွေမှာတော့ ဒိတ်လုပ်ခွင့် ပိတ်ပင်ခံရတာမျိုး လုံးဝမရှိတာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။ ပိတ်ပင်မှုတွေ မရှိဘဲ လွတ်လွတ်လပ်လပ် ဒိတ်လုပ်ခွင့် ရရှိထားတဲ့ Idol အချို့ကတော့ …

MAMAMOO
Photo: mamamoo_official/ Instagram

MAMAMOO အဖွဲ့ဟာ စတင်ပွဲထွက်တဲ့ အချိန်တည်းက ဒိတ်လုပ်ခွင့် တားမြစ်ခံရတာမျိုး မရှိခဲ့ဘူးလို့ ဖွင့်ဟလိုက်ချိန်မှာတော့ ပရိသတ်များစွာဟာ အံ့ဩခဲ့ရပါတယ်။ ဒိတ်လုပ်တာကို မတားမြစ်ထားပေမယ့် အဖွဲ့ဝင်တွေမှာလည်း ဒိတ်လုပ်ဖို့ကို အချိန်မရှိခဲ့ပါဘူးလို့ Wheein က ပြောပြခဲ့ဖူးပါတယ်။

Baek Ah Yeon
Photo: ayeoniiiiii/ Instagram

JYP ရဲ့ artist အများစုဟာ ပထမဆုံးပွဲထွက်ပြီး သုံးနှစ်ကြာအထိ ဒိတ်လုပ်ခွင့် ပိတ်ပင်ခံကြရပေမယ့် Baek Ah Yeon ကတော့ ဒီစည်းကမ်းကို လိုက်နာစရာ မလိုခဲ့ပါဘူး။ သီချင်းကောင်းတွေ ဖန်တီးရေးသားနိုင်ဖို့အတွက် ကုန်ကြမ်းရအောင် ဒိတ်လုပ်ဖို့ကိုတောင် တိုက်တွန်းခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။ “ကုမ္ပဏီက ကျွန်မကို အပြင်တွေ သွားခိုင်းတယ်။ လူတွေနဲ့တွေ့ဖို့နဲ့ ဒိတ်လုပ်ဖို့ကိုလည်း အားပေးခဲ့တယ်။ ဒါတွေက သီချင်းဆိုဖို့နဲ့ ရေးဖို့ကို အတွေ့အကြုံတွေ၊ ခံစားချက်တွေ ရစေတယ်လို့လည်း သူတို့က ပြောသေးတယ်။ လူကောင်းနဲ့ တွေ့ရင်တော့ ကျွန်မလည်း ဒိတ်လုပ်ချင်ပါတယ်… ” လို့ Baek Ah Yeon က ပြောဖူးပါတယ်။

Pledis Entertainment က artist များ
Photo: nuest_official/ Instagram

Pledis Entertainment ဟာ ဒိတ်လုပ်ခြင်းကို ပိတ်ပင်တာမျိုး မရှိဘဲ အားတောင်အားပေးပါသေးတယ်လို့ NU’EST အဖွဲ့က Minhyun က တစ်ခါတုန်းက ပြောပြဖူးပါတယ်။ “အေဂျင်စီက ဒိတ်လုပ်ခွင့် ပိတ်ပင်တာမျိုး မရှိပါဘူး။ ပြောရရင် ဒိတ်လုပ်ဖို့ကိုတောင် သူတို့က အားပေးသေးတယ်။ အဲ့ဒါမှ ကျွန်တော်တို့ရဲ့ ခံစားချက်တွေကို ဖွင့်ထုတ်လို့ရမယ်ဆိုပြီးတော့ပေါ့။ ဒါပေမယ့် ဒိတ်လုပ်ဖို့လည်း အချိန်မရှိပါဘူး။ ဒိတ်လုပ်ဖို့ဆိုရင် ကျွန်တော်တို့ အိပ်မယ့်အချိန်ကို မအိပ်ဘဲ သွားချိန်းတွေ့နေမှပဲ ရမယ်။ မလွယ်ဘူးဗျ… ” လို့ Minhyun က ဆိုထားဖူးတာပါ။

AKMU အဖွဲ့က Chanhyuk
Photo: akmuchanhk/ Instagram

YG Enterainment ဟာ သူတို့ရဲ့ Idol တွေကို အချိန်ကာလတစ်ခုအထိ ဒိတ်လုပ်ခွင့် တားမြစ်ထားလေ့ ရှိပေမယ့် Chanhyuk ကတော့ ထူးထူးခြားခြား တစ်ခါမှ ပိတ်ပင်မခံခဲ့ရပါဘူး။ “ကျွန်တော့်အတွက်ကတော့ ဒိတ်လုပ်ခွင့် တားမြစ်ခံထားရတာမျိုး မရှိခဲ့ပါဘူး။ Yang Hyun Suk က ကျွန်တော့်ကို ဒိတ်လုပ်ဖို့ အပြည့်အဝကို လွတ်လပ်ခွင့်ပေးထားတာပါ။ သူက ကျွန်တော့်ကို အဲ့လောက်ကြီး လိုက်ကြည့်မနေပါဘူး။ ကျွန်တော်က သီချင်းတွေလည်း ရေးတော့ ကျွန်တော်သာ ဒိတ်လုပ်ချင်တယ်ဆို လုပ်ဖို့ သူက ပြောထားပါတယ်… ” လို့ Chanhyuk က ပြောပြဖူးပါတယ်။

4Minute
Photo: 4minute4nia_ / Instagram

4Minute အဖွဲ့ဟာ Cube Entertainment လက်အောက်မှာ ရှိခဲ့တုန်းက ဒိတ်လုပ်ခွင့် ပိတ်ခံရတာမျိုး မရှိခဲ့ဘူးလို့ ဖွင့်ဟလိုက်ချိန်မှာ ပရိသတ်အများအပြားကို အံ့အားသင့်စေခဲ့ပါတယ်။ အေဂျင်စီဘက်က ဒိတ်လုပ်တာကို မတားမြစ်တဲ့အပြင် ဒိတ်လုပ်ချင်ရင် လုပ်ဖို့ကိုတောင် အားပေးခဲ့သေးတယ်လို့ ဆိုပါတယ်။

ဒါကတော့ ဒိတ်လုပ်ခွင့် တားမြစ်ခံရခြင်းမရှိဘဲ လွတ်လွတ်လပ်လပ် ဒိတ်လုပ်ခွင့် ရရှိထားတဲ့ Idol အချို့ပဲဖြစ်ပါတယ်။ စာဖတ်သူတို့ရော Idol တစ်ယောက်အနေနဲ့ ဒိတ်လုပ်သင့်လား၊ မလုပ်သင့်ဘူးလားဆိုတဲ့အပေါ် အမြင်လေးတွေ ပြောပေးခဲ့ပါဦး။

LaNina
(Zawgyi Version)

ေကေပါ့ပ္ Idol ေတြရဲ႕ အခ်စ္ေရးနဲ႔ ပတ္သက္ရင္ ပရိသတ္ေတြၾကားထဲမွာ အယူအဆအမ်ိဳးမ်ိဳး ကြဲလြဲေနတတ္ပါတယ္။ အမ်ားစုကေတာ့ Idol ေတြဟာ ပရိသတ္ေတြကို ငဲ့တြက္သင့္တာေၾကာင့္ ဒိတ္မလုပ္သင့္ဘူးလို႔ ယူဆထားၾကပါတယ္။ ဒါေၾကာင့္ပဲ ေအဂ်င္စီအမ်ားစုဟာ အခ်ိန္အတိုင္းအတာတစ္ခုအထိ Idol ေတြကို ဒိတ္လုပ္ခြင့္ ပိတ္ပင္ထားတတ္ၾကတာလည္း ျဖစ္ပါတယ္။ သို႔ေပမယ့္လည္း အခ်ိဳ႕ေသာ Idol ေတြမွာေတာ့ ဒိတ္လုပ္ခြင့္ ပိတ္ပင္ခံရတာမ်ိဳး လုံးဝမရွိတာမ်ိဳးလည္း ျဖစ္တတ္ပါေသးတယ္။ ပိတ္ပင္မႈေတြ မရွိဘဲ လြတ္လြတ္လပ္လပ္ ဒိတ္လုပ္ခြင့္ ရရွိထားတဲ့ Idol အခ်ိဳ႕ကေတာ့ …

MAMAMOO
Photo: mamamoo_official/ Instagram

MAMAMOO အဖြဲ႕ဟာ စတင္ပြဲထြက္တဲ့ အခ်ိန္တည္းက ဒိတ္လုပ္ခြင့္ တားျမစ္ခံရတာမ်ိဳး မရွိခဲ့ဘူးလို႔ ဖြင့္ဟလိုက္ခ်ိန္မွာေတာ့ ပရိသတ္မ်ားစြာဟာ အံ့ဩခဲ့ရပါတယ္။ ဒိတ္လုပ္တာကို မတားျမစ္ထားေပမယ့္ အဖြဲ႕ဝင္ေတြမွာလည္း ဒိတ္လုပ္ဖို႔ကို အခ်ိန္မရွိခဲ့ပါဘူးလို႔ Wheein က ေျပာျပခဲ့ဖူးပါတယ္။

Baek Ah Yeon
Photo: ayeoniiiiii/ Instagram

JYP ရဲ႕ artist အမ်ားစုဟာ ပထမဆုံးပြဲထြက္ၿပီး သုံးႏွစ္ၾကာအထိ ဒိတ္လုပ္ခြင့္ ပိတ္ပင္ခံၾကရေပမယ့္ Baek Ah Yeon ကေတာ့ ဒီစည္းကမ္းကို လိုက္နာစရာ မလိုခဲ့ပါဘူး။ သီခ်င္းေကာင္းေတြ ဖန္တီးေရးသားႏိုင္ဖို႔အတြက္ ကုန္ၾကမ္းရေအာင္ ဒိတ္လုပ္ဖို႔ကိုေတာင္ တိုက္တြန္းခံခဲ့ရတယ္လို႔လည္း ဆိုပါတယ္။ “ကုမၸဏီက ကြၽန္မကို အျပင္ေတြ သြားခိုင္းတယ္။ လူေတြနဲ႔ေတြ႕ဖို႔နဲ႔ ဒိတ္လုပ္ဖို႔ကိုလည္း အားေပးခဲ့တယ္။ ဒါေတြက သီခ်င္းဆိုဖို႔နဲ႔ ေရးဖို႔ကို အေတြ႕အႀကဳံေတြ၊ ခံစားခ်က္ေတြ ရေစတယ္လို႔လည္း သူတို႔က ေျပာေသးတယ္။ လူေကာင္းနဲ႔ ေတြ႕ရင္ေတာ့ ကြၽန္မလည္း ဒိတ္လုပ္ခ်င္ပါတယ္… ” လို႔ Baek Ah Yeon က ေျပာဖူးပါတယ္။

Pledis Entertainment က artist မ်ား
Photo: nuest_official/ Instagram

Pledis Entertainment ဟာ ဒိတ္လုပ္ျခင္းကို ပိတ္ပင္တာမ်ိဳး မရွိဘဲ အားေတာင္အားေပးပါေသးတယ္လို႔ NU’EST အဖြဲ႕က Minhyun က တစ္ခါတုန္းက ေျပာျပဖူးပါတယ္။ “ေအဂ်င္စီက ဒိတ္လုပ္ခြင့္ ပိတ္ပင္တာမ်ိဳး မရွိပါဘူး။ ေျပာရရင္ ဒိတ္လုပ္ဖို႔ကိုေတာင္ သူတို႔က အားေပးေသးတယ္။ အဲ့ဒါမွ ကြၽန္ေတာ္တို႔ရဲ႕ ခံစားခ်က္ေတြကို ဖြင့္ထုတ္လို႔ရမယ္ဆိုၿပီးေတာ့ေပါ့။ ဒါေပမယ့္ ဒိတ္လုပ္ဖို႔လည္း အခ်ိန္မရွိပါဘူး။ ဒိတ္လုပ္ဖို႔ဆိုရင္ ကြၽန္ေတာ္တို႔ အိပ္မယ့္အခ်ိန္ကို မအိပ္ဘဲ သြားခ်ိန္းေတြ႕ေနမွပဲ ရမယ္။ မလြယ္ဘူးဗ်… ” လို႔ Minhyun က ဆိုထားဖူးတာပါ။

AKMU အဖြဲ႕က Chanhyuk
Photo: akmuchanhk/ Instagram

YG Enterainment ဟာ သူတို႔ရဲ႕ Idol ေတြကို အခ်ိန္ကာလတစ္ခုအထိ ဒိတ္လုပ္ခြင့္ တားျမစ္ထားေလ့ ရွိေပမယ့္ Chanhyuk ကေတာ့ ထူးထူးျခားျခား တစ္ခါမွ ပိတ္ပင္မခံခဲ့ရပါဘူး။ “ကြၽန္ေတာ့္အတြက္ကေတာ့ ဒိတ္လုပ္ခြင့္ တားျမစ္ခံထားရတာမ်ိဳး မရွိခဲ့ပါဘူး။ Yang Hyun Suk က ကြၽန္ေတာ့္ကို ဒိတ္လုပ္ဖို႔ အျပည့္အဝကို လြတ္လပ္ခြင့္ေပးထားတာပါ။ သူက ကြၽန္ေတာ့္ကို အဲ့ေလာက္ႀကီး လိုက္ၾကည့္မေနပါဘူး။ ကြၽန္ေတာ္က သီခ်င္းေတြလည္း ေရးေတာ့ ကြၽန္ေတာ္သာ ဒိတ္လုပ္ခ်င္တယ္ဆို လုပ္ဖို႔ သူက ေျပာထားပါတယ္… ” လို႔ Chanhyuk က ေျပာျပဖူးပါတယ္။

4Minute
Photo: 4minute4nia_ / Instagram

4Minute အဖြဲ႕ဟာ Cube Entertainment လက္ေအာက္မွာ ရွိခဲ့တုန္းက ဒိတ္လုပ္ခြင့္ ပိတ္ခံရတာမ်ိဳး မရွိခဲ့ဘူးလို႔ ဖြင့္ဟလိုက္ခ်ိန္မွာ ပရိသတ္အမ်ားအျပားကို အံ့အားသင့္ေစခဲ့ပါတယ္။ ေအဂ်င္စီဘက္က ဒိတ္လုပ္တာကို မတားျမစ္တဲ့အျပင္ ဒိတ္လုပ္ခ်င္ရင္ လုပ္ဖို႔ကိုေတာင္ အားေပးခဲ့ေသးတယ္လို႔ ဆိုပါတယ္။

ဒါကေတာ့ ဒိတ္လုပ္ခြင့္ တားျမစ္ခံရျခင္းမရွိဘဲ လြတ္လြတ္လပ္လပ္ ဒိတ္လုပ္ခြင့္ ရရွိထားတဲ့ Idol အခ်ိဳ႕ပဲျဖစ္ပါတယ္။ စာဖတ္သူတို႔ေရာ Idol တစ္ေယာက္အေနနဲ႔ ဒိတ္လုပ္သင့္လား၊ မလုပ္သင့္ဘူးလားဆိုတဲ့အေပၚ အျမင္ေလးေတြ ေျပာေပးခဲ့ပါဦး။

LaNina

 

RELATED ARTICLES

Most Popular