HomeCelebs Update NewsKoreaစကားအပြောအဆိုမတတ်လို့ ဝေဖန်ခံခဲ့ရတဲ့ Idol များ 

စကားအပြောအဆိုမတတ်လို့ ဝေဖန်ခံခဲ့ရတဲ့ Idol များ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Idol တွေဟာ မီဒီယာတွေရှေ့မှာရော၊ ပြည်တွင်းက ရှိုးပေါင်းများစွာမှာပါ မကြာခဏ ပါဝင်ပြီး ပရိသတ်ရှေ့မှာ စကားတွေ ပြောဆိုရလေ့ ရှိပါတယ်။ အများစုကတော့ လူထုက နားထောင်မယ့် စကားတွေကို သတိကြီးကြီးထားပြီး အမှားမပါအောင် ပြောဆိုတတ်ကြပေမယ့် တစ်ခါတစ်ရံ သတိမမူမိတဲ့အခါ၊ ပြောချင်ဇောများသွားတဲ့အခါတွေမှာတော့ စကားလုံးအသုံးအနှုန်းတွေ လွဲချော်သွားတတ်ကြပါတယ်။ ဒီအခါမှာတော့ နားထောင်ကြတဲ့ ပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံရပါတော့တယ်။ စကားအပြောအဆိုမတတ်လို့ ဝေဖန်ခံခဲ့ရတဲ့ Idol အချို့ကတော့ …

Teen Top အဖွဲ့က C.A.P
Photo: bangminsu1992/ Instagram

C.A.P ဟာ တစ်ခါတုန်းက သူ့ရဲ့အနာဂတ်မှာ သားသမီးတွေ ရလာခဲ့ရင် ဘယ်လိုပြုစုပျိုးထောင်မယ်ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြခဲ့ဖူးရာမှာ အပြောအဆိုမတတ်လို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူပြောခဲ့တာကတော့ တစ်နေ့မှာ သူသာ သားတစ်ယောက် မွေးဖွားခဲ့မယ်ဆိုရင် သားလေးဖြစ်ချင်သမျှ အရာအားလုံးကို ပံ့ပိုးပေးမယ်လို့ ဆိုပါတယ်။

တကယ်လို့ သမီးမိန်းကလေးသာ မွေးလာခဲ့မယ်ဆိုရင်တော့ အပြင်ကမ္ဘာကြီးက ကြောက်စရာကောင်းတဲ့အတွက် အိမ်ထဲမှာပဲ ရိုက်ပြီး သော့ခတ်ထားမယ်လို့ စနောက်တဲ့ပုံစံနဲ့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ သူကတော့ စစနောက်နောက်နဲ့ ပြောခဲ့တာမှန်ပေမယ့် သူ့ရဲ့စကားတွေဟာ အိမ်တွင်းအကြမ်းဖက်မှုနဲ့ ကျား၊မ ခွဲခြားမှုတွေ ပါဝင်နေတာကြောင့် ဝေဖန်ခံခဲ့ရပါတယ်။

Sechs Kies အဖွဲ့ဝင်ဟောင်း Kang Sunghoon
Photo: kang.s.h.0222/ Instagram

Kang Sunghoon ဟာ ကေပေါ့ပ် ပထမမျိုးဆက်အဖွဲ့တွေထဲမှာ ပါဝင်တဲ့ Sechs Kies အဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ယောက် ဖြစ်ပါတယ်။ သူဟာ ကေပေါ့ပ်လောကထဲက နောက်တက် Idol တွေအကုန်လုံးနီးပါးကို ရုပ်ရည်ပိုင်းဆိုင်ရာမှာ ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ပြင်းထန်တဲ့ ဝေဖန်ထိုးနှက်မှုတွေကို ခံခဲ့ရပါတယ်။

“ခင်ဗျားတို့ သိကြလား။ အခုနောက်ပိုင်း Idol တွေဟာ တကယ် ရုပ်ဆိုးတွေချည်းပဲ။ သူတို့ကို ဗြူးတီးဆလွန်းမှာ တွေ့လိုက်ရရင် သောက်ရမ်းကြီးကို ရုပ်ဆိုးတာဗျာ။ သူတို့အသားအရေတွေကလည်း ညစ်ပတ်နေတာပဲ။ သူတို့က တကယ် သောက်ရမ်း ရုပ်ဆိုးတာဗျ။ ဘာလို့ အဲ့လောက်ရုပ်ဆိုးနေကြတာလဲ… ” လို့ Kang Sunghoon က ပြောခဲ့ဖူးတာပါ။

Photo via koreaboo

ဒါ့အပြင် TVXQ အဖွဲ့နောက်ပိုင်း ပွဲထွက်လာတဲ့ Idol တွေမှာ တစ်ယောက်မှ ရုပ်မချောကြဘူးလို့လည်း ပြောထားပါသေးတယ်။ “ဘယ်သူ့ကို ရွေးပေးရမှာလဲ။ TVXQ ပြီးတည်းက ရုပ်ချောတဲ့ Idol ဆိုလို့ တစ်ယောက်မှကို မရှိသေးတာ… ” လို့ ပြောထားတာပါ။

ဆက်လက်ပြီး BTOB အဖွဲ့ကိုရော ဘယ်လိုမြင်လည်းလို့ မေးမြန်းခဲ့ရာမှာတော့ သူ့ရဲ့ထုံးစံအတိုင်းပဲ ရုပ်ရည်အသွင်အပြင်တွေကို ပြင်းပြင်းထန်ထန် ထိုးနှက်ဝေဖန်ခဲ့ပါတယ်။ ဖျော်ဖြေရေးလောကကြီးတစ်ခုလုံးဟာ ရုပ်ချောတဲ့ Idol တွေကို မရွေးတတ်ကြဘူးလို့လည်း ပြစ်တင်ဝေဖန်လိုက်ပါသေးတယ်။

“အခုအချိန်မှာ သူတို့ကို ဘယ်လိုပြောရမလဲ။ ဒါပေမယ့် သူတို့က တကယ်ကြီး ရုပ်ဆိုးတာဗျ။ ကျွန်တော်သာ အဖွဲ့တစ်ဖွဲ့ ဖန်တီးတော့မယ်ဆိုရင် မျက်နှာတွေကို အရင်ကြည့်ပြီး ရွေးမိမှာပဲ။ ဆယ်လီလုပ်မယ့်လူက အနည်းဆုံး ရုပ်တော့ချောသင့်တယ်လေဗျာ။ အသားအရေကလည်း ကောင်းနေရမယ်။ ဒါမှ သူတို့က လူကြားထဲမှာ ထင်းခနဲဖြစ်နေမှာ… ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

The Boyz အဖွဲ့က Joo Haknyeon
Photo: haknyeonie/ Instagram

Joo Haknyeon ကတော့ ၂၀၁၇ခုနှစ်တုန်းက ကိုရီးယားနိုင်ငံ ပိုဟန်းမြို့မှာ ဖြစ်ပွားခဲ့တဲ့ ငလျင်အပေါ် ပြောဆိုမှုကြောင့် ဝေဖန်ခံခဲ့ရတာ ဖြစ်ပါတယ်။ အဲ့ဒီ့တုန်းက ပိုဟန်းမြို့မှာ ပြင်းအား (၅.၄)မဂ္ဂနီကျူတ်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပြီး လူပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ကာ အသက်တွေလည်း ဆုံးရှုံးခဲ့ရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး Joo Haknyeon ဟာ live လွှင့်နေရင်း မှတ်ချက်ပေး၊ ပြောဆိုခဲ့ပါတယ်။

“ဒီရက်ပိုင်း ရာသီဥတုက အေးတယ်ဗျ။ အဲ့တော့ မြေကြီးတွေကလည်း အေးပြီး တုန်တတ်တာကြောင့် ငလျင်တွေ လှုပ်တာဖြစ်မယ်… ” လို့ ပြောခဲ့တာပါ။ ဒီစကားနဲ့ ပတ်သက်ပြီး ပရိသတ်တွေကတော့ ငလျင်ဒဏ်သင့်တဲ့ ပြည်သူတွေကို မစာမနာ ပြောဆိုတယ်ဆိုပြီး ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။

M.I.B အဖွဲ့ဝင်ဟောင်း Kangnam
Photo: kangkangnam/ Instagram

Kangnam ကတော့ ၂၀၁၇ခုနှစ်တုန်းက Kyungri အပေါ် ပြောခဲ့တဲ့စကားအချို့ကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဖြစ်ပုံကတော့ အင်တာဗျူးတစ်ခုမှာ သူ့ရဲ့စကားသံနဲ့ ပတ်သက်ပြီး Kyungri က စနောက်ခဲ့တဲ့အပေါ် Kyungri ကို ရိုက်လိုက်မယ်ဆိုပြီး ပြောဆိုခဲ့တာပါ။ “ကျွန်တော် သူ့ကို ရိုက်လို့ရလား။ မရဘူးမှတ်လား… ” ဆိုပြီးတော့ ပြောခဲ့ပါတယ်။

Kyungri နဲ့ တွဲများတွဲနေကြတာလားဆိုပြီး မေးမြန်းခံရတဲ့အခါမှာတော့ မတွဲဘူးဆိုတဲ့ သဘောကို မြင်သာအောင် ခပ်ကြမ်းကြမ်း ပြန်ဖြေခဲ့ပါတယ်။ “သူ့ကို သေတဲ့အထိ ရိုက်သတ်ပေးပါလို့ ခိုင်းလာရင်တောင် ကျွန်တော် တကယ် လုပ်ပြနိုင်တယ်… ” လို့ ပြန်ဖြေခဲ့တာ ဖြစ်ပါတယ်။ Kangnam ဟာ စနောက်တဲ့လေသံနဲ့ ပြောဆိုခဲ့တယ်ဆိုပေမယ့် Kyungri အပေါ် တုံ့ပြန်တဲ့ သူ့ရဲ့စကားလုံးတွေဟာ ပြင်းထန်လွန်းတယ်လို့ ဝေဖန်ခံခဲ့ရပါတယ်။

ဒါကတော့ အပြောအဆို မတတ်မှုတွေ၊ စကားလုံး မရွေးချယ်တတ်မှုတွေကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုကို ခံစားခဲ့ရတဲ့ Idol အချို့ပဲ ဖြစ်ပါတယ်။

LaNina

Source: koreaboo

(Zawgyi Version)

Idol ေတြဟာ မီဒီယာေတြေရွ႕မွာေရာ၊ ျပည္တြင္းက ရႈိးေပါင္းမ်ားစြာမွာပါ မၾကာခဏ ပါဝင္ၿပီး ပရိသတ္ေရွ႕မွာ စကားေတြ ေျပာဆိုရေလ့ ရွိပါတယ္။ အမ်ားစုကေတာ့ လူထုက နားေထာင္မယ့္ စကားေတြကို သတိႀကီးႀကီးထားၿပီး အမွားမပါေအာင္ ေျပာဆိုတတ္ၾကေပမယ့္ တစ္ခါတစ္ရံ သတိမမူမိတဲ့အခါ၊ ေျပာခ်င္ေဇာမ်ားသြားတဲ့အခါေတြမွာေတာ့ စကားလုံးအသုံးအႏႈန္းေတြ လြဲေခ်ာ္သြားတတ္ၾကပါတယ္။ ဒီအခါမွာေတာ့ နားေထာင္ၾကတဲ့ ပရိသတ္ေတြရဲ႕ ေဝဖန္မႈကို ခံရပါေတာ့တယ္။ စကားအေျပာအဆိုမတတ္လို႔ ေဝဖန္ခံခဲ့ရတဲ့ Idol အခ်ိဳ႕ကေတာ့ …

Teen Top အဖြဲ႕က C.A.P
Photo: bangminsu1992/ Instagram

C.A.P ဟာ တစ္ခါတုန္းက သူ႔ရဲ႕အနာဂတ္မွာ သားသမီးေတြ ရလာခဲ့ရင္ ဘယ္လိုျပဳစုပ်ိဳးေထာင္မယ္ဆိုတာနဲ႔ ပတ္သက္ၿပီး ေျပာျပခဲ့ဖူးရာမွာ အေျပာအဆိုမတတ္လို႔ ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ သူေျပာခဲ့တာကေတာ့ တစ္ေန႔မွာ သူသာ သားတစ္ေယာက္ ေမြးဖြားခဲ့မယ္ဆိုရင္ သားေလးျဖစ္ခ်င္သမွ် အရာအားလုံးကို ပံ့ပိုးေပးမယ္လို႔ ဆိုပါတယ္။

တကယ္လို႔ သမီးမိန္းကေလးသာ ေမြးလာခဲ့မယ္ဆိုရင္ေတာ့ အျပင္ကမာၻႀကီးက ေၾကာက္စရာေကာင္းတဲ့အတြက္ အိမ္ထဲမွာပဲ ႐ိုက္ၿပီး ေသာ့ခတ္ထားမယ္လို႔ စေနာက္တဲ့ပုံစံနဲ႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။ သူကေတာ့ စစေနာက္ေနာက္နဲ႔ ေျပာခဲ့တာမွန္ေပမယ့္ သူ႔ရဲ႕စကားေတြဟာ အိမ္တြင္းအၾကမ္းဖက္မႈနဲ႔ က်ား၊မ ခြဲျခားမႈေတြ ပါဝင္ေနတာေၾကာင့္ ေဝဖန္ခံခဲ့ရပါတယ္။

Sechs Kies အဖြဲ႕ဝင္ေဟာင္း Kang Sunghoon
Photo: kang.s.h.0222/ Instagram

Kang Sunghoon ဟာ ေကေပါ့ပ္ ပထမမ်ိဳးဆက္အဖြဲ႕ေတြထဲမွာ ပါဝင္တဲ့ Sechs Kies အဖြဲ႕ရဲ႕ အဖြဲ႕ဝင္ေဟာင္းတစ္ေယာက္ ျဖစ္ပါတယ္။ သူဟာ ေကေပါ့ပ္ေလာကထဲက ေနာက္တက္ Idol ေတြအကုန္လုံးနီးပါးကို ႐ုပ္ရည္ပိုင္းဆိုင္ရာမွာ ေဝဖန္မႈေတြ ျပဳလုပ္ခဲ့တာေၾကာင့္ ပရိသတ္ေတြရဲ႕ ျပင္းထန္တဲ့ ေဝဖန္ထိုးႏွက္မႈေတြကို ခံခဲ့ရပါတယ္။

“ခင္ဗ်ားတို႔ သိၾကလား။ အခုေနာက္ပိုင္း Idol ေတြဟာ တကယ္ ႐ုပ္ဆိုးေတြခ်ည္းပဲ။ သူတို႔ကို ျဗဴးတီးဆလြန္းမွာ ေတြ႕လိုက္ရရင္ ေသာက္ရမ္းႀကီးကို ႐ုပ္ဆိုးတာဗ်ာ။ သူတို႔အသားအေရေတြကလည္း ညစ္ပတ္ေနတာပဲ။ သူတို႔က တကယ္ ေသာက္ရမ္း ႐ုပ္ဆိုးတာဗ်။ ဘာလို႔ အဲ့ေလာက္႐ုပ္ဆိုးေနၾကတာလဲ… ” လို႔ Kang Sunghoon က ေျပာခဲ့ဖူးတာပါ။

Photo via koreaboo

ဒါ့အျပင္ TVXQ အဖြဲ႕ေနာက္ပိုင္း ပြဲထြက္လာတဲ့ Idol ေတြမွာ တစ္ေယာက္မွ ႐ုပ္မေခ်ာၾကဘူးလို႔လည္း ေျပာထားပါေသးတယ္။ “ဘယ္သူ႔ကို ေ႐ြးေပးရမွာလဲ။ TVXQ ၿပီးတည္းက ႐ုပ္ေခ်ာတဲ့ Idol ဆိုလို႔ တစ္ေယာက္မွကို မရွိေသးတာ… ” လို႔ ေျပာထားတာပါ။

ဆက္လက္ၿပီး BTOB အဖြဲ႕ကိုေရာ ဘယ္လိုျမင္လည္းလို႔ ေမးျမန္းခဲ့ရာမွာေတာ့ သူ႔ရဲ႕ထုံးစံအတိုင္းပဲ ႐ုပ္ရည္အသြင္အျပင္ေတြကို ျပင္းျပင္းထန္ထန္ ထိုးႏွက္ေဝဖန္ခဲ့ပါတယ္။ ေဖ်ာ္ေျဖေရးေလာကႀကီးတစ္ခုလုံးဟာ ႐ုပ္ေခ်ာတဲ့ Idol ေတြကို မေ႐ြးတတ္ၾကဘူးလို႔လည္း ျပစ္တင္ေဝဖန္လိုက္ပါေသးတယ္။

“အခုအခ်ိန္မွာ သူတို႔ကို ဘယ္လိုေျပာရမလဲ။ ဒါေပမယ့္ သူတို႔က တကယ္ႀကီး ႐ုပ္ဆိုးတာဗ်။ ကြၽန္ေတာ္သာ အဖြဲ႕တစ္ဖြဲ႕ ဖန္တီးေတာ့မယ္ဆိုရင္ မ်က္ႏွာေတြကို အရင္ၾကည့္ၿပီး ေ႐ြးမိမွာပဲ။ ဆယ္လီလုပ္မယ့္လူက အနည္းဆုံး ႐ုပ္ေတာ့ေခ်ာသင့္တယ္ေလဗ်ာ။ အသားအေရကလည္း ေကာင္းေနရမယ္။ ဒါမွ သူတို႔က လူၾကားထဲမွာ ထင္းခနဲျဖစ္ေနမွာ… ” လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

The Boyz အဖြဲ႕က Joo Haknyeon
Photo: haknyeonie/ Instagram

Joo Haknyeon ကေတာ့ ၂၀၁၇ခုႏွစ္တုန္းက ကိုရီးယားႏိုင္ငံ ပိုဟန္းၿမိဳ႕မွာ ျဖစ္ပြားခဲ့တဲ့ ငလ်င္အေပၚ ေျပာဆိုမႈေၾကာင့္ ေဝဖန္ခံခဲ့ရတာ ျဖစ္ပါတယ္။ အဲ့ဒီ့တုန္းက ပိုဟန္းၿမိဳ႕မွာ ျပင္းအား (၅.၄)မဂၢနီက်ဴတ္ရွိတဲ့ ငလ်င္တစ္ခု လႈပ္ခတ္သြားခဲ့ၿပီး လူေပါင္းမ်ားစြာ အိုးမဲ့အိမ္မဲ့ျဖစ္ကာ အသက္ေတြလည္း ဆုံးရႈံးခဲ့ရပါတယ္။ ဒီအေၾကာင္းနဲ႔ ပတ္သက္ၿပီး Joo Haknyeon ဟာ live လႊင့္ေနရင္း မွတ္ခ်က္ေပး၊ ေျပာဆိုခဲ့ပါတယ္။

“ဒီရက္ပိုင္း ရာသီဥတုက ေအးတယ္ဗ်။ အဲ့ေတာ့ ေျမႀကီးေတြကလည္း ေအးၿပီး တုန္တတ္တာေၾကာင့္ ငလ်င္ေတြ လႈပ္တာျဖစ္မယ္… ” လို႔ ေျပာခဲ့တာပါ။ ဒီစကားနဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြကေတာ့ ငလ်င္ဒဏ္သင့္တဲ့ ျပည္သူေတြကို မစာမနာ ေျပာဆိုတယ္ဆိုၿပီး ေဝဖန္ခဲ့ၾကတာ ျဖစ္ပါတယ္။

M.I.B အဖြဲ႕ဝင္ေဟာင္း Kangnam
Photo: kangkangnam/ Instagram

Kangnam ကေတာ့ ၂၀၁၇ခုႏွစ္တုန္းက Kyungri အေပၚ ေျပာခဲ့တဲ့စကားအခ်ိဳ႕ေၾကာင့္ ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ခဲ့ရတာ ျဖစ္ပါတယ္။ ျဖစ္ပုံကေတာ့ အင္တာဗ်ဴးတစ္ခုမွာ သူ႔ရဲ႕စကားသံနဲ႔ ပတ္သက္ၿပီး Kyungri က စေနာက္ခဲ့တဲ့အေပၚ Kyungri ကို ႐ိုက္လိုက္မယ္ဆိုၿပီး ေျပာဆိုခဲ့တာပါ။ “ကြၽန္ေတာ္ သူ႔ကို ႐ိုက္လို႔ရလား။ မရဘူးမွတ္လား… ” ဆိုၿပီးေတာ့ ေျပာခဲ့ပါတယ္။

Kyungri နဲ႔ တြဲမ်ားတြဲေနၾကတာလားဆိုၿပီး ေမးျမန္းခံရတဲ့အခါမွာေတာ့ မတြဲဘူးဆိုတဲ့ သေဘာကို ျမင္သာေအာင္ ခပ္ၾကမ္းၾကမ္း ျပန္ေျဖခဲ့ပါတယ္။ “သူ႔ကို ေသတဲ့အထိ ႐ိုက္သတ္ေပးပါလို႔ ခိုင္းလာရင္ေတာင္ ကြၽန္ေတာ္ တကယ္ လုပ္ျပႏိုင္တယ္… ” လို႔ ျပန္ေျဖခဲ့တာ ျဖစ္ပါတယ္။ Kangnam ဟာ စေနာက္တဲ့ေလသံနဲ႔ ေျပာဆိုခဲ့တယ္ဆိုေပမယ့္ Kyungri အေပၚ တုံ႔ျပန္တဲ့ သူ႔ရဲ႕စကားလုံးေတြဟာ ျပင္းထန္လြန္းတယ္လို႔ ေဝဖန္ခံခဲ့ရပါတယ္။

ဒါကေတာ့ အေျပာအဆို မတတ္မႈေတြ၊ စကားလုံး မေ႐ြးခ်ယ္တတ္မႈေတြေၾကာင့္ ပရိသတ္ေတြရဲ႕ ေဝဖန္မႈကို ခံစားခဲ့ရတဲ့ Idol အခ်ိဳ႕ပဲ ျဖစ္ပါတယ္။

LaNina

Source: koreaboo

 

RELATED ARTICLES

Most Popular