HomeBiographyအသက္(၄၀)နား နီးေနေပမယ့္ ၿမီးေကာင္ေပါက္မေလးလို လွေနဆဲ Jang Nara

အသက္(၄၀)နား နီးေနေပမယ့္ ၿမီးေကာင္ေပါက္မေလးလို လွေနဆဲ Jang Nara

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

“ေရြးနီမေလးရဲ႕ ခ်စ္ပုံျပင္”ဆိုတဲ့ ကိုရီးယားဇာတ္လမ္းတြဲနဲ႔ ျမန္မာပရိသတ္ေတြရင္ထဲကို ၀င္ေရာက္လာခဲ့တဲ့ မင္းသမီးေခ်ာ Jang Nara ဟာ လက္ရိွအခ်ိန္ထိလည္း ေအာင္ျမင္မႈသရဖူ ေဆာင္းထားႏိုင္ဆဲျဖစ္တဲ့ မင္းသမီးတစ္လက္ပါ။ အခ်ိန္ေတြသာ တေရြ႕ေရြ႕ ေျပာင္းလဲလာေပမယ့္ သူမရဲ႕ပ်ိဳမ်စ္ႏုနယ္ေနဆဲ အလွတရားကေတာ့ မေျပာငး္မလဲ တည္ရိွေနပါေသးတယ္။ သူမရဲ႕ အ့ံၾသေလာက္စရာ ႏုပ်ိဳမႈကလည္း ပရိသတ္ေတြရဲ႕ရင္ကို အရိွန္ျပင္းျပင္းနဲ႔ ဆြဲကိုင္လႈပ္ယမ္းႏိုင္တဲ့အရာ အစြမ္းထက္ လက္နက္တစ္ခုပါ။

https://www.instagram.com/p/BypNCl8JQbN/

သူမဟာ k-pop ဂီတသမိုင္းရဲ႕ ပထမဆုံးေသာ solo vocalist မ်ိဳးဆက္ထဲက တစ္ေယာက္လည္း ျဖစ္ပါတယ္။ အဆိုေတာ္အျဖစ္ အႏုပညာခရီးလမ္းကို စတင္ခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ သရုပ္ေဆာင္တစ္ေယာက္အျဖစ္ ပိုၿပီးေက်ာ္ၾကားလူသိမ်ားပါတယ္။

https://www.instagram.com/p/ByCj2WppXYp/

၁၉၈၁ခုႏွစ္မွာ ေမြးဖြားခဲ့တဲ့ Jang Nara ဟာ အသက္(၃၈)ႏွစ္အရြယ္ ရိွေနၿပီျဖစ္ေပမယ့္ ႏွစ္ဆယ္ေက်ာ္ကာစ ေကာင္မေလးတစ္ေယာက္အလား ႏုနယ္ၿပီး ခ်စ္ဖို႔ေကာင္းလြန္းေနတာက သူမရဲ႕ အဓိကဆြဲေဆာင္မႈပါ။ သူမဟာ ေနာက္ထပ္လာမယ့္ k-drama ဇာတ္လမ္းတြဲအသစ္ VIP မွာ ေခါင္းေဆာင္မင္းသမီးေနရာက ပါ၀င္သြားဦးမယ္လို႔ သိရပါတယ္။ မၾကာေသးခင္ကမွ ထုတ္လႊင့္သြားခဲ့တဲ့ The Last Empress ဇာတ္လမ္းတြဲကလည္း ၀က္၀က္ကြဲ ေအာင္ျမင္မႈေတြကို ရရိွခဲ့ပါေသးတယ္။

https://www.instagram.com/p/BskbwCfhk5J/

သူမရဲ႕ လတ္တေလာ ရိုက္ကြင္းေပၚက ျမင္ကြင္းေတြကို ေ၀မွ်ခဲ့ရာမွာေတာ့ အိုမင္းသြားတဲ့ အရိပ္အေယာင္ လုံး၀မရိွတဲ့ ႏုနယ္ပ်ိဳမ်စ္မႈေတြကို ေတြ႕လိုက္ရတာေၾကာင့္ အင္တာနက္သုံးစြဲသူ အမ်ားအျပားၾကားမွာေတာ့ အေတာ္ေလး ဂယက္ရိုက္သြားခဲ့ပါေသးတယ္။

ဆယ္စုႏွစ္တစ္ခုေက်ာ္က ပုံေတြကို ယွဥ္ၾကည့္လိုက္တဲ့အခါ

Photo Credit: koreaboo

(၂၀၀၂ခုႏွစ္၊ ၂၀၀၉ခုႏွစ္၊ ၂၀၁၅ခုႏွစ္၊ ၂၀၁၉ခုႏွစ္) လက္၀ဲဘက္မွ လက္ယာဘက္သို႔

ခ်စ္စရာေကာင္းတဲ့ အၿပံဳး၊ အျပစ္ကင္းတဲ့ အသားအေရအလွနဲ႔ သူမရဲ႕ႏုပ်ိဳမႈတို႔ေၾကာင့္ ပရိသတ္ေတြက ခ်စ္စႏိုးနဲ႔ “vampire” (ေသြးစုပ္ဖုတ္ေကာင္)ေလးလို႔ နာမည္ေျပာင္ ေပးထားၾကပါတယ္။ ဆယ္စုႏွစ္တစ္ခုေက်ာ္ ၾကာသြားေပမယ့္ သူမရဲ႕မေျပာင္းလဲတဲ့ ရုပ္သြင္က အခုလို ေအာင္ျမင္တဲ့ ဇာတ္ေကာင္စရိုက္ေတြကို ရရိွဖို႔ ပ့ံပိုးေပးတယ္ဆိုရင္လည္း မွားမယ္မထင္ပါဘူး။ မၾကာခင္ကာလမွာ ၾကည့္ရႈၾကရေတာ့မယ့္ သူမရဲ႕ဒရာမာစီးရီးအသစ္ VIP ကိုလည္း ပရိသတ္အမ်ားက ေစာင့္စားေနၾကပါတယ္။

https://www.instagram.com/p/BxrqJIopuoW/

Xei

Ref: koreaboo

(Unicode Version)

“ရွေးနီမလေးရဲ့ ချစ်ပုံပြင်”ဆိုတဲ့ ကိုရီးယားဇာတ်လမ်းတွဲနဲ့ မြန်မာပရိသတ်တွေရင်ထဲကို ဝင်ရောက်လာခဲ့တဲ့ မင်းသမီးချော Jang Nara ဟာ လက်ရှိအချိန်ထိလည်း အောင်မြင်မှုသရဖူ ဆောင်းထားနိုင်ဆဲဖြစ်တဲ့ မင်းသမီးတစ်လက်ပါ။ အချိန်တွေသာ တရွေ့ရွေ့ ပြောင်းလဲလာပေမယ့် သူမရဲ့ပျိုမျစ်နုနယ်နေဆဲ အလှတရားကတော့ မပြောင်းမလဲ တည်ရှိနေပါသေးတယ်။ သူမရဲ့ အံ့သြလောက်စရာ နုပျိုမှုကလည်း ပရိသတ်တွေရဲ့ရင်ကို အရှိန်ပြင်းပြင်းနဲ့ ဆွဲကိုင်လှုပ်ယမ်းနိုင်တဲ့အရာ အစွမ်းထက် လက်နက်တစ်ခုပါ။

https://www.instagram.com/p/BypNCl8JQbN/

သူမဟာ k-pop ဂီတသမိုင်းရဲ့ ပထမဆုံးသော solo vocalist မျိုးဆက်ထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ အဆိုတော်အဖြစ် အနုပညာခရီးလမ်းကို စတင်ခဲ့ပေမယ့် အခုအချိန်မှာတော့ သရုပ်ဆောင်တစ်ယောက်အဖြစ် ပိုပြီးကျော်ကြားလူသိများပါတယ်။

https://www.instagram.com/p/ByCj2WppXYp/

၁၉၈၁ခုနှစ်မှာ မွေးဖွားခဲ့တဲ့ Jang Nara ဟာ အသက်(၃၈)နှစ်အရွယ် ရှိနေပြီဖြစ်ပေမယ့် နှစ်ဆယ်ကျော်ကာစ ကောင်မလေးတစ်ယောက်အလား နုနယ်ပြီး ချစ်ဖို့ကောင်းလွန်းနေတာက သူမရဲ့ အဓိကဆွဲဆောင်မှုပါ။ သူမဟာ နောက်ထပ်လာမယ့် k-drama ဇာတ်လမ်းတွဲအသစ် VIP မှာ ခေါင်းဆောင်မင်းသမီးနေရာက ပါဝင်သွားဦးမယ်လို့ သိရပါတယ်။ မကြာသေးခင်ကမှ ထုတ်လွှင့်သွားခဲ့တဲ့ The Last Empress ဇာတ်လမ်းတွဲကလည်း ဝက်ဝက်ကွဲ အောင်မြင်မှုတွေကို ရရှိခဲ့ပါသေးတယ်။

https://www.instagram.com/p/BskbwCfhk5J/

သူမရဲ့ လတ်တလော ရိုက်ကွင်းပေါ်က မြင်ကွင်းတွေကို ဝေမျှခဲ့ရာမှာတော့ အိုမင်းသွားတဲ့ အရိပ်အယောင် လုံးဝမရှိတဲ့ နုနယ်ပျိုမျစ်မှုတွေကို တွေ့လိုက်ရတာကြောင့် အင်တာနက်သုံးစွဲသူ အများအပြားကြားမှာတော့ အတော်လေး ဂယက်ရိုက်သွားခဲ့ပါသေးတယ်။

ဆယ်စုနှစ်တစ်ခုကျော်က ပုံတွေကို ယှဉ်ကြည့်လိုက်တဲ့အခါ

Photo Credit: koreaboo

(၂၀၀၂ခုနှစ်၊ ၂၀၀၉ခုနှစ်၊ ၂၀၁၅ခုနှစ်၊ ၂၀၁၉ခုနှစ်) လက်ဝဲဘက်မှ လက်ယာဘက်သို့

ချစ်စရာကောင်းတဲ့ အပြုံး၊ အပြစ်ကင်းတဲ့ အသားအရေအလှနဲ့ သူမရဲ့နုပျိုမှုတို့ကြောင့် ပရိသတ်တွေက ချစ်စနိုးနဲ့ “vampire” (သွေးစုပ်ဖုတ်ကောင်)လေးလို့ နာမည်ပြောင် ပေးထားကြပါတယ်။ ဆယ်စုနှစ်တစ်ခုကျော် ကြာသွားပေမယ့် သူမရဲ့မပြောင်းလဲတဲ့ ရုပ်သွင်က အခုလို အောင်မြင်တဲ့ ဇာတ်ကောင်စရိုက်တွေကို ရရှိဖို့ ပံ့ပိုးပေးတယ်ဆိုရင်လည်း မှားမယ်မထင်ပါဘူး။ မကြာခင်ကာလမှာ ကြည့်ရှုကြရတော့မယ့် သူမရဲ့ဒရာမာစီးရီးအသစ် VIP ကိုလည်း ပရိသတ်အများက စောင့်စားနေကြပါတယ်။

https://www.instagram.com/p/BxrqJIopuoW/

Xei

Ref: koreaboo

 

RELATED ARTICLES

Most Popular