HomeCelebs Update NewsKoreaChuseok အထူးစပါယ်ရှယ်အနေနဲ့ SNL Korea ရဲ့ host အဖြစ် တင်ဆက်ရမယ့် Jessi 

Chuseok အထူးစပါယ်ရှယ်အနေနဲ့ SNL Korea ရဲ့ host အဖြစ် တင်ဆက်ရမယ့် Jessi 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Jessi ကိုတော့ SNL Korea ရဲ့ host အဖြစ် မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

ကိုရီးယားနိုင်ငံရဲ့ အားလပ်ရက်ကာလဖြစ်တဲ့ Chuseok အတွက် အထူးစပါယ်ရှယ်အပိုင်းတစ်ခုကို လာမယ့် စက်တင်ဘာလ(၁၈)ရက်နေ့မှာ ထုတ်လွှင့်သွားမှာ ဖြစ်ပြီး အဆိုပါအထူးပိုင်းမှာ Jessi က host အဖြစ် တင်ဆက်သွားရမယ့်အကြောင်း အတည်ပြုပြီးသား ဖြစ်ပါတယ်။

Photo via soompi

Jessi ဟာ သူမရဲ့ ထူးခြားတဲ့အသံနဲ့ ဂီတလောကထဲမှာ အခိုင်အမာ နေရာယူ ရပ်တည်ထားနိုင်သူ ဖြစ်ပြီး variety show တွေမှာဆိုရင်လည်း သူမရဲ့ ပွင့်လင်းတဲ့ ပင်ကိုစရိုက်နဲ့ ပရိသတ်တွေ ရယ်မောအောင် တင်ဆက်နိုင်သူ ဖြစ်ပါတယ်။ သူမရဲ့ ဟာသဉာဏ်ရွှင်တဲ့ ပုံစံနဲ့ ဒီရှိုးရဲ့ vibe လည်း အံကိုက်ဖြစ်မယ်လို့ အများစုက မျှော်လင့်ထားကြပါတယ်။

Jessi ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းကလည်း SNL Korea မှာ ပါဝင်ခဲ့ဖူးပြီး ပရိသတ်တွေ တသသဖြစ်ရတဲ့အထိ တင်ဆက်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ယခုနှစ်အတွက်ကိုလည်း သူမက အခုလို ပရိသတ်တွေဆီ စကားပါးထားပါတယ်။

“ဒီရှိုးမှာ ပါဝင်ရတာဟာ ကျွန်မအတွက် ဂုဏ်ယူစရာပါပဲ။ Chuseok အားလပ်ရက်မှာ ပရိသတ်တွေအတွက် ကောင်းမွန်တဲ့ ခံစားချက်လေးတွေဖြစ်အောင် ကျွန်မ အများကြီး ပြင်ဆင်ထားပါတယ် … ” လို့ Jessi က ဆိုထားပါတယ်။

Photo: jessicah_o/ Instagram

အမေရိကန်နိုင်ငံရဲ့ နာမည်ကြီးရှိုးဖြစ်တဲ့ Saturday Night Live ဟာ ကိုရီးယားပြည်တွင်းမှာလည်း ကိုရီးယားဗားရှင်းနဲ့ ထုတ်လွှင့်လာခဲ့တာ season 9 အထိ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒီရှိုးကိုတော့ tvN ရုပ်သံလိုင်းက ၂၀၁၁ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ပုံစံအသစ်နဲ့ reboot ပြန်လုပ်ထားတဲ့ ရှိုးကိုတော့ OTT platform က Coupang Play မှာ ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။

Chuseok အားလပ်ရက်အတွက် အထူးစပါယ်ရှယ်အပိုင်းကိုတော့ လာမယ့် စက်တင်ဘာလ(၁၈)ရက် ကိုရီးယားစံတော်ချိန် ည(၁၀:၀၀)နာရီအချိန်မှာ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

Glasgow

Source: soompi

(Zawgyi Version)

Jessi ကိုေတာ့ SNL Korea ရဲ့ host အျဖစ္ ျမင္ေတြ႕ရဦးမွာ ျဖစ္ပါတယ္။

ကိုရီးယားနိုင္ငံရဲ့ အားလပ္ရက္ကာလျဖစ္တဲ့ Chuseok အတြက္ အထူးစပါယ္ရွယ္အပိုင္းတစ္ခုကို လာမယ့္ စက္တင္ဘာလ(၁၈)ရက္ေန႔မွာ ထုတ္လႊင့္သြားမွာ ျဖစ္ၿပီး အဆိုပါအထူးပိုင္းမွာ Jessi က host အျဖစ္ တင္ဆက္သြားရမယ့္အေၾကာင္း အတည္ျပဳၿပီးသား ျဖစ္ပါတယ္။

Photo via soompi

Jessi ဟာ သူမရဲ့ ထူးျခားတဲ့အသံနဲ႔ ဂီတေလာကထဲမွာ အခိုင္အမာ ေနရာယူ ရပ္တည္ထားနိုင္သူ ျဖစ္ၿပီး variety show ေတြမွာဆိုရင္လည္း သူမရဲ့ ပြင့္လင္းတဲ့ ပင္ကိုစရိုက္နဲ႔ ပရိသတ္ေတြ ရယ္ေမာေအာင္ တင္ဆက္နိုင္သူ ျဖစ္ပါတယ္။ သူမရဲ့ ဟာသဉာဏ္ရႊင္တဲ့ ပုံစံနဲ႔ ဒီရွိုးရဲ့ vibe လည္း အံကိုက္ျဖစ္မယ္လို႔ အမ်ားစုက ေမၽွာ္လင့္ထားၾကပါတယ္။

Jessi ဟာ ၿပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္တုန္းကလည္း SNL Korea မွာ ပါဝင္ခဲ့ဖူးၿပီး ပရိသတ္ေတြ တသသျဖစ္ရတဲ့အထိ တင္ဆက္နိုင္ခဲ့သူ ျဖစ္ပါတယ္။ ယခုႏွစ္အတြက္ကိုလည္း သူမက အခုလို ပရိသတ္ေတြဆီ စကားပါးထားပါတယ္။

“ဒီရွိုးမွာ ပါဝင္ရတာဟာ ကၽြန္မအတြက္ ဂုဏ္ယူစရာပါပဲ။ Chuseok အားလပ္ရက္မွာ ပရိသတ္ေတြအတြက္ ေကာင္းမြန္တဲ့ ခံစားခ်က္ေလးေတြျဖစ္ေအာင္ ကၽြန္မ အမ်ားႀကီး ျပင္ဆင္ထားပါတယ္ … ” လို႔ Jessi က ဆိုထားပါတယ္။

Photo: jessicah_o/ Instagram

အေမရိကန္နိုင္ငံရဲ့ နာမည္ႀကီးရွိုးျဖစ္တဲ့ Saturday Night Live ဟာ ကိုရီးယားျပည္တြင္းမွာလည္း ကိုရီးယားဗားရွင္းနဲ႔ ထုတ္လႊင့္လာခဲ့တာ season 9 အထိ ေရာက္ရွိေနၿပီ ျဖစ္ပါတယ္။ ဒီရွိုးကိုေတာ့ tvN ႐ုပ္သံလိုင္းက ၂၀၁၁ ခုႏွစ္ကေန ၂၀၁၇ ခုႏွစ္အထိ ထုတ္လႊင့္ခဲ့တာ ျဖစ္ပါတယ္။ အဲဒီေနာက္ ပုံစံအသစ္နဲ႔ reboot ျပန္လုပ္ထားတဲ့ ရွိုးကိုေတာ့ OTT platform က Coupang Play မွာ ထုတ္လႊင့္ေနတာ ျဖစ္ပါတယ္။

Chuseok အားလပ္ရက္အတြက္ အထူးစပါယ္ရွယ္အပိုင္းကိုေတာ့ လာမယ့္ စက္တင္ဘာလ(၁၈)ရက္ ကိုရီးယားစံေတာ္ခ်ိန္ ည(၁၀:၀၀)နာရီအခ်ိန္မွာ ထုတ္လႊင့္ျပသသြားမွာ ျဖစ္ပါတယ္။

Glasgow

Source: soompi

RELATED ARTICLES

Most Popular