HomeCelebs Update NewsKoreaေနမေကာင္းေပမယ့္ ပေရာ္ဖက္ရွင္ပီပီသသ ေဖ်ာ္ေျဖသြားလို႔ ခ်ီးက်ဴးခံေနရတဲ့ Jennie

ေနမေကာင္းေပမယ့္ ပေရာ္ဖက္ရွင္ပီပီသသ ေဖ်ာ္ေျဖသြားလို႔ ခ်ီးက်ဴးခံေနရတဲ့ Jennie

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

BLACKPINK အဖွဲ့က Jennie တစ်ယောက် အောက်တိုဘာလ(၁၇)ရက်နေ့က လေဆိပ်က ပုံရိပ်တွေမှာ ဖြူဖျော့ပြီး နေမကောင်းတဲ့ပုံစံ ဖြစ်နေတာကြောင့် ပရိသတ်တွေက သူမရဲ့ကျန်းမာရေးကို စိတ်ပူနေခဲ့ကြပါတယ်။ Jisoo ကတောင် သတင်းထောက်တွေကြားထဲကနေ ကူညီပြီး တွဲခေါ်ပေးခဲ့ရတာမို့လည်း ပိုစိတ်ပူနေကြရတာပါ။

Photo: blackpinkofficial/ Instagram

ဂျပန်မှာ ပြုလုပ်တဲ့ ပရိုမိုးရှင်းပွဲမှာလည်း ပင်ပန်းနေတဲ့ပုံ ပေါက်နေတာကြောင့် BLINK တွေရဲ့ စိတ်ပူမှု ဒီရေဟာ ပိုပြီးမြင့်တက်လာခဲ့ပါတယ်။ ပင်ပန်းပြီး နေမကောင်းတဲ့ပုံစံ ဖြစ်နေပေမယ့် ပရော်ဖက်ရှင်နယ် ပီသတဲ့ Jennie ဟာ Japan Music Station မှာ ပြုလုပ်တဲ့ သူမရဲ့အချိန်ဇယားကို အကောင်းဆုံးပုံစံနဲ့ တက်ရောက်ခဲ့ပါတယ်။ အင်တာဗျူးတွေလည်း တောက်လျှောက် ဖြေပေးခဲ့ရပြီး ပရိသတ်တွေရှေ့မှာလည်း Kill This Love ဂျပန်ဗားရှင်းနဲ့ ဖျော်ဖြေသွားခဲ့ပါသေးတယ်။

Photo: jennierubyjane/ Instagram

Jennie ဟာ ကင်မရာထဲမှာလည်း အလန်းဆန်းဆုံးနဲ့ အတက်ကြွဆုံးဖြစ်နေအောင် ပြုံးရယ်ပြီး ကပြဖျော်ဖြေသွားခဲ့တာကို တွေ့ရပါတယ်။ နေမကောင်းတဲ့ကြားထဲက ပရော်ဖက်ရှင်နယ်ပီပီသသ အကောင်းဆုံး ဖျော်ဖြေသွားခဲ့လို့ ပရိသတ်တွေကတော့ Jennie ကို ချီးကျူးမဆုံး ဖြစ်နေကြပါတယ်။

ဒါဟာ BLACKPINK အဖွဲ့ရဲ့ Japan Music Station မှာ ပထမဆုံး ဖျော်ဖြေမှုလည်း ဖြစ်ပါတယ်။ ဂျပန်မှာ ပြုလုပ်တဲ့ ဖျော်ဖြေပွဲ အပြည့်အစုံကိုတော့ အောက်ကဗွီဒီယိုကလစ်မှာ ကြည့်ရှုနိုင်ပါတယ်။

LaNina

(ဆံရစ်ဝိုင်းမီဒီယာစာမျက်နှာပေါ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ကိုယ်ကျိုးအတွက် ကူးယူသုံးစွဲခြင်း မပြုလုပ်ကြပါရန် သတိပေးအပ်ပါသည်။)

(Zawgyi Version)

BLACKPINK အဖြဲ႕က Jennie တစ္ေယာက္ ေအာက္တုိဘာလ(၁၇)ရက္ေန႔က ေလဆိပ္က ပုံရိပ္ေတြမွာ ျဖဴေဖ်ာ႔ၿပီး ေနမေကာင္းတဲ့ပုံစံ ျဖစ္ေနတာေၾကာင့္ ပရိသတ္ေတြက သူမရဲ႕က်န္းမာေရးကို စိတ္ပူေနခဲ့ၾကပါတယ္။ Jisoo ကေတာင္ သတင္းေထာက္ေတြၾကားထဲကေန ကူညီၿပီး တြဲေခၚေပးခဲ့ရတာမို႔လည္း ပိုစိတ္ပူေနၾကရတာပါ။

Photo: blackpinkofficial/ Instagram

ဂ်ပန္မွာ ျပဳလုပ္တဲ့ ပရိုမိုးရွင္းပြဲမွာလည္း ပင္ပန္းေနတဲ့ပုံ ေပါက္ေနတာေၾကာင့္ BLINK ေတြရဲ႕ စိတ္ပူမႈ ဒီေရဟာ ပိုၿပီးျမင့္တက္လာခဲ့ပါတယ္။ ပင္ပန္းၿပီး ေနမေကာင္းတဲ့ပုံစံ ျဖစ္ေနေပမယ့္ ပေရာ္ဖက္ရွင္နယ္ ပီသတဲ့ Jennie ဟာ Japan Music Station မွာ ျပဳလုပ္တဲ့ သူမရဲ႕အခ်ိန္ဇယားကို အေကာင္းဆုံးပုံစံနဲ႔ တက္ေရာက္ခဲ့ပါတယ္။ အင္တာဗ်ဴးေတြလည္း ေတာက္ေလွ်ာက္ ေျဖေပးခဲ့ရၿပီး ပရိသတ္ေတြေရွ႕မွာလည္း Kill This Love ဂ်ပန္ဗားရွင္းနဲ႔ ေဖ်ာ္ေျဖသြားခ့ဲပါေသးတယ္။

Photo: jennierubyjane/ Instagram

Jennie ဟာ ကင္မရာထဲမွာလည္း အလန္းဆန္းဆုံးနဲ႔ အတက္ၾကြဆုံးျဖစ္ေနေအာင္ ၿပံဳးရယ္ၿပီး ကျပေဖ်ာ္ေျဖသြားခဲ့တာကို ေတြ႕ရပါတယ္။ ေနမေကာင္းတဲ့ၾကားထဲက ပေရာ္ဖက္ရွင္နယ္ပီပီသသ အေကာင္းဆုံး ေဖ်ာ္ေျဖသြားခဲ့လို႔ ပရိသတ္ေတြကေတာ့ Jennie ကို ခ်ီးက်ဴးမဆုံး ျဖစ္ေနၾကပါတယ္။

ဒါဟာ BLACKPINK အဖြဲ႕ရဲ႕ Japan Music Station မွာ ပထမဆုံး ေဖ်ာ္ေျဖမႈလည္း ျဖစ္ပါတယ္။ ဂ်ပန္မွာ ျပဳလုပ္တဲ့ ေဖ်ာ္ေျဖပြဲ အျပည့္အစုံကိုေတာ့ ေအာက္ကဗီြဒီယိုကလစ္မွာ ၾကည့္ရႈႏိုင္ပါတယ္။

LaNina

(ဆံရစ္ဝိုင္းမီဒီယာစာမ်က္ႏွာေပၚတြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ မရရွိဘဲ မိမိတို႔ကိုယ္က်ိဳးအတြက္ ကူးယူသုံးစြဲျခင္း မျပဳလုပ္ၾကပါရန္ သတိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular