HomeCelebs Update NewsKoreaIdol ေတြသုံးတဲ့ လူမရိပ္မိေအာင္ ဒိတ္ခိုးလုပ္နည္းမ်ား

Idol ေတြသုံးတဲ့ လူမရိပ္မိေအာင္ ဒိတ္ခိုးလုပ္နည္းမ်ား

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

Idol တစ္ေယာက္အျဖစ္ ေအာင္ျမင္ေက်ာ္ၾကားမႈနဲ႔ ကင္မရာမီးေရာင္ေအာက္ကို ေရာက္ရိွဖို႔ အစားေပးလိုက္ရတာကေတာ့ ဒိတ္လုပ္တာပါပဲ။ တစ္ခ်ိဳ႕ေအဂ်င္စီေတြဆိုရင္ လူသစ္တန္း Idol ေတြကို ဒိတ္မလုပ္ရဆိုတဲ့ စည္းကမ္းပါ တစ္ခါတည္း ထုတ္ထားတတ္ၾကပါေသးတယ္။ သို႔ေပမယ့္ Idol အခ်င္းခ်င္း ေမတၱာမွ်ေနၾကတဲ့ စုံတြဲေတြကေတာ့ ေပၚထြက္ေနဆဲပါပဲ။ ဘယ္သူမွ မသိေအာင္ တိတ္တိတ္ေလး ဒိတ္လုပ္ဖို႔အတြက္ သုံးေနက် အေရးႀကီးနညး္လမ္းေတြကို နာမည္ႀကီး Idol ေတြက အခုလို ျပန္လည္မွ်ေ၀ေပးထားပါတယ္။

Hyeri (Girl’s Day)

Photo: kpop map

Girl’s Day အဖြဲ႕က Hyeri ေျပာျပတဲ့ ဒိတ္လုပ္နည္းကေတာ့ Idol ေတြ ရရိွထားတဲ့ facility သုံးစြဲခြင့္ေတြကို အသုံးခ်ဖို႔ ျဖစ္ပါတယ္။ ဆံပင္ညွပ္ဆိုင္တစ္ဆိုင္တည္း၊ ဒါမွမဟုတ္ hair stylist တစ္ေယာက္တည္းမွာ ဆံပင္သြားလုပ္တဲ့ နည္းမ်ိဳးကိုသုံးၿပီး ဆိုင္က ၀န္ထမ္းေတြကေနတစ္ဆင့္ စာေပးခိုင္းတဲ့နည္းနဲ႔ Idol အခ်င္းခ်င္း ခိုးၿပီး ဒိတ္လုပ္လို႔ရတယ္လို႔ ဆိုပါတယ္။

Sunny (Girls’ Generation)

Photo: fanpop

Girls’ Generation အဖြဲ႕က Sunny ေျပာျပတဲ့ နည္းလမ္းကေတာ့ အေဖာ္တစ္ေယာက္ ေခၚသြားတဲ့နည္းပါ။ ေခၚသြားတဲ့ အေဖာ္ဟာ ေကာလာဟလ ျပန္ျဖန္႔တဲ့လူမျဖစ္ဖို႔ အေသအခ်ာ အေရးႀကီးပါတယ္။ ဒီလိုနည္းနဲ႔ ဒိတ္ခ်င္တဲ့အခါတိုင္း အေဖာ္ေခၚသြားၿပီး သူငယ္ခ်င္းေတြ ရိုးရိုးသားသား ေတြ႕ၾကတဲ့ပုံစံမ်ိဳး ပုံမွားရိုက္ႏိုင္တယ္လို႔ ေျပာျပထားပါတယ္။

Moon Heejun

Photo: discogs

Idol အဖြဲ႕ေတြဟာ သူတို႔ရဲ႕ဖုန္းေတြကို ကိုယ္တိုင္သုံးစြဲခြင့္ မရိွပါဘူး။ အထူးသျဖင့္ ပြဲထြက္ကာစ လူသစ္တန္း Idol ေတြဟာ ဖုန္းကိုင္ခြင့္ မရၾကတာ မ်ားပါတယ္။ Moon Heejun ေျပာျပတဲ့ နည္းလမ္းကေတာ့ ေဆာင္းပါးအသစ္ေတြ ၾကည့္ဖို႔နဲ႔ performance ေတြကို ေစာင့္ၾကည့္ဖို႔ ေအဂ်င္စီက ေပးထားတဲ့ device ေတြကို အသုံးခ်တဲ့နည္းပါ။ အဲ့ဒီ့ device ထဲမွာ Messenger ၊ ဒါမွမဟုတ္ ဆိုရွယ္မီဒီယာ အေကာင့္တစ္ခုခုကို အင္စေတာလ္ လုပ္ထားျခင္းအားျဖင့္ တစ္ေယာက္နဲ႔တစ္ေယာက္ ခုိးၿပီး ဆက္သြယ္ႏိုင္သလို ဒိတ္လုပ္ဖို႔အတြက္ အခ်ိန္းအခ်က္လည္း လုပ္ႏိုင္တယ္လို႔ ဆိုပါတယ္။

H.O (MADTOWN အဖြဲ႕၀င္ေဟာင္း)

Photo: kpopmap

Idol ေတြရဲ႕ လွ်ိဳ႕၀ွက္ဒိတ္လုပ္ျခင္းဟာ အမ်ားအားျဖင့္ ဖုန္းတစ္လုံးနဲ႔တင္ အဆင္ေျပသြားေလ့ ရိွတယ္လို႔ MADTOWN အဖြဲ႔၀င္ေဟာင္း H.O က ဆိုပါတယ္။ Idol ၊ ဒါမွမဟုတ္ trainee ေတြရဲ႕ၾကားထဲမွာေတာ့ လူတစ္ေယာက္ကို စိတ္၀င္စားလုိ႔ အဲ့ဒီ့လူအေၾကာင္းကို လိုက္ေမးတာဟာ သိပ္ၿပီးမထူးဆန္းသလို ခက္လည္းမခက္ခဲဘူးလို႔ ဆိုပါတယ္။ ဒီလို အဆက္အသြယ္ေတြကို သုံးၿပီးေတာ့ပဲ ကိုယ္စိတ္၀င္စားတဲ့လူရဲ႕ ဖုန္းနံပါတ္ကိုလည္း ရေလ့ရိွၾကတယ္လို႔ ေျပာပါတယ္။

Jisook (RAINBOW အဖြဲ႔၀င္ေဟာင္း)

Photo: all access asia

Idol အမ်ားစု ဒိတ္ခုိးလုပ္ရာမွာ အခက္ေတြ႕ေလ့ ရိွတာကေတာ့ ေနထိုင္ရာ တိုက္ခန္းကေန အျပင္ကို ထြက္တဲ့အခ်ိန္ပဲ ျဖစ္ပါတယ္။ Jisook မွ်ေ၀ထားတဲ့ နည္းလမ္းကေတာ့ ဘယ္သူမွ သံသယမ၀င္ေစဖို႔အတြက္ ႀကိဳးခုန္တဲ့ ႀကိဳးတစ္ေခ်ာင္းကို လက္ကကိုင္သြားဖို႔ပဲ ျဖစ္ပါတယ္။ တစ္ေယာက္ေယာက္က မေတာ္တဆ ေတြ႕ခဲ့ရင္လည္း ေလ့က်င့္ခန္း ထြက္လုပ္တာပါဆိုၿပီး ၿဖီးျဖန္းလို႔ ရပါသတဲ့။

Kan Mi Youn (Baby V.O.X)

Photo: soompi

မိန္းကေလးအဖြဲ႔တစ္ဖြဲ႕ျဖစ္တဲ့ Baby V.O.X ရဲ႕ အဖြဲ႔၀င္ Kan Mi Youn ေျပာျပတဲ့ နည္းလမ္းကေတာ့ လက္ေဆာင္ေပးတဲ့ နည္းလမ္း ျဖစ္ပါတယ္။ စီဒီေခြအသစ္လိုမ်ိဳး တစ္ခုခုကို လက္ေဆာင္ေပးၿပီး ဒိတ္လုပ္ဖို႔ အခ်ိန္းအခ်က္ လုပ္ႏိုင္တယ္လို႔ ဆိုပါတယ္။ အထဲမွာ ကိုယ္ေျပာခ်င္တဲ့ အေၾကာင္းအရာကို စာေလးထည့္ၿပီး ေပးႏိုင္သလို လူေရွ႕သူေရွ႕မွာလည္း ရုိးရိုးသားသား လက္ေဆာင္ေပးတဲ့ ပုံစံပဲ ေပါက္ေစတယ္လို႔ နည္းေပးလမ္းျပ လုပ္ထားပါတယ္။

Han Eun Jung

Photo: channel-korea

မင္းသမီး Han Eun Jung ေျပာျပတာကေတာ့ မ်က္ႏွာတစ္ခုတည္းကို ကြယ္ထားရုံနဲ႔လည္း ဒိတ္လုပ္ရာမွာ မလုံေလာက္ဘူးလို႔ ဆိုပါတယ္။ အထူးသျဖင့္ စတိုင္လ္၊ ေလယူေလသိမ္း၊ အသံစသျဖင့္ တစ္ခုခု ထူးျခားမႈရိွတဲ့ ဆယ္လီေတြဆိုရင္ မ်က္ႏွာကိုဖုံးထားလည္း ပရိသတ္ေတြက အလြယ္တကူနဲ႔ ရိပ္မိႏိုင္တယ္လို႔ ဆိုပါတယ္။ သူမ အလွည့္တုန္းကဆိုရင္ မ်က္ႏွာကို ဘယ္ေလာက္ပဲဖုံးဖုံး၊ ထူးျခားတဲ့ အသံရိွလို႔ သူမမွန္း သိသြားၾကေလ့ရိွတယ္လို႔ ေျပာထားပါတယ္။ ဒါေၾကာင့္ ေဘးနားမွာ လူေတြရိွေနရင္ စကားကိုလည္း အက်ယ္ႀကီး မေျပာသင့္ဘူးလို႔ အႀကံေပးထားပါတယ္။

ဒါကေတာ့ Idol ေတြနဲ႔ ဆယ္လီေတြ သုံးတဲ့ လွ်ိဳ႕၀ွက္ဒိတ္လုပ္နည္းေလးေတြပါ။ စာဖတ္သူတို႔အတြက္လည္း တစ္ဖက္တစ္လမ္းက အသုံး၀င္မယ္လို႔ ထင္ပါတယ္။

LaNina

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

(Unicode Version)

Idol တစ်ယောက်အဖြစ် အောင်မြင်ကျော်ကြားမှုနဲ့ ကင်မရာမီးရောင်အောက်ကို ရောက်ရှိဖို့ အစားပေးလိုက်ရတာကတော့ ဒိတ်လုပ်တာပါပဲ။ တစ်ချို့အေဂျင်စီတွေဆိုရင် လူသစ်တန်း Idol တွေကို ဒိတ်မလုပ်ရဆိုတဲ့ စည်းကမ်းပါ တစ်ခါတည်း ထုတ်ထားတတ်ကြပါသေးတယ်။ သို့ပေမယ့် Idol အချင်းချင်း မေတ္တာမျှနေကြတဲ့ စုံတွဲတွေကတော့ ပေါ်ထွက်နေဆဲပါပဲ။ ဘယ်သူမှ မသိအောင် တိတ်တိတ်လေး ဒိတ်လုပ်ဖို့အတွက် သုံးနေကျ အရေးကြီးနည်းလမ်းတွေကို နာမည်ကြီး Idol တွေက အခုလို ပြန်လည်မျှဝေပေးထားပါတယ်။

Hyeri (Girl’s Day)

Photo: kpopmap

Girl’s Day အဖွဲ့က Hyeri ပြောပြတဲ့ ဒိတ်လုပ်နည်းကတော့ Idol တွေ ရရှိထားတဲ့ facility သုံးစွဲခွင့်တွေကို အသုံးချဖို့ ဖြစ်ပါတယ်။ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်တည်း၊ ဒါမှမဟုတ် hair stylist တစ်ယောက်တည်းမှာ ဆံပင်သွားလုပ်တဲ့ နည်းမျိုးကိုသုံးပြီး ဆိုင်က ဝန်ထမ်းတွေကနေတစ်ဆင့် စာပေးခိုင်းတဲ့နည်းနဲ့ Idol အချင်းချင်း ခိုးပြီး ဒိတ်လုပ်လို့ရတယ်လို့ ဆိုပါတယ်။

Sunny (Girls’ Generation)

Photo: fanpop

Girls’ Generation အဖွဲ့က Sunny ပြောပြတဲ့ နည်းလမ်းကတော့ အဖော်တစ်ယောက် ခေါ်သွားတဲ့နည်းပါ။ ခေါ်သွားတဲ့ အဖော်ဟာ ကောလာဟလ ပြန်ဖြန့်တဲ့လူမဖြစ်ဖို့ အသေအချာ အရေးကြီးပါတယ်။ ဒီလိုနည်းနဲ့ ဒိတ်ချင်တဲ့အခါတိုင်း အဖော်ခေါ်သွားပြီး သူငယ်ချင်းတွေ ရိုးရိုးသားသား တွေ့ကြတဲ့ပုံစံမျိုး ပုံမှားရိုက်နိုင်တယ်လို့ ပြောပြထားပါတယ်။

Moon Heejun

Photo: discogs

Idol အဖွဲ့တွေဟာ သူတို့ရဲ့ဖုန်းတွေကို ကိုယ်တိုင်သုံးစွဲခွင့် မရှိပါဘူး။ အထူးသဖြင့် ပွဲထွက်ကာစ လူသစ်တန်း Idol တွေဟာ ဖုန်းကိုင်ခွင့် မရကြတာ များပါတယ်။ Moon Heejun ပြောပြတဲ့ နည်းလမ်းကတော့ ဆောင်းပါးအသစ်တွေ ကြည့်ဖို့နဲ့ performance တွေကို စောင့်ကြည့်ဖို့ အေဂျင်စီက ပေးထားတဲ့ device တွေကို အသုံးချတဲ့နည်းပါ။ အဲ့ဒီ့ device ထဲမှာ Messenger ၊ ဒါမှမဟုတ် ဆိုရှယ်မီဒီယာ အကောင့်တစ်ခုခုကို အင်စတောလ် လုပ်ထားခြင်းအားဖြင့် တစ်ယောက်နဲ့တစ်ယောက် ခိုးပြီး ဆက်သွယ်နိုင်သလို ဒိတ်လုပ်ဖို့အတွက် အချိန်းအချက်လည်း လုပ်နိုင်တယ်လို့ ဆိုပါတယ်။

H.O (MADTOWN အဖွဲ့ဝင်ဟောင်း)

Photo: kpopmap

Idol တွေရဲ့ လျှို့ဝှက်ဒိတ်လုပ်ခြင်းဟာ အများအားဖြင့် ဖုန်းတစ်လုံးနဲ့တင် အဆင်ပြေသွားလေ့ ရှိတယ်လို့ MADTOWN အဖွဲ့ဝင်ဟောင်း H.O က ဆိုပါတယ်။ Idol ၊ ဒါမှမဟုတ် trainee တွေရဲ့ကြားထဲမှာတော့ လူတစ်ယောက်ကို စိတ်ဝင်စားလို့ အဲ့ဒီ့လူအကြောင်းကို လိုက်မေးတာဟာ သိပ်ပြီးမထူးဆန်းသလို ခက်လည်းမခက်ခဲဘူးလို့ ဆိုပါတယ်။ ဒီလို အဆက်အသွယ်တွေကို သုံးပြီးတော့ပဲ ကိုယ်စိတ်ဝင်စားတဲ့လူရဲ့ ဖုန်းနံပါတ်ကိုလည်း ရလေ့ရှိကြတယ်လို့ ပြောပါတယ်။

Jisook (RAINBOW အဖွဲ့ဝင်ဟောင်း)

Photo: all access asia

Idol အများစု ဒိတ်ခိုးလုပ်ရာမှာ အခက်တွေ့လေ့ ရှိတာကတော့ နေထိုင်ရာ တိုက်ခန်းကနေ အပြင်ကို ထွက်တဲ့အချိန်ပဲ ဖြစ်ပါတယ်။ Jisook မျှဝေထားတဲ့ နည်းလမ်းကတော့ ဘယ်သူမှ သံသယမဝင်စေဖို့အတွက် ကြိုးခုန်တဲ့ ကြိုးတစ်ချောင်းကို လက်ကကိုင်သွားဖို့ပဲ ဖြစ်ပါတယ်။ တစ်ယောက်ယောက်က မတော်တဆ တွေ့ခဲ့ရင်လည်း လေ့ကျင့်ခန်း ထွက်လုပ်တာပါဆိုပြီး ဖြီးဖြန်းလို့ ရပါသတဲ့။

Kan Mi Youn (Baby V.O.X)

Photo: soompi

မိန်းကလေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Baby V.O.X ရဲ့ အဖွဲ့ဝင် Kan Mi Youn ပြောပြတဲ့ နည်းလမ်းကတော့ လက်ဆောင်ပေးတဲ့ နည်းလမ်း ဖြစ်ပါတယ်။ စီဒီခွေအသစ်လိုမျိုး တစ်ခုခုကို လက်ဆောင်ပေးပြီး ဒိတ်လုပ်ဖို့ အချိန်းအချက် လုပ်နိုင်တယ်လို့ ဆိုပါတယ်။ အထဲမှာ ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို စာလေးထည့်ပြီး ပေးနိုင်သလို လူရှေ့သူရှေ့မှာလည်း ရိုးရိုးသားသား လက်ဆောင်ပေးတဲ့ ပုံစံပဲ ပေါက်စေတယ်လို့ နည်းပေးလမ်းပြ လုပ်ထားပါတယ်။

Han Eun Jung

Photo: channel-korea

မင်းသမီး Han Eun Jung ပြောပြတာကတော့ မျက်နှာတစ်ခုတည်းကို ကွယ်ထားရုံနဲ့လည်း ဒိတ်လုပ်ရာမှာ မလုံလောက်ဘူးလို့ ဆိုပါတယ်။ အထူးသဖြင့် စတိုင်လ်၊ လေယူလေသိမ်း၊ အသံစသဖြင့် တစ်ခုခု ထူးခြားမှုရှိတဲ့ ဆယ်လီတွေဆိုရင် မျက်နှာကိုဖုံးထားလည်း ပရိသတ်တွေက အလွယ်တကူနဲ့ ရိပ်မိနိုင်တယ်လို့ ဆိုပါတယ်။ သူမ အလှည့်တုန်းကဆိုရင် မျက်နှာကို ဘယ်လောက်ပဲဖုံးဖုံး၊ ထူးခြားတဲ့ အသံရှိလို့ သူမမှန်း သိသွားကြလေ့ရှိတယ်လို့ ပြောထားပါတယ်။ ဒါကြောင့် ဘေးနားမှာ လူတွေရှိနေရင် စကားကိုလည်း အကျယ်ကြီး မပြောသင့်ဘူးလို့ အကြံပေးထားပါတယ်။

ဒါကတော့ Idol တွေနဲ့ ဆယ်လီတွေ သုံးတဲ့ လျှို့ဝှက်ဒိတ်လုပ်နည်းလေးတွေပါ။ စာဖတ်သူတို့အတွက်လည်း တစ်ဖက်တစ်လမ်းက အသုံးဝင်မယ်လို့ ထင်ပါတယ်။

LaNina

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular