HomeCharacterConstantine အကြောင်း စိတ်ဝင်စားဖို့ကောင်းတဲ့အချက်များ

Constantine အကြောင်း စိတ်ဝင်စားဖို့ကောင်းတဲ့အချက်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

John Constantine ဟာ DC ရဲ့အအောင်မြင်ဆုံးဇာတ်ကောင်တွေထဲက တစ်ယောက်ဖြစ်ပြီးတော့ ၁၉၈၅ ခုနှစ်မှာ ထွက်ခဲ့တဲ့ The Saga of Swamp Thing #37 ဆိုတဲ့ကောမစ်ထဲမှာ ပထမဆုံးအကြိမ်အဖြစ် DC ကောမစ်လောကထဲကို ဝင်ရောက်လာခဲ့ပါတယ်။ သူဟာ Live Action အဖြစ်နဲ့ ရုပ်ရှင်တွေရော စီးရီးတွေပါ ထွက်ခဲ့တဲ့အပြင် ပရိသတ်တွေတော်တော်များများကို ပိုင်ဆိုင်ထားတဲ့ဇာတ်ကောင် တစ်ယောက်လည်း ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါတော့ သူနဲ့ပတ်သက်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေကို ဖော်ပြပေးချင်ပါတယ်။

သူ့ရဲ့ပုံစံဟာ အဆိုတော် Sting ရဲ့ပုံစံကို အခြေခံပြီးရေးဆွဲထားတာ ဖြစ်ပါတယ်။
photo via cbr

Constantine ကိုဖန်တီးခဲ့တဲ့သူဟာ Alan Moore ဖြစ်ပြီးတော့ သူဟာ Watchmen ၊ V For Vendetta နဲ့ Batman: The Killing Joke တို့ကို ဖန်တီးခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ Constantine ကိုဖန်တီးမယ့်အချိန်တုန်းက အဆိုတော် Sting ရဲ့ပုံစံကို အခြေခံပြီးတော့ ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအဆိုတော်ရဲ့ပုံစံတစ်ခုတည်းကို မဟုတ်ဘဲနဲ့ သူ့အကျင့်စရိုက်တေွကိုပါ အခြေခံပြီးရေးဆွဲခဲ့တာလည်း ဖြစ်ပါတယ်။

သူ့ရဲ့ origin
photo via cbr

သူ့ရဲ့ ဇာတ်လမ်းတွေတော်တော်များများဟာ တစ်ခြားဟီးရိုးတွေရဲ့ ဇာတ်လမ်းတွေထက် ပိုပြီးတော့ dark ဖြစ်လေ့ရှိပါတယ်။ တကယ်တော့ သူဟာ မှော်ပညာတစ်ခုကလွဲရင် သာမန်လူတစ်ယောက်ပဲဖြစ်ပြီးတော့ တစ်ခြား သဘာဝလွန်စွမ်းအားမျိုးတွေ မရှိပါဘူး။ သူဟာ မှော်ပညာနဲ့ပတ်သက်တာတွေ တော်တော်များများကို သိထားသူဖြစ်ပြီးတော့ သူ့အတွက် ကောင်းကျိုးရအောင် အဲဒါတွေကို ဘယ်လိုမျိုး ကြိုးကိုင်ရမလည်းဆိုတာကို သေချာသိထားပြီး ဉာဏ်နီဉာဏ်နက်များလွန်းတာကြောင့်သာ အခုလိုစွမ်းအားကြီးမားနေတာ ဖြစ်ပါတယ်။

သူ့ရဲ့အမေဟာ သူ့ကိုကိုယ်ဝန်ဆောင်ထားရတဲ့အချိန်တုန်းက အမြွာညီအကိုနှစ်ယောက်ဖြစ်ပြီးတော့ အဲ့ဒီထဲက တစ်ယောက်ကတော့ မွေးတောင်မမွေးရသေးဘဲ အသက်ဆုံးရှုံးသွားခဲ့ပါတယ်။ အသက်ရှင်သန်ခဲ့တဲ့တစ်ယောက်ကတော့ Constantine ဖြစ်လာပြီးတော့ သူ့ရဲ့မိသားစုကလည်း အကြောင်းတစ်ခုခုကြောင့် သူ့ကိုမုန်းတီးနေခဲ့ပါတယ်။ အဲ့ဒါတွေကြောင့်ပဲ သူဟာ ဒေါသတွေများစွာနဲ့ ကြီးပြင်းလာခဲ့ရပါတယ်။ အဲ့လိုနဲ့ သူဟာတဖြည်းဖြည်းနဲ့ မှော်ပညာတွေကို လေ့လာရင်းနဲ့ နောက်ဆုံးမှာတော့ DC universe ထဲက အတော်ဆုံးမှော်ပညာရှင်တွေထဲက တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

သူဟာ လိင်တူလိင်ကွဲ စိတ်ဝင်စားတဲ့သူ ဖြစ်ပါတယ်။
photo via cbr

သူဟာ မိန်းကလေးတွေကြားမှာ ရေပန်းစားတဲ့သူတစ်ယောက်ဖြစ်ပေမယ့်လည်း တကယ်တော့ သူဟာ ယောင်္ကျားရောမိန်းမပါ ကြိုက်နှစ်သက်သူ တစ်ယောက် ဖြစ်ပါတယ်။ Ashes & Dust in the City of Angels ဆိုတဲ့ကောမစ်ထဲမှာတော့ သူဟာ မိန်းကလေးတွေနဲ့တင်မကဘဲ ယောင်္ကျားလေးတွေနဲ့ပါ တွဲခဲ့တာကို ပြသသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း သူဟာ ဘယ်သူတွေနဲ့ ဘယ်လောက်ပဲ ရိုမာန်တစ်ဆန်ဆန်တွဲခဲ့ပါစေ ၊ သူဟာ အမြဲတမ်း တစ်ယောက်ပြီးတစ်ယောက် ပြောင်းပြီး တွဲနေခဲ့ပါတယ်။

Zatanna
photo via cbr

Constantine ရဲ့အချစ်ရေးအကြောင်းကို ပြောမယ်ဆိုရင်တော့ Zatanna ကိုတော့ ထည့်ပြီးမပြောလို့ မဖြစ်ပါဘူး။ သူတို့နှစ်ယောက် အမြဲတမ်းပြတ်လိုက် တွဲလိုက်ဖြစ်နေပေမယ့်လည်း သူတို့နှစ်ယောက်ဟာ တော်တော်လေးကို လိုက်ဖက်တယ်လို့ ပြောလို့ရပါတယ်။ Zatanna ဟာလည်း သူ့လိုမျိုး စွမ်းအားကြီးတဲ့မှော်ပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ သူတို့နှစ်ယောက် စတွေ့ကြတာကတော့ Zatanna ဟာ သူ့ကိုမှော်ပညာသင်ပေးဖို့အတွက် ဖြစ်လာတဲ့အချိန်မှာပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက် အဲ့ဒီအချိန်ကစပြီးတော့ ချစ်ကြိုက်ခဲ့ကြပေမယ့်လည်း အမြင်မတူတဲ့အရာတွေကြောင့် ခဏခဏ တွဲလိုက်ပြတ်လိုက် ဖြစ်နေခဲ့ပါတယ်။

သူ့ကြောင့် သေဆုံးသွားခဲ့တဲ့သူတွေရဲ့ ဝိဉာဉ်တွေဟာ အမြဲခြောက်လှန့်နေခဲ့ပါတယ်။
photo via cbr

သူဟာ ဉာဏ်နီဉာဏ်နက်များတဲ့ မှော်ပညာရှင်တစ်ယောက် ဖြစ်ပေမယ့်လည်း သူမအောင်မြင်ခဲ့တဲ့အရာတွေလည်း ရှိပါတယ်။ ဥပမာ – မကောင်းဆိုးဝါးပူးကပ်နေတာကြောင့် အဲ့ဒီမကောင်းဆိုးဝါးကိုနှင်ဖို့အတွက် ကျရှုံးခဲ့တာကြောင့် အသက်မကယ်နိုင်လိုက်တဲ့လူ ၊ Emma လို့ခေါ်တဲ့ သူ့ရဲ့ရည်းစားဟောင်းဟာ အကြောင်းတစ်မျိုးမျိုးကြောင့် ပြတင်းပေါက်က ပြုတ်ကျပြီး သေဆုံးသွားသလိုမျိုးနဲ့ Mnemoth လို့ခေါ်တဲ့ မကောင်းဆိုးဝါးကို ဖမ်းဖို့အတွက် Gary Lester လို့ခေါ်တဲ့သူ့ရဲ့သူငယ်ချင်းကို ဆုံးရှုံးသွားခဲ့သလိုမျိုးတို့ပဲ ဖြစ်ပါတယ်။ အဲ့လိုမျိုး အကြောင်းအမျိုးမျိုးနဲ့ သေသွားတဲ့သူတွေဟာ သူ့ရဲ့အမှားကြောင့်ပါ ယူဆပြီးတော့ အမြဲတမ်း အပြစ်ရှိသလို ခံစားနေရပါတယ်။ ဒါ့အပြင် အဲ့ဒီသူတွေရဲ့ ဝိဉာဉ်တွေဟာ သူ့ကိုအမြဲခြောက်လှန့်နေပြီးတော့ သူ့ရဲ့အနားမှာ အမြဲတမ်းရှိနေပါတယ်။ သူဟာ အဲ့လိုမျိုး အပြစ်ရှိသလိုခံစားရပြီးတော့ သူမကယ်လိုက်နိုင်တဲ့အသက်တွေအတွက် ဝမ်းနည်းလာတဲ့အချိန်မှာတော့ အဲ့ဒီစိတ်ခံစားချက်တွေကို အရက်သောက်ပြီးတော့ ဖြေဖျောက်လေ့ရှိပါတယ်။

သူ့ရဲ့ အောင်မြင်မှုများ
photo via cbr

သူဟာ DC universe ရဲ့အစွမ်းထက်ဆုံး မှော်ပညာရှင်တွေထဲက တစ်ယောက်ဖြစ်တာကြောင့် မယုံနိုင်စရာကောင်းအရာတွေအများကြီးကို ပြုလုပ်ဖူးပါတယ်။ သူဟာ မှော်သတ္တဝါတွေလည်း မွေးဖူးပြီးတော့ တစ်ခါတစ်ရံမှာ မကောင်းဆိုးဝါးနှင်တာမျိုးတွေိကိုလည်း ပြုလုပ်လေ့ရှိပါတယ်။ ဒါ့အပြင် သူဟာ မကောင်းဆိုးဝါးတွေကိုတောင် လိမ်ပြီးတော့ သူဖြစ်စေချင်တဲ့အတိုင်း လုပ်ခိုင်းခဲ့ပြီး နောက်ဆုံးမှာတော့ အဲ့ဒီမကောင်းဆိုးဝါးတွေကို ငရဲပြည်ကို ပြန်ပို့တာမျိုးလည်း လုပ်ခဲ့ဖူးပါတယ်။ အဲ့လိုမျိုး သူအောင်မြင်ခဲ့ဖူးတာတွေ အများကြီးရှိပေမယ့်လည်း သူ့အတွက် အကြီးမားဆုံးအောင်မြင်မှုတစ်ခုကတော့ သူ့ရဲ့ကင်ဆာရောဂါကို ပျောက်ကင်းအောင် ပြုလုပ်နိုင်ခဲ့တာပါ။

သူလုပ်ခဲ့ဖူးတဲ့အရာတွေကြောင့် မကောင်းဆိုးဝါးတစ်ကောင်က သူ့ကိုကျိန်စာတိုက်ပြီးတော့ ကင်ဆာရောဂါဖြစ်အောင် ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာတော့ သူဟာ သူ့ရဲ့ဝိဉာဉ်ကို နတ်သားတွေဆီကို ရောင်းလိုက်ပါတယ်။ အဲ့ဒါကြောင့် အကယ်၍ သူသေသွားခဲ့ရင် ငရဲပြည်နဲ့နတ်ပြည်ဟာ သူ့ရဲ့ဝိဉာဉ်ကို ယူဖို့အတွက် စစ်ဖြစ်ကြမှာ ဖြစ်ပါတယ်။ အဲ့လိုစစ်ဖြစ်မှာကို ရှောင်ရှားဖို့အတွက် God ကိုယ်တိုင်က သူ့ရဲ့ကင်ဆာရောဂါကို ကုသပေးပြီးတော့ ဆက်လက်အသက်ရှင်ခွင့်ပေးခဲ့ပါတယ်။ သူဟာ ထုံးစံအတိုင်း ဉာဏ်နီဉာဏ်နက်များလွန်းတာကြောင့် သေခါနီးအချိန်မှာတောင် ဆက်ပြီးအသက်ရှင်နေထိုင်နိုင်အောင် နည်းအမျိုးမျိုးနဲ့ ပြုလုပ်နိုင်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်မှာ ထွက်ခဲ့တဲ့ Constantine ရုပ်ရှင်ဟာ နောက်ထပ်တစ်ကားထွက်ဖို့ အစီအစဉ်ရှိခဲ့ပါတယ်။
photo via cbr

၂၀၀၅ ခုနှစ်တုန်းက Keanu Reeves သရုပ်ဆောင်ထားတဲ့ Constantine ဇာတ်ကားထွက်ခဲ့တာကိုတော့ သိကြမယ်ထင်ပါတယ်။ အဲ့ဒီဇာတ်ကားဟာ တော်တော်လေးကို လူကြိုက်များခဲ့ပေမယ့်လည်း နောက်ထပ်တစ်ကား ထပ်မထွက်လာတော့ပါဘူး။ ဒါပေမယ့်လည်း အဲ့ဒီဇာတ်ကားကို ရိုက်ပြီးခါစတုန်းက နောက်ထပ်တစ်ကားထွက်ဖို့အတွက် အစီအစဉ်ရှိိခဲ့ပါတယ်။ နောက်ထပ်တစ်ကားအတွက် ဇာတ်ညွှန်းတောင် ရေးခဲ့ပြီးတော့ ဇာတ်ကားနာမည်ကတော့ Through the Eye of the Needle လို့ခေါ်ကာ ပထမဇာတ်ကားထက် ပိုပြီးတော့ horror ဆန်တယ်လို့လည်း သိရပါတယ်။ အဲ့ဒီကားထွက်လာဖို့ကို Keanu Reeves ကိုယ်တိုင်က ဖြစ်စေချင်ခဲ့ပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် ဒုတိယဇာတ်ကားဟာ ထွက်မလာခဲ့ပါဘူး။

Lego Les

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

John Constantine ဟာ DC ရဲ႕အေအာင္ျမင္ဆုံးဇာတ္ေကာင္ေတြထဲက တစ္ေယာက္ျဖစ္ၿပီးေတာ့ ၁၉၈၅ ခုႏွစ္မွာ ထြက္ခဲ့တဲ့ The Saga of Swamp Thing #37 ဆိုတဲ့ေကာမစ္ထဲမွာ ပထမဆုံးအႀကိမ္အျဖစ္ DC ေကာမစ္ေလာကထဲကို ဝင္ေရာက္လာခဲ့ပါတယ္။ သူဟာ Live Action အျဖစ္နဲ႔ ႐ုပ္ရွင္ေတြေရာ စီးရီးေတြပါ ထြက္ခဲ့တဲ့အျပင္ ပရိသတ္ေတြေတာ္ေတာ္မ်ားမ်ားကို ပိုင္ဆိုင္ထားတဲ့ဇာတ္ေကာင္ တစ္ေယာက္လည္း ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါေတာ့ သူနဲ႔ပတ္သက္ၿပီး စိတ္ဝင္စားဖို႔ေကာင္းတဲ့ အေၾကာင္းအရာေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

သူ႔ရဲ႕ပုံစံဟာ အဆိုေတာ္ Sting ရဲ႕ပုံစံကို အေျခခံၿပီးေရးဆြဲထားတာ ျဖစ္ပါတယ္။
photo via cbr

Constantine ကိုဖန္တီးခဲ့တဲ့သူဟာ Alan Moore ျဖစ္ၿပီးေတာ့ သူဟာ Watchmen ၊ V For Vendetta နဲ႔ Batman: The Killing Joke တို႔ကို ဖန္တီးခဲ့တဲ့သူလည္း ျဖစ္ပါတယ္။ သူဟာ Constantine ကိုဖန္တီးမယ့္အခ်ိန္တုန္းက အဆိုေတာ္ Sting ရဲ႕ပုံစံကို အေျခခံၿပီးေတာ့ ေရးဆြဲခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီအဆိုေတာ္ရဲ႕ပုံစံတစ္ခုတည္းကို မဟုတ္ဘဲနဲ႔ သူ႔အက်င့္စ႐ိုက္ေတြကိုပါ အေျခခံၿပီးေရးဆြဲခဲ့တာလည္း ျဖစ္ပါတယ္။

သူ႔ရဲ႕ origin
photo via cbr

သူ႔ရဲ႕ ဇာတ္လမ္းေတြေတာ္ေတာ္မ်ားမ်ားဟာ တစ္ျခားဟီး႐ိုးေတြရဲ႕ ဇာတ္လမ္းေတြထက္ ပိုၿပီးေတာ့ dark ျဖစ္ေလ့ရွိပါတယ္။ တကယ္ေတာ့ သူဟာ ေမွာ္ပညာတစ္ခုကလြဲရင္ သာမန္လူတစ္ေယာက္ပဲျဖစ္ၿပီးေတာ့ တစ္ျခား သဘာဝလြန္စြမ္းအားမ်ိဳးေတြ မရွိပါဘူး။ သူဟာ ေမွာ္ပညာနဲ႔ပတ္သက္တာေတြ ေတာ္ေတာ္မ်ားမ်ားကို သိထားသူျဖစ္ၿပီးေတာ့ သူ႔အတြက္ ေကာင္းက်ိဳးရေအာင္ အဲဒါေတြကို ဘယ္လိုမ်ိဳး ႀကိဳးကိုင္ရမလည္းဆိုတာကို ေသခ်ာသိထားၿပီး ဉာဏ္နီဉာဏ္နက္မ်ားလြန္းတာေၾကာင့္သာ အခုလိုစြမ္းအားႀကီးမားေနတာ ျဖစ္ပါတယ္။

သူ႔ရဲ႕အေမဟာ သူ႔ကိုကိုယ္ဝန္ေဆာင္ထားရတဲ့အခ်ိန္တုန္းက အႁမြာညီအကိုႏွစ္ေယာက္ျဖစ္ၿပီးေတာ့ အဲ့ဒီထဲက တစ္ေယာက္ကေတာ့ ေမြးေတာင္မေမြးရေသးဘဲ အသက္ဆုံးရႈံးသြားခဲ့ပါတယ္။ အသက္ရွင္သန္ခဲ့တဲ့တစ္ေယာက္ကေတာ့ Constantine ျဖစ္လာၿပီးေတာ့ သူ႔ရဲ႕မိသားစုကလည္း အေၾကာင္းတစ္ခုခုေၾကာင့္ သူ႔ကိုမုန္းတီးေနခဲ့ပါတယ္။ အဲ့ဒါေတြေၾကာင့္ပဲ သူဟာ ေဒါသေတြမ်ားစြာနဲ႔ ႀကီးျပင္းလာခဲ့ရပါတယ္။ အဲ့လိုနဲ႔ သူဟာတျဖည္းျဖည္းနဲ႔ ေမွာ္ပညာေတြကို ေလ့လာရင္းနဲ႔ ေနာက္ဆုံးမွာေတာ့ DC universe ထဲက အေတာ္ဆုံးေမွာ္ပညာရွင္ေတြထဲက တစ္ေယာက္ျဖစ္လာခဲ့ပါတယ္။

သူဟာ လိင္တူလိင္ကြဲ စိတ္ဝင္စားတဲ့သူ ျဖစ္ပါတယ္။
photo via cbr

သူဟာ မိန္းကေလးေတြၾကားမွာ ေရပန္းစားတဲ့သူတစ္ေယာက္ျဖစ္ေပမယ့္လည္း တကယ္ေတာ့ သူဟာ ေယာက်ၤားေရာမိန္းမပါ ႀကိဳက္ႏွစ္သက္သူ တစ္ေယာက္ ျဖစ္ပါတယ္။ Ashes & Dust in the City of Angels ဆိုတဲ့ေကာမစ္ထဲမွာေတာ့ သူဟာ မိန္းကေလးေတြနဲ႔တင္မကဘဲ ေယာက်ၤားေလးေတြနဲ႔ပါ တြဲခဲ့တာကို ျပသသြားခဲ့ပါတယ္။ ဒါေပမယ့္လည္း သူဟာ ဘယ္သူေတြနဲ႔ ဘယ္ေလာက္ပဲ ႐ိုမာန္တစ္ဆန္ဆန္တြဲခဲ့ပါေစ ၊ သူဟာ အၿမဲတမ္း တစ္ေယာက္ၿပီးတစ္ေယာက္ ေျပာင္းၿပီး တြဲေနခဲ့ပါတယ္။

Zatanna
photo via cbr

Constantine ရဲ႕အခ်စ္ေရးအေၾကာင္းကို ေျပာမယ္ဆိုရင္ေတာ့ Zatanna ကိုေတာ့ ထည့္ၿပီးမေျပာလို႔ မျဖစ္ပါဘူး။ သူတို႔ႏွစ္ေယာက္ အၿမဲတမ္းျပတ္လိုက္ တြဲလိုက္ျဖစ္ေနေပမယ့္လည္း သူတို႔ႏွစ္ေယာက္ဟာ ေတာ္ေတာ္ေလးကို လိုက္ဖက္တယ္လို႔ ေျပာလို႔ရပါတယ္။ Zatanna ဟာလည္း သူ႔လိုမ်ိဳး စြမ္းအားႀကီးတဲ့ေမွာ္ပညာရွင္တစ္ေယာက္ ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ စေတြ႕ၾကတာကေတာ့ Zatanna ဟာ သူ႔ကိုေမွာ္ပညာသင္ေပးဖို႔အတြက္ ျဖစ္လာတဲ့အခ်ိန္မွာပဲ ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ အဲ့ဒီအခ်ိန္ကစၿပီးေတာ့ ခ်စ္ႀကိဳက္ခဲ့ၾကေပမယ့္လည္း အျမင္မတူတဲ့အရာေတြေၾကာင့္ ခဏခဏ တြဲလိုက္ျပတ္လိုက္ ျဖစ္ေနခဲ့ပါတယ္။

သူ႔ေၾကာင့္ ေသဆုံးသြားခဲ့တဲ့သူေတြရဲ႕ ဝိဉာဥ္ေတြဟာ အၿမဲေျခာက္လွန႔္ေနခဲ့ပါတယ္။
photo via cbr

သူဟာ ဉာဏ္နီဉာဏ္နက္မ်ားတဲ့ ေမွာ္ပညာရွင္တစ္ေယာက္ ျဖစ္ေပမယ့္လည္း သူမေအာင္ျမင္ခဲ့တဲ့အရာေတြလည္း ရွိပါတယ္။ ဥပမာ – မေကာင္းဆိုးဝါးပူးကပ္ေနတာေၾကာင့္ အဲ့ဒီမေကာင္းဆိုးဝါးကိုႏွင္ဖို႔အတြက္ က်ရႈံးခဲ့တာေၾကာင့္ အသက္မကယ္ႏိုင္လိုက္တဲ့လူ ၊ Emma လို႔ေခၚတဲ့ သူ႔ရဲ႕ရည္းစားေဟာင္းဟာ အေၾကာင္းတစ္မ်ိဳးမ်ိဳးေၾကာင့္ ျပတင္းေပါက္က ျပဳတ္က်ၿပီး ေသဆုံးသြားသလိုမ်ိဳးနဲ႔ Mnemoth လို႔ေခၚတဲ့ မေကာင္းဆိုးဝါးကို ဖမ္းဖို႔အတြက္ Gary Lester လို႔ေခၚတဲ့သူ႔ရဲ႕သူငယ္ခ်င္းကို ဆုံးရႈံးသြားခဲ့သလိုမ်ိဳးတို႔ပဲ ျဖစ္ပါတယ္။ အဲ့လိုမ်ိဳး အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ေသသြားတဲ့သူေတြဟာ သူ႔ရဲ႕အမွားေၾကာင့္ပါ ယူဆၿပီးေတာ့ အၿမဲတမ္း အျပစ္ရွိသလို ခံစားေနရပါတယ္။ ဒါ့အျပင္ အဲ့ဒီသူေတြရဲ႕ ဝိဉာဥ္ေတြဟာ သူ႔ကိုအၿမဲေျခာက္လွန႔္ေနၿပီးေတာ့ သူ႔ရဲ႕အနားမွာ အၿမဲတမ္းရွိေနပါတယ္။ သူဟာ အဲ့လိုမ်ိဳး အျပစ္ရွိသလိုခံစားရၿပီးေတာ့ သူမကယ္လိုက္ႏိုင္တဲ့အသက္ေတြအတြက္ ဝမ္းနည္းလာတဲ့အခ်ိန္မွာေတာ့ အဲ့ဒီစိတ္ခံစားခ်က္ေတြကို အရက္ေသာက္ၿပီးေတာ့ ေျဖေဖ်ာက္ေလ့ရွိပါတယ္။

သူ႔ရဲ႕ ေအာင္ျမင္မႈမ်ား
photo via cbr

သူဟာ DC universe ရဲ႕အစြမ္းထက္ဆုံး ေမွာ္ပညာရွင္ေတြထဲက တစ္ေယာက္ျဖစ္တာေၾကာင့္ မယုံႏိုင္စရာေကာင္းအရာေတြအမ်ားႀကီးကို ျပဳလုပ္ဖူးပါတယ္။ သူဟာ ေမွာ္သတၱဝါေတြလည္း ေမြးဖူးၿပီးေတာ့ တစ္ခါတစ္ရံမွာ မေကာင္းဆိုးဝါးႏွင္တာမ်ိဳးေတြိကိုလည္း ျပဳလုပ္ေလ့ရွိပါတယ္။ ဒါ့အျပင္ သူဟာ မေကာင္းဆိုးဝါးေတြကိုေတာင္ လိမ္ၿပီးေတာ့ သူျဖစ္ေစခ်င္တဲ့အတိုင္း လုပ္ခိုင္းခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ အဲ့ဒီမေကာင္းဆိုးဝါးေတြကို ငရဲျပည္ကို ျပန္ပို႔တာမ်ိဳးလည္း လုပ္ခဲ့ဖူးပါတယ္။ အဲ့လိုမ်ိဳး သူေအာင္ျမင္ခဲ့ဖူးတာေတြ အမ်ားႀကီးရွိေပမယ့္လည္း သူ႔အတြက္ အႀကီးမားဆုံးေအာင္ျမင္မႈတစ္ခုကေတာ့ သူ႔ရဲ႕ကင္ဆာေရာဂါကို ေပ်ာက္ကင္းေအာင္ ျပဳလုပ္ႏိုင္ခဲ့တာပါ။

သူလုပ္ခဲ့ဖူးတဲ့အရာေတြေၾကာင့္ မေကာင္းဆိုးဝါးတစ္ေကာင္က သူ႔ကိုက်ိန္စာတိုက္ၿပီးေတာ့ ကင္ဆာေရာဂါျဖစ္ေအာင္ ျပဳလုပ္ခဲ့ၿပီးတဲ့ေနာက္မွာေတာ့ သူဟာ သူ႔ရဲ႕ဝိဉာဥ္ကို နတ္သားေတြဆီကို ေရာင္းလိုက္ပါတယ္။ အဲ့ဒါေၾကာင့္ အကယ္၍ သူေသသြားခဲ့ရင္ ငရဲျပည္နဲ႔နတ္ျပည္ဟာ သူ႔ရဲ႕ဝိဉာဥ္ကို ယူဖို႔အတြက္ စစ္ျဖစ္ၾကမွာ ျဖစ္ပါတယ္။ အဲ့လိုစစ္ျဖစ္မွာကို ေရွာင္ရွားဖို႔အတြက္ God ကိုယ္တိုင္က သူ႔ရဲ႕ကင္ဆာေရာဂါကို ကုသေပးၿပီးေတာ့ ဆက္လက္အသက္ရွင္ခြင့္ေပးခဲ့ပါတယ္။ သူဟာ ထုံးစံအတိုင္း ဉာဏ္နီဉာဏ္နက္မ်ားလြန္းတာေၾကာင့္ ေသခါနီးအခ်ိန္မွာေတာင္ ဆက္ၿပီးအသက္ရွင္ေနထိုင္ႏိုင္ေအာင္ နည္းအမ်ိဳးမ်ိဳးနဲ႔ ျပဳလုပ္ႏိုင္တဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။

၂၀၀၅ ခုႏွစ္မွာ ထြက္ခဲ့တဲ့ Constantine ႐ုပ္ရွင္ဟာ ေနာက္ထပ္တစ္ကားထြက္ဖို႔ အစီအစဥ္ရွိခဲ့ပါတယ္။
photo via cbr

၂၀၀၅ ခုႏွစ္တုန္းက Keanu Reeves သ႐ုပ္ေဆာင္ထားတဲ့ Constantine ဇာတ္ကားထြက္ခဲ့တာကိုေတာ့ သိၾကမယ္ထင္ပါတယ္။ အဲ့ဒီဇာတ္ကားဟာ ေတာ္ေတာ္ေလးကို လူႀကိဳက္မ်ားခဲ့ေပမယ့္လည္း ေနာက္ထပ္တစ္ကား ထပ္မထြက္လာေတာ့ပါဘူး။ ဒါေပမယ့္လည္း အဲ့ဒီဇာတ္ကားကို ႐ိုက္ၿပီးခါစတုန္းက ေနာက္ထပ္တစ္ကားထြက္ဖို႔အတြက္ အစီအစဥ္ရွိိခဲ့ပါတယ္။ ေနာက္ထပ္တစ္ကားအတြက္ ဇာတ္ၫႊန္းေတာင္ ေရးခဲ့ၿပီးေတာ့ ဇာတ္ကားနာမည္ကေတာ့ Through the Eye of the Needle လို႔ေခၚကာ ပထမဇာတ္ကားထက္ ပိုၿပီးေတာ့ horror ဆန္တယ္လို႔လည္း သိရပါတယ္။ အဲ့ဒီကားထြက္လာဖို႔ကို Keanu Reeves ကိုယ္တိုင္က ျဖစ္ေစခ်င္ခဲ့ေပမယ့္လည္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဒုတိယဇာတ္ကားဟာ ထြက္မလာခဲ့ပါဘူး။

Lego Les

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular