HomeCelebs Update NewsKoreaမိဘတွေကို ဒေါ်လာသန်းချီတန်တဲ့ ဇိမ်ခံတိုက်ခန်း လက်ဆောင်ပေးလိုက်တဲ့ Jin 

မိဘတွေကို ဒေါ်လာသန်းချီတန်တဲ့ ဇိမ်ခံတိုက်ခန်း လက်ဆောင်ပေးလိုက်တဲ့ Jin 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ဖတ္ပါ။

BTS အဖွဲ့က သားလိမ္မာလေး Jin ဟာ မိဘတွေအတွက် ဒေါ်လာသန်းချီတန်တဲ့ ဇိမ်ခံတိုက်ခန်းတစ်ခန်းကို လက်ဆောင်ပေးလိုက်တယ်လို့ သိရပါတယ်။

ကိုရီးယားနိုင်ငံမှာ မိဘများနေ့ဆိုပြီး ကျင်းပကြသလိုပဲ  Jin ကတော့ အကြီးစားလက်ဆောင်တစ်ခုနဲ့ မိဘတွေကို လက်ဆောင်ပေးရင်း ပျော်ရွှင်အောင် လုပ်ပေးလိုက်ပါပြီ။ သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ မေလ(၁၁)ရက်နေ့မှာ တိုက်ခန်းကို လက်ဆောင်ပေးခဲ့တာဖြစ်ပြီး ကာလပေါက်စျေးအရ ဒေါ်လာ(၃.၄)သန်း တန်ကြေးရှိတယ်လို့ ဆိုပါတယ်။

Photo: koreaboo

အဆိုပါဇိမ်ခံတိုက်ခန်းဟာ ထိတ်ထိတ်ကြဲ ဆယ်လီသူဌေးတွေပဲ နေထိုင်တဲ့ Hannam Hill မှာ တည်ရှိတာဖြစ်ပြီး ဆိုးလ်မြို့ရဲ့ စျေးအကြီးဆုံး ဇိမ်ခံတိုက်ခန်းတွေထဲကတစ်ခု ဖြစ်ပါတယ်။ Jin ဟာ သူပိုင်ဆိုင်တဲ့ ကွန်ဒိုတိုက်ခန်းတစ်ခုကို ၂၀၁၈ခုနှစ် မတ်လမှာ ရောင်းချခဲ့ပြီးနောက် ယခုနှစ် ဇန်နဝါရီလမှာမှ ယခုတိုက်ခန်းကို ထပ်မံဝယ်ယူလိုက်တာ ဖြစ်ပါတယ်။

Photo: koreaboo

Hannam Hill က ဇိမ်ခံတိုက်ခန်းတွေဟာ ဆယ်လီတွေနဲ့ သူဌေးသူကြွယ်တွေ မျက်စိကျရာနေရာတစ်ခု ဖြစ်ပါတယ်။ အကြောင်းကတော့ သူ့ရဲ့ facilities တွေက ပြည့်စုံပြီး လုံခြုံရေးကလည်း အထူးကောင်းမွန်တာကြောင့်ပါ။

မိဘတွေကို ဒီလိုကောင်းမွန်တဲ့နေရာ လက်ဆောင်ပေးလိုက်တဲ့ Jin လည်း ဒီ့ထက်မက ပိုပြီးအောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

LaNina

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

BTS အဖြဲ႕က သားလိမၼာေလး Jin ဟာ မိဘေတြအတြက္ ေဒၚလာသန္းခ်ီတန္တဲ့ ဇိမ္ခံတိုက္ခန္းတစ္ခန္းကို လက္ေဆာင္ေပးလိုက္တယ္လို႔ သိရပါတယ္။

ကိုရီးယားႏိုင္ငံမွာ မိဘမ်ားေန႔ဆိုၿပီး က်င္းပၾကသလိုပဲ  Jin ကေတာ့ အႀကီးစားလက္ေဆာင္တစ္ခုနဲ႔ မိဘေတြကို လက္ေဆာင္ေပးရင္း ေပ်ာ္႐ႊင္ေအာင္ လုပ္ေပးလိုက္ပါၿပီ။ သတင္းဌာနေတြရဲ႕ ေဖာ္ျပခ်က္အရ ေမလ(၁၁)ရက္ေန႔မွာ တိုက္ခန္းကို လက္ေဆာင္ေပးခဲ့တာျဖစ္ၿပီး ကာလေပါက္ေစ်းအရ ေဒၚလာ(၃.၄)သန္း တန္ေၾကးရွိတယ္လို႔ ဆိုပါတယ္။

Photo: koreaboo

အဆိုပါဇိမ္ခံတိုက္ခန္းဟာ ထိတ္ထိတ္ႀကဲ ဆယ္လီသူေဌးေတြပဲ ေနထိုင္တဲ့ Hannam Hill မွာ တည္ရွိတာျဖစ္ၿပီး ဆိုးလ္ၿမိဳ႕ရဲ႕ ေစ်းအႀကီးဆုံး ဇိမ္ခံတိုက္ခန္းေတြထဲကတစ္ခု ျဖစ္ပါတယ္။ Jin ဟာ သူပိုင္ဆိုင္တဲ့ ကြန္ဒိုတိုက္ခန္းတစ္ခုကို ၂၀၁၈ခုႏွစ္ မတ္လမွာ ေရာင္းခ်ခဲ့ၿပီးေနာက္ ယခုႏွစ္ ဇန္နဝါရီလမွာမွ ယခုတိုက္ခန္းကို ထပ္မံဝယ္ယူလိုက္တာ ျဖစ္ပါတယ္။

Photo: koreaboo

Hannam Hill က ဇိမ္ခံတိုက္ခန္းေတြဟာ ဆယ္လီေတြနဲ႔ သူေဌးသူႂကြယ္ေတြ မ်က္စိက်ရာေနရာတစ္ခု ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ သူ႔ရဲ႕ facilities ေတြက ျပည့္စုံၿပီး လုံၿခဳံေရးကလည္း အထူးေကာင္းမြန္တာေၾကာင့္ပါ။

မိဘေတြကို ဒီလိုေကာင္းမြန္တဲ့ေနရာ လက္ေဆာင္ေပးလိုက္တဲ့ Jin လည္း ဒီ့ထက္မက ပိုၿပီးေအာင္ျမင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္။

LaNina

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular