HomeCelebs Update NewsKoreaမ်က္ႏွာ၀ိုင္း၀ိုင္း ပါးေဖာင္းေဖာင္းေလးေတြနဲ႔ ခ်စ္စရာေကာင္းတဲ့ Idol မ်ား

မ်က္ႏွာ၀ိုင္း၀ိုင္း ပါးေဖာင္းေဖာင္းေလးေတြနဲ႔ ခ်စ္စရာေကာင္းတဲ့ Idol မ်ား

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

တစ္ခ်ိဳ႕ Idol ေတြက V-shape မ်က္ႏွာေလးနဲ႔ ဆြဲေဆာင္မႈရိွေနၾကေပမယ့္ တစ္ခ်ိဳ႕ကေတာ့ မ်က္ႏွာ၀ိုင္း၀ိုင္း၊ ပါးေဖာင္းေဖာင္းေလးေတြနဲ႔ ခ်စ္စရာေကာင္းေနတတ္ၾကျပန္ပါတယ္။ ပါးေဖာင္းေဖာင္းေလးေတြနဲ႔ ခ်စ္စရာေကာင္းလြန္းလွတဲ့ Idol ေတြကေတာ့ …

(1) BTS အဖြဲ႕၀င္ Jimin 

Photo: koreaboo

မ်က္ႏွာ၀ိုင္း၀ိုင္းေလးနဲ႔ ပါးေလးက ေဖာင္းေနတဲ့အျပင္ ၿပံဳးလိုက္ရင္ ေမွးသြားတဲ့ မ်က္လုံးေလးေတြေၾကာင့္လည္း ခ်စ္စရာအေကာင္းဆုံး Idol ေတြထဲမွာ ပါ၀င္ေနသူပါ။

(2) Kim Jaehwan

Photo: koreaboo

WANNA ONE အဖြဲ႔၀င္ေဟာင္းတစ္ေယာက္ျဖစ္ၿပီး အခုလက္ရိွ solo artist တစ္ေယာက္အျဖစ္ လႈပ္ရွားေနတဲ့ Kim Jaehwan ဟာလည္း သူ႔ရဲ႕အသံခ်ိဳခ်ိဳေလးေတြလိုပဲ ႏူးည့ံတဲ့ ပါးမို႔မို႔ေလးေတြကို ပိုင္ဆိုင္ထားပါတယ္။

(3) MAMAMOO အဖြဲ႔၀င္ Solar 

Photo: koreaboo

Solar ဟာ မ်က္ႏွာ၀ိုင္းေလးတစ္ေယာက္ျဖစ္ေပမယ့္ တစ္ခါတစ္ရံ ဆက္ဆီပုံစံေလးေတြနဲ႔လည္း ရင္ေမာရေအာင္ လုပ္တတ္သူေလးပါ။ စြယ္စုံရ Solar ေလးလို႔ေတာင္ တင္စားရေလာက္ပါတယ္။

(4) IZ*ONE အဖြဲ႔၀င္ Hitomi

Photo: koreaboo

Hitomi ဟာ Produce 48 မွာေရာ IZ*ONE မွာပါ ခ်စ္စရာအေကာင္းဆုံး Trainee ေလးတစ္ေယာက္အျဖစ္ လူသိမ်ားသူပါ။ သူမရဲ႕ ဂ်ပန္ မိုခ်ီမုန္႔ေလးေတြနဲ႔ တူတဲ့ ပါးမို႔မို႔ အိအိစက္စက္ေလးေတြေၾကာင့္လည္း ခ်စ္စရာေကာင္းေနတယ္ဆိုတာ မျငင္းႏိုင္ပါဘူး။

(5) B1A4 အဖြဲ႔၀င္ Sandeul 

Photo: koreaboo

Sandeul ဟာ စီနီယာ Idol ေတြထဲမွာ ပါ၀င္ေပမယ့္ သူ႔ရဲ႕ကေလးဆန္တဲ့ မ်က္ႏွာေလးေၾကာင့္ ရိွရင္းစြဲ အသက္ထက္ ငယ္ေသးတယ္လို႔ လူအမ်ားစုက ထင္ၾကရသူပါ။

(6) BLACKPINK အဖြဲ႔၀င္ Jennie

Photo: koreaboo

Jennie ကေတာ့ ေအးတိေအးစက္နဲ႔ ရက္စက္တတ္တဲ့ အလွဘုရင္မတစ္ေယာက္လို ဟန္ပန္မ်ိဳး တစ္ခါတစ္ရံမွာ ျဖစ္ေနတတ္ေပမယ့္ ပါးမို႔မို႔ေလးေတြေၾကာင့္ အျပစ္ကင္းစင္တဲ့ ကေလးငယ္ေလးတစ္ေယာက္လိုလည္း ခ်စ္စရာေကာင္းေနတတ္သူ ျဖစ္ပါတယ္။

(7) Apink အဖြဲ႔၀င္ Chorong

Photo: koreaboo

Chorong ဟာ အဖြဲ႔ထဲမွာ အသက္အႀကီးဆုံး ျဖစ္ေပမယ့္ တစ္ခါတစ္ရံမွာေတာ့ သူမရဲ႕ အသည္းယားဖြယ္ ခ်စ္စရာေကာင္းတဲ့ မ်က္ႏွာေလးေၾကာင့္ အငယ္ဆုံးေလးလို ခ်စ္စရာေကာင္းေနတတ္သူပါ။

(8) Red Velvet အဖြဲ႔၀င္ Joy 

Photo: koreaboo

Joy ဟာ သူမရဲ႕ ပါးေဖာင္းေဖာင္းေလးေတြနဲ႔ ဟန္ခ်က္ညီေနတဲ့ ဆြဲေဆာင္မႈ အျပင္းစားတစ္မ်ိဳးကို ပိုင္ဆိုင္ထားသူပါ။

(9) EXO အဖြဲ႔၀င္ Xiumin

Photo: koreaboo

Xiumin ဟာ ကိုရီးယားမွာေရာ တရုတ္မွာပါ ေပါက္စီေလးႏွစ္လုံးလို ခ်စ္စရာ ပါးေဖာင္းေဖာင္းေလးေတြနဲ႔ ပြဲထြက္ခဲ့သူပါ။ ေနာက္ပိုင္းႏွစ္ေတြမွာ diet လုပ္ရလို႔ ၀ိတ္က်သြားခဲ့ေပမယ့္ သူ႔ရဲ႕ ခ်စ္စရာ ပါးေဖာင္းေဖာင္းေလးေတြကေတာ့ ေပ်ာက္ဆုံးမသြားဘဲ က်န္ရိွေနဆဲပါပဲ။

(10) GFriend အဖြဲ႔၀င္ Umji 

Photo: koreaboo

Umji ဟာ မ်က္ႏွာ၀ိုင္းေလးေၾကာင့္ တစ္မ်ိဳးေလးပိုၿပီး ၾကည့္ေကာင္းေနသူပါ။ ႏွစ္ေတြ ၾကာလာတာနဲ႔အမွ် ပိုပို လွလာသူေလးလည္း ျဖစ္ပါတယ္။

(11) TWICE အဖြဲ႔၀င္ Jihyo 

Photo: koreaboo

Jihyo ဟာ ဆံပင္အတိုနဲ႔ေရာ အရွည္နဲ႔ပါ လွေနႏိုင္သူေလးဆိုတာ ျငင္းစရာမရိွပါဘူး။ ပါးေဖာင္းေဖာင္းေလးေတြနဲ႔ မ်က္လုံး၀ိုင္း၀ိုင္းေလးေတြေၾကာင့္လည္း သူမရဲ႕ မ်က္ႏွာေလးကို အခ်ိန္ၾကာၾကာ ေငးၾကည့္ခ်င္စရာ ဆြဲေဆာင္ေနသူေလးလည္း ျဖစ္ပါတယ္။

(12) X1 အဖြဲ႔၀င္ Son Dongpyo

Photo: koreaboo

X1 အဖြဲ႔၀င္ Son Dongpyo ကေတာ့ ကေလးဆန္တဲ့ ခ်စ္စရာမ်က္ႏွာေလးမွာ ပါးေဖာင္းေဖာင္းေလးေတြနဲ႔ ၀န္းရံထားတာေၾကာင့္ ခ်စ္စရာ Idol ေလးတစ္ေယာက္ ျဖစ္ေနပါေတာ့တယ္။

ဒါကေတာ့ မ်က္ႏွာ၀ိုင္း၀ိုင္း၊ ပါးေဖာင္းေဖာင္းေလးေတြနဲ႔ ခ်စ္စရာေကာင္းတဲ့ Idol ေတြကို စုစည္းေပးထားတာပါ။ ဒီထဲမွာ ေဖာ္ျပဖို႔ က်န္ေနေသးတဲ့၊ စာဖတ္သူတို႔ ႀကိဳက္တဲ့ Idol ေတြရိွရင္လည္း ေျပာျပေပးခဲ့ပါဦး။

LaNina

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

(Unicode Version)

တစ်ချို့ Idol တွေက V-shape မျက်နှာလေးနဲ့ ဆွဲဆောင်မှုရှိနေကြပေမယ့် တစ်ချို့ကတော့ မျက်နှာဝိုင်းဝိုင်း၊ ပါးဖောင်းဖောင်းလေးတွေနဲ့ ချစ်စရာကောင်းနေတတ်ကြပြန်ပါတယ်။ ပါးဖောင်းဖောင်းလေးတွေနဲ့ ချစ်စရာကောင်းလွန်းလှတဲ့ Idol တွေကတော့ …

(1) BTS အဖွဲ့ဝင် Jimin 

Photo: koreaboo

မျက်နှာဝိုင်းဝိုင်းလေးနဲ့ ပါးလေးက ဖောင်းနေတဲ့အပြင် ပြုံးလိုက်ရင် မှေးသွားတဲ့ မျက်လုံးလေးတွေကြောင့်လည်း ချစ်စရာအကောင်းဆုံး Idol တွေထဲမှာ ပါဝင်နေသူပါ။

(2) Kim Jaehwan

Photo: koreaboo

WANNA ONE အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်ပြီး အခုလက်ရှိ solo artist တစ်ယောက်အဖြစ် လှုပ်ရှားနေတဲ့ Kim Jaehwan ဟာလည်း သူ့ရဲ့အသံချိုချိုလေးတွေလိုပဲ နူးညံ့တဲ့ ပါးမို့မို့လေးတွေကို ပိုင်ဆိုင်ထားပါတယ်။

(3) MAMAMOO အဖွဲ့ဝင် Solar 

Photo: koreaboo

Solar ဟာ မျက်နှာဝိုင်းလေးတစ်ယောက်ဖြစ်ပေမယ့် တစ်ခါတစ်ရံ ဆက်ဆီပုံစံလေးတွေနဲ့လည်း ရင်မောရအောင် လုပ်တတ်သူလေးပါ။ စွယ်စုံရ Solar လေးလို့တောင် တင်စားရလောက်ပါတယ်။

(4) IZ*ONE အဖွဲ့ဝင် Hitomi

Photo: koreaboo

Hitomi ဟာ Produce 48 မှာရော IZ*ONE မှာပါ ချစ်စရာအကောင်းဆုံး Trainee လေးတစ်ယောက်အဖြစ် လူသိများသူပါ။ သူမရဲ့ ဂျပန် မိုချီမုန့်လေးတွေနဲ့ တူတဲ့ ပါးမို့မို့ အိအိစက်စက်လေးတွေကြောင့်လည်း ချစ်စရာကောင်းနေတယ်ဆိုတာ မငြင်းနိုင်ပါဘူး။

(5) B1A4 အဖွဲ့ဝင် Sandeul 

Photo: koreaboo

Sandeul ဟာ စီနီယာ Idol တွေထဲမှာ ပါဝင်ပေမယ့် သူ့ရဲ့ကလေးဆန်တဲ့ မျက်နှာလေးကြောင့် ရှိရင်းစွဲ အသက်ထက် ငယ်သေးတယ်လို့ လူအများစုက ထင်ကြရသူပါ။

(6) BLACKPINK အဖွဲ့ဝင် Jennie

Photo: koreaboo

Jennie ကတော့ အေးတိအေးစက်နဲ့ ရက်စက်တတ်တဲ့ အလှဘုရင်မတစ်ယောက်လို ဟန်ပန်မျိုး တစ်ခါတစ်ရံမှာ ဖြစ်နေတတ်ပေမယ့် ပါးမို့မို့လေးတွေကြောင့် အပြစ်ကင်းစင်တဲ့ ကလေးငယ်လေးတစ်ယောက်လိုလည်း ချစ်စရာကောင်းနေတတ်သူ ဖြစ်ပါတယ်။

(7) Apink အဖွဲ့ဝင် Chorong

Photo: koreaboo

Chorong ဟာ အဖွဲ့ထဲမှာ အသက်အကြီးဆုံး ဖြစ်ပေမယ့် တစ်ခါတစ်ရံမှာတော့ သူမရဲ့ အသည်းယားဖွယ် ချစ်စရာကောင်းတဲ့ မျက်နှာလေးကြောင့် အငယ်ဆုံးလေးလို ချစ်စရာကောင်းနေတတ်သူပါ။

(8) Red Velvet အဖွဲ့ဝင် Joy 

Photo: koreaboo

Joy ဟာ သူမရဲ့ ပါးဖောင်းဖောင်းလေးတွေနဲ့ ဟန်ချက်ညီနေတဲ့ ဆွဲဆောင်မှု အပြင်းစားတစ်မျိုးကို ပိုင်ဆိုင်ထားသူပါ။

(9) EXO အဖွဲ့ဝင် Xiumin

Photo: koreaboo

Xiumin ဟာ ကိုရီးယားမှာရော တရုတ်မှာပါ ပေါက်စီလေးနှစ်လုံးလို ချစ်စရာ ပါးဖောင်းဖောင်းလေးတွေနဲ့ ပွဲထွက်ခဲ့သူပါ။ နောက်ပိုင်းနှစ်တွေမှာ diet လုပ်ရလို့ ဝိတ်ကျသွားခဲ့ပေမယ့် သူ့ရဲ့ ချစ်စရာ ပါးဖောင်းဖောင်းလေးတွေကတော့ ပျောက်ဆုံးမသွားဘဲ ကျန်ရှိနေဆဲပါပဲ။

(10) GFriend အဖွဲ့ဝင် Umji 

Photo: koreaboo

Umji ဟာ မျက်နှာဝိုင်းလေးကြောင့် တစ်မျိုးလေးပိုပြီး ကြည့်ကောင်းနေသူပါ။ နှစ်တွေ ကြာလာတာနဲ့အမျှ ပိုပို လှလာသူလေးလည်း ဖြစ်ပါတယ်။

(11) TWICE အဖွဲ့ဝင် Jihyo 

Photo: koreaboo

Jihyo ဟာ ဆံပင်အတိုနဲ့ရော အရှည်နဲ့ပါ လှနေနိုင်သူလေးဆိုတာ ငြင်းစရာမရှိပါဘူး။ ပါးဖောင်းဖောင်းလေးတွေနဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေကြောင့်လည်း သူမရဲ့ မျက်နှာလေးကို အချိန်ကြာကြာ ငေးကြည့်ချင်စရာ ဆွဲဆောင်နေသူလေးလည်း ဖြစ်ပါတယ်။

(12) X1 အဖွဲ့ဝင် Son Dongpyo

Photo: koreaboo

X1 အဖွဲ့ဝင် Son Dongpyo ကတော့ ကလေးဆန်တဲ့ ချစ်စရာမျက်နှာလေးမှာ ပါးဖောင်းဖောင်းလေးတွေနဲ့ ဝန်းရံထားတာကြောင့် ချစ်စရာ Idol လေးတစ်ယောက် ဖြစ်နေပါတော့တယ်။

ဒါကတော့ မျက်နှာဝိုင်းဝိုင်း၊ ပါးဖောင်းဖောင်းလေးတွေနဲ့ ချစ်စရာကောင်းတဲ့ Idol တွေကို စုစည်းပေးထားတာပါ။ ဒီထဲမှာ ဖော်ပြဖို့ ကျန်နေသေးတဲ့၊ စာဖတ်သူတို့ ကြိုက်တဲ့ Idol တွေရှိရင်လည်း ပြောပြပေးခဲ့ပါဦး။

LaNina

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular