HomeCelebs Update NewsKoreaJYP Entertainment က ျငင္းပယ္ခဲ့တဲ့ လက္ရိွနာမည္ႀကီး Idol (၅)ေယာက္

JYP Entertainment က ျငင္းပယ္ခဲ့တဲ့ လက္ရိွနာမည္ႀကီး Idol (၅)ေယာက္

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

K-pop ေလာကမွာ နာမည္တစ္လုံးနဲ႔ Idol တစ္ေယာက္အျဖစ္ ရပ္တည္ဖို႔ဆိုတာဟာ တကယ္တမ္းမွာ အေတာ္ေလး ခက္ခဲပါတယ္။ တစ္ခါတစ္ေလမွာ စတားျဖစ္လာမယ့္ လူတစ္ေယာက္ရဲ႕ အရည္အေသြးေတြကို ႀကိဳတင္အကဲခတ္ရာမွာ ေလွ်ာ႔တြက္လိုက္မိတာေတြေၾကာင့္ ေအဂ်င္စီေတြအတြက္ မထင္မွတ္ထားတဲ့ ဆုံးရႈံးမႈေတြလည္း ျဖစ္သြားတတ္ပါတယ္။ ပြဲမထြက္ရေသးခင္ ကနဦးတုန္းက JYP Entertainment မွာ လူေရြးပြဲစ၀င္ခဲ့ၿပီး လုံး၀အျငင္းခံခဲ့ရတဲ့ Idol ငါးေယာက္ ရိွခဲ့ပါတယ္။ JYP Entertainment ကို ေနာင္တအႀကီးအက်ယ္ ရသြားေစတဲ့ သူတို႔ငါးေယာက္ကေတာ့ …

(၁) BTS အဖြဲ႔က J-Hope
Photo: flickr

J-Hope ဟာ အခုလို ဟိုးေလးတေက်ာ္ ေအာင္ျမင္မယ့္ BTS အဖြဲ႔နဲ႔ ပြဲမထြက္ရေသးခင္ trainee ဘ၀တုန္းက JYP Entertainment မွာ ၀င္ေရာက္အေရြးခံခဲ့ဖူးပါေသးတယ္။ ၂၀၀၉ခုႏွစ္က JYP မွာ လူေရြးပြဲ၀င္ၿပိဳင္ခဲ့ေပမယ့္ အျငင္းခံခဲ့ရလို႔ စာခ်ဳပ္လည္း မခ်ဳပ္ခဲ့ရပါဘူး။ ဒါေပမယ့္ သူ႔ရဲ႕အိပ္မက္ေတြဟာ အဲ့ဒီ့ေနရာမွာ အဆုံးသတ္မသြားခဲ့ပါဘူး။ မေလွ်ာ႔တဲ့ ဇြဲနဲ႔ ဆက္ၿပီးႀကိဳးစားခဲ့တာေၾကာင့္ ၂၀၁၀ခုႏွစ္မွာ Big Hit Entertainment ရဲ႕ တရား၀င္ trainee ျဖစ္ခဲ့ၿပီး သုံးႏွစ္အၾကာ ေလ့က်င့္အၿပီးမွာေတာ့ BTS အဖြဲ႔နဲ႔ ပြဲထြက္ခဲ့ရပါတယ္။

(၂) EXO အဖြဲ႔က Xiumin
Photo: flickr

တကယ္လို႔ Xiumin သာ ၂၀၀၈ခုႏွစ္ လူေရြးပြဲတုန္းက JYP ရဲ႕ trainee အျဖစ္ ေရြးခ်ယ္ခံခဲ့ရရင္ EXO အဖြဲ႔ရဲ႕ line up ဟာလည္း တစ္မ်ိဳးတစ္မည္ ေျပာင္းလဲသြားခဲ့ႏိုင္ေလာက္ပါတယ္။ သို႔ေပမယ့္ ကံေကာင္းစြာနဲ႔႔ပဲ ေနာက္တစ္ႏွစ္အၾကာ ၂၀၀၉ခုႏွစ္မွာ S.M. Entertainment ရဲ႕ Everysing ၿပိဳင္ပြဲမွာ ၀င္ေရာက္ယွဥ္ၿပိဳင္ၿပီး ေရြးခ်ယ္ခံခဲ့ရပါတယ္။

(၃) DEAN
Photo: kpop profiles

DEAN ဟာ လက္ရိွ ေကေပါ့ပ္ဂီတေလာကရဲ႕ solo artist ေတြၾကားထဲမွာ နာမည္ႀကီးတဲ့ အဆိုေတာ္တစ္ေယာက္ ျဖစ္ပါတယ္။ သူဟာလည္းပဲ solo artist အျဖစ္ ပြဲမထြက္ေသးခင္မွာ JYP မွာ လူေရြးပြဲ၀င္ၿပိဳင္ခဲ့ပါေသးတယ္။ သို႔ေပမယ့္ အကဲခတ္ေစာသြားတဲ့ JYP ဟာ DEAN ကို ျငင္းပယ္ခဲ့ပါတယ္။ အဲ့ဒီ့အခ်ိန္တုန္းက DEAN ဟာ အသက္(၁၇)ႏွစ္အရြယ္သာ ရိွေသးတာပါ။ ငယ္ငယ္ရြယ္ရြယ္နဲ႔ အျငင္းခံခဲ့ရေပမယ့္ သူ႔ရင္ထဲက အႏုပညာမီးစေလးကို ဘယ္သူကမွ မၿငိွမ္းသတ္ႏိုင္ခဲ့ပါဘူး။ အျငင္းခံရၿပီး တစ္ႏွစ္ေလာက္အၾကာမွာပဲ နာမည္ႀကီး Idol အဖြဲ႔ေတြျဖစ္တဲ့ EXO ၊ VIXX တို႔လို႔ အဖြဲ႔ေတြအတြက္ သီခ်င္းေတြ စတင္ေရးစပ္ေပးႏိုင္ခဲ့ပါတယ္။

(၄) GFRIEND အဖြဲ႕က Yuju
Photo: kpopmap

Yuju ဟာ K-Pop Star အစီအစဥ္ရဲ႕ ပထမဆုံး season မွာ ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ဖူးပါတယ္။ ၿပိဳင္ပြဲမွာ Yang Hyun Suk ရဲ႕ အားေပးမႈကို ရရိွခဲ့ေပမယ့္ Park Jin Young ကေတာ့ Yujuရဲ႕ေတးသီခ်င္း သီဆိုႏိုင္မႈ၊ အကစြမ္းရည္တို႔ကို သာမန္အဆင့္ပဲ ရိွတယ္လို႔ သတ္မွတ္ၿပီး ျငင္းခဲ့ပါတယ္။

(၅) IU
Photo: wikipedia

ေအာင္ျမင္တဲ့ ထိပ္တန္း solo artist တစ္ေယာက္အျဖစ္ မရည္တည္ႏိုင္ခင္ IU ရဲ႕ အႏုပညာခရီးလမ္းဟာ ခက္ခဲၾကမ္းတမ္းခဲ့ပါတယ္။ IU ဟာ JYP မွာ ႏွစ္ႏွစ္ဆက္တိုက္ ၀င္ၿပိဳင္ခဲ့ဖူးၿပီး စုစုေပါင္း လူေရြးပြဲ(၂၀)ေလာက္မွာ ၀င္ၿပိဳင္ခဲ့ေပမယ့္ အႀကိမ္တိုင္းမွာ အျငင္းပယ္ခံခဲ့ရသူပါ။ ကံေကာင္းခ်င္ေတာ့ Loen Entertainment ဟာ သူမကိုယ္ထဲက အႏုပညာမီးပြားေလးကို သတိထားမိသြားၿပီး ၂၀၀၇ခုႏွစ္မွာ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ကာ ၂၀၀၈ခုႏွစ္မွာ ပြဲထုတ္ေပးခဲ့ပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး တကယ့္ အႏုပညာပါရမီရိွတဲ့ IU ကို လက္လႊတ္လိုက္မိခဲ့တဲ့အေပၚ ေနာင္တရေၾကာင္း Park Jin Young က မွတ္ခ်က္ေပးခဲ့ဖူးပါေသးတယ္။

ဒါကေတာ့ JYP Entertainment က ျငင္းပယ္ခဲ့ၿပီး ေနာက္ပိုင္းမွ အႀကီးအက်ယ္ ေနာင္တရၿပီး ဆုံးရႈံးမႈေတြ ျဖစ္ေစခဲ့တဲ့ နာမည္ႀကီး Idol ငါးေယာက္ ျဖစ္ပါတယ္။ ဘယ္တစ္ေယာက္က စာဖတ္သူတို႔ရဲ႕ အသည္းေက်ာ္ေလးလည္းဆိုတာလည္း ေျပာခဲ့ေပးပါဦး။

Xei

(ဆံရစ္၀ိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရိွဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

(Unicode Version)

K-pop လောကမှာ နာမည်တစ်လုံးနဲ့ Idol တစ်ယောက်အဖြစ် ရပ်တည်ဖို့ဆိုတာဟာ တကယ်တမ်းမှာ အတော်လေး ခက်ခဲပါတယ်။ တစ်ခါတစ်လေမှာ စတားဖြစ်လာမယ့် လူတစ်ယောက်ရဲ့ အရည်အသွေးတွေကို ကြိုတင်အကဲခတ်ရာမှာ လျှော့တွက်လိုက်မိတာတွေကြောင့် အေဂျင်စီတွေအတွက် မထင်မှတ်ထားတဲ့ ဆုံးရှုံးမှုတွေလည်း ဖြစ်သွားတတ်ပါတယ်။ ပွဲမထွက်ရသေးခင် ကနဦးတုန်းက JYP Entertainment မှာ လူရွေးပွဲစဝင်ခဲ့ပြီး လုံးဝအငြင်းခံခဲ့ရတဲ့ Idol ငါးယောက် ရှိခဲ့ပါတယ်။ JYP Entertainment ကို နောင်တအကြီးအကျယ် ရသွားစေတဲ့ သူတို့ငါးယောက်ကတော့ …

(၁) BTS အဖွဲ့က J-Hope
Photo: flickr

J-Hope ဟာ အခုလို ဟိုးလေးတကျော် အောင်မြင်မယ့် BTS အဖွဲ့နဲ့ ပွဲမထွက်ရသေးခင် trainee ဘဝတုန်းက JYP Entertainment မှာ ဝင်ရောက်အရွေးခံခဲ့ဖူးပါသေးတယ်။ ၂၀၀၉ခုနှစ်က JYP မှာ လူရွေးပွဲဝင်ပြိုင်ခဲ့ပေမယ့် အငြင်းခံခဲ့ရလို့ စာချုပ်လည်း မချုပ်ခဲ့ရပါဘူး။ ဒါပေမယ့် သူ့ရဲ့အိပ်မက်တွေဟာ အဲ့ဒီ့နေရာမှာ အဆုံးသတ်မသွားခဲ့ပါဘူး။ မလျှော့တဲ့ ဇွဲနဲ့ ဆက်ပြီးကြိုးစားခဲ့တာကြောင့် ၂၀၁၀ခုနှစ်မှာ Big Hit Entertainment ရဲ့ တရားဝင် trainee ဖြစ်ခဲ့ပြီး သုံးနှစ်အကြာ လေ့ကျင့်အပြီးမှာတော့ BTS အဖွဲ့နဲ့ ပွဲထွက်ခဲ့ရပါတယ်။

(၂) EXO အဖွဲ့က Xiumin
Photo: flickr

တကယ်လို့ Xiumin သာ ၂၀၀၈ခုနှစ် လူရွေးပွဲတုန်းက JYP ရဲ့ trainee အဖြစ် ရွေးချယ်ခံခဲ့ရရင် EXO အဖွဲ့ရဲ့ line up ဟာလည်း တစ်မျိုးတစ်မည် ပြောင်းလဲသွားခဲ့နိုင်လောက်ပါတယ်။ သို့ပေမယ့် ကံကောင်းစွာနဲ့ပဲ နောက်တစ်နှစ်အကြာ ၂၀၀၉ခုနှစ်မှာ S.M. Entertainment ရဲ့ Everysing ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ရွေးချယ်ခံခဲ့ရပါတယ်။

(၃) DEAN
Photo: kpop profiles

DEAN ဟာ လက်ရှိ ကေပေါ့ပ်ဂီတလောကရဲ့ solo artist တွေကြားထဲမှာ နာမည်ကြီးတဲ့ အဆိုတော်တစ်ယောက် ဖြစ်ပါတယ်။ သူဟာလည်းပဲ solo artist အဖြစ် ပွဲမထွက်သေးခင်မှာ JYP မှာ လူရွေးပွဲဝင်ပြိုင်ခဲ့ပါသေးတယ်။ သို့ပေမယ့် အကဲခတ်စောသွားတဲ့ JYP ဟာ DEAN ကို ငြင်းပယ်ခဲ့ပါတယ်။ အဲ့ဒီ့အချိန်တုန်းက DEAN ဟာ အသက်(၁၇)နှစ်အရွယ်သာ ရှိသေးတာပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့ အငြင်းခံခဲ့ရပေမယ့် သူ့ရင်ထဲက အနုပညာမီးစလေးကို ဘယ်သူကမှ မငြှိမ်းသတ်နိုင်ခဲ့ပါဘူး။ အငြင်းခံရပြီး တစ်နှစ်လောက်အကြာမှာပဲ နာမည်ကြီး Idol အဖွဲ့တွေဖြစ်တဲ့ EXO ၊ VIXX တို့လို့ အဖွဲ့တွေအတွက် သီချင်းတွေ စတင်ရေးစပ်ပေးနိုင်ခဲ့ပါတယ်။

(၄) GFRIEND အဖွဲ့က Yuju
Photo: kpopmap

Yuju ဟာ K-Pop Star အစီအစဉ်ရဲ့ ပထမဆုံး season မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ ပြိုင်ပွဲမှာ Yang Hyun Suk ရဲ့ အားပေးမှုကို ရရှိခဲ့ပေမယ့် Park Jin Young ကတော့ Yujuရဲ့တေးသီချင်း သီဆိုနိုင်မှု၊ အကစွမ်းရည်တို့ကို သာမန်အဆင့်ပဲ ရှိတယ်လို့ သတ်မှတ်ပြီး ငြင်းခဲ့ပါတယ်။

(၅) IU
Photo: wikipedia

အောင်မြင်တဲ့ ထိပ်တန်း solo artist တစ်ယောက်အဖြစ် မရည်တည်နိုင်ခင် IU ရဲ့ အနုပညာခရီးလမ်းဟာ ခက်ခဲကြမ်းတမ်းခဲ့ပါတယ်။ IU ဟာ JYP မှာ နှစ်နှစ်ဆက်တိုက် ဝင်ပြိုင်ခဲ့ဖူးပြီး စုစုပေါင်း လူရွေးပွဲ(၂၀)လောက်မှာ ဝင်ပြိုင်ခဲ့ပေမယ့် အကြိမ်တိုင်းမှာ အငြင်းပယ်ခံခဲ့ရသူပါ။ ကံကောင်းချင်တော့ Loen Entertainment ဟာ သူမကိုယ်ထဲက အနုပညာမီးပွားလေးကို သတိထားမိသွားပြီး ၂၀၀၇ခုနှစ်မှာ စာချုပ်ချုပ်ဆိုခဲ့ကာ ၂၀၀၈ခုနှစ်မှာ ပွဲထုတ်ပေးခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တကယ့် အနုပညာပါရမီရှိတဲ့ IU ကို လက်လွှတ်လိုက်မိခဲ့တဲ့အပေါ် နောင်တရကြောင်း Park Jin Young က မှတ်ချက်ပေးခဲ့ဖူးပါသေးတယ်။

ဒါကတော့ JYP Entertainment က ငြင်းပယ်ခဲ့ပြီး နောက်ပိုင်းမှ အကြီးအကျယ် နောင်တရပြီး ဆုံးရှုံးမှုတွေ ဖြစ်စေခဲ့တဲ့ နာမည်ကြီး Idol ငါးယောက် ဖြစ်ပါတယ်။ ဘယ်တစ်ယောက်က စာဖတ်သူတို့ရဲ့ အသည်းကျော်လေးလည်းဆိုတာလည်း ပြောခဲ့ပေးပါဦး။

Xei

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

 

RELATED ARTICLES

Most Popular