HomeCelebs Update NewsKoreaပါရီၿမိဳ႕က အပန္းေျဖခရီးပုံအသစ္ေတြကို ေ၀မွ်လိုက္တဲ့ Jimin

ပါရီၿမိဳ႕က အပန္းေျဖခရီးပုံအသစ္ေတြကို ေ၀မွ်လိုက္တဲ့ Jimin

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

BTS အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Jimin ဟာ အနားယူနေတဲ့ကာလအတွင်း ပါရီမြို့ကို အပန်းဖြေခရီးထွက်ထားတဲ့ ပုံရိပ်အသစ်လေးတွေကို ပရိသတ်တွေဆီ ဝေမျှပေးလိုက်ပြန်ပါပြီ။ ပါရီမြို့မှာ ပျော်စရာအချိန်တွေ ရရှိခဲ့တဲ့ ပုံရိပ်တွေကို BTS ရဲ့ official Twitter မှာ အောက်တိုဘာလ(၃)ရက်နေ့က ဝေမျှပေးထားတာ ဖြစ်ပါတယ်။

ပုံတွေကိုတော့ ပို့စ်သုံးခုခွဲပြီး တင်ထားတာဖြစ်ကာ ပထမပို့စ်မှာတော့ “အပန်းဖြေကာလအတွင်း ရိုက်ခဲ့တဲ့ ပုံလေးတွေပါ” လို့ Caption မှာ ရေးထားပါတယ်။ ပါရီမြို့ရဲ့ ဗိသုကာလက်ရာတွေကို ခံစားနေတဲ့ပုံရိပ်တွေနဲ့ ပါရီမြို့ရဲ့ လမ်းမတွေပေါ်မှာ လွတ်လပ်ပေါ့ပါးစွာ လည်ပတ်ခဲ့တဲ့ပုံရိပ်တွေကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။

Photo: @BTS_twt
Photo: @BTS_twt
Photo: @BTS_twt
Photo: @BTS_twt

ဒုတိယပို့စ်မှာ တင်ထားတဲ့ပုံတွေကတော့ အဖြူ၊အမည်း street photo ပုံစံနှစ်ပုံ ပါဝင်ပြီး Caption မှာတော့ “ပျော်စရာအချိန်လေးတွေ ရခဲ့ပြန်ပြီထင်တယ်” လို့ ရေးထားပါတယ်။ နောက်ထပ်ပုံမှာတော့ အီဖယ်တာဝါကြီး ပါဝင်တဲ့ ပို့စ်ကတ်ဆန်ဆန် ဓာတ်ပုံကို တွေ့ကြရပါတယ်။

Photo: @BTS_twt
Photo: @BTS_twt
Photo: @BTS_twt

နောက်ဆုံးပိုစ့်မှာတော့ “ARMY များသို့” လို့ ခေါင်းစဉ်ပေးထားပြီး သက်တန့်ရောင်စုံကြီးနဲ့ ရွက်လွှင့်နေတဲ့ပုံတွေကို တင်ပေးထားပါတယ်။

Photo: @BTS_twt
Photo: @BTS_twt
Photo: @BTS_twt

LaNina

(Zawgyi Version)

BTS အဖြဲ႔၀င္တစ္ေယာက္ျဖစ္တဲ့ Jimin ဟာ အနားယူေနတဲ့ကာလအတြင္း ပါရီၿမိဳ႕ကို အပန္းေျဖခရီးထြက္ထားတဲ့ ပုံရိပ္အသစ္ေလးေတြကို ပရိသတ္ေတြဆီ ေ၀မွ်ေပးလုိက္ျပန္ပါၿပီ။ ပါရီၿမိဳ႕မွာ ေပ်ာ္စရာအခ်ိန္ေတြ ရရိွခဲ့တဲ့ ပုံရိပ္ေတြကို BTS ရဲ႕ official Twitter မွာ ေအာက္တိုဘာလ(၃)ရက္ေန႔က ေ၀မွ်ေပးထားတာ ျဖစ္ပါတယ္။

ပုံေတြကိုေတာ့ ပို႔စ္သုံးခုခြဲၿပီး တင္ထားတာျဖစ္ကာ ပထမပို႔စ္မွာေတာ့ “အပန္းေျဖကာလအတြင္း ရိုက္ခဲ့တဲ့ ပုံေလးေတြပါ” လို႔ Caption မွာ ေရးထားပါတယ္။ ပါရီၿမိဳ႕ရဲ႕ ဗိသုကာလက္ရာေတြကို ခံစားေနတဲ့ပုံရိပ္ေတြနဲ႔ ပါရီၿမိဳ႕ရဲ႕ လမ္းမေတြေပၚမွာ လြတ္လပ္ေပါ့ပါးစြာ လည္ပတ္ခဲ့တဲ့ပုံရိပ္ေတြကို ျမင္ေတြ႕ၾကရမွာ ျဖစ္ပါတယ္။

Photo: @BTS_twt
Photo: @BTS_twt
Photo: @BTS_twt
Photo: @BTS_twt

ဒုတိယပို႔စ္မွာ တင္ထားတဲ့ပုံေတြကေတာ့ အျဖဴ၊အမည္း street photo ပုံစံႏွစ္ပုံ ပါ၀င္ၿပီး Caption မွာေတာ့ “ေပ်ာ္စရာအခ်ိန္ေလးေတြ ရခဲ့ျပန္ၿပီထင္တယ္” လို႔ ေရးထားပါတယ္။ ေနာက္ထပ္ပုံမွာေတာ့ အီဖယ္တာ၀ါႀကီး ပါ၀င္တဲ့ ပို႔စ္ကတ္ဆန္ဆန္ ဓာတ္ပုံကို ေတြ႕ၾကရပါတယ္။

Photo: @BTS_twt
Photo: @BTS_twt
Photo: @BTS_twt

ေနာက္ဆုံးပုိစ္႔မွာေတာ့ “ARMY မ်ားသို႔” လို႔ ေခါင္းစဥ္ေပးထားၿပီး သက္တန္႔ေရာင္စုံႀကီးနဲ႔ ရြက္လႊင့္ေနတဲ့ပုံေတြကို တင္ေပးထားပါတယ္။

Photo: @BTS_twt
Photo: @BTS_twt
Photo: @BTS_twt

LaNina

 

RELATED ARTICLES

Most Popular