HomeCelebs Update NewsKoreaေကာလာဟလအမွားေတြေၾကာင့္ ဒုကၡေရာက္ခဲ့ၾကရတဲ့ Idol မ်ား

ေကာလာဟလအမွားေတြေၾကာင့္ ဒုကၡေရာက္ခဲ့ၾကရတဲ့ Idol မ်ား

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

ေလာကႀကီးမွာ သူမ်ားရဲ႕ပ်က္စီးရာ ပ်က္စီးေၾကာင္းကို အခ်ိန္ေပးၿပီး နည္းလမ္းရွာ စဥ္းစားတတ္ၾကသူေတြ ရိွပါတယ္။ လူတစ္ေယာက္ ထိခိုက္နစ္နာသြားဖို႔အတြက္ မဟုတ္မဟတ္တဲ့ နည္းလမ္းေတြနဲ႔ ဒုကၡေပးလိုက္ရတာကို ေပ်ာ္ရႊင္တတ္တဲ့လူေတြ ရိွၾကပါတယ္။ တစ္ဖက္သားမွာေတာ့ သူတို႔ေၾကာင့္ ဒုကၡေတြ ပင္လယ္ေ၀ရတဲ့အျဖစ္မ်ိဳး ေရာက္ၾကရပါေတာ့တယ္။ ဒီလိုအျဖစ္မ်ိဳးဟာ ေကေပါ့ပ္ေလာကထဲမွာ အလားတူ ျဖစ္ပြားေလ့ ရိွပါတယ္။ သတင္းအမွားေတြနဲ႔ ေကာလာဟလေတြ ျဖန္႔ၿပီး နာမည္ပ်က္သြားေလာက္တဲ့အထိ ဒုကၡေပးတတ္ၾကတာမ်ိဳးပါ။ ေကာလာဟလအမွားေတြေၾကာင့္ ဒုကၡေရာက္ခဲ့ရတဲ့ Idol ေတြကေတာ့ …

IU 

Photo: asialive365

လူအမ်ားစု ခ်စ္ၾကတဲ့ IU ေလးကို မုန္းေနသူေတြလည္း ရိွခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ နာမည္ႀကီး Boy band တစ္ခုက အဖြဲ႔၀င္တစ္ေယာက္နဲ႔ လက္ထပ္ေတာ့မယ္ဆိုတဲ့ သတင္းအမွားတစ္ခု ၂၀၁၃ခုႏွစ္ေလာက္က ထြက္လာခဲ့တာ ျဖစ္ပါတယ္။ ဒီဂယက္ေၾကာင့္ IU မွာ ထိခိုက္မႈေတြ ျဖစ္ခဲ့ရတဲ့အတြက္ ေကာလာဟလျဖန္႔တဲ့သူကို စုံစမ္းေဖာ္ထုတ္ၿပီး အေရးယူေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။ တရားခံဟာလည္း အေရးယူခံခဲ့ရပါတယ္။

Han Seungyeon 

Photo: koreaboo

Han Seungyeon ဟာလည္း ၂၀၁၃ခုႏွစ္ေလာက္မွာ အေျခအျမစ္မရိွတဲ့ ေကာလာဟလတစ္ခုေၾကာင့္ ခံစားခဲ့ရပါတယ္။ အဲ့ဒါကေတာ့ သူမရဲ႕တက္လမ္းေကာင္းဖို႔အတြက္ entertainment ကုမၸဏီရဲ႕ အထက္အရာရိွေတြကို ျမဴဆြယ္ျဖားေယာင္းခဲ့တယ္ဆိုတဲ့ ေကာလာဟလပါ။ လူတကာပါးစပ္ဖ်ားမွာ အေျပာခံခဲ့ရလို႔ သူမရဲ႕မိဘေတြကေတာင္ ဒီကိစၥကို သိသြားခဲ့ရတယ္လို႔ ဆုိပါတယ္။

Sulli

Photo: koreaboo

၂၀၁၄ခုႏွစ္ အေစာပိုင္းေလာက္မွာ Sulli တစ္ေယာက္ ကိုယ္၀န္ရိွေနတယ္ဆိုတဲ့ သတင္းေတြ ပ်ံ႕ႏွံ႕လာခဲ့ပါတယ္။ Sulli ကို ကိုယ္၀န္ေဆာင္ေဆးခန္းမွာ ေတြ႕ခဲ့တယ္ဆိုၿပီး လူတစ္ေယာက္က သတင္းစျဖန္႔ခဲ့တာ ျဖစ္ပါတယ္။ တစစနဲ႔ ဒီသတင္းဟာ ေတာမီးလို ပ်ံ႕ႏွံ႔သြားခဲ့လို႔ မနည္းေျဖရွင္းခဲ့ရပါေသးတယ္။

Park Bom

Photo: koreaboo

Park Bom ကေတာ့ ေကာလာဟလေတြရဲ႕ ဒဏ္ကို မၾကာခဏ ခံစားခဲ့ရသူ ျဖစ္ပါတယ္။ ပလတ္စတစ္ဆာဂ်ရီလုပ္တယ္ဆိုတဲ့ သတင္းကေန ေဆးေျခာက္သုံးစြဲတယ္ဆိုတဲ့ သတင္းအထိ ေကာလာဟလ အျဖန္႔ခံခဲ့ရသူပါ။ ဒီကိစၥေတြနဲ႔ ပတ္သက္လို႔ YG Entertainment ကလည္း ေကာလာဟလျဖန္႔တဲ့လူကို စုံစမ္းၿပီး ျပင္းျပင္းထန္ထန္ အေရးယူခဲ့ပါေသးတယ္။

Jang Hyunseung နဲ႔ HyunA

Photo: koreaboo

၂၀၁၄ခုႏွစ္ အေစာပိုင္းမွာ မယုံႏိုင္စရာ သတင္းတစ္ခု ပ်ံ႕ႏွံ႔ခဲ့ပါတယ္။ အဲ့ဒါကေတာ့ HyunA မွာ Jang Hyunseung နဲ႔ရတဲ့ကိုယ္၀န္ ရိွေနေၾကာင္း Cube Entertainment က တရား၀င္ထုတ္ျပန္တယ္ဆိုတဲ့ ေခါင္းစဥ္နဲ႔ သတင္းေဆာင္းပါးတစ္ပုဒ္ တက္လာခဲ့တာ ျဖစ္ပါတယ္။ ပုံစံက အတည္အခန္႔ ေရးထားလို႔ လူအမ်ားစုက အမွန္လို႔ ထင္ခဲ့ၾကေပမယ့္ ေနာက္ပိုင္းမွာေတာ့ အဆိုပါ ေဆာင္းပါးဟာ သတင္းအတုႀကီးမွန္း ေပၚေပါက္သြားခဲ့ပါတယ္။

Rain

Photo: koreaboo

၂၀၁၄ခုႏွစ္ ႏို၀င္ဘာလမွာေတာ့ Rain ရဲ႕ ကိုယ္လုံးတီးပုံေတြလို႔ စြပ္စြဲထားတဲ့ ပုံအခ်ိဳ႕ အြန္လိုင္းမွာ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။ ဓာတ္ပုံေတြကို ပထမဆုံး အြန္လိုင္းေပၚ စတင္ၿပီး ျဖန္႔ခဲ့တဲ့လူကေတာ့ အဆိုပါဓာတ္ပုံေတြဟာ မင္းသမီး Kim Tae Hee ရဲ႕ ေပ်ာက္သြားတဲ့ ဖုန္းထဲကပုံေတြလို႔ အခိုင္အမာဆိုခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ အဆိုပါပုံေတြဟာ Rain ရဲ႕ ပုံေတြမဟုတ္ဘဲ Rain နဲ႔ ရုပ္ခ်င္းဆင္တဲ့ လူတစ္ေယာက္ရဲ႕ပုံေတြမွန္း သိခဲ့ၾကရပါတယ္။

Suho

Photo: koreaboo

Suho ရဲ႕အေဖဟာ ဂ်ပန္အစိုးရက မ်က္ႏွာသာေပးရတဲ့ အရာရိွတစ္ေယာက္ဆိုၿပီး ေကာလာဟလေတြ ထြက္လာခဲ့ပါေသးတယ္။ အင္တာနက္သုံးစြဲသူ အမ်ားစုဟာ ဒီသတင္းေၾကာင့္ Suho နဲ႔ သူ႔ရဲ႕အေဖကို ေဒါသူပုန္ထခဲ့ၾကပါေသးတယ္။ သို႔ေပမယ့္ ေနာက္ပိုင္းမွာေတာ့ ဒီေကာလာဟလဟာ အမွားႀကီးမွန္း သိခဲ့ၾကရပါတယ္။

ဒါေတြကေတာ့ Idol ေတြကို နာမည္ဖ်က္ခ်င္လို႔ ျဖန္႔ခဲ့ၾကတဲ့ ေကာလာဟလအမွားေတြပါ။ စာဖတ္သူတို႔ရဲ႕ အျမင္ကိုလည္း ေျပာျပခဲ့ပါဦး။

LaNina

Ref: koreaboo

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

(Unicode Version)

လောကကြီးမှာ သူများရဲ့ပျက်စီးရာ ပျက်စီးကြောင်းကို အချိန်ပေးပြီး နည်းလမ်းရှာ စဉ်းစားတတ်ကြသူတွေ ရှိပါတယ်။ လူတစ်ယောက် ထိခိုက်နစ်နာသွားဖို့အတွက် မဟုတ်မဟတ်တဲ့ နည်းလမ်းတွေနဲ့ ဒုက္ခပေးလိုက်ရတာကို ပျော်ရွှင်တတ်တဲ့လူတွေ ရှိကြပါတယ်။ တစ်ဖက်သားမှာတော့ သူတို့ကြောင့် ဒုက္ခတွေ ပင်လယ်ဝေရတဲ့အဖြစ်မျိုး ရောက်ကြရပါတော့တယ်။ ဒီလိုအဖြစ်မျိုးဟာ ကေပေါ့ပ်လောကထဲမှာ အလားတူ ဖြစ်ပွားလေ့ ရှိပါတယ်။ သတင်းအမှားတွေနဲ့ ကောလာဟလတွေ ဖြန့်ပြီး နာမည်ပျက်သွားလောက်တဲ့အထိ ဒုက္ခပေးတတ်ကြတာမျိုးပါ။ ကောလာဟလအမှားတွေကြောင့် ဒုက္ခရောက်ခဲ့ရတဲ့ Idol တွေကတော့ …

IU 

Photo: asialive365

လူအများစု ချစ်ကြတဲ့ IU လေးကို မုန်းနေသူတွေလည်း ရှိခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ နာမည်ကြီး Boy band တစ်ခုက အဖွဲ့ဝင်တစ်ယောက်နဲ့ လက်ထပ်တော့မယ်ဆိုတဲ့ သတင်းအမှားတစ်ခု ၂၀၁၃ခုနှစ်လောက်က ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဒီဂယက်ကြောင့် IU မှာ ထိခိုက်မှုတွေ ဖြစ်ခဲ့ရတဲ့အတွက် ကောလာဟလဖြန့်တဲ့သူကို စုံစမ်းဖော်ထုတ်ပြီး အရေးယူပေးဖို့ တောင်းဆိုခဲ့ပါတယ်။ တရားခံဟာလည်း အရေးယူခံခဲ့ရပါတယ်။

Han Seungyeon 

Photo: koreaboo

Han Seungyeon ဟာလည်း ၂၀၁၃ခုနှစ်လောက်မှာ အခြေအမြစ်မရှိတဲ့ ကောလာဟလတစ်ခုကြောင့် ခံစားခဲ့ရပါတယ်။ အဲ့ဒါကတော့ သူမရဲ့တက်လမ်းကောင်းဖို့အတွက် entertainment ကုမ္ပဏီရဲ့ အထက်အရာရှိတွေကို မြူဆွယ်ဖြားယောင်းခဲ့တယ်ဆိုတဲ့ ကောလာဟလပါ။ လူတကာပါးစပ်ဖျားမှာ အပြောခံခဲ့ရလို့ သူမရဲ့မိဘတွေကတောင် ဒီကိစ္စကို သိသွားခဲ့ရတယ်လို့ ဆိုပါတယ်။

Sulli

Photo: koreaboo

၂၀၁၄ခုနှစ် အစောပိုင်းလောက်မှာ Sulli တစ်ယောက် ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့လာခဲ့ပါတယ်။ Sulli ကို ကိုယ်ဝန်ဆောင်ဆေးခန်းမှာ တွေ့ခဲ့တယ်ဆိုပြီး လူတစ်ယောက်က သတင်းစဖြန့်ခဲ့တာ ဖြစ်ပါတယ်။ တစစနဲ့ ဒီသတင်းဟာ တောမီးလို ပျံ့နှံ့သွားခဲ့လို့ မနည်းဖြေရှင်းခဲ့ရပါသေးတယ်။

Park Bom

Photo: koreaboo

Park Bom ကတော့ ကောလာဟလတွေရဲ့ ဒဏ်ကို မကြာခဏ ခံစားခဲ့ရသူ ဖြစ်ပါတယ်။ ပလတ်စတစ်ဆာဂျရီလုပ်တယ်ဆိုတဲ့ သတင်းကနေ ဆေးခြောက်သုံးစွဲတယ်ဆိုတဲ့ သတင်းအထိ ကောလာဟလ အဖြန့်ခံခဲ့ရသူပါ။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ YG Entertainment ကလည်း ကောလာဟလဖြန့်တဲ့လူကို စုံစမ်းပြီး ပြင်းပြင်းထန်ထန် အရေးယူခဲ့ပါသေးတယ်။

Jang Hyunseung နဲ့ HyunA

Photo: koreaboo

၂၀၁၄ခုနှစ် အစောပိုင်းမှာ မယုံနိုင်စရာ သတင်းတစ်ခု ပျံ့နှံ့ခဲ့ပါတယ်။ အဲ့ဒါကတော့ HyunA မှာ Jang Hyunseung နဲ့ရတဲ့ကိုယ်ဝန် ရှိနေကြောင်း Cube Entertainment က တရားဝင်ထုတ်ပြန်တယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းဆောင်းပါးတစ်ပုဒ် တက်လာခဲ့တာ ဖြစ်ပါတယ်။ ပုံစံက အတည်အခန့် ရေးထားလို့ လူအများစုက အမှန်လို့ ထင်ခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ အဆိုပါ ဆောင်းပါးဟာ သတင်းအတုကြီးမှန်း ပေါ်ပေါက်သွားခဲ့ပါတယ်။

Rain

Photo: koreaboo

၂၀၁၄ခုနှစ် နိုဝင်ဘာလမှာတော့ Rain ရဲ့ ကိုယ်လုံးတီးပုံတွေလို့ စွပ်စွဲထားတဲ့ ပုံအချို့ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပါတယ်။ ဓာတ်ပုံတွေကို ပထမဆုံး အွန်လိုင်းပေါ် စတင်ပြီး ဖြန့်ခဲ့တဲ့လူကတော့ အဆိုပါဓာတ်ပုံတွေဟာ မင်းသမီး Kim Tae Hee ရဲ့ ပျောက်သွားတဲ့ ဖုန်းထဲကပုံတွေလို့ အခိုင်အမာဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အဆိုပါပုံတွေဟာ Rain ရဲ့ ပုံတွေမဟုတ်ဘဲ Rain နဲ့ ရုပ်ချင်းဆင်တဲ့ လူတစ်ယောက်ရဲ့ပုံတွေမှန်း သိခဲ့ကြရပါတယ်။

Suho

Photo: koreaboo

Suho ရဲ့အဖေဟာ ဂျပန်အစိုးရက မျက်နှာသာပေးရတဲ့ အရာရှိတစ်ယောက်ဆိုပြီး ကောလာဟလတွေ ထွက်လာခဲ့ပါသေးတယ်။ အင်တာနက်သုံးစွဲသူ အများစုဟာ ဒီသတင်းကြောင့် Suho နဲ့ သူ့ရဲ့အဖေကို ဒေါသူပုန်ထခဲ့ကြပါသေးတယ်။ သို့ပေမယ့် နောက်ပိုင်းမှာတော့ ဒီကောလာဟလဟာ အမှားကြီးမှန်း သိခဲ့ကြရပါတယ်။

ဒါတွေကတော့ Idol တွေကို နာမည်ဖျက်ချင်လို့ ဖြန့်ခဲ့ကြတဲ့ ကောလာဟလအမှားတွေပါ။ စာဖတ်သူတို့ရဲ့ အမြင်ကိုလည်း ပြောပြခဲ့ပါဦး။

LaNina

Ref: koreaboo

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

 

RELATED ARTICLES

Most Popular