HomeCelebs Update NewsKoreaJennie ကို ကကွက်တွေမှာ အားမထည့်ဘူးလို့ စွပ်စွဲမှု အမှန်တရား ထွက်ပေါ်လာ

Jennie ကို ကကွက်တွေမှာ အားမထည့်ဘူးလို့ စွပ်စွဲမှု အမှန်တရား ထွက်ပေါ်လာ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

BLACKPINK အဖွဲ့က Jennie ဟာ ပရိသတ်တွေအပါအဝင် လူအများစုရဲ့ ဝေဖန်မှုကို တောက်လျှောက်ခံခဲ့ရသူတစ်ဦး ဖြစ်ပါတယ်။ အဲ့ဒါကတော့ သူမ စင်ပေါ်မှာ ကပြဖျော်ဖြေတဲ့အခါ ကျန်တဲ့အဖွဲ့ဝင်တွေလောက် အားစိုက်ထုတ်မှု မရှိဘူးလို့ ရှုမြင်ကြတဲ့အတွက် Jennie ကို lazy dancing ဆိုတဲ့ hash tag နဲ့ တောက်လျှောက် ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီဝေဖန်မှုတွေ စတင်ထွက်ပေါ်လာတဲ့အချိန်ကတော့ Jennie ရဲ့ ဆင်ဂယ်လ်သီချင်းဖြစ်တဲ့ SOLO ထွက်ရှိပြီးချိန်မှာ ဖြစ်ပါတယ်။ Jennie ဟာ အဖွဲ့လိုက် ဖျော်ဖြေမှုတွေမှာ သူမရဲ့တစ်ကိုယ်တော် ဖျော်ဖြေပွဲမှာလိုမျိုး အားသွန်ခွန်စိုက် စိတ်ပါလက်ပါ မကဘူးလို့ ဝေဖန်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီကိစ္စကို ပိုပြီးကြီးထွားစေခဲ့တာကတော့ BLACKPINK ရဲ့ ဖျော်ဖြေပွဲတစ်ခုမှာ ပရိသတ်တစ်ယောက်က အပျော်ရိုက်ကူးခဲ့တဲ့ ဗွီဒီယိုတစ်ခုက လူကြည့်များသွားတာမှာ Jennie အတွက် အမုန်းတွေ ဆင့်ပွားခဲ့တာ ဖြစ်ပါတယ်။

Photo: jennierubyjane/ Instagram

fancam နဲ့ ရိုက်ခဲ့တဲ့ ဗွီဒီယိုကိုကြည့်ပြီးတဲ့သူ အများအပြားဟာ ကျန်တဲ့အဖွဲ့ဝင်တွေနဲ့ ယှဉ်ပြီး Jennie ကို “ပျင်းပျင်းရိရိ ကတယ်”လို့ သုံးသပ်ခဲ့ကြပြီး သူမဟာ Idol တစ်ယောက်အနေနဲ့ အလားအလာရှိပေမယ့် မော်ဒယ်လ် သွားလုပ်တာက ပိုပြီးသင့်တော်မယ်လို့လည်း မှတ်ချက်တွေ ရေးခဲ့ကြပါတယ်။

ဒီဝေဖန်မှုတွေကြောင့်ပဲ Jennie ဟာ စိတ်ပိုင်းဆိုင်ရာမှာ အများကြီး ထိခိုက်ခံစားခဲ့ရတယ်လို့လည်း ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး YG Entertainment ကလည်း ရှင်းရှင်းလင်းလင်း ဘာမှမထုတ်ပြန်ခဲ့သလို အမာခံပရိသတ်တွေကအစ အဖြေမရှာနိုင်ခဲ့တဲ့အတွက် Jennie ဟာ ကပြဖျော်ဖြေရာမှာ ပျင်းရိသူဆိုတဲ့ ခေါင်းစဉ်ကြီးနဲ့ အချိန်အတော်ကြာ နေထိုင်ခဲ့ရပါတယ်။

Photo: jennierubyjane/ Instagram via PANN

သို့ပေမယ့် Jennie အခုလို ဖော့ဖော့လေး ကနေရတဲ့ နောက်ကွယ်က အကြောင်းရင်းကိုတော့ မကြာသေးခင်ကမှ ပရိသတ်တစ်ယောက်ရဲ့ ကောင်းမှုနဲ့ လူအများ သိခွင့်ရခဲ့ကြပါတယ်။ ဒီအကြောင်းကိုတော့ BLINK တစ်ယောက်ဟာ PANN ဆိုတဲ့ ဝက်ဘ်ဆိုဒ်တစ်ခုမှာ အများသိအောင် အမှန်တရားကို ချပြခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကတော့ Jennie ဟာ promote လုပ်နေတဲ့ အချိန်တစ်လျှောက်မှာ သူမရဲ့ခြေကျင်းဝတ်ကို အကြိမ်ပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ဖူးလို့ ဖြစ်ပါတယ်။

Jennie ဟာ ကံမကောင်းစွာနဲ့ သူမရဲ့ခြေကျင်းဝတ်မှာ ထိခိုက်ဒဏ်ရာ ရမိခဲ့တဲ့အတွက် အခြားအဖွဲ့ဝင်တွေထက် ခန္ဓာကိုယ်ဖွဲ့စည်းမှုအပိုင်းမှာ အားနည်းနေခဲ့တာ ဖြစ်ပါတယ်။ ခြေကျင်းဝတ်ဆိုတာဟာလည်း ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းထားရတဲ့ အဓိကနေရာတစ်ခု ဖြစ်တာကြောင့် တစ်ခါလောက် ဒဏ်ရာရမိတာနဲ့ နောက်ထပ် ထပ်ထိခိုက်မိဖို့ အင်မတန် လွယ်ကူစေတဲ့နေရာ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း Jennie ဟာ ပွဲတွေမှာ ဖျော်ဖြေရတော့မယ်ဆိုရင် ပရိသတ်တွေအမြင်မှာ ကြည့်ကောင်းနေဖို့ ဒေါက်မြင့်ဖိနပ်တွေ၊ ခုံထူဖိနပ်တွေကို အမြဲတမ်း ဝတ်ဆင်ခဲ့သူ ဖြစ်ပါတယ်။

Photo via PANN

သူမရဲ့ ပွဲထွက်ကာစ ကာလတစ်ခုတုန်းကလည်း Inkigayo အတွက် ကြိုတင်အသံသွင်းရာကနေ မတော်တဆ ခြေကျင်းဝတ်ကို ထိခိုက်မိခဲ့လို့ ဆေးရုံကို ကမန်းကတန်း ပို့ခဲ့ရတယ်လို့ ဆိုပါတယ်။ ဆေးရုံရောက်တဲ့အထိ နာကျင်သွားပေမယ့် Jennie ဟာ အဲ့ဒီ့နေ့ရဲ့ ဖျော်ဖြေပွဲမှာ မပျက်ကွက်ရအောင် အကိုက်အခဲပျောက်ဆေးတွေ သောက်ပြီး ပွဲကို မရမက ဖျော်ဖြေခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါတင်မက BLACKPINK အဖွဲ့ရဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲမှာ ဂျပန်နိုင်ငံကို သွားရောက်ဖျော်ဖြေရတဲ့ ပွဲတစ်ခုမှာလည်း စင်ပေါ်မှာ ဖျော်ဖြေနေရင်း ခြေထောက်ခွင်ကာ လှေကားပေါ်ကနေ ပြုတ်ကျခဲ့ပါသေးတယ်။ ကျန်တဲ့အဖွဲ့ဝင်တွေဟာ သီချင်းဆိုလက်စ တန်းလန်းကြီးနဲ့ သူမကို ပြေးထူကြပေမယ့် သူမကတော့ ဘာမှမဖြစ်ပါဘူးဆိုပြီး သီချင်းကို ဆက်ဆိုစေခဲ့ပါတယ်။

Photo via PANN

အချိန်တွေ ကြာလာတာနဲ့အမျှ Jennie ရဲ့ ခြေကျင်းဝတ်က ဒဏ်ဖြစ်ထားတဲ့နေရာဟာ အထိခိုက်မခံနိုင်တဲ့နေရာတစ်ခု ဖြစ်လာပါတယ်။ တစ်ခေါက်တုန်းကလည်း လေဆိပ်မှာ တွန်းလှည်းတစ်ခုနဲ့ မတော်တဆ တိုက်မိခဲ့ပြီး Jennie မှာ တော်တော်လေး နာကျင်သွားခဲ့ပုံ ရပါတယ်။ ဒါ့အပြင် ဖျော်ဖြေပွဲတစ်ခုမှာလည်း Rosé ရဲ့ မိုက်ခရိုဖုန်းဟာ Jennie ရဲ့ ခြေထောက်ပေါ်ကို မတော်တဆ ပြုတ်ကျခဲ့ရာက ခြေကျင်းဝတ်နားကို ကျသွားလို့ Rosé ခမျာ သိပ်ကိုစိတ်ပူသွားတဲ့ပုံ ဖြစ်ခဲ့သေးတယ်လို့လည်း ဆိုပါတယ်။

Jennie ထိခိုက်မိခဲ့တဲ့ အဖြစ်တွေကို မသိဘဲ လူအများအပြားဟာ lazy dancing ခေါင်းစဉ်နဲ့ အခုထိ တိုက်ခိုက်နေကြဆဲ ဖြစ်ပါတယ်။ အခုအချိန်ထိလည်း ခြေကျင်းဝတ်ကို ထိမိတာ လက်ကို ထိမိတာ မဟုတ်လို့ ပျင်းတာက ပျင်းတာပါပဲဆိုပြီး ဝေဖန်နေကြတဲ့သူတွေလည်း ရှိနေပါသေးတယ်။

Photo: jennierubyjane/ Instagram

BLINK တစ်ယောက်က ဖွင့်ချလိုက်တဲ့ အမှန်တရား ပေါ်ပေါက်လာပြီးနောက်မှာတော့ ပရိသတ်ပေါင်းများစွာဟာ Apologize to Jennie ဆိုတဲ့ hash tag နဲ့ သူမကို ပြန်လည်တောင်းပန်ထားကြပြီး ဝေဖန်ခဲ့ကြသူတွေကိုလည်း တောင်းပန်ဖို့ တိုက်တွန်းထားကြပါတယ်။ Jennie ရဲ့ အလုပ်အပေါ်ထားတဲ့ ကျင့်ဝတ်နဲ့ ပရိသတ်တွေအပေါ်ထားတဲ့ ချစ်ခြင်းတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ပရိသတ်ပေါင်းများစွာဟာလည်း သူမကို ပိုပြီးအားပေးထောက်ခံနေကြပါတယ်။

Glasgow

Source: koreaboo

(Zawgyi Version)

BLACKPINK အဖြဲ႕က Jennie ဟာ ပရိသတ္ေတြအပါအဝင္ လူအမ်ားစုရဲ႕ ေဝဖန္မႈကို ေတာက္ေလွ်ာက္ခံခဲ့ရသူတစ္ဦး ျဖစ္ပါတယ္။ အဲ့ဒါကေတာ့ သူမ စင္ေပၚမွာ ကျပေဖ်ာ္ေျဖတဲ့အခါ က်န္တဲ့အဖြဲ႕ဝင္ေတြေလာက္ အားစိုက္ထုတ္မႈ မရွိဘူးလို႔ ရႈျမင္ၾကတဲ့အတြက္ Jennie ကို lazy dancing ဆိုတဲ့ hash tag နဲ႔ ေတာက္ေလွ်ာက္ ေဝဖန္ခဲ့ၾကတာ ျဖစ္ပါတယ္။

ဒီေဝဖန္မႈေတြ စတင္ထြက္ေပၚလာတဲ့အခ်ိန္ကေတာ့ Jennie ရဲ႕ ဆင္ဂယ္လ္သီခ်င္းျဖစ္တဲ့ SOLO ထြက္ရွိၿပီးခ်ိန္မွာ ျဖစ္ပါတယ္။ Jennie ဟာ အဖြဲ႕လိုက္ ေဖ်ာ္ေျဖမႈေတြမွာ သူမရဲ႕တစ္ကိုယ္ေတာ္ ေဖ်ာ္ေျဖပြဲမွာလိုမ်ိဳး အားသြန္ခြန္စိုက္ စိတ္ပါလက္ပါ မကဘူးလို႔ ေဝဖန္ခံခဲ့ရတာ ျဖစ္ပါတယ္။ ဒီကိစၥကို ပိုၿပီးႀကီးထြားေစခဲ့တာကေတာ့ BLACKPINK ရဲ႕ ေဖ်ာ္ေျဖပြဲတစ္ခုမွာ ပရိသတ္တစ္ေယာက္က အေပ်ာ္႐ိုက္ကူးခဲ့တဲ့ ဗြီဒီယိုတစ္ခုက လူၾကည့္မ်ားသြားတာမွာ Jennie အတြက္ အမုန္းေတြ ဆင့္ပြားခဲ့တာ ျဖစ္ပါတယ္။

Photo: jennierubyjane/ Instagram

fancam နဲ႔ ႐ိုက္ခဲ့တဲ့ ဗြီဒီယိုကိုၾကည့္ၿပီးတဲ့သူ အမ်ားအျပားဟာ က်န္တဲ့အဖြဲ႕ဝင္ေတြနဲ႔ ယွဥ္ၿပီး Jennie ကို “ပ်င္းပ်င္းရိရိ ကတယ္”လို႔ သုံးသပ္ခဲ့ၾကၿပီး သူမဟာ Idol တစ္ေယာက္အေနနဲ႔ အလားအလာရွိေပမယ့္ ေမာ္ဒယ္လ္ သြားလုပ္တာက ပိုၿပီးသင့္ေတာ္မယ္လို႔လည္း မွတ္ခ်က္ေတြ ေရးခဲ့ၾကပါတယ္။

ဒီေဝဖန္မႈေတြေၾကာင့္ပဲ Jennie ဟာ စိတ္ပိုင္းဆိုင္ရာမွာ အမ်ားႀကီး ထိခိုက္ခံစားခဲ့ရတယ္လို႔လည္း ဆိုပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္ၿပီး YG Entertainment ကလည္း ရွင္းရွင္းလင္းလင္း ဘာမွမထုတ္ျပန္ခဲ့သလို အမာခံပရိသတ္ေတြကအစ အေျဖမရွာႏိုင္ခဲ့တဲ့အတြက္ Jennie ဟာ ကျပေဖ်ာ္ေျဖရာမွာ ပ်င္းရိသူဆိုတဲ့ ေခါင္းစဥ္ႀကီးနဲ႔ အခ်ိန္အေတာ္ၾကာ ေနထိုင္ခဲ့ရပါတယ္။

Photo: jennierubyjane/ Instagram via PANN

သို႔ေပမယ့္ Jennie အခုလို ေဖာ့ေဖာ့ေလး ကေနရတဲ့ ေနာက္ကြယ္က အေၾကာင္းရင္းကိုေတာ့ မၾကာေသးခင္ကမွ ပရိသတ္တစ္ေယာက္ရဲ႕ ေကာင္းမႈနဲ႔ လူအမ်ား သိခြင့္ရခဲ့ၾကပါတယ္။ ဒီအေၾကာင္းကိုေတာ့ BLINK တစ္ေယာက္ဟာ PANN ဆိုတဲ့ ဝက္ဘ္ဆိုဒ္တစ္ခုမွာ အမ်ားသိေအာင္ အမွန္တရားကို ခ်ျပခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒါကေတာ့ Jennie ဟာ promote လုပ္ေနတဲ့ အခ်ိန္တစ္ေလွ်ာက္မွာ သူမရဲ႕ေျခက်င္းဝတ္ကို အႀကိမ္ေပါင္းမ်ားစြာ ထိခိုက္ဒဏ္ရာ ရရွိခဲ့ဖူးလို႔ ျဖစ္ပါတယ္။

Jennie ဟာ ကံမေကာင္းစြာနဲ႔ သူမရဲ႕ေျခက်င္းဝတ္မွာ ထိခိုက္ဒဏ္ရာ ရမိခဲ့တဲ့အတြက္ အျခားအဖြဲ႕ဝင္ေတြထက္ ခႏၶာကိုယ္ဖြဲ႕စည္းမႈအပိုင္းမွာ အားနည္းေနခဲ့တာ ျဖစ္ပါတယ္။ ေျခက်င္းဝတ္ဆိုတာဟာလည္း ခႏၶာကိုယ္တစ္ခုလုံးကို ထိန္းထားရတဲ့ အဓိကေနရာတစ္ခု ျဖစ္တာေၾကာင့္ တစ္ခါေလာက္ ဒဏ္ရာရမိတာနဲ႔ ေနာက္ထပ္ ထပ္ထိခိုက္မိဖို႔ အင္မတန္ လြယ္ကူေစတဲ့ေနရာ ျဖစ္ပါတယ္။ သို႔ေပမယ့္လည္း Jennie ဟာ ပြဲေတြမွာ ေဖ်ာ္ေျဖရေတာ့မယ္ဆိုရင္ ပရိသတ္ေတြအျမင္မွာ ၾကည့္ေကာင္းေနဖို႔ ေဒါက္ျမင့္ဖိနပ္ေတြ၊ ခုံထူဖိနပ္ေတြကို အၿမဲတမ္း ဝတ္ဆင္ခဲ့သူ ျဖစ္ပါတယ္။

Photo via PANN

သူမရဲ႕ ပြဲထြက္ကာစ ကာလတစ္ခုတုန္းကလည္း Inkigayo အတြက္ ႀကိဳတင္အသံသြင္းရာကေန မေတာ္တဆ ေျခက်င္းဝတ္ကို ထိခိုက္မိခဲ့လို႔ ေဆး႐ုံကို ကမန္းကတန္း ပို႔ခဲ့ရတယ္လို႔ ဆိုပါတယ္။ ေဆး႐ုံေရာက္တဲ့အထိ နာက်င္သြားေပမယ့္ Jennie ဟာ အဲ့ဒီ့ေန႔ရဲ႕ ေဖ်ာ္ေျဖပြဲမွာ မပ်က္ကြက္ရေအာင္ အကိုက္အခဲေပ်ာက္ေဆးေတြ ေသာက္ၿပီး ပြဲကို မရမက ေဖ်ာ္ေျဖခဲ့တယ္လို႔လည္း ဆိုပါတယ္။

ဒါတင္မက BLACKPINK အဖြဲ႕ရဲ႕ ကမာၻလွည့္ေဖ်ာ္ေျဖပြဲမွာ ဂ်ပန္ႏိုင္ငံကို သြားေရာက္ေဖ်ာ္ေျဖရတဲ့ ပြဲတစ္ခုမွာလည္း စင္ေပၚမွာ ေဖ်ာ္ေျဖေနရင္း ေျခေထာက္ခြင္ကာ ေလွကားေပၚကေန ျပဳတ္က်ခဲ့ပါေသးတယ္။ က်န္တဲ့အဖြဲ႕ဝင္ေတြဟာ သီခ်င္းဆိုလက္စ တန္းလန္းႀကီးနဲ႔ သူမကို ေျပးထူၾကေပမယ့္ သူမကေတာ့ ဘာမွမျဖစ္ပါဘူးဆိုၿပီး သီခ်င္းကို ဆက္ဆိုေစခဲ့ပါတယ္။

Photo via PANN

အခ်ိန္ေတြ ၾကာလာတာနဲ႔အမွ် Jennie ရဲ႕ ေျခက်င္းဝတ္က ဒဏ္ျဖစ္ထားတဲ့ေနရာဟာ အထိခိုက္မခံႏိုင္တဲ့ေနရာတစ္ခု ျဖစ္လာပါတယ္။ တစ္ေခါက္တုန္းကလည္း ေလဆိပ္မွာ တြန္းလွည္းတစ္ခုနဲ႔ မေတာ္တဆ တိုက္မိခဲ့ၿပီး Jennie မွာ ေတာ္ေတာ္ေလး နာက်င္သြားခဲ့ပုံ ရပါတယ္။ ဒါ့အျပင္ ေဖ်ာ္ေျဖပြဲတစ္ခုမွာလည္း Rosé ရဲ႕ မိုက္ခ႐ိုဖုန္းဟာ Jennie ရဲ႕ ေျခေထာက္ေပၚကို မေတာ္တဆ ျပဳတ္က်ခဲ့ရာက ေျခက်င္းဝတ္နားကို က်သြားလို႔ Rosé ခမ်ာ သိပ္ကိုစိတ္ပူသြားတဲ့ပုံ ျဖစ္ခဲ့ေသးတယ္လို႔လည္း ဆိုပါတယ္။

Jennie ထိခိုက္မိခဲ့တဲ့ အျဖစ္ေတြကို မသိဘဲ လူအမ်ားအျပားဟာ lazy dancing ေခါင္းစဥ္နဲ႔ အခုထိ တိုက္ခိုက္ေနၾကဆဲ ျဖစ္ပါတယ္။ အခုအခ်ိန္ထိလည္း ေျခက်င္းဝတ္ကို ထိမိတာ လက္ကို ထိမိတာ မဟုတ္လို႔ ပ်င္းတာက ပ်င္းတာပါပဲဆိုၿပီး ေဝဖန္ေနၾကတဲ့သူေတြလည္း ရွိေနပါေသးတယ္။

Photo: jennierubyjane/ Instagram

BLINK တစ္ေယာက္က ဖြင့္ခ်လိုက္တဲ့ အမွန္တရား ေပၚေပါက္လာၿပီးေနာက္မွာေတာ့ ပရိသတ္ေပါင္းမ်ားစြာဟာ Apologize to Jennie ဆိုတဲ့ hash tag နဲ႔ သူမကို ျပန္လည္ေတာင္းပန္ထားၾကၿပီး ေဝဖန္ခဲ့ၾကသူေတြကိုလည္း ေတာင္းပန္ဖို႔ တိုက္တြန္းထားၾကပါတယ္။ Jennie ရဲ႕ အလုပ္အေပၚထားတဲ့ က်င့္ဝတ္နဲ႔ ပရိသတ္ေတြအေပၚထားတဲ့ ခ်စ္ျခင္းေတြကို အသိအမွတ္ျပဳတဲ့အေနနဲ႔ ပရိသတ္ေပါင္းမ်ားစြာဟာလည္း သူမကို ပိုၿပီးအားေပးေထာက္ခံေနၾကပါတယ္။

Glasgow

Source: koreaboo

 

RELATED ARTICLES

Most Popular