HomeAnimeဇာတ်ကောင်တွေချင်း ရုပ်ဆင်တူနေကြတဲ့ Isekai Anime များ 

ဇာတ်ကောင်တွေချင်း ရုပ်ဆင်တူနေကြတဲ့ Isekai Anime များ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Anime ဇာတ်လမ်းတွေဟာ သာမန်ဇာတ်လမ်းတွေနဲ့ မတူညီဘဲ ကွဲပြားနေလေ့ ရှိပါတယ်။ anime လို့ ပြောလိုက်ရင် isekai လို့ခေါ်တဲ့ တခြားကမ္ဘာ သို့မဟုတ်၊ ဂိမ်းထဲကို ရောက်သွားတဲ့ ဇာတ်လမ်း အမျိူးအစားဟာလည်း အတော်လေးကို နာမည်ကြီးပါတယ်။ ဒါ့အပြင် anime တွေရဲ့ ထုံးစံအတိုင်း တခါတရံကျရင်တော့ ဇာတ်လမ်းတွေ မတူညီပေမယ့်လည်း ဇာတ်ကောင်တွေဟာ ရုပ်ချင်း ဆင်တူနေတာမျိူးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Isekai Anime တွေထဲက ရုပ်ချင်းဆင်တူနေကြတဲ့ ဇာတ်ကောင်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) Yuuto Suou
photo via cbr

Yuuto Suou ကတော့ ၂၀၁၈ခုနှစ်က ထွက်ရှိခဲ့တဲ့ Master of Ragnarok & Blesser of Einherjar ထဲက အဓိက ဇာတ်ကောင်ပဲ ဖြစ်ပါတယ်။ Yuuto ကတော့ isekai anime တွေရဲ့ ထုံးစံအတိုင်း အကြောင်းတစ်ခုကြောင့် တခြားကမ္ဘာကို ရောက်သွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ တကယ့်ကမ္ဘာက ကျော်ကြားတဲ့ နည်းဗျူဟာရှင်တွေရဲ့ စစ်ဗျူဟာတွေကို အသုံးချရင်းနဲ့ သူ့ရဲ့ clan ကို နိုင်ပွဲတွေများစွာ ဆောင်ကျဉ်းပေးနိုင်ခဲ့ပါတယ်။

(2) Taichi Nishimura
photo via cbr

Taichi ကတော့ ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Isekai Cheat Magician ထဲက အဓိကဇာတ်ကောင်ပဲ ဖြစ်ပါတယ်။ Taichi ဟာ ပုံမှန်ကျောင်းသားတစ်ယောက် ဖြစ်ပြီး တစ်ရက်မှာတော့ သူ့ရဲ့ငယ်သူငယ်ချင်းနဲ့အတူ ကျောင်းကို ထွက်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ တောက်ပနေတဲ့ အလင်းရောင်ဟာ သူတို့ပေါ်မှာ ကျရောက်သွားပြီး မှော်ပညာ တည်ရှိနေတဲ့ ကမ္ဘာကို ရောက်သွားခဲ့ပါတယ်။ ဒါတင်မကသေးဘဲ နောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်လုံးဟာ ပုံမှန်မဟုတ်တဲ့ မှော်ပညာတွေ ပိုင်ဆိုင်ထားတယ် ဆိုတာကိုပါ သိလိုက်ရပါတယ်။

(3) Shin Wolford
photo via cbr

Shin ကလည်း ၂၀၁၉ ခုနှစ်မှာ ထွက်ထားတဲ့ Wise Man’s Grandchild ထဲက အဓိကဇာတ်ကောင် ဖြစ်ပါတယ်။ Shin ကလည်း တခြားကမ္ဘာကို ရောက်လာပြီးနောက်မှာတော့ Merlin နဲ့ Merlin ရဲ့ ရည်းစားဟောင်းသူ Melinda တို့က သူ့ကို မှော်ပညာသင်ပေးခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ အလွန်တော်တဲ့ မှော်ပညာရှင်တွေ ဖြစ်ကြပေမယ့်လည်း Shin ဟာ ပါရမီပါတာကြောင့် အချိန်တိုအတွင်းမှာပဲ သူတို့နှစ်ယောက်ထက်ကို အစွမ်းထက်လာပါတော့တယ်။

(4) Touya Mochizuki
photo via cbr

Touya ကတော့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိထားတဲ့ In Another World With My Smart Phone ထဲက အဓိကဇာတ်ကောင် ဖြစ်ပါတယ်။ ဘုရားသခင်ဟာ Touya ရှိနေတဲ့ နေရာကို မတော်တဆ မိုးကြိုးပစ်ချမိလိုက်ပါတယ်။ ဒါကြောင့်ပဲ ဘုရားသခင်ဟာ တောင်းပန်တဲ့အနေနဲ့ မှော်ပညာတွေ တည်ရှိနေတဲ့ ကမ္ဘာမှာ ပြန်လည် အသက်ရှင်သန်ခွင့် ပေးခဲ့သလို ဆုတောင်းတစ်ခုကိုလည်း ဖြည့်ဆည်းပေးခဲ့ပါတယ်။ Touya ဟာလည်း ဝမ်းမြောက်ဝမ်းသာပဲ လက်ခံခဲ့ပြီး ဆုတောင်းအနေနဲ့ အဲ့ဒီကမ္ဘာကို သူ့ရဲ့ဖုန်းကို ယူဆောင်သွားခွင့်တောင်းခဲ့ပါတယ်။

(5) Satou Pendragon
photo via cbr

Satou ဟာ အစတုန်းကတော့ Ichiro Suzuki ဆိုတဲ့ ဂိမ်းပရိုဂရမ်မာတစ်ယောက် ဖြစ်ပါတယ်။ သူဟာ မိုဘိုင်းဂိမ်းအသစ်ကို ဖန်တီးနေရင်းနဲ့ အိပ်ပျော်သွားပါတယ်။ အဲ့ဒီနောက်မှာတော့ သူဟာ ချက်ချင်းပဲ ဂိမ်းထဲက ဇာတ်ကောင် ဖြစ်သွားတာကို သိလိုက်ရပါတယ်။ ဒါ့အပြင် သူဟာ အလွန်စွမ်းအားကြီးတဲ့ spell တစ်ခုကို အသုံးပြုနိုင်တယ် ဆိုတာကို သိလိုက်ရပါတယ်။ အဲ့ဒီနောက်မှာတော့ သူရောက်ရှိနေတဲ့ ကမ္ဘာကြီးကို လေ့လာဖို့အတွက် စတင်ပြီး ခရီးထွက်လာပါတော့တယ်။ သူကတော့ Death March to the Parallel World Rhapsody ထဲက အဓိကဇာတ်ကောင် ဖြစ်ပါတယ်။

(6) Hajime
photo via cbr

Hajime ကတော့ ဇာတ်လမ်းအစပိုင်းမှာပဲ အပေါ်က ဖော်ပြထားတဲ့ ဇာတ်ကောင်တွေနဲ့ ဆင်တူပြီး နောက်ပိုင်းမှာတော့ လုံးဝကွဲပြားသွားပါတယ်။ သူဟာ Dungeon ရဲ့ အောက်ထဲကို ပြုတ်ကျသွားပြီး အပြင်ကို ပြန်ထွက်နိုင်ဖို့ ကြိုးစားရပါတော့တယ်။ ကံကောင်းစွာနဲ့ပဲ သူဟာ အရာရာပျောက်ကင်းစေတဲ့ ရေကို ရှာတွေ့သွားပြီး monster တွေကိုပါ သတ်ပြီးစားသုံးခဲ့ပါတယ်။ သာမန်ဆိုရင်တော့ monster အသားကို စားလိုက်ရင် သေဆုံးသွားမှာ ဖြစ်ပေမယ့်လည်း အဲ့ဒီရေကြောင့် အသက်မသေတဲ့အပြင် သူစားလိုက်တဲ့ monster ရဲ့ စွမ်းအားတွေကို ရရှိသွားပါတယ်။ ဒီ anime ရဲ့ နာမည်ကတော့ Arifureta: From Commonplace to World’s Strongest ဖြစ်ပါတယ်။

(7) Kirito
photo via cbr

Kirito ကတော့ Sword Art Online ထဲက အဓိကဇာတ်ကောင် တစ်ယောက်ဖြစ်ပြီး သူဟာ ဂိမ်းတစ်ခုထဲမှာ ပိတ်မိသွားပါတယ်။ အဲ့ဒီဂိမ်းကတော့ တကယ့်ကမ္ဘာတစ်ခုလို ဖန်တီးထားပြီး ဂိမ်းထဲမှာ သေဆုံးသွားရင် အပြင်မှာလည်း တကယ်သေဆုံးသွားမှာ ဖြစ်ပါတယ်။ ဒီဂိမ်းထဲက ထွက်နိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ ဂိမ်းထဲမှာရှိတဲ့ နောက်ဆုံး boss ကို အနိုင်ယူရမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Kirito အပါအဝင် ဒီဂိမ်းထဲမှာ ရှိနေသူတိုင်းဟာ အသက်နဲ့ရင်းပြီးတော့ နေထိုင်ရမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

Anime ဇာတ္လမ္းေတြဟာ သာမန္ဇာတ္လမ္းေတြနဲ႔ မတူညီဘဲ ကြဲျပားေနေလ့ ရွိပါတယ္။ anime လို႔ ေျပာလိုက္ရင္ isekai လို႔ေခၚတဲ့ တျခားကမာၻ သို႔မဟုတ္၊ ဂိမ္းထဲကို ေရာက္သြားတဲ့ ဇာတ္လမ္း အမ်ိဴးအစားဟာလည္း အေတာ္ေလးကို နာမည္ႀကီးပါတယ္။ ဒါ့အျပင္ anime ေတြရဲ႕ ထုံးစံအတိုင္း တခါတရံက်ရင္ေတာ့ ဇာတ္လမ္းေတြ မတူညီေပမယ့္လည္း ဇာတ္ေကာင္ေတြဟာ ႐ုပ္ခ်င္း ဆင္တူေနတာမ်ိဴးေတြ ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ Isekai Anime ေတြထဲက ႐ုပ္ခ်င္းဆင္တူေနၾကတဲ့ ဇာတ္ေကာင္ေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(1) Yuuto Suou
photo via cbr

Yuuto Suou ကေတာ့ ၂၀၁၈ခုႏွစ္က ထြက္ရွိခဲ့တဲ့ Master of Ragnarok & Blesser of Einherjar ထဲက အဓိက ဇာတ္ေကာင္ပဲ ျဖစ္ပါတယ္။ Yuuto ကေတာ့ isekai anime ေတြရဲ႕ ထုံးစံအတိုင္း အေၾကာင္းတစ္ခုေၾကာင့္ တျခားကမာၻကို ေရာက္သြားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ တကယ့္ကမာၻက ေက်ာ္ၾကားတဲ့ နည္းဗ်ဴဟာရွင္ေတြရဲ႕ စစ္ဗ်ဴဟာေတြကို အသုံးခ်ရင္းနဲ႔ သူ႔ရဲ႕ clan ကို ႏိုင္ပြဲေတြမ်ားစြာ ေဆာင္က်ဥ္းေပးႏိုင္ခဲ့ပါတယ္။

(2) Taichi Nishimura
photo via cbr

Taichi ကေတာ့ ၂၀၁၉ ခုႏွစ္က ထြက္ရွိခဲ့တဲ့ Isekai Cheat Magician ထဲက အဓိကဇာတ္ေကာင္ပဲ ျဖစ္ပါတယ္။ Taichi ဟာ ပုံမွန္ေက်ာင္းသားတစ္ေယာက္ ျဖစ္ၿပီး တစ္ရက္မွာေတာ့ သူ႔ရဲ႕ငယ္သူငယ္ခ်င္းနဲ႔အတူ ေက်ာင္းကို ထြက္လာခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာ ေတာက္ပေနတဲ့ အလင္းေရာင္ဟာ သူတို႔ေပၚမွာ က်ေရာက္သြားၿပီး ေမွာ္ပညာ တည္ရွိေနတဲ့ ကမာၻကို ေရာက္သြားခဲ့ပါတယ္။ ဒါတင္မကေသးဘဲ ေနာက္ပိုင္းမွာေတာ့ သူတို႔ႏွစ္ေယာက္လုံးဟာ ပုံမွန္မဟုတ္တဲ့ ေမွာ္ပညာေတြ ပိုင္ဆိုင္ထားတယ္ ဆိုတာကိုပါ သိလိုက္ရပါတယ္။

(3) Shin Wolford
photo via cbr

Shin ကလည္း ၂၀၁၉ ခုႏွစ္မွာ ထြက္ထားတဲ့ Wise Man’s Grandchild ထဲက အဓိကဇာတ္ေကာင္ ျဖစ္ပါတယ္။ Shin ကလည္း တျခားကမာၻကို ေရာက္လာၿပီးေနာက္မွာေတာ့ Merlin နဲ႔ Merlin ရဲ႕ ရည္းစားေဟာင္းသူ Melinda တို႔က သူ႔ကို ေမွာ္ပညာသင္ေပးခဲ့ပါတယ္။ သူတို႔ႏွစ္ေယာက္လုံးဟာ အလြန္ေတာ္တဲ့ ေမွာ္ပညာရွင္ေတြ ျဖစ္ၾကေပမယ့္လည္း Shin ဟာ ပါရမီပါတာေၾကာင့္ အခ်ိန္တိုအတြင္းမွာပဲ သူတို႔ႏွစ္ေယာက္ထက္ကို အစြမ္းထက္လာပါေတာ့တယ္။

(4) Touya Mochizuki
photo via cbr

Touya ကေတာ့ ၂၀၁၇ ခုႏွစ္မွာ ထြက္ရွိထားတဲ့ In Another World With My Smart Phone ထဲက အဓိကဇာတ္ေကာင္ ျဖစ္ပါတယ္။ ဘုရားသခင္ဟာ Touya ရွိေနတဲ့ ေနရာကို မေတာ္တဆ မိုးႀကိဳးပစ္ခ်မိလိုက္ပါတယ္။ ဒါေၾကာင့္ပဲ ဘုရားသခင္ဟာ ေတာင္းပန္တဲ့အေနနဲ႔ ေမွာ္ပညာေတြ တည္ရွိေနတဲ့ ကမာၻမွာ ျပန္လည္ အသက္ရွင္သန္ခြင့္ ေပးခဲ့သလို ဆုေတာင္းတစ္ခုကိုလည္း ျဖည့္ဆည္းေပးခဲ့ပါတယ္။ Touya ဟာလည္း ဝမ္းေျမာက္ဝမ္းသာပဲ လက္ခံခဲ့ၿပီး ဆုေတာင္းအေနနဲ႔ အဲ့ဒီကမာၻကို သူ႔ရဲ႕ဖုန္းကို ယူေဆာင္သြားခြင့္ေတာင္းခဲ့ပါတယ္။

(5) Satou Pendragon
photo via cbr

Satou ဟာ အစတုန္းကေတာ့ Ichiro Suzuki ဆိုတဲ့ ဂိမ္းပ႐ိုဂရမ္မာတစ္ေယာက္ ျဖစ္ပါတယ္။ သူဟာ မိုဘိုင္းဂိမ္းအသစ္ကို ဖန္တီးေနရင္းနဲ႔ အိပ္ေပ်ာ္သြားပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူဟာ ခ်က္ခ်င္းပဲ ဂိမ္းထဲက ဇာတ္ေကာင္ ျဖစ္သြားတာကို သိလိုက္ရပါတယ္။ ဒါ့အျပင္ သူဟာ အလြန္စြမ္းအားႀကီးတဲ့ spell တစ္ခုကို အသုံးျပဳႏိုင္တယ္ ဆိုတာကို သိလိုက္ရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူေရာက္ရွိေနတဲ့ ကမာၻႀကီးကို ေလ့လာဖို႔အတြက္ စတင္ၿပီး ခရီးထြက္လာပါေတာ့တယ္။ သူကေတာ့ Death March to the Parallel World Rhapsody ထဲက အဓိကဇာတ္ေကာင္ ျဖစ္ပါတယ္။

(6) Hajime
photo via cbr

Hajime ကေတာ့ ဇာတ္လမ္းအစပိုင္းမွာပဲ အေပၚက ေဖာ္ျပထားတဲ့ ဇာတ္ေကာင္ေတြနဲ႔ ဆင္တူၿပီး ေနာက္ပိုင္းမွာေတာ့ လုံးဝကြဲျပားသြားပါတယ္။ သူဟာ Dungeon ရဲ႕ ေအာက္ထဲကို ျပဳတ္က်သြားၿပီး အျပင္ကို ျပန္ထြက္ႏိုင္ဖို႔ ႀကိဳးစားရပါေတာ့တယ္။ ကံေကာင္းစြာနဲ႔ပဲ သူဟာ အရာရာေပ်ာက္ကင္းေစတဲ့ ေရကို ရွာေတြ႕သြားၿပီး monster ေတြကိုပါ သတ္ၿပီးစားသုံးခဲ့ပါတယ္။ သာမန္ဆိုရင္ေတာ့ monster အသားကို စားလိုက္ရင္ ေသဆုံးသြားမွာ ျဖစ္ေပမယ့္လည္း အဲ့ဒီေရေၾကာင့္ အသက္မေသတဲ့အျပင္ သူစားလိုက္တဲ့ monster ရဲ႕ စြမ္းအားေတြကို ရရွိသြားပါတယ္။ ဒီ anime ရဲ႕ နာမည္ကေတာ့ Arifureta: From Commonplace to World’s Strongest ျဖစ္ပါတယ္။

(7) Kirito
photo via cbr

Kirito ကေတာ့ Sword Art Online ထဲက အဓိကဇာတ္ေကာင္ တစ္ေယာက္ျဖစ္ၿပီး သူဟာ ဂိမ္းတစ္ခုထဲမွာ ပိတ္မိသြားပါတယ္။ အဲ့ဒီဂိမ္းကေတာ့ တကယ့္ကမာၻတစ္ခုလို ဖန္တီးထားၿပီး ဂိမ္းထဲမွာ ေသဆုံးသြားရင္ အျပင္မွာလည္း တကယ္ေသဆုံးသြားမွာ ျဖစ္ပါတယ္။ ဒီဂိမ္းထဲက ထြက္ႏိုင္ဖို႔ တစ္ခုတည္းေသာ နည္းလမ္းကေတာ့ ဂိမ္းထဲမွာရွိတဲ့ ေနာက္ဆုံး boss ကို အႏိုင္ယူရမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ Kirito အပါအဝင္ ဒီဂိမ္းထဲမွာ ရွိေနသူတိုင္းဟာ အသက္နဲ႔ရင္းၿပီးေတာ့ ေနထိုင္ရမွာ ျဖစ္ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular