HomeCelebs Update NewsKoreaခံစားချက်အစစ်အမှန်တွေကို ရေးဖွဲ့သီဆိုထားတဲ့ IU ရဲ့သီချင်း(၅)ပုဒ်

ခံစားချက်အစစ်အမှန်တွေကို ရေးဖွဲ့သီဆိုထားတဲ့ IU ရဲ့သီချင်း(၅)ပုဒ်

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

IU ဟာ အဆိုေကာင္းတစ္ေယာက္ျဖစ္သလို လွပတဲ့ သီခ်င္းစာသားေတြ ေရးဖြဲ႕သီကုံးရာမွာလည္း တစ္ဖက္ကမ္းခတ္သူ ျဖစ္ပါတယ္။ သူမရဲ႕ ေျပာျပခ်က္အရ စိတ္ထဲက အနက္ရိႈင္းဆုံးအေတြးေတြကို ဒိုင္ယာရီတစ္ခုနဲ႔ ေရးမွတ္ထားတတ္ၿပီး ေနာက္ပိုင္း သီခ်င္းေတြေရးတဲ့အခါ အဲ့ဒီ့ခံစားခ်က္ အစစ္အမွန္ေတြကို ျပန္လည္ထည့္သြင္း အသုံးျပဳတတ္တယ္လို႔ သိရပါတယ္။ IU ရဲ႕ ရင္ထဲက ခံစားခ်က္အစစ္အမွန္ေတြနဲ႔ စာသားလွလွေလးေတြ ပါ၀င္ဖြဲ႔စည္းထားတဲ့ သီခ်င္းငါးပုဒ္ကေတာ့ …

(1) Through The Night

IU ဟာ ဒီသီခ်င္းကိုေတာ့ အိပ္မေပ်ာ္တဲ့ညေတြကို ကိုယ္တိုင္ေက်ာ္ျဖတ္ၿပီးေနာက္မွာ ေရးသားထားတာလို႔ ဆိုပါတယ္။ အိပ္ေရးပ်က္တာေတြမ်ားၿပီး ညဘက္ အိပ္မေပ်ာ္တဲ့ေရာဂါကို ခံစားခဲ့ရဖူးတဲ့ IU ဟာ လူတစ္ေယာက္ကို ညဘက္ ေကာင္းေကာင္းအိပ္ေပ်ာ္ပါေစလို႔ ဆုေတာင္းေပးျခင္းရဲ႕ ေနာက္ကြယ္က စိတ္ဆႏၵမြန္ေလးကို ေထာက္ျပခ်င္ပုံ ရပါတယ္။ ဒီသီခ်င္းဟာ ခ်စ္ရတဲ့သူတစ္ေယာက္ဆီမွာ ကုိယ့္ရဲ႕အခ်စ္ေတြကို ၀န္ခံဖြင့္ဟတဲ့ အဓိပၸါယ္ျဖစ္တယ္လို႔ သူမက ဆိုထားပါတယ္။

Photo: dlwlrma/ Instagram
(2) Voice Mail

Picnic Live အစီအစဥ္မွာ Voice Mail သီခ်င္းရဲ႕ စာသားေတြဟာ ပုဂၢိဳလ္ေရးခံစားခ်က္ေတြအေပၚ အေျခခံထားတယ္လို႔ IU က ေျပာျပဖူးပါတယ္။ ဒီသီခ်င္းဟာ IU ပြဲမထြက္ခင္ကာလေတြတုန္းမွာ သူမက ခ်စ္ခဲ့ေပမယ့္ သူမကို ျပန္မခ်စ္ႏိုင္ခဲ့တဲ့ တစ္ဖတ္သတ္ခ်စ္သူတစ္ေယာက္ အေၾကာင္းကို ျပန္လည္ေရးဖြဲ႕ထားတာျဖစ္တယ္လို႔ သိရပါတယ္။ “ကၽြန္မရဲ႕ တကယ့္အျဖစ္အပ်က္ကို ေရးဖြဲ႕ထားတာျဖစ္လို႔ ဒီသီခ်င္းထဲက စာသားေတြဟာ ကၽြန္မကို အၿမဲတမ္း အသည္းကြဲေစပါတယ္” လို႔ ဒီသီခ်င္းနဲ႔ ပတ္သက္ၿပီး IU က မွတ္ခ်က္ေပးထားပါတယ္။

(3) Glasses

ဒီသီခ်င္းကေတာ့ IU နဲ႔ မိခင္ျဖစ္သူတို႔ႏွစ္ေယာက္ ေျပာထားတဲ့ စကားေတြကေန အေျခတည္ထားတာလို႔ ဆိုပါတယ္။ IU ရဲ႕မိခင္ဟာ မ်က္လုံးခြဲစိတ္ခဲ့ရၿပီး အေကာင္းပကတိ ျပန္မျမင္ႏိုင္ေတာ့ဘဲ ၀ိုးတ၀ါးေလးသာ ျမင္ရတယ္လို႔ ဆိုပါတယ္။  အဲ့ဒီ့အေၾကာင္းကို သားအမိႏွစ္ေယာက္ ေျပာတဲ့အခါ မိခင္ျဖစ္သူက တစ္ခါတစ္ေလမွာ ၾကည္ၾကည္လင္လင္ထက္ ၀ါးတားတားေလး ျမင္ေနရတာလည္း ေကာင္းပါတယ္လို႔ ဆိုပါသတဲ့။ ဒါနဲ႔ပဲ IU ဟာလည္း တစ္ခါတစ္ရံမွာ အရာအားလုံးကို ရႈျမင္ႏိုင္တာထက္ မျမင္ႏိုင္တာက ပိုေကာင္းသလိုမ်ိဳး လ်စ္လ်ဴရႈမႈကို အေျခခံထားတဲ့ သီခ်င္းအေၾကာင္းအရာေလးအျဖစ္ Glasses ကို ဖန္တီးခဲ့တယ္လို႔ ဆိုပါတယ္။

Photo: dlwlrma/ Instagram
(4) Heart

Heart ဆိုတဲ့သီခ်င္းေလးကေတာ့ သူမ ယုံၾကည္ေမွ်ာ္လင့္တဲ့ လူတစ္ေယာက္လိုမ်ိဳး ျဖစ္လာဖို႔ ေမွ်ာ္လင့္ခ်က္နဲ႔ ေရးစပ္ထားတာျဖစ္တယ္လို႔ ဆိုပါတယ္။ အေၾကာင္းျပခ်က္မရိွတဲ့ အခ်စ္မ်ိဳးနဲ႔ ဘာေမွ်ာ္လင့္ခ်က္မွ မရိွဘဲ ခ်စ္ခ်င္တယ္ဆိုတဲ့ အဓိပၸါယ္နဲ႔ စိတ္ခံစားဖြယ္ရာ၊ ၀မ္းနည္းဖြယ္ရာေကာင္းတဲ့ သီခ်င္းေလးတစ္ပုဒ္ ျဖစ္ပါတယ္။

(5) BBIBBI

ဒီသီခ်င္းဟာ IU ရဲ႕ အနုပညာသက္တမ္း(၁၀)ႏွစ္ျပည့္တဲ့ အထိမ္းအမွတ္အေနနဲ႔ ပရိသတ္ေတြကို လက္ေဆာင္ေပးဖို႔ ကနဦးတုန္းက ရည္ရြယ္ထားခဲ့တဲ့သီခ်င္းျဖစ္တယ္လို႔ ဆိုပါတယ္။ BBIBBI ရဲ႕ သီခ်င္းစာသားေတြဟာ Long Distance Relationship ကို ဘယ္လိုမ်ိဳး ခိုင္ၿမဲေအာင္ ထိန္းသိမ္းႏိုင္လည္းဆိုတာ ေျပာျပခ်င္တာျဖစ္ၿပီး idol တစ္ေယာက္နဲ႔ သူ႔ရဲ႕ပရိသတ္ေတြၾကားက မနီးစပ္ေပမယ့္ ခုိင္ၿမဲတဲ့ သံေယာဇဥ္ကို ကိုယ္စားျပဳတယ္လို႔ IU က မွတ္ခ်က္ေပးထားပါတယ္။ သို႔ေပမယ့္ ေနာက္ပိုင္းမွာေတာ့ သူမနဲ႔ ပရိသတ္ေတြၾကားထဲက ပတ္သက္မႈမ်ိဳး သီးသန္႔ မဟုတ္ဘဲ ေယဘူယ် ခ်စ္ျခင္းေမတၱာ သံေယာဇဥ္ပုံစံမ်ိဳးနဲ႔ အဓိပၸါယ္ဖြင့္ဆိုလိုက္တယ္လို႔ သိရပါတယ္။

စာဖတ္သူဟာ IU ပရိသတ္တစ္ေယာက္ပါလား။ IU ရဲ႕ ဘယ္သီခ်င္းေတြက ရင္ထဲကို ထိထိရွရွ ခံစားရပါသလဲ။ ေျပာျပခဲ့ေပးပါဦး။

Xei

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

(Unicode Version)

IU ဟာ အဆိုကောင်းတစ်ယောက်ဖြစ်သလို လှပတဲ့ သီချင်းစာသားတွေ ရေးဖွဲ့သီကုံးရာမှာလည်း တစ်ဖက်ကမ်းခတ်သူ ဖြစ်ပါတယ်။ သူမရဲ့ ပြောပြချက်အရ စိတ်ထဲက အနက်ရှိုင်းဆုံးအတွေးတွေကို ဒိုင်ယာရီတစ်ခုနဲ့ ရေးမှတ်ထားတတ်ပြီး နောက်ပိုင်း သီချင်းတွေရေးတဲ့အခါ အဲ့ဒီ့ခံစားချက် အစစ်အမှန်တွေကို ပြန်လည်ထည့်သွင်း အသုံးပြုတတ်တယ်လို့ သိရပါတယ်။ IU ရဲ့ ရင်ထဲက ခံစားချက်အစစ်အမှန်တွေနဲ့ စာသားလှလှလေးတွေ ပါဝင်ဖွဲ့စည်းထားတဲ့ သီချင်းငါးပုဒ်ကတော့ …

(1) Through The Night

IU ဟာ ဒီသီချင်းကိုတော့ အိပ်မပျော်တဲ့ညတွေကို ကိုယ်တိုင်ကျော်ဖြတ်ပြီးနောက်မှာ ရေးသားထားတာလို့ ဆိုပါတယ်။ အိပ်ရေးပျက်တာတွေများပြီး ညဘက် အိပ်မပျော်တဲ့ရောဂါကို ခံစားခဲ့ရဖူးတဲ့ IU ဟာ လူတစ်ယောက်ကို ညဘက် ကောင်းကောင်းအိပ်ပျော်ပါစေလို့ ဆုတောင်းပေးခြင်းရဲ့ နောက်ကွယ်က စိတ်ဆန္ဒမွန်လေးကို ထောက်ပြချင်ပုံ ရပါတယ်။ ဒီသီချင်းဟာ ချစ်ရတဲ့သူတစ်ယောက်ဆီမှာ ကိုယ့်ရဲ့အချစ်တွေကို ဝန်ခံဖွင့်ဟတဲ့ အဓိပ္ပါယ်ဖြစ်တယ်လို့ သူမက ဆိုထားပါတယ်။

(2) Voice Mail

Picnic Live အစီအစဉ်မှာ Voice Mail သီချင်းရဲ့ စာသားတွေဟာ ပုဂ္ဂိုလ်ရေးခံစားချက်တွေအပေါ် အခြေခံထားတယ်လို့ IU က ပြောပြဖူးပါတယ်။ ဒီသီချင်းဟာ IU ပွဲမထွက်ခင်ကာလတွေတုန်းမှာ သူမက ချစ်ခဲ့ပေမယ့် သူမကို ပြန်မချစ်နိုင်ခဲ့တဲ့ တစ်ဖတ်သတ်ချစ်သူတစ်ယောက် အကြောင်းကို ပြန်လည်ရေးဖွဲ့ထားတာဖြစ်တယ်လို့ သိရပါတယ်။ “ကျွန်မရဲ့ တကယ့်အဖြစ်အပျက်ကို ရေးဖွဲ့ထားတာဖြစ်လို့ ဒီသီချင်းထဲက စာသားတွေဟာ ကျွန်မကို အမြဲတမ်း အသည်းကွဲစေပါတယ်” လို့ ဒီသီချင်းနဲ့ ပတ်သက်ပြီး IU က မှတ်ချက်ပေးထားပါတယ်။

Photo: dlwlrma/ Instagram
(3) Glasses

ဒီသီချင်းကတော့ IU နဲ့ မိခင်ဖြစ်သူတို့နှစ်ယောက် ပြောထားတဲ့ စကားတွေကနေ အခြေတည်ထားတာလို့ ဆိုပါတယ်။ IU ရဲ့မိခင်ဟာ မျက်လုံးခွဲစိတ်ခဲ့ရပြီး အကောင်းပကတိ ပြန်မမြင်နိုင်တော့ဘဲ ဝိုးတဝါးလေးသာ မြင်ရတယ်လို့ ဆိုပါတယ်။  အဲ့ဒီ့အကြောင်းကို သားအမိနှစ်ယောက် ပြောတဲ့အခါ မိခင်ဖြစ်သူက တစ်ခါတစ်လေမှာ ကြည်ကြည်လင်လင်ထက် ဝါးတားတားလေး မြင်နေရတာလည်း ကောင်းပါတယ်လို့ ဆိုပါသတဲ့။ ဒါနဲ့ပဲ IU ဟာလည်း တစ်ခါတစ်ရံမှာ အရာအားလုံးကို ရှုမြင်နိုင်တာထက် မမြင်နိုင်တာက ပိုကောင်းသလိုမျိုး လျစ်လျူရှုမှုကို အခြေခံထားတဲ့ သီချင်းအကြောင်းအရာလေးအဖြစ် Glasses ကို ဖန်တီးခဲ့တယ်လို့ ဆိုပါတယ်။

(4) Heart

Heart ဆိုတဲ့သီချင်းလေးကတော့ သူမ ယုံကြည်မျှော်လင့်တဲ့ လူတစ်ယောက်လိုမျိုး ဖြစ်လာဖို့ မျှော်လင့်ချက်နဲ့ ရေးစပ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။ အကြောင်းပြချက်မရှိတဲ့ အချစ်မျိုးနဲ့ ဘာမျှော်လင့်ချက်မှ မရှိဘဲ ချစ်ချင်တယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ စိတ်ခံစားဖွယ်ရာ၊ ဝမ်းနည်းဖွယ်ရာကောင်းတဲ့ သီချင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။

Photo: dlwlrma/ Instagram
 (5) BBIBBI

ဒီသီချင်းဟာ IU ရဲ့ အနုပညာသက်တမ်း(၁၀)နှစ်ပြည့်တဲ့ အထိမ်းအမှတ်အနေနဲ့ ပရိသတ်တွေကို လက်ဆောင်ပေးဖို့ ကနဦးတုန်းက ရည်ရွယ်ထားခဲ့တဲ့သီချင်းဖြစ်တယ်လို့ ဆိုပါတယ်။ BBIBBI ရဲ့ သီချင်းစာသားတွေဟာ Long Distance Relationship ကို ဘယ်လိုမျိုး ခိုင်မြဲအောင် ထိန်းသိမ်းနိုင်လည်းဆိုတာ ပြောပြချင်တာဖြစ်ပြီး idol တစ်ယောက်နဲ့ သူ့ရဲ့ပရိသတ်တွေကြားက မနီးစပ်ပေမယ့် ခိုင်မြဲတဲ့ သံယောဇဉ်ကို ကိုယ်စားပြုတယ်လို့ IU က မှတ်ချက်ပေးထားပါတယ်။ သို့ပေမယ့် နောက်ပိုင်းမှာတော့ သူမနဲ့ ပရိသတ်တွေကြားထဲက ပတ်သက်မှုမျိုး သီးသန့် မဟုတ်ဘဲ ယေဘူယျ ချစ်ခြင်းမေတ္တာ သံယောဇဉ်ပုံစံမျိုးနဲ့ အဓိပ္ပါယ်ဖွင့်ဆိုလိုက်တယ်လို့ သိရပါတယ်။

စာဖတ်သူဟာ IU ပရိသတ်တစ်ယောက်ပါလား။ IU ရဲ့ ဘယ်သီချင်းတွေက ရင်ထဲကို ထိထိရှရှ ခံစားရပါသလဲ။ ပြောပြခဲ့ပေးပါဦး။

Xei

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular