HomeDramaပရိသတ်တွေ ကြည့်ရှုခွင့်ရမှာ မဟုတ်တော့တဲ့ Jang Keun Suk နဲ့ Sooyoung တို့ရဲ့ဒရာမာအသစ် 

ပရိသတ်တွေ ကြည့်ရှုခွင့်ရမှာ မဟုတ်တော့တဲ့ Jang Keun Suk နဲ့ Sooyoung တို့ရဲ့ဒရာမာအသစ် 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Kakao TV က ထုတ်လွှင့်မယ့် ဒရာမာအသစ် “Unexpected Country Diary” ဟာ နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ Jang Keun Suk နဲ့ Sooyoung တို့ ခေါင်းဆောင်ပါဝင်မယ်လို့ ဆွေးနွေးခဲ့ပြီးမှ အထမမြောက်တော့ဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လတုန်းကတော့ အဆိုပါဒရာမာအတွက် Jang Keun Suk နဲ့ Sooyoung တို့ ဦးဆောင်ပါဝင်သွားဖို့ ဆွေးနွေးနေကြတယ်လို့ သတင်းတွေကြားခဲ့ရပြီးမှ အခုလို ပျက်ပြယ်သွားတာ ဖြစ်ပါတယ်။ ယနေ့ စက်တင်ဘာလ(၁၅)ရက်နေ့မှာ JTBC News က ဖော်ပြလာတဲ့ သတင်းအရ ရှင်းပြနိုင်ခြင်းမရှိတဲ့ အခြေအနေတွေကြောင့် ဒီဒရာမာရဲ့ ရိုက်ကူးရေးဟာ ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

Photo: _asia_prince_jks/ Instagram

သို့သော်လည်း Kakao Entertainment ရဲ့ အတွင်းသတင်းတစ်ခုအရ အထက်ပါသတင်းဟာ အပြည့်အဝ မမှန်ကန်ဘူးလို့ ဆိုထားပါသေးတယ်။

“Kakao TV ရဲ့ ဒရာမာအသစ်ဖြစ်တဲ့ Unexpected Country Diary ရဲ့ ရိုက်ကူးထုတ်လုပ်ရေးဟာ ပျက်စီးသွားခဲ့ပြီဆိုတဲ့ သတင်းက မမှန်ကန်ပါဘူး။ ဒီဒရာမာကို လာမယ့်နှစ် နွေရာသီမှာ ရိုက်ကူးရေး စတင်သွားမှာ ဖြစ်ပါတယ်။ အရင်တုန်းကတော့ Jang Keun Suk နဲ့ Sooyoung တို့ကို ဒီဒရာမာမှာ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် အခုနောက်ဆုံး ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်အရ သူတို့နှစ်ယောက်လုံး ဒီဒရာမာထဲမှာ ပါဝင်သရုပ်ဆောင်ကြတော့မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် အခုကတော့ ကျွန်တော်တို့အနေနဲ့ သရုပ်ဆောင်သစ် ထပ်မံရွေးချယ်နေပါတယ် …  ” လို့ SPOTV News သတင်းဌာနကို ဖြေကြားထားပါတယ်။

Photo: sooyoungchoi/ Instagram

Unexpected Country Diary ကတော့ ရိုမန့်စ် web novel တစ်ခုကို အခြေခံရိုက်ကူးမယ့် ဇာတ်လမ်းဖြစ်ပြီး ဆိုးလ်မြို့က လူတစ်ယောက်ဟာ ကျေးလက်တောရွာတစ်ခုမှာ နေထိုင်ရင်း ရဲမေတစ်ယောက်နဲ့ တွေ့ဆုံတဲ့အကြောင်း ဖြစ်ပါတယ်။

ပရိသတ်တွေ ကြိုက်နှစ်သက်ကြတဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ Jang Keun Suk နဲ့ Sooyoung တို့ကို ဒီဒရာမာမှာ မြင်တွေ့ခွင့် ရရှိမှာ မဟုတ်တော့တဲ့အတွက် နောက်ထပ် ဘယ်သရုပ်ဆောင်တွေနဲ့ ဒီဇာတ်လမ်းတွဲကို ကြည့်ရှုရမလည်းဆိုတာ စိတ်ဝင်စားစရာပါပဲ။

Glasgow

Source: soompi

(Zawgyi Version)

Kakao TV က ထုတ္လႊင့္မယ့္ ဒရာမာအသစ္ “Unexpected Country Diary” ဟာ နာမည္ေက်ာ္ သ႐ုပ္ေဆာင္ေတြျဖစ္တဲ့ Jang Keun Suk နဲ႔ Sooyoung တို႔ ေခါင္းေဆာင္ပါဝင္မယ္လို႔ ေဆြးေႏြးခဲ့ၿပီးမွ အထမေျမာက္ေတာ့ဘူးလို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ ဩဂုတ္လတုန္းကေတာ့ အဆိုပါဒရာမာအတြက္ Jang Keun Suk နဲ႔ Sooyoung တို႔ ဦးေဆာင္ပါဝင္သြားဖို႔ ေဆြးေႏြးေနၾကတယ္လို႔ သတင္းေတြၾကားခဲ့ရၿပီးမွ အခုလို ပ်က္ျပယ္သြားတာ ျဖစ္ပါတယ္။ ယေန႔ စက္တင္ဘာလ(၁၅)ရက္ေန႔မွာ JTBC News က ေဖာ္ျပလာတဲ့ သတင္းအရ ရွင္းျပနိုင္ျခင္းမရွိတဲ့ အေျခအေနေတြေၾကာင့္ ဒီဒရာမာရဲ့ ရိုက္ကူးေရးဟာ ပ်က္စီးသြားခဲ့တယ္လို႔ သိရပါတယ္။

Photo: _asia_prince_jks/ Instagram

သို႔ေသာ္လည္း Kakao Entertainment ရဲ့ အတြင္းသတင္းတစ္ခုအရ အထက္ပါသတင္းဟာ အျပည့္အဝ မမွန္ကန္ဘူးလို႔ ဆိုထားပါေသးတယ္။

“Kakao TV ရဲ့ ဒရာမာအသစ္ျဖစ္တဲ့ Unexpected Country Diary ရဲ့ ရိုက္ကူးထုတ္လုပ္ေရးဟာ ပ်က္စီးသြားခဲ့ၿပီဆိုတဲ့ သတင္းက မမွန္ကန္ပါဘူး။ ဒီဒရာမာကို လာမယ့္ႏွစ္ ေႏြရာသီမွာ ရိုက္ကူးေရး စတင္သြားမွာ ျဖစ္ပါတယ္။ အရင္တုန္းကေတာ့ Jang Keun Suk နဲ႔ Sooyoung တို႔ကို ဒီဒရာမာမွာ ပါဝင္သ႐ုပ္ေဆာင္ဖို႔ ကမ္းလွမ္းခဲ့ပါတယ္။ ဒါေပမယ့္ အခုေနာက္ဆုံး ခ်မွတ္လိုက္တဲ့ ဆုံးျဖတ္ခ်က္အရ သူတို႔ႏွစ္ေယာက္လုံး ဒီဒရာမာထဲမွာ ပါဝင္သ႐ုပ္ေဆာင္ၾကေတာ့မွာ မဟုတ္ပါဘူး။ အဲဒါေၾကာင့္ အခုကေတာ့ ကၽြန္ေတာ္တို႔အေနနဲ႔ သ႐ုပ္ေဆာင္သစ္ ထပ္မံေရြးခ်ယ္ေနပါတယ္ …  ” လို႔ SPOTV News သတင္းဌာနကို ေျဖၾကားထားပါတယ္။

Photo: sooyoungchoi/ Instagram

Unexpected Country Diary ကေတာ့ ရိုမန႔္စ္ web novel တစ္ခုကို အေျခခံရိုက္ကူးမယ့္ ဇာတ္လမ္းျဖစ္ၿပီး ဆိုးလ္ၿမိဳ႕က လူတစ္ေယာက္ဟာ ေက်းလက္ေတာရြာတစ္ခုမွာ ေနထိုင္ရင္း ရဲေမတစ္ေယာက္နဲ႔ ေတြ႕ဆုံတဲ့အေၾကာင္း ျဖစ္ပါတယ္။

ပရိသတ္ေတြ ႀကိဳက္ႏွစ္သက္ၾကတဲ့ သ႐ုပ္ေဆာင္ေတြျဖစ္တဲ့ Jang Keun Suk နဲ႔ Sooyoung တို႔ကို ဒီဒရာမာမွာ ျမင္ေတြ႕ခြင့္ ရရွိမွာ မဟုတ္ေတာ့တဲ့အတြက္ ေနာက္ထပ္ ဘယ္သ႐ုပ္ေဆာင္ေတြနဲ႔ ဒီဇာတ္လမ္းတြဲကို ၾကည့္ရွုရမလည္းဆိုတာ စိတ္ဝင္စားစရာပါပဲ။

Glasgow

Source: soompi

RELATED ARTICLES

Most Popular