HomeCelebs Update NewsKoreaကလေးများနေ့အတွက် အဓိပ္ပာယ်ရှိတဲ့အလှူလေး လုပ်ခဲ့တဲ့ IU 

ကလေးများနေ့အတွက် အဓိပ္ပာယ်ရှိတဲ့အလှူလေး လုပ်ခဲ့တဲ့ IU 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ကေပေါ့ပ်လောကရဲ့ သဘောမနောကောင်း အချောလေး IU ကတော့ စိတ်ကြည်နူးစရာ အလှူလေးတစ်ခုကို ထပ်လုပ်လိုက်ပြန်ပါပြီ။

ကမ္ဘာလုံးဆိုင်ရာ ကိုယ်ကျိုးမဖက် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Green Umbrella ကလေးများ ဖောင်ဒေးရှင်းက ဖော်ပြချက်အရ IU ဟာ ကလေးများနေ့ အထိမ်းအမှတ် အကြိုအနေနဲ့ မေလ(၄)ရက်နေ့မှာ အဆိုပါဖောင်ဒေးရှင်းကို ကိုရီးယားဝမ်သန်း(၁၀၀) လှူဒါန်းလိုက်တယ်လို့ သိရပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာတော့ ကလေးများနေ့ကို မေလ(၅)ရက်နေ့မှာ ကျင်းပလေ့ ရှိပါတယ်။

Photo: dlwlrma/ Instagram

IU ဟာ အဆိုပါ Green Umbrella ကလေးများ ဖောင်ဒေးရှင်းကို ၂၀၁၅ခုနှစ်တည်းက လှူဒါန်းလာခဲ့တာ ဖြစ်ပါတယ်။ ဒါတင်မက မကြာသေးမီကလည်း ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် နေရာငါးခုမှာ ခွဲဝေလှူဒါန်းခဲ့ပြီး စုစုပေါင်း ကိုရီးယားဝမ်(၃၁၅)သန်းကို လှူဒါန်းခဲ့ပါသေးတယ်။

ယခုလက်ရှိမှာတော့ IU ဟာ BTS အဖွဲ့က Suga နဲ့ တွဲဖက်ပြီး ဒစ်ဂျစ်တယ် ဆင်ဂယ်လ်တစ်ပုဒ် ထုတ်လုပ်နေပါတယ်။

စိတ်နှလုံးလှတဲ့ IU လေး ဒီ့ထက်မက များစွာအောင်မြင်ပြီး ဒီ့ထက်မကလည်း လှူဒါန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

LaNina
(Zawgyi Version)

ေကေပါ့ပ္ေလာကရဲ႕ သေဘာမေနာေကာင္း အေခ်ာေလး IU ကေတာ့ စိတ္ၾကည္ႏူးစရာ အလႉေလးတစ္ခုကို ထပ္လုပ္လိုက္ျပန္ပါၿပီ။

ကမာၻလုံးဆိုင္ရာ ကိုယ္က်ိဳးမဖက္ အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ Green Umbrella ကေလးမ်ား ေဖာင္ေဒးရွင္းက ေဖာ္ျပခ်က္အရ IU ဟာ ကေလးမ်ားေန႔ အထိမ္းအမွတ္ အႀကိဳအေနနဲ႔ ေမလ(၄)ရက္ေန႔မွာ အဆိုပါေဖာင္ေဒးရွင္းကို ကိုရီးယားဝမ္သန္း(၁၀၀) လႉဒါန္းလိုက္တယ္လို႔ သိရပါတယ္။ ေတာင္ကိုရီးယားႏိုင္ငံမွာေတာ့ ကေလးမ်ားေန႔ကို ေမလ(၅)ရက္ေန႔မွာ က်င္းပေလ့ ရွိပါတယ္။

Photo: dlwlrma/ Instagram

IU ဟာ အဆိုပါ Green Umbrella ကေလးမ်ား ေဖာင္ေဒးရွင္းကို ၂၀၁၅ခုႏွစ္တည္းက လႉဒါန္းလာခဲ့တာ ျဖစ္ပါတယ္။ ဒါတင္မက မၾကာေသးမီကလည္း ကို႐ိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ေရးအတြက္ ေနရာငါးခုမွာ ခြဲေဝလႉဒါန္းခဲ့ၿပီး စုစုေပါင္း ကိုရီးယားဝမ္(၃၁၅)သန္းကို လႉဒါန္းခဲ့ပါေသးတယ္။

ယခုလက္ရွိမွာေတာ့ IU ဟာ BTS အဖြဲ႕က Suga နဲ႔ တြဲဖက္ၿပီး ဒစ္ဂ်စ္တယ္ ဆင္ဂယ္လ္တစ္ပုဒ္ ထုတ္လုပ္ေနပါတယ္။

စိတ္ႏွလုံးလွတဲ့ IU ေလး ဒီ့ထက္မက မ်ားစြာေအာင္ျမင္ၿပီး ဒီ့ထက္မကလည္း လႉဒါန္းႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

LaNina

 

RELATED ARTICLES

Most Popular